တူရကီနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးသည် ကာ့ဒ်ပက်ရှ်မာဂါ (Kurdish Peshmerga) တပ်ဖွဲ့ဝင်များသေဆုံးမှုအတွက် "ဝမ်းနည်းကြောင်း" ဖော်ပြနေသော်လည်း တစ်ဖက်တွင်မူ အန်ဘာ ဒေသ၌ အမေရိကန်၏ တိုက်ခိုက်မှုများကြောင့် အီရတ်စစ်သားများသေဆုံးခဲ့ရသည်။
ဝါရှင်တန်သည် ၎င်းတို့ကိုယ်တိုင် သတ်ဖြတ်ခဲ့သည့် အီရတ်နိုင်ငံသားများအတွက် ဝမ်းနည်းပူဆွေးခြင်း မရှိပေ။ ၎င်းတို့၏ အောက်တန်းကျသော လုပ်ရပ်များအတွက် အသုံးချ၍ရမည့် ကာ့ဒ်လူမျိုးများအတွက်သာ ဝမ်းနည်းပြနေခြင်းဖြစ်သည်။
NOM

👍24😡9❤5
ပြီးမှပဲ လာချင်တာလား..?
NOM
Please open Telegram to view this post
VIEW IN TELEGRAM
👍18❤10😱2
အီရန်နိုင်ငံပိုင် နယ်နိမိတ်တွေနဲ့ ကျွန်းစုတွေကို ကုန်းကြောင်းကနေ ကျူးကျော်တိုက်ခိုက်လာမယ်ဆိုရင် အီရန်ဘက်က ဘက်ဘဲလ်မန်ဒက် (Bab el-Mandeb) ရေလက်ကြားကို ပိတ်ပစ်မယ်လို့ အီရန်ရဲ့ Tasnim သတင်းဌာနက ဖော်ပြလိုက်ပါတယ်။
ဒီရေလက်ကြားဟာ ကမ္ဘာ့အရေးအပါဆုံး စစ်ဗျူဟာမြောက် ရေကြောင်းလမ်းကြောင်းတစ်ခုဖြစ်ပြီး အီရန်အနေနဲ့ ဒီလမ်းကြောင်းကို အမှန်တကယ် ခြိမ်းခြောက်နိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။
အကယ်၍ အမေရိကန်သာ ဟော်မုဇ် (Hormuz) ရေလက်ကြား ပြဿနာကို အင်အားသုံးဖြေရှင်းဖို့ ကြိုးစားမယ်ဆိုရင် နောက်ထပ် ရေလက်ကြားတစ်ခုပါ ပိတ်ဆို့သွားနိုင်တဲ့ အခက်အခဲမျိုး မကြုံရအောင် သတိထားသင့်တယ်လို့လည်း သတိပေးထားပါတယ်။
ဘက်ဘဲလ်မန်ဒက် ရေလက်ကြားဟာ အေဒင်ပင်လယ်ကွေ့နဲ့ ပင်လယ်နီကို ဆက်သွယ်ပေးထားတာဖြစ်ပြီး စူးအက်တူးမြောင်း (Suez Canal) လမ်းကြောင်းအတွက် အဓိကကျတဲ့ အစိတ်အပိုင်းတစ်ခုပါ။ အီရန်က ဒီရေလက်ကြားကို တိုက်ရိုက်ပိတ်တာမျိုးထက် သူတို့ရဲ့ လက်ဝေခံ ဟူသီ (Houthi) အဖွဲ့တွေကတစ်ဆင့် ပိတ်ဆို့ဖို့ များပါတယ်။
အရင်ကလည်း အစ္စရေးနဲ့ ပတ်သက်တဲ့ သင်္ဘောတွေကို ဟူသီတွေက ပစ်မှတ်ထား တိုက်ခိုက်ခဲ့ဖူးပေမဲ့ နောက်ပိုင်းမှာ အခြေအနေ ပြန်ငြိမ်သွားခဲ့ပါတယ်။
တကယ်လို့သာ အခုပြောတဲ့ ရေလက်ကြားနှစ်ခုစလုံး တစ်ပြိုင်တည်း အပိတ်ခံရမယ်ဆိုရင် ကမ္ဘာ့ရေကြောင်း ကုန်သွယ်မှုတွေဟာ အာဖရိကတိုက်ကို ပတ်ပြီးသွားရမှာဖြစ်လို့ အာမခံဈေးကွက်တွေ ပျက်စီးကုန်မှာဖြစ်သလို ဥရောပရဲ့ စွမ်းအင်ဈေးနှုန်းတွေလည်း ထိန်းမနိုင်သိမ်းမရ မြင့်တက်လာနိုင်ပါတယ်။

👍32❤13🕊1😡1
မင်္ဂလာဒုံစက်မှုဇုန်အတွင်းရှိ မှန်ဘီလူးစက်ရုံ Level 2 အဆင့်
မီးလောင်မှုဖြစ်ပွား ၁၅ဦးဒဏ်ရာရ
NOM မတ် ၂၆၊ ၂၀၂၆
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ မင်္ဂလာဒုံစက်မှုဇုန်တွင် ယနေ့မတ် ၂၆ ရက် နံနက် ၁၂ နာရီ ၁၀ မိနစ်ခန့်က မှန်ဘီလူးစက်ရုံတွင် Level 2 အဆင့်မီးလောင်မှုဖြစ်ပွားခဲ့ပြီး ၁၅ ဦးဒဏ်ရာရရှိခဲ့သည်ဟု အင်းစိန်မြို့နယ် ကြက်ခြေနီအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ဖြစ်စဉ်မှာ မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလဒုံစက်မှုဇုန် ဝင်းအမှတ် (၃) လမ်းမကြီးဘေးရှိ မှန်ဘီလူး စက်ရုံအတွင်းရှိ ဓာတ်အားပေးထရန်စဖာမှ ဝါယာရှော့ဖြစ်ပြီး မှန်ဘီလူးစက်ရုံသို့ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်းသိရသည်။
မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မင်္ဂလာဒုံမြို့
နယ်မီးသတ်စခန်းမှ ယာဉ်အုပ်စုများ ၁၂ နာရီ ၁၅ မိနစ်တွင် Level 1 အဆင့်၊ နံနက် ၁၂ နာရီ ၅၀ မိနစ်တွင် Level 2 ယာဉ်အုပ်စုများ၊ လူမှုကူညီရေးအသင်များသွားရောက် ငြှိမ်း
သက်ခဲ့ရာ နံနက် ၃ နာရီခွဲတွင်မီးငြိိမ်းသွားကြောင်းသိရသည်။

😢12👍8❤4
တာမွေမြို့နယ်ရှိ အကြည်တော်ဟိုတယ် အပေါ်ထပ်မှ အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံး
NOM၊မတ်၂၆၊၂၀၂၆
ရန်ကုန်မြို့၊တာမွေမြို့နယ်ရှိ အကြည်တော်ဟိုတယ်၏အပေါ်
ထပ်မှ အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံးမှု ယ နေ့မတ်လ ၂၆ ရက်နံနက် ၉ နာရီခန့်တွင်ဖြစ်ပွားခဲ့ကြောင်းလူမှုကူညီရေးအသင်းတစ်ခုမှသိရသည်။
အဆိုပါ အကြည်တော် ဟိုတယ်သည် တာမွေမြို့နယ် သမိန်ဗရမ်းလမ်းမကြီး၊ အမှတ် (၁/က)(အာသောကမှတ်တိုင်ရှေ့)တွင်ရှိသည့် ဟိုတယ်ဖြစ်ပြီး ယင်းဟိုတယ်၌ သေဆုံးသူ အသက် ၃၀ ဝန်းကျင် အမျိုးသမီသည်မတ်လ ၂၅ ရက် ညနေပိုင်းတွင်ရှမ်းပြည်နယ်မှ တစ်ဦးတည်း လာရောက်တည်းခိုခဲ့ ကြောင်းသိရသည်။
အဆိုပါ သေဆုံးသူ အမျိုးသမီး၏ ရုပ်အ လောင်းအား သက်ဆိုင်ရာမှစုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီးစံပြဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

👍15😢7😡2😱1
ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်သည် နယ်မြေပေးအပ်မှုနှင့်ဆက်စပ်နေကြောင်း ဇလင်စကီးပြော
ယူကရိန်းက ဒွန်ဘတ်စ် ဒေသကို ရုရှားထံ လွှဲပြောင်းပေးအပ်ခြင်းနှင့် အမေရိကန်၏ လုံခြုံရေးအာမခံချက်များ ဆက်စပ်နေကြောင်း ဇလင်စကီးက ပြောကြားခဲ့ပြီး ယင်းလုပ်ရပ်သည် ယူကရိန်း၏ ကာကွယ်ရေးများကို အားနည်းစေပြီး ပိုမိုကျယ်ပြန့်သော ဥရောပလုံခြုံရေးကို ခြိမ်းခြောက်လိမ့်မည်ဟု သတိပေးခဲ့သည်။

👍30❤1
စင်တင်နှင့် ကာရာအိုကေဆိုင်များ ၂၉ ရက်အထိပိတ်ရမည်
တပ်မတော်နေ့အခမ်းအနားရှိသဖြင့်တစ်နိုင်ငံလုံးရှိ စင်တင်စားသောက်ဆိုင်များ၊ ကာရာအိုကေဆိုင်များ၊ အနှိပ်ခန်းများကိုယနေ့မှမတ်လ ၂၉ ရက်အထိ ပိတ်ထားရန် ပြည်ထဲရေးမှ ညွှန်ကြားထားသည်ဟုသိရသည်။

👍40❤7👎1
အီရန်စစ် ထိန်းမနိုင်သိမ်းမရ ဟု ကုလအတွင်းရေးမှူးချုပ်ပြော
အီရန်အပေါ် အမေရိကန်နှင့် အစ္စရေး၏ စစ်ဆင်ရေးသည် ထိန်းမနိုင်သိမ်းမရ ဖြစ်လာပြီ ဟု ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောကြားခဲ့ပြီး ကမ္ဘာကြီးသည် ပိုကြီးမားသည့် စစ်ပွဲတစ်ခု၏ အစွန်းတွင်ရှိနေကြောင်း ဖြည့်စွက်ပြောကြားလိုက်သည်။
"သုံးပတ်ကျော်ကြာပြီးနောက် စစ်ပွဲဟာ ထိန်းမနိုင်သိမ်းမရ ဖြစ်လာခဲ့ပါတယ်။ ပဋိပက္ခဟာ ခေါင်းဆောင် တွေတောင် မတွေးရဲလောက်အောင် ဆိုးရွားလာခဲ့ပါတယ်။ ကမ္ဘာကြီးဟာ ပိုကျယ်ပြန့်တဲ့ စစ်ပွဲတစ်ခုရဲ့ အစွန်းမှာရှိနေပြီး လူသားတွေရဲ့ ဒုက္ခတွေ တိုးပွားလာမှုနဲ့ ပိုမိုနက်ရှိုင်းတဲ့ ကမ္ဘာ့စီးပွားရေး မငြိမ်မသက် မှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒါဟာ အလွန်အကျွံ ဖြစ်သွားပါပြီ" ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။
ဂူတာရက်စ်က ပါဝင်ပတ်သက်သူများသည် တင်းမာမှုများမြင့်တက်လာခြင်းကို ရပ်တန့်ရန်၊ သံတမန်ရေးလှေကားထစ်ကို စတင်တက် လှမ်းရန်နှင့် နိုင်ငံတကာဥပဒေကို အပြည့်အဝ လေးစားလိုက်နာရန်တောင်းဆိုလိုက်သည်။

👍34❤5😢3💔1
တိုင်ပေမြို့တော်ဝန်ဟောင်းကိုထောင် ၁၇ နှစ်ချ
တိုင်ပေမြို့တော်ဝန်ဟောင်းဝမ်ဂျီကို ကိုလာဘ်စားမှုဖြင့် ယနေ့ထောင် ၁၇ နှစ်ချလိုက်သည်။ ဝမ်ဂျီကိုသည် အိမ်ယာလုပ်ငန်းရှင်တစ်ဦးထံမှ ထိုင်ဝမ်ဒေါ်လာ ၁၇.၁ သန်းကိုလာဘ်ယူမှုဖြင့် အစိုးရရှေ့နေများကထောင် ၂၈ နှစ်ချရန်တောင်းဆိုခဲ့ကြသည်။

👍25😡1
အဆင့်မြှင့်တင်ထားသည့် Bar Code/ QR Code များဖြင့် စက်သုံးဆီရောင်းချပေးသွားမည်ဖြစ်၍ ပူးပေါင်းဆောင်ရွက်ကြပါရန် အသိပေးထုတ်ပြန်ခြင်း။
NOM
NOM
👍37❤8🕊3
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး (၈၁) နှစ်မြောက် တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်ကြမည့် အငြိမ်းစားတပ်မတော်အရာရှိကြီးများနှင့် ဇနီးများအား သွားရောက် တွေ့ဆုံ ဂါရဝပြုနှုတ်ဆက်
မတ် ၂၆၊ ၂၀၂၆
NOM
မတ် ၂၆၊ ၂၀၂၆
NOM
❤18👍8
ဗဟန်းတွင်ဆီတန်းစီနေစဉ်ကါးသမားတစ်ဦးသေဆုံး
NOM၊မတ်၂၆၊၂၀၂၆
ဗဟန်းမြို့နယ်ကမ္ဘာအေးဘုရားလမ်းပေါ်တွင်စက်သုံးဆီတန်းစီနေသောယာဉ်မောင်းတစ်ဦးသေဆုံးမှုယနေ့မတ်လ၂၆ရက်နံနက်ကဖြစ်ပွါးခဲ့ကြောင်းသိရသည်။
အငှါးယာဉ်မောင်းဦးတင်ထွန်း(၆၉နှစ်)သည်သူ၏အငှါးကားဖြင့်ကမ္ဘာအေးဘုရားလမ်းပေါ်တွင်ဆီတန်းစီနေစဉ်အော့အန်ပြီးသတိလစ်သွားသဖြင့်အနီးရှိအငှါးယာဉ်တစ်စီးမှသတိလစ်နေသောဦးတင်ထွန်းအားတင်ဆောင်ကါရန်ကုန်ဆေးရုံကြီးသို့ပို့ခဲ့သော်လည်းရန်ကုန်ဆေးရုံကြီးအ ရောက်တွင်ဦးတင်ထွန်းမှာသေဆုံးနေသည်ကိုတွေ့ရသဖြင့်ဗဟန်းရဲစခန်းမှဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ် သေမှုသေခင်းဖွင့်လှစ်ထားကြောင်းသိရသည်။သေဆုံးသူဦးတင်ထွန်းသည်ပက်ထရစ်အမည်ဖြင့် သီချင်းများသီဆိုနေသောအနုပညာသမားဖြစ်ကြောင်းသိရသည်။

👍12😢11❤3
ရန်ကင်းတွင်မီးလောင်
NOM၊မတ်၂၆၊၂၀၂၆
ယနေ့မတ်လ၂၆ရက်ည၈း၀၇နာရီအချိန်ကရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ (၇)ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်း၊ သိပ္ပံနှင့်သုတေသနဝန်း၊ ရန်ကင်းဆေးရုံအနီးတွင် မီးလောင်မှုဖြစ်ပွားသဖြင့် ရန်ကင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၂)စီး၊ တောင်ဥက္ကလာပမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၂)စီး ထွက်ခွာပြီး ၂၀ : ၁၅ အချိန်၊ Level 1ယာဉ်အုပ်စု ထွက်ခွာငြိမ်းသတ်ခဲ့ရာ ၂၀ : ၄၉ နာရီအချိန် မီးငြိမ်းကြောင်း သိရသည်။

👍9😢5❤3😡1
အမေရိကန်၏လုပ်ရပ်သည် ဒုတိယကမ္ဘာစစ်မတိုင်မီ နာဇီဂျာမနီလုပ်ရပ်နှင့် တစ်ထပ်တည်းဖြစ်
အမေရိကန်သည် အချုပ်အချာအာဏာပိုင် နိုင်ငံများဖြစ်သော ဗင်နီဇွဲလားကိုကျူးကျော်ခြင်း၊ အီရန်ကိုကျူးကျော်တိုက်ခိုက်ခြင်း၊ ကျူးဘားကို ဝိုင်းပတ်ပိတ်ဆို့ခြင်းများသည် ဒုတိယကမ္ဘာစစ်မဖြစ်မီ နာဇီဂျာမနီ၏ လုပ်ရပ်နှင့် တစ်ထပ်တည်းဖြစ်နေသည်။ နာဇီဂျာမနီက နယ်ပယ်ချဲ့ထွင်ရန် တိုက်ခိုက်ခြင်းဖြစ်ပြီး အမေရိကန်ကရေနံကို လက် ဝါးကြီးအုပ်ရန် ရေနံထွက်နိုင်ငံများကိုကျူးကျော်ခြင်းဖြစ်သည်။
ဟစ်တလာ၏ နာဇီဂျာမနီသည် ထိုစဉ်က နိုင်ငံပေါင်းချုပ်အသင်းကြီးရှိပါလျက် ထင်ရာစိုင်းသလို ထရမ့်၏အမေရိကန်သည်လည်း ကုလသမဂ္ဂကိုဘေးချိတ်ပြီး ထင်ရာစိုင်လျက်ရှိသည်။ အထူးသဖြင့်အနောက်နိုင်ငံများက ဦးဆောင်ရေးဆွဲထားသော အပြည်ပြည်ဆိုင်ရာ ဥပဒေများကို ဘေးချိတ်ပြီး ထင်ရာစိုင်းလျက်ရှိသည်။
ငြိမ်းချမ်းရေးကိုလိုလားသောသမ္မတဟု မဲဆွယ်စည်းရုံးခဲ့သော်လည်း တစ်နှစ်အတွင်းနိုင်ငံပေါင်း ၇ နိုင်ငံကို ဗုံးကြဲတိုက်ခိုက်ခဲ့သည့်ပထမဆုံးသော အမေရိကန်သမ္မတအဖြစ် ထရမ့်သည်စံချိန်တင်ခဲ့သည်။ ဟစ်တလာက ဂျူးများကိုသတ်သလို အမေရိကန်သမ္မတထရမ့်က မူဆလင်များကိုသတ်နေသည်။
ဟစ်တလာကြောင့် ဒုတိယကမ္ဘာစစ်ဖြစ်ပေါ်လာသလို ထရမ့်ကြောင့်တတိယကမ္ဘာစစ်ဖြစ်အံ့ဆဲဆဲအခြေအနေရောက်နေသည်။ ကုလအထွေထွေအတွင်းရေးမှူးချုပ်ကပင် ကမ္ဘာကြီးသည် အလွန်ကြီးမားသော စစ်ပွဲကြီးအနီးရောက်နေပြီဟု ယနေ့သတိပေးရသည့် အခြေအနေရောက်လာသည်။ ထရမ့်၏စစ်ပွဲသည် အီရန်ကိုသာမက မူဆလင်ကမ္ဘာကိုသာမက ကမ္ဘာကြီးတစ်ခုလုံးကိုထိခိုက်ပျက်စီးစေသဖြင့်အနောက်အုပ်စု၏ ဒီမိုကရေစီစနစ်ဖြင့် အစိုးရရွေးချယ်သည့်စနစ်သည်မှန်ပါ၏လောဟု မေးမြန်းစရာဖြစ်နေပြီဖြစ်သည်။

👍38❤9
နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် PDF အဖွဲ့ဝင် ၈ ဦး နှင့် AA အဖွဲ့ဝင် ၁၀ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်
မတ် ၂၆၊ ၂၀၂၆
NOM
မတ် ၂၆၊ ၂၀၂၆
NOM
👍25❤6😡1