News Of Myanmar
13.2K subscribers
22.7K photos
3.23K videos
3 files
6.61K links
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဘာကာအီ (Baghaei) က -

"မင်းတို့ကတော့ ရေနံစျေးနှုန်းတွေနဲ့ စားသောက်ကုန်စျေးနှုန်းတွေအတွက် စိုးရိမ်နေကြတာပေါ့။ ငါတို့ကတော့ ငါတို့နိုင်ငံသားတွေရဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်နေရတာပါ။ ငါတို့ပြည်သူတွေဟာ ရက်ရက်စက်စက် သတ်ဖြတ်ခံနေကြရတယ်" ဟု ပြောကြားလိုက်သည်။

NOM
👍425😢3
ယူဂိုဆလားနိုင်ငံကိုလွန်ခဲ့သော ၂၇ နှစ်က နေတိုးဖျက်ဆီးခဲ့

ယနေ့မတ်လ ၂၅ ရက်သည် ယူဂိုဆလားဗီးယားနိုင်ငံကို ကုလသမဂ္ဂခွင့်ပြုချက်မရှိဘဲ နယ်ချဲ့ဝါဒီနေတိုးစစ်စာချုပ်အဖွဲ့က စတင်တိုက်ခိုက်ခဲ့သည့် ၂၇ နှစ်မြောက်နေ့ဖြစ်သည်။

ဆိုရှယ်လစ်စနစ်ဖြင့် အောင်မြင်နေသော ယူဂိုဆလားဗီးယားနိုင်ငံကိုအစိတ်စိတ်ဖြစ်အောင် နေတိုးကဖျက်ဆီးခဲ့သည့်နေ့လည်းဖြစ်သည််။

NOM
👍41😢53😨3
အမေရိကန်သည် နိုင်ငံကကျောထောက်နောက်ခံပေးထားသည့် အကြမ်းဖက်အဖွဲ့ဟု မြောက်ကိုရီးယားခေါင်းဆောင်ကပြော

မြောက်ကိုးရီးယားခေါင်းဆောင်ကင်ဂျုံအမ်သည် ယနေ့ လွှတ်တော်တွင် မိန့်ခွန်းပြောကြားစဉ် အရှေ့အလယ်ပိုင်းဒေသ၏ အခြေအနေကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

၎င်း၏ မိန့်ခွန်းတွင် အမေရိကန်ပြည်ထောင်စုသည် "ကမ္ဘာတစ်ဝှမ်းတွင် နိုင်ငံတော်က ကျောထောက်နောက်ခံပေးထားသော အကြမ်းဖက်မှုနှင့် ရန်လိုမှု" ကို ကျူးလွန်နေသော အဖွဲ့အစည်းတစ်ခုအဖြစ်ဖော်ပြခဲ့သည်။

NOM
👍586
တရုတ်က အီရန်ကိုအမေရိကန်၏ ညစ်ပတ်သည့်အကြံအား သတိပေး

တရုတ်က အီရန်အား အမေရိကန်က ဆွေးနွေးပွဲများပြန်စရန်ပြောနေခြင်းသည် အီရန်ကိုကျူးကျော်ရန် မြေပြင်တပ်များပို့ဆောင်နေချိန်ဖြစ်သဖြင့်ကျူးကျော်မည့်တပ်များမရောက်မီအချိန်ဆွဲရန်သာဖြစ်ကြောင်းသတိပေးလိုက်သည်။

NOM
👍544
တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ကျင်းပ

ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့ငွေစာရင်းကော်မတီ၊ လွှတ်တော်အခွင့်အရေးကော်မတီ၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီတို့ ဖွဲ့စည်းတာဝန်ပေးအပ်

မတ် ၂၄၊ ၂၀၂၆

တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးက တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့သို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၂၁၃ ဦးစလုံး တက်ရောက်သည့်အတွက် ရာခိုင်နှုန်းပြည့် ဖြစ်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဥပဒေကြမ်းကော်မတီဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တာဝန်ပေးအပ်ခံရသည့် ဧရာဝတီတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်ဦးက ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဥပဒေကြမ်းကော်မတီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ကြောင်းနှင့် ကော်မတီဥက္ကဋ္ဌအဖြစ် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၂)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်ဦးနှင့် အတွင်းရေးမှူးအဖြစ် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၇) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇင်မင်းထက်တို့ကို တာဝန်ပေးအပ်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်သို့ တင်ပြသည်။

ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့ငွေစာရင်းကော်မတီဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တာဝန်ပေးအပ်ခံရသည့် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၂)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသန်းအောင်က ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့ငွေစာရင်းကော်မတီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ကြောင်းနှင့် ကော်မတီဥက္ကဋ္ဌအဖြစ် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၀)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးချစ်ဆွေနှင့် အတွင်းရေးမှူးအဖြစ် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၂) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသန်းအောင်တို့ကို တာဝန်ပေးအပ် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်သို့ တင်ပြသည်။

ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်အခွင့်အရေးကော်မတီ ဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တာဝန်ပေးအပ်ခံရသည့် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၈) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်တင်မြင့်က ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်အခွင့်အရေးကော်မတီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ကြောင်းနှင့် ကော်မတီဥက္ကဋ္ဌအဖြစ် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၂) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် Jeng Phang နော်တောင်နှင့် အတွင်းရေးမှူးအဖြစ် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၈) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်တင်မြင့်တို့ကို တာဝန်ပေးအပ်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်သို့ တင်ပြသည်။

ထို့နောက် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌက အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တာဝန်ပေးအပ်ခံရသည့် ပဲခူးတိုင်းဒေသ ကြီး မဲဆန္ဒနယ်အမှတ် (၁၀) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းက ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ကြောင်းနှင့် ကော်မတီဥက္ကဋ္ဌအဖြစ် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၀) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းနှင့် အတွင်းရေးမှူးအဖြစ် ရန်ကုန် တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၉) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရန်နိုင်ဦးတို့ကို တာဝန်ပေးအပ်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်သို့ တင်ပြသည်။
👍13
Forwarded from Min Chit Oo
တစ်ယောက်က တပ်ကထွက်ပြေးပြီး ထိုင်းကို ခိုးဝင် ကိုယ့်နိုင်ငံကို အကြမ်းဖက်ဖို့ လှုံ့ဆော်နေတဲ့သူ

တစ်ယောက်က နယ်စပ်တည်ငြိမ်အေးချမ်းရေး၊ နှစ်နိုင်ငံကူးသန်းရောင်းဝယ်ရေးအတွက် ဆွေးနွေးဖို့ နိုင်ငံတော်အဆင့်လက်ခံတွေ့ဆုံခံရတဲ့သူ

အဆင့်ကိုမိုးနဲ့မြေ ဒါကိုအရှက်မရှိ ငါ့သူငယ်ချင်းဆိုပြီး မန့်ရဲသေးတယ်နော်

ကိုမဲလုံးကြီး အသံက ငိုသံကြီးနဲ့
အဟက်🤣🤣
👍29😡1
PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် ကျေးလက်ကျန်းမာရေးမှူးနှင့် ၎င်း​၏ ခင်ပွန်းဖြစ်သူတို့ မိုင်းစထိမှန်သေဆုံးပြီး သမီးဖြစ်သူဒဏ်ရာရ

NOM မတ် ၂၅၊ ၂၀၂၆

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်ပြည်သူ့ဆေးရုံသို့ မတ်လ ၂၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီအချိန်၌ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသား တစ်ဦး၊ အမျိုးသမီးတစ်ဦးနှင့် ဒဏ်ရာရရှိထားသူ အမျိုးသမီးတစ်ဦးတို့ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ  ‌ချောက်မြို့နယ်၊ မင်းကန်ကျေးရွာနေ ဦးဟန်လင်း (၅၈) နှစ်သည် ၎င်း၏ ဇနီးဖြစ်သူ ပခန်းငယ်ကျေးရွာ ကျေးလက် ကျန်းမာရေးမှူး ဒေါ်မော်မော်ဌေး (၅၀) နှစ်၊ သမီးဖြစ်သူ မခင်စုစုဟန် (၁၇) နှစ်တို့နှင့်အတူ မင်းကန်ကျေးရွာမှ ချောက်မြို့သို့ ဆိုင်ကယ်ဖြင့် မောင်းနှင်ထွက်ခွာလာစဉ် မန်ကျီးစောက် (ရှေ့) ကျေးရွာ၏ မြောက် ဘက် ၂ ဖာလုံခန့်အကွာအရောက် တွင် လမ်းဘေးမှ PDF အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းတစ် လုံးပေါက်ကွဲခဲ့မှုကြောင့် ဦးဟန်လင်းနှင့် ဒေါ်မော်မော်ဌေးတို့တွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး မခင်စုစုဟန်တွင် ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

NOM
😢17😡9👍31
မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲဝင်အသင်းဖြစ်သည့် ရာမညအသင်း ဖျက်သိမ်း

NOM
👍14😨21
မြောင်မြို့နယ်၊ တောင်ကြီးကျေးရွာသို့ PDF အကြမ်းဖက်အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အဘွားအိုတစ်ဦးအပါအဝင် အပြစ်မဲ့ပြည်သူလေးဦးဒဏ်ရာရ

NOM မတ် ၂၅၊ ၂၀၂၆

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ မတ်လ ၂၃ ရက်နေ့ ည ၁၂ နာရီခွဲအချိန်၌ ဗုံးသီးပေါက်ကွဲစထိမှန် ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးသုံးဦးတို့ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နေ့လယ် ၁၂ နာရီအချိန်၌ စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ တောင်ကြီးကျေးရွာသို့ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း လက်နက်ကြီး ဗုံးသီးတစ်လုံးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေသူများဖြစ်ကြသည့် ကိုဇော်လင်းအောင် (၃၉) နှစ်၊ ဒေါ်တင်ချို (၄၂) နှစ်၊ ဒေါ်တင်ကြည် (၈၀) နှစ်နှင့် ဒေါ်ဝင်းမြတ်ခိုင် (၄၃) နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

NOM
👍102😢2😡2
သင်္ဘောသားများအားစစ်တမ်းကောက်မည်

NOM မတ် ၂၅၊ ၂၀၂၆

မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောအလုပ်သမားများအဖွဲ့ချုပ်၏CBA-Collective Bargaining Agreement & SEA-Seafarers Employment Agreementဆိုင်ရာဗဟုသုတမျှဝေခြင်း ‌စာနယ်ဇင်းရှင်းလင်းပွဲကို ယနေ့နံနက်က ရန်ကုန်မြို့ကျောက်တံတားမြို့နယ်အမှတ် (၅၃) ၃၇ လမ်း၊ အောက်ဘလောက်ရှိ အဖွဲ့ချုပ်ရုံး၌ ကျင်းပပြုလုပ်သည်။

ဦးစွာ မြန်မာနိုင်ငံပင်လယ်ကူးသ‌ င်္ဘောသားအလုပ်သမားများအဖွဲ့ချုပ်ဥက္ကဋ္ဌကပ္ပတိန်စိုးမင်း‌အောင်က "ကျွန်တော်တို့က သင်္ဘောသားနဲ့ သင်္ဘောသားမိသားစုကို ကျွန် တော်တို့က သူတို့ရဲ့ခံစားချက်တွေ သိရှိဖို့အတွက် ကျွန်တော်တို့ စစ်တမ်းကောက်မှာပေါ့လေ။ စစ်တမ်းကောက်လိုက်ခြင်းအားဖြင့် သင်္ဘောသားတွေနဲ့ သင်္ဘောသားမိသားစုတွေက အာဏာပိုင်အဖွဲ့အစည်းဖြစ်တဲ့ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနပေါ်မှာ ဘယ်လိုအမြင်ရှိသလဲ။ အလားတူပဲ သူတို့ကို အလုပ်သမားခန့်အပ်ရေးနဲ့ ရှာဖွေရေးနဲ့ ခန့်အပ်ရေးဝန်ဆောင်မှုလုပ်နေတဲ့အဖွဲ့တွေပေါ့ ဒီအဖွဲ့တွေကတော့ သူတို့အလုပ်ရှင်ကိုယ်စား အလုပ်ခန့်ဖို့လုပ်တယ်။ အဲဒီအပေါ်မှာ သူတို့အမြင်ဘယ်လိုရှိတယ်။ အလားတူပဲ ကျွန်တော်တို့ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကနေပြီးတော့ သင်္ဘောသားတွေအတွက် လေ့ကျင့်သင် ကြားပေးတဲ့ တရားဝင်ခွင့်ပြုထားတဲ့ သင်တန်းကျောင်းတွေရှိတယ်။ အဲဒီသင်တန်းကျောင်းတွေအပေါ်မှာရော သင်္ဘောသားနဲ့သင်္ဘောသားမိသားစုတွေရဲ့အမြင်ကဘယ်လိုရှိလဲ။ အလားတူပဲကျွန်တော်တို့ သင်္ဘောသားတွေကိုပဲ ကိုယ်စားပြုပြီးတော့ ဖွဲ့ထားတဲ့ သင်္ဘောသားအဖွဲ့အစည်းတွေရှိတယ်ပေါ့နော်။ ဒီအပေါ်မှာလည်းသင်္ဘောသားနဲ့ သင်္ဘောသားမိသားစုက ဘယ်လိုအမြင်ရှိလဲဆိုတဲ့ စစ်တမ်းလေးကို ကျွန်တော်တို့ကောက်ယူခြင်းအားဖြင့် အဲဒီစစ်တမ်းကရလာတဲ့ အချက်အလက်တွေကိုကျွန် တော်တို့က သုံးသပ်ချက်ထုတ်လိုက်လို့ရှိရင် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ အားနည်းချက်အားသာချက်ကို ကျွန်တော်တို့သိရမယ်။ အလားတူပဲရေကြောင်းသင်တန်းကျောင်းတွေရဲ့ အားနည်းချက်အားသာချက်၊ အခုနပြောတဲ့ အလုပ်ခန့်ဖို့အတွက် တာဝန်ယူလုပ်နေတဲ့ သင်္ဘောသားအလုပ်အကိုင်ရှာဖွေရေး ဝန်ဆောင်မှုလုပ်နေတဲ့သူတွေရဲ့ အားနည်းချက်အားသာချက် ကျွန်တော်တို့သင်္ဘောသားအဖွဲ့အစည်းတွေရဲ့ အားနည်းချက်အားသာချက်တွေကို သိရှိခြင်းအားဖြင့် ကျွန်တော်တို့ ပါဝင်ပတ်သက်နေတဲ့ ဒီအဖွဲ့အစည်းတစ်ခုချင်းကို သိရမယ်။ အားနည်းချက်တွေကိုပြင်ဖို့အတွက် ကျွန်တော်တို့ကိုမီးမောင်းထိုးပြသလိုပေါ်လာမှာဖြစ်ပါတယ်" ဟု‌ပြောသည်။

အဆိုပါအခမ်းအနားတွင် စာနယ်ဇင်းမီဒီယာများက သိရှိလိုသည်များမေးမြန်ခဲ့ကြ‌ပြီး မြန်မာသင်္ဘောသားများနှင့် မိသားစုများထံမှ မိမိလူမှုဘဝအတွေ့အကြုံခံစားချက်များ စစ်တမ်းကောက်ယူခြင်းဆိုင်ရာ ဗဟုသုတမျှ‌ဝေခြင်း‌ ဟောပြောပွဲကို မတ် ၃၁ ရက်နေ့နံနက် ၁၀ နာရီတွင် အဖွဲ့ရုံး၌ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

NOM
👍241
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ နန်းလုံကျေးရွာ နှင့် ကျည်စုကျေးရွာကြား၌  ငွေကျပ် ၃ ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မတ် ၂၅၊ ၂၀၂၆

NOM
👍16