News Of Myanmar
13.3K subscribers
22.6K photos
3.22K videos
3 files
6.61K links
Download Telegram
သင်္ဘောသားများအားစစ်တမ်းကောက်မည်

NOM မတ် ၂၅၊ ၂၀၂၆

မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောအလုပ်သမားများအဖွဲ့ချုပ်၏CBA-Collective Bargaining Agreement & SEA-Seafarers Employment Agreementဆိုင်ရာဗဟုသုတမျှဝေခြင်း ‌စာနယ်ဇင်းရှင်းလင်းပွဲကို ယနေ့နံနက်က ရန်ကုန်မြို့ကျောက်တံတားမြို့နယ်အမှတ် (၅၃) ၃၇ လမ်း၊ အောက်ဘလောက်ရှိ အဖွဲ့ချုပ်ရုံး၌ ကျင်းပပြုလုပ်သည်။

ဦးစွာ မြန်မာနိုင်ငံပင်လယ်ကူးသ‌ င်္ဘောသားအလုပ်သမားများအဖွဲ့ချုပ်ဥက္ကဋ္ဌကပ္ပတိန်စိုးမင်း‌အောင်က "ကျွန်တော်တို့က သင်္ဘောသားနဲ့ သင်္ဘောသားမိသားစုကို ကျွန် တော်တို့က သူတို့ရဲ့ခံစားချက်တွေ သိရှိဖို့အတွက် ကျွန်တော်တို့ စစ်တမ်းကောက်မှာပေါ့လေ။ စစ်တမ်းကောက်လိုက်ခြင်းအားဖြင့် သင်္ဘောသားတွေနဲ့ သင်္ဘောသားမိသားစုတွေက အာဏာပိုင်အဖွဲ့အစည်းဖြစ်တဲ့ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနပေါ်မှာ ဘယ်လိုအမြင်ရှိသလဲ။ အလားတူပဲ သူတို့ကို အလုပ်သမားခန့်အပ်ရေးနဲ့ ရှာဖွေရေးနဲ့ ခန့်အပ်ရေးဝန်ဆောင်မှုလုပ်နေတဲ့အဖွဲ့တွေပေါ့ ဒီအဖွဲ့တွေကတော့ သူတို့အလုပ်ရှင်ကိုယ်စား အလုပ်ခန့်ဖို့လုပ်တယ်။ အဲဒီအပေါ်မှာ သူတို့အမြင်ဘယ်လိုရှိတယ်။ အလားတူပဲ ကျွန်တော်တို့ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကနေပြီးတော့ သင်္ဘောသားတွေအတွက် လေ့ကျင့်သင် ကြားပေးတဲ့ တရားဝင်ခွင့်ပြုထားတဲ့ သင်တန်းကျောင်းတွေရှိတယ်။ အဲဒီသင်တန်းကျောင်းတွေအပေါ်မှာရော သင်္ဘောသားနဲ့သင်္ဘောသားမိသားစုတွေရဲ့အမြင်ကဘယ်လိုရှိလဲ။ အလားတူပဲကျွန်တော်တို့ သင်္ဘောသားတွေကိုပဲ ကိုယ်စားပြုပြီးတော့ ဖွဲ့ထားတဲ့ သင်္ဘောသားအဖွဲ့အစည်းတွေရှိတယ်ပေါ့နော်။ ဒီအပေါ်မှာလည်းသင်္ဘောသားနဲ့ သင်္ဘောသားမိသားစုက ဘယ်လိုအမြင်ရှိလဲဆိုတဲ့ စစ်တမ်းလေးကို ကျွန်တော်တို့ကောက်ယူခြင်းအားဖြင့် အဲဒီစစ်တမ်းကရလာတဲ့ အချက်အလက်တွေကိုကျွန် တော်တို့က သုံးသပ်ချက်ထုတ်လိုက်လို့ရှိရင် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ အားနည်းချက်အားသာချက်ကို ကျွန်တော်တို့သိရမယ်။ အလားတူပဲရေကြောင်းသင်တန်းကျောင်းတွေရဲ့ အားနည်းချက်အားသာချက်၊ အခုနပြောတဲ့ အလုပ်ခန့်ဖို့အတွက် တာဝန်ယူလုပ်နေတဲ့ သင်္ဘောသားအလုပ်အကိုင်ရှာဖွေရေး ဝန်ဆောင်မှုလုပ်နေတဲ့သူတွေရဲ့ အားနည်းချက်အားသာချက် ကျွန်တော်တို့သင်္ဘောသားအဖွဲ့အစည်းတွေရဲ့ အားနည်းချက်အားသာချက်တွေကို သိရှိခြင်းအားဖြင့် ကျွန်တော်တို့ ပါဝင်ပတ်သက်နေတဲ့ ဒီအဖွဲ့အစည်းတစ်ခုချင်းကို သိရမယ်။ အားနည်းချက်တွေကိုပြင်ဖို့အတွက် ကျွန်တော်တို့ကိုမီးမောင်းထိုးပြသလိုပေါ်လာမှာဖြစ်ပါတယ်" ဟု‌ပြောသည်။

အဆိုပါအခမ်းအနားတွင် စာနယ်ဇင်းမီဒီယာများက သိရှိလိုသည်များမေးမြန်ခဲ့ကြ‌ပြီး မြန်မာသင်္ဘောသားများနှင့် မိသားစုများထံမှ မိမိလူမှုဘဝအတွေ့အကြုံခံစားချက်များ စစ်တမ်းကောက်ယူခြင်းဆိုင်ရာ ဗဟုသုတမျှ‌ဝေခြင်း‌ ဟောပြောပွဲကို မတ် ၃၁ ရက်နေ့နံနက် ၁၀ နာရီတွင် အဖွဲ့ရုံး၌ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

NOM
👍241
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ နန်းလုံကျေးရွာ နှင့် ကျည်စုကျေးရွာကြား၌  ငွေကျပ် ၃ ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မတ် ၂၅၊ ၂၀၂၆

NOM
👍16
ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာအနီး PDF အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ဟင်းရွက်ခူးနေသည့် အပြစ်မဲ့ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ

NOM မတ် ၂၅၊ ၂၀၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာနေ ကိုအောင်စိုး (၂၁) နှစ်သည် မတ်လ ၂၄ ရက်နေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်အချိန်၌ ကျေးရွာ၏ အနောက်ဘက် ၁ ဖာလုံခန့်အကွာရှိ ဥယျာဉ်ခြံအတွင်း ဟင်းသီးဟင်းရွက်ခူးနေစဉ် PDF အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်မိုင်းပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိ၍ ဆေးကုသနိုင်ရေး မြိတ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်းသိရသည်။

NOM
😢132😱2👍1
ရန်ကုန်-နေပြည်တော် ရထားလမ်းပိုင်းတွင် ခေတ်မီလေအေးပေးစက်ပါ DEMU ရထား နေ့စဉ် အစုန်/အဆန် (၃)စင်းပုံမှန်ပြေးဆွဲပေးသွားမည်

NOM
👍167
အီရန်ဒုံးကျည် ထိမှန်မှု

ဒီမိုနာ နျူကလီးယားစက်ရုံအနီးက ရိုတမ် စက်မှုဇုန်ကို အီရန်ဒုံးကျည် ထိမှန်သွားတဲ့ အခိုက်အတန့်ကို ရုပ်သံမှတ်တမ်းတွေမှာ တွေ့ရပါတယ်။

ရိုတမ်စက်မှုလုပ်ငန်း ဆိုတာ ဓာတုဗေဒပစ္စည်း ထုတ်လုပ်ရေးအတွက် အရေးအပါဆုံး စက်မှုအချက်အခြာနေရာတွေထဲက တစ်ခုဖြစ်ပြီး ဒီမိုနာ နျူကလီးယားလုပ်ငန်းနဲ့လည်း ဆက်နွှယ်နေတာဖြစ်ပါတယ်။

NOM
👍265🕊2😡1
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် PDF က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားလေးဦးဒဏ်ရာရ

NOM
😢11😡4👍1
ဘက်ထရီ လျှပ်စစ်စက်ခေါင်းဖြင့် မြို့ပတ်ရထားခရီးစဉ် စတင်ပြေးဆွဲ

NOM မတ် ၂၅၊ ၂၀၂၆

ဘက်ထရီလျှပ်စစ်စက်ခေါင်းကို အသုံးပြုပြီး ရန်ကုန်မြို့ပတ်ရထားခရီးစဉ် စတင်ပြေးဆွဲသည့်ဖွင့်ပွဲအခမ်းအနားကို ယ‌နေ့နံနက်ပိုင်းက ရန်ကုန်ဘူတာကြီး အမှတ် (၁) စင်္ကြန်၌ ကျင်းပရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်၊ အမြဲတမ်းအတွင်းဝန်၊ ဝန်ကြီးဌာန လက်အောက် ရှိ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူးတို့တက်ရောက်ဖွင့်လှစ်‌ ပေးကြသည်။

အဆိုပါ ဘက်ထရီလျှပ်စစ် စက်ခေါင်းနှင့် ပြေးဆွဲမည့် မြို့ပတ်ရထားသည် လူစီးတွဲ ၄ တွဲ၊ ဘရိတ်တွဲတစ်တွဲပါဝင်ပြီး ဘက်ထရီစွမ်းအင်သုံး လျှပ်စစ်စက်ခေါင်းနှင့် ပြေးဆွဲပေးသည့်အတွက် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု သက်သာစေပြီး နိုင်ငံခြားငွေသုံးစွဲမှုကိုလည်း လျှော့ချနိုင်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား အထွေထွေမန်နေဂျာ ဦးညီညီဆွေက ပြောသည်။

ဘက်ထရီ လျှပ်စစ်စက်ခေါင်းကို မြို့ပတ်ရထားခရီးစဉ်၌ အသုံးပြု အစားထိုးပြေးဆွဲပေးသွားမည်ဖြစ်ပြီး ခရီးအကွာအဝေး စုစုပေါင်း ၉၉ မိုင်ရှိ‌ကြောင်းသိရသည်။

ဘက်ထရီလျှပ်စစ် စက်ခေါင်းဖြင့်အစားထိုးပြေးဆွဲသည့်အတွက် လျှပ်စစ်ဓာတ်အားခအနေနှင့် ခန့်မှန်း ကျပ်၂ သိန်းခန့်သာ ကုန်ကျတော့မည်ဖြစ်ပြီး ဘဏ္ဍာငွေ ၆ သိန်းကျော် ခြိုးခြံချွေတာနိုင်မည်ဖြစ်ကြောင်း သိရသည်။

NOM
👍258
ကရင်မြေမှာ ခိုကပ်နေတဲ့ အကြမ်းဖက်ပဒက်တွေအတွက် ထမင်းချက်ပေးနေတဲ့ ထောက်ပို့အကြမ်းဖက်မကြီးတစ်ကောင် ဗုံးကြဲခံရတဲ့အထဲ ပါသွားလို့ ပဒက်တွေငိုကုန်ကြပြီ...
-
KTLA အဖွဲ့ရဲ့ အတိအကျသတင်းပေးပို့မှုကြောင့် KNLA/PDF တွေစုပြုံနေတဲ့ အကြမ်းဖက်စခန်းကို ပစ်မှတ်မလွဲ ဗုံးကြဲချေမှုန်းနိုင်ခဲ့လို့ ထမင်းချက်ပါမကျန် သေကုန်ကြတာဖြစ်ပါတယ်...
-
ဒီအတွက်လည်း သတင်းပေးပို့ခဲ့တဲ့ KTLA တပ်ဖွဲ့ဝင်တွေကို ကျေးဇူးအထူးတင်ရှိပါတယ်...
-
တိုက်ပွဲသတင်းစုံ
👍324
အီရန်စစ်ပွဲ၌ အမေရိကန်လေတပ်၏ ဆုံးရှုံးမှုသည် တစ်ဘီလီယံကျော်ပြီဖြစ်။

NOM
👍2512💔1
အမေရိကန်ကမြေပြင်ထိုးစစ်စပါက ယူအေအီးနှင့် ဘာရိန်းကိုအီရန်ကသိမ်းမည်

အမေရိကန်ပြည်ထောင်စုအနေဖြင့် မြေပြင်စစ်ဆင်ရေးတစ်ခု စတင်ပါက ယူအေအီးနှင့် ဘာရိန်းနိုင်ငံတို့၏ နယ်မြေများကို သိမ်းပိုက်မည်ဟု အီရန်က ခြိမ်းခြောက်လိုက်သည်။

"အမေရိကန်ပြည်ထောင်စုက အမှားတစ်ခုခုလုပ်မိပါက အီရန်စစ်တပ်များသည် ယူအေအီးနှင့် ဘာရိန်းနိုင်ငံတို့၏ ကမ်းရိုးတန်းဒေသကို သိမ်းပိုက်ပြီး ဒေသတွင်းကို ပြောင်းလဲပစ်ရန် အသင့်ရှိသည်" ဟု အီရန်နိုင်ငံပိုင်ရုပ်သံ IRIB က ဖော်ပြခဲ့သည်။

NOM
👍43❤‍🔥63😡2
အပြစ်မဲ့ပြည်သူများအပေါ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့​၏ မိုင်းထောင် တိုက်ခိုက်မှုသတင်း။

NOM
😡122😢2👍1
Forwarded from U Khin Yi
Media is too big
VIEW IN TELEGRAM
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီ
မြန်မာနိုင်ငံပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းမှတာဝန်ရှိသူများအားလက်ခံတွေ့ဆုံခြင်း

( ၂၄.၀၃.၂၀၂၆ ) ရက်နေ့
👍22
အီရန်လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ကအမေရိကန်ရေတပ်မှ F/A -18 Super Honest တိုက်လေယာဉ်တစ်စီးကိုပစ်ချလိုက်သည်။

NOM
👍4612💔1
(၈၁) နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနား၌ ပါဝင်စစ်ရေးပြကြမည့် စစ်ရေးပြ စစ်ကြောင်းကြီးများ ဝတ်စုံပြည့် စစ်ရေးပြလေ့ကျင့်

မတ် ၂၅၊ ၂၀၂၆

၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက်တွင် ကျရောက်မည့် (၈၁) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပါဝင်ချီတက်စစ်ရေးပြကြမည့် စစ်ရေးပြ စစ်ကြောင်းကြီးများသည် ယနေ့ညနေပိုင်းတွင် နေပြည်တော်စစ်ရေးပြကွင်း၌ ဝတ်စုံပြည့် စစ်ရေးပြလေ့ကျင့်မှုများ ဆောင်ရွက်ကြသည်။

စစ်ရေးပြလေ့ကျင့်မှုတွင် လေအိတ်ပုလွေတပ်စု၊ ဗဟိုစစ်တီးဝိုင်းအဖွဲ့၊ ဂုဏ်ပြုမြင်းစီးတပ်ခွဲ၊ ယန္တရားစစ်ကြောင်းများ၊ စစ်ကြောင်း (၇) ကြောင်းမှ အရာရှိ၊ စစ်သည်များ၊ အမျိုးသမီးတပ်ဖွဲ့ဝင်များသည် စုရပ်ဖြစ်သည့် သစ်တပ်ကွင်းမှ စစ်ရေးပြကွင်းကြီးသို့ တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲတီးဝိုင်းအဖွဲ့တို့၏ တီးခတ်မှုနှင့်အတူ စစ်ချီသီချင်းများကို အားမာန်အပြည့်အဝဖြင့် သီဆို၍ ညီညာစွာချီတက်ကြပြီး စစ်ရေးပြအခမ်းအနားအစီအစဉ်များအတိုင်း လေ့ကျင့်ဆောင်ရွက်ကြသည်။

ထိုသို့ လေ့ကျင့်နေမှုများကို နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အတူ ကော်မရှင်အတွင်းရေးမှူး ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ကော်မရှင်အဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကော်မရှင်အဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ တပ်မတော်နေ့ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ် ပြည့်စုံလင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ တပ်မတော်နေ့ကျင်းပရေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကြည်သိုက်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်သာယာရေး ကော်မရှင်ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အလံတော်အဖွဲ့နှင့် စစ်ရေးပြစစ်ကြောင်းများ၊ ယာဉ်ယန္တရားများ၏ စစ်ရေးပြကွင်းအတွင်း ချီတက်ဝင်ရောက်နေရာယူမှုများ၊ (၈၁) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားသို့ တက်ရောက်လာကြမည့် ဧည့်သည်တော်ကြီးများအတွက် ထိုင်ခုံနေရာ ချထားမှုများ၊ မြင်းစီးတပ်ခွဲနှင့် အရေးကြီးပုဂ္ဂိုလ်ယာဉ်တန်း ဝင်ရောက်နေရာယူမှုများအား ဦးစွာကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော်လေမှ လေယာဉ်၊ ရဟတ်ယာဉ်များ၏ အချိန်ကိုက်အုပ်ဖွဲ့ ပျံသန်းလေ့ကျင့်မှုများ၊ အလံတော်အဖွဲ့နှင့် စစ်ကြောင်းတပ်ခွဲများ၏ ဝတ်စားဆင်ယင်မှုဆိုင်ရာများ၊ စစ်ရေးပြအလံများ၊ စစ်ရေးပြလက်နက်ငယ်များနှင့် စစ်ဝတ်တန်ဆာများ ပြင်ဆင်ထားရှိမှု၊ စစ်ရေးပြတပ်ခွဲ အသီးသီး၏ စစ်ရေးပြလှုပ်ရှားမှုများနှင့် ဂုဏ်ပြုအမြောက်တပ်ဖွဲ့တို့ကို အသေးစိတ် လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

အဆိုပါ စစ်ရေးပြအခမ်းအနားတွင် တပ်မတော် (ကြည်း၊ ရေ၊ လေ)နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ အရာရှိ၊စစ်သည်များ၊ အမျိုးသမီးတပ်ဖွဲ့ဝင်များ၊ အထူးတာဝန်တပ်ဖွဲ့ဝင်များ၊ ယာဉ်ယန္တရားများ၊ တပ်မတော် (လေ)မှ လေယာဉ်၊ ရဟတ်ယာဉ်များပါဝင်ကြောင်း သတင်းရရှိသည်။

NOM
👍297
တူရကီနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးသည် ကာ့ဒ်ပက်ရှ်မာဂါ (Kurdish Peshmerga) တပ်ဖွဲ့ဝင်များသေဆုံးမှုအတွက် "ဝမ်းနည်းကြောင်း" ဖော်ပြနေသော်လည်း တစ်ဖက်တွင်မူ အန်ဘာ ဒေသ၌ အမေရိကန်၏ တိုက်ခိုက်မှုများကြောင့် အီရတ်စစ်သားများသေဆုံးခဲ့ရသည်။

ဝါရှင်တန်သည် ၎င်းတို့ကိုယ်တိုင် သတ်ဖြတ်ခဲ့သည့် အီရတ်နိုင်ငံသားများအတွက် ဝမ်းနည်းပူဆွေးခြင်း မရှိပေ။ ၎င်းတို့၏ အောက်တန်းကျသော လုပ်ရပ်များအတွက် အသုံးချ၍ရမည့် ကာ့ဒ်လူမျိုးများအတွက်သာ ဝမ်းနည်းပြနေခြင်းဖြစ်သည်။

NOM
👍24😡95