News Of Myanmar
13.3K subscribers
22.6K photos
3.22K videos
3 files
6.61K links
Download Telegram
တာမွေမြို့နယ်ရှိ အကြည်တော်ဟိုတယ် အပေါ်ထပ်မှ အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံး
NOM၊မတ်၂၆၊၂၀၂၆
ရန်ကုန်မြို့၊တာမွေမြို့နယ်ရှိ အကြည်တော်ဟိုတယ်၏အပေါ်
ထပ်မှ အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံးမှု ယ‌ နေ့မတ်လ ၂၆ ရက်နံနက် ၉ နာရီခန့်တွင်ဖြစ်ပွားခဲ့ကြောင်းလူမှုကူညီရေးအသင်းတစ်ခုမှသိရသည်။

အဆိုပါ အကြည်တော် ဟိုတယ်သည် တာမွေမြို့နယ် သမိန်ဗရမ်းလမ်းမကြီး၊ အမှတ် (၁/က)(အာသောကမှတ်တိုင်ရှေ့)တွင်ရှိသည့် ဟိုတယ်ဖြစ်ပြီး ယင်းဟိုတယ်၌ သေဆုံးသူ အသက် ၃၀ ဝန်းကျင် အမျိုးသမီသည်မတ်လ ၂၅ ရက် ညနေပိုင်းတွင်ရှမ်းပြည်နယ်မှ တစ်ဦးတည်း လာရောက်တည်းခိုခဲ့ ကြောင်းသိရသည်။
အဆိုပါ သေဆုံးသူ အမျိုးသမီး၏ ရုပ်အ‌ လောင်းအား သက်ဆိုင်ရာမှစုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီးစံပြဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
👍15😢7😡2😱1
ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်သည် နယ်မြေပေးအပ်မှုနှင့်ဆက်စပ်နေကြောင်း ဇလင်စကီးပြော

ယူကရိန်းက ဒွန်ဘတ်စ် ဒေသကို ရုရှားထံ လွှဲပြောင်းပေးအပ်ခြင်းနှင့် အမေရိကန်၏ လုံခြုံရေးအာမခံချက်များ ဆက်စပ်နေကြောင်း ဇလင်စကီးက ပြောကြားခဲ့ပြီး ယင်းလုပ်ရပ်သည် ယူကရိန်း၏ ကာကွယ်ရေးများကို အားနည်းစေပြီး ပိုမိုကျယ်ပြန့်သော ဥရောပလုံခြုံရေးကို ခြိမ်းခြောက်လိမ့်မည်ဟု သတိပေးခဲ့သည်။

NOM
👍301
ကူဝိတ် အပြည်ပြည်ဆိုင်ရာလေဆိပ် အီရန်ဒုံးကျည်ထိမှန်မီးလောင်။

NOM
👍32🕊54
စင်တင်နှင့် ကာရာအိုကေဆိုင်များ ၂၉ ရက်အထိပိတ်ရမည်

တပ်မတော်နေ့အခမ်းအနားရှိသဖြင့်တစ်နိုင်ငံလုံးရှိ စင်တင်စားသောက်ဆိုင်များ၊ ကာရာအိုကေဆိုင်များ၊ အနှိပ်ခန်းများကိုယနေ့မှမတ်လ ၂၉ ရက်အထိ ပိတ်ထားရန် ပြည်ထဲရေးမှ ညွှန်ကြားထားသည်ဟုသိရသည်။

NOM
👍407👎1
အီရန်စစ် ထိန်းမနိုင်သိမ်းမရ ဟု ကုလအတွင်းရေးမှူးချုပ်ပြော

အီရန်အပေါ် အမေရိကန်နှင့် အစ္စရေး​၏ စစ်ဆင်ရေးသည် ထိန်းမနိုင်သိမ်းမရ ဖြစ်လာပြီ ဟု ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောကြားခဲ့ပြီး ကမ္ဘာကြီးသည် ပိုကြီးမားသည့် စစ်ပွဲတစ်ခု၏ အစွန်းတွင်ရှိနေကြောင်း ဖြည့်စွက်ပြောကြားလိုက်သည်။

"သုံးပတ်ကျော်ကြာပြီးနောက် စစ်ပွဲဟာ ထိန်းမနိုင်သိမ်းမရ ဖြစ်လာခဲ့ပါတယ်။ ပဋိပက္ခဟာ ခေါင်းဆောင် တွေတောင် မတွေးရဲလောက်အောင် ဆိုးရွားလာခဲ့ပါတယ်။ ကမ္ဘာကြီးဟာ ပိုကျယ်ပြန့်တဲ့ စစ်ပွဲတစ်ခုရဲ့ အစွန်းမှာရှိနေပြီး လူသားတွေရဲ့ ဒုက္ခတွေ တိုးပွားလာမှုနဲ့ ပိုမိုနက်ရှိုင်းတဲ့ ကမ္ဘာ့စီးပွားရေး မငြိမ်မသက် မှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒါဟာ အလွန်အကျွံ ဖြစ်သွားပါပြီ" ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။

ဂူတာရက်စ်က ပါဝင်ပတ်သက်သူများသည် တင်းမာမှုများမြင့်တက်လာခြင်းကို ရပ်တန့်ရန်၊ သံတမန်ရေးလှေကားထစ်ကို စတင်တက် လှမ်းရန်နှင့် နိုင်ငံတကာဥပဒေကို အပြည့်အဝ လေးစားလိုက်နာရန်တောင်းဆိုလိုက်သည်။

NOM
👍345😢3💔1
တိုင်ပေမြို့တော်ဝန်ဟောင်းကိုထောင် ၁၇ နှစ်ချ

တိုင်ပေမြို့တော်ဝန်ဟောင်းဝမ်ဂျီကို ကိုလာဘ်စားမှုဖြင့် ယနေ့ထောင် ၁၇ နှစ်ချလိုက်သည်။ ဝမ်ဂျီကိုသည် အိမ်ယာလုပ်ငန်းရှင်တစ်ဦးထံမှ ထိုင်ဝမ်ဒေါ်လာ ၁၇.၁ သန်းကိုလာဘ်ယူမှုဖြင့် အစိုးရရှေ့နေများကထောင် ၂၈ နှစ်ချရန်တောင်းဆိုခဲ့ကြသည်။

NOM
👍25😡1
အဆင့်မြှင့်တင်ထားသည့် Bar Code/ QR Code များဖြင့် စက်သုံးဆီရောင်းချပေးသွားမည်ဖြစ်၍ ပူးပေါင်းဆောင်ရွက်ကြပါရန် အသိပေးထုတ်ပြန်ခြင်း။

NOM
👍378🕊3
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး (၈၁) နှစ်မြောက် တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်ကြမည့် အငြိမ်းစားတပ်မတော်အရာရှိကြီးများနှင့် ဇနီးများအား သွားရောက် တွေ့ဆုံ ဂါရဝပြုနှုတ်ဆက်

မတ် ၂၆၊ ၂၀၂၆

NOM
18👍8
ဗဟန်းတွင်ဆီတန်းစီနေစဉ်ကါးသမားတစ်ဦးသေဆုံး
NOM၊မတ်၂၆၊၂၀၂၆
ဗဟန်းမြို့နယ်ကမ္ဘာအေးဘုရားလမ်းပေါ်တွင်စက်သုံးဆီတန်းစီနေသောယာဉ်မောင်းတစ်ဦးသေဆုံးမှုယနေ့မတ်လ၂၆ရက်နံနက်ကဖြစ်ပွါးခဲ့ကြောင်းသိရသည်။
အငှါးယာဉ်မောင်းဦးတင်ထွန်း(၆၉နှစ်)သည်သူ၏အငှါးကားဖြင့်ကမ္ဘာအေးဘုရားလမ်းပေါ်တွင်ဆီတန်းစီနေစဉ်အော့အန်ပြီးသတိလစ်သွားသဖြင့်အနီးရှိအငှါးယာဉ်တစ်စီးမှသတိလစ်နေသောဦးတင်ထွန်းအားတင်ဆောင်ကါရန်ကုန်ဆေးရုံကြီးသို့ပို့ခဲ့သော်လည်းရန်ကုန်ဆေးရုံကြီးအ ရောက်တွင်ဦးတင်ထွန်းမှာသေဆုံးနေသည်ကိုတွေ့ရသဖြင့်ဗဟန်းရဲစခန်းမှဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ် သေမှုသေခင်းဖွင့်လှစ်ထားကြောင်းသိရသည်။သေဆုံးသူဦးတင်ထွန်းသည်ပက်ထရစ်အမည်ဖြင့် သီချင်းများသီဆိုနေသောအနုပညာသမားဖြစ်ကြောင်းသိရသည်။
👍12😢113
ရန်ကင်းတွင်မီးလောင်
NOM၊မတ်၂၆၊၂၀၂၆

ယနေ့မတ်လ၂၆ရက်ည၈း၀၇နာရီအချိန်ကရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ (၇)ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်း၊ သိပ္ပံနှင့်သုတေသနဝန်း၊ ရန်ကင်းဆေးရုံအနီးတွင် မီးလောင်မှုဖြစ်ပွားသဖြင့် ရန်ကင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၂)စီး၊ တောင်ဥက္ကလာပမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၂)စီး ထွက်ခွာပြီး ၂၀ : ၁၅ အချိန်၊ Level 1ယာဉ်အုပ်စု ထွက်ခွာငြိမ်းသတ်ခဲ့ရာ ၂၀ : ၄၉ နာရီအချိန် မီးငြိမ်း‌ကြောင်း သိရသည်။
👍9😢53😡1
မနက်ဖန်မှစ၍ ဆီစျေးတက်ပြီ

ပြည်တွင်းစက်သုံးဆီစျေးနှုန်းများမှာ (မတ်၂၇) ရက်မှစပြီး 92 တစ်လီတာလျှင် ကျပ် ၄၄၅၀၊ 95 တစ်လီတာလျှင် ကျပ် ၄၉၇၅ နှင့် ဒီဇယ်တစ်လီတာ ကျပ် ၆၀၈၅ ထိတက်မည်ဟု သက်ဆိုင်ရာကကြေညာသည်။

NOM
👍25😱10😢31👎1😡1
အမေရိကန်၏လုပ်ရပ်သည် ဒုတိယကမ္ဘာစစ်မတိုင်မီ နာဇီဂျာမနီလုပ်ရပ်နှင့် တစ်ထပ်တည်းဖြစ်

အမေရိကန်သည် အချုပ်အချာအာဏာပိုင် နိုင်ငံများဖြစ်သော ဗင်နီဇွဲလားကိုကျူးကျော်ခြင်း၊ အီရန်ကိုကျူးကျော်တိုက်ခိုက်ခြင်း၊ ကျူးဘားကို ဝိုင်းပတ်ပိတ်ဆို့ခြင်းများသည် ဒုတိယကမ္ဘာစစ်မဖြစ်မီ နာဇီဂျာမနီ၏ လုပ်ရပ်နှင့် တစ်ထပ်တည်းဖြစ်နေသည်။ နာဇီဂျာမနီက နယ်ပယ်ချဲ့ထွင်ရန် တိုက်ခိုက်ခြင်းဖြစ်ပြီး အမေရိကန်ကရေနံကို လက် ဝါးကြီးအုပ်ရန် ရေနံထွက်နိုင်ငံများကိုကျူးကျော်ခြင်းဖြစ်သည်။

ဟစ်တလာ၏ နာဇီဂျာမနီသည် ထိုစဉ်က နိုင်ငံပေါင်းချုပ်အသင်းကြီးရှိပါလျက် ထင်ရာစိုင်းသလို ထရမ့်၏အမေရိကန်သည်လည်း ကုလသမဂ္ဂကိုဘေးချိတ်ပြီး ထင်ရာစိုင်လျက်ရှိသည်။ အထူးသဖြင့်အနောက်နိုင်ငံများက ဦးဆောင်ရေးဆွဲထားသော အပြည်ပြည်ဆိုင်ရာ ဥပဒေများကို ဘေးချိတ်ပြီး ထင်ရာစိုင်းလျက်ရှိသည်။

ငြိမ်းချမ်းရေးကိုလိုလားသောသမ္မတဟု မဲဆွယ်စည်းရုံးခဲ့သော်လည်း တစ်နှစ်အတွင်းနိုင်ငံပေါင်း ၇ နိုင်ငံကို ဗုံးကြဲတိုက်ခိုက်ခဲ့သည့်ပထမဆုံးသော အမေရိကန်သမ္မတအဖြစ် ထရမ့်သည်စံချိန်တင်ခဲ့သည်။ ဟစ်တလာက ဂျူးများကိုသတ်သလို အမေရိကန်သမ္မတထရမ့်က မူဆလင်များကိုသတ်နေသည်။

ဟစ်တလာကြောင့် ဒုတိယကမ္ဘာစစ်ဖြစ်ပေါ်လာသလို ထရမ့်ကြောင့်တတိယကမ္ဘာစစ်ဖြစ်အံ့ဆဲဆဲအခြေအနေရောက်နေသည်။ ကုလအထွေထွေအတွင်းရေးမှူးချုပ်ကပင် ကမ္ဘာကြီးသည် အလွန်ကြီးမားသော စစ်ပွဲကြီးအနီးရောက်နေပြီဟု ယနေ့သတိပေးရသည့် အခြေအနေရောက်လာသည်။ ထရမ့်၏စစ်ပွဲသည် အီရန်ကိုသာမက မူဆလင်ကမ္ဘာကိုသာမက ကမ္ဘာကြီးတစ်ခုလုံးကိုထိခိုက်ပျက်စီးစေသဖြင့်အနောက်အုပ်စု၏ ဒီမိုကရေစီစနစ်ဖြင့် အစိုးရရွေးချယ်သည့်စနစ်သည်မှန်ပါ၏လောဟု မေးမြန်းစရာဖြစ်နေပြီဖြစ်သည်။

NOM
👍389
နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့်  PDF အဖွဲ့ဝင် ၈ ဦး နှင့် AA အဖွဲ့ဝင် ၁၀ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်

မတ် ၂၆၊ ၂၀၂၆

NOM
👍256😡1
This media is not supported in your browser
VIEW IN TELEGRAM
အစ္စရေးနိုင်ငံ ကက်ဖ်ကာဆင်မြို့တွင် အီရန်ဒုံးကျည်ထိသွားသော ကားတစ်စီးလေထဲလွင့်သွားစဉ်။

NOM
👍21😱81