News Of Myanmar
13.2K subscribers
22.8K photos
3.23K videos
3 files
6.61K links
Download Telegram
တာချီလိတ်မြို့နယ်၊ မိုင်းဟဲ(အောက်)ကျေးရွာအုပ်စု၊ ကော့ရားကျေးရွာအနီး၌ ခန့်မှန်းငွေကျပ် ၂၀ ဒသမ ၄ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

မတ် ၂၄၊ ၂၀၂၆

NOM
👍211😱1
This media is not supported in your browser
VIEW IN TELEGRAM
ယူကရိန်းနိုင်ငံ လ်ဗော့မြို့လယ်သို့ရုရှားအသေခံဒရုန်းထိမှန်စဉ်။

NOM
👍293🕊2😱1
အီရတ်ပေါ်ပြူလာတပ်ဦးကဒုံးကျည်နှစ်စီးဖြင့် အီရတ်နိုင်ငံအာဘေးလ်မြို့ရှိ အမေရိကန်မဟာမိတ် ကာဒ့်တို့၏ ပက်ရှ်မာဂါအမှတ် ၇ တပ်မကိုပစ်ခတ်ရာ ကာ့ဒ်တပ်ဖွဲ့ဝင် ၆ ဦးသေပြီး ၃၀ ဒဏ်ရာရသည်။

NOM
👍254😱1😢1🕊1
တရုတ်အစိုးရက အစ္စရေးရှိတရုတ်နိုင်ငံသားများ အစ္စရေးမှအမြန်ဆုံးထွက်ခွာရန် ကြေညာလိုက်သည်။

NOM
👍356😱4
This media is not supported in your browser
VIEW IN TELEGRAM
အီရန်က အစ္စရေးနိုင်ငံ တဲလ်အဗစ် မြို့ကိုဒုံးကျည်အသစ်ဖြင့်စမ်းသပ်ပစ်ခတ်

အီရန်ဟာ အင်္ဂါနေ့က ၂၂၀ ပေါင် ဒုံးကျည်ထိပ်ဖူး သယ်ဆောင်ထားတဲ့ ဒုံးကျည်နဲ့ တဲလ်အဗစ်ကို ပစ်ခတ်ခဲ့ပြီး ဒီပဋိပက္ခမှာ အရင်က မမြင်ဖူးတဲ့ ခဲယမ်းအမျိုးအစား ဖြစ်ပါတယ်။

ဒါဟာ အီရန်ရဲ့ စံသတ်မှတ်ထားတဲ့ တစ်စိတ်တစ်ပိုင်း ဒုံးကျည်ထိပ်ဖူးရဲ့ ထက်ဝက်ခန့် (~၅၂၀ ပေါင်) အရွယ်အစားရှိပေမယ့် အီရန်က တဲလ်အဗစ်မြို့ကို ပုံမှန်ပစ်ခတ်နေတဲ့ ကလပ်စတာဗုံးတွေထက် အများကြီး ပိုကြီးပါတယ်။

NOM
👍2312🕊3😡2
အမေရိကန်ကိုယ်စားလှယ်အဖွဲ့သည် အီရန်နှင့် ကြာသပတေးနေ့တွင် ဆွေးနွေးရန်စောင့်ဆိုင်းနေသော်လည်း အီရန်၏တုန့်ပြန်မှုကိုယခုထိမရသေးကြောင်းသိရသည်။

NOM
👍285🕊3
အီရန်စစ်ပွဲကြားတွင် အာရှလေကြောင်းလိုင်းများက ဥရောပလမ်းကြောင်းများ တိုးချဲ့ပျံသန်း

အရှေ့အလယ်ပိုင်းလေကြောင်းလိုင်းများသည် လက်ရှိအီရန်စစ်ပွဲကြောင့် လုပ်ငန်းလည်ပတ်မှုများကို လျှော့ချနေချိန်တွင် ဥရောပခရီးစဉ်လမ်းကြောင်းများ ထပ်မံတိုးချဲ့နေသော အာရှလေကြောင်းလိုင်းများထဲတွင် စင်ကာပူလေကြောင်းလိုင်းနှင့် ကာသေ့ပစိဖိတ်လေကြောင်းလိုင်းတို့ ပါဝင်သည်။ ပဋိပက္ခသည် ဒေသတွင်းရှိ လောင်စာဆီကုန်ကျစရိတ်၊ လက်မှတ်ဈေးနှုန်းများနှင့် ထိုင်ခုံရရှိနိုင်မှုကို ထိခိုက်စေခဲ့သည်။

ဒိုဟာနှင့် ဒူဘိုင်းဗဟိုချက်များမှ လည်ပတ်နေသော အရှေ့အလယ်ပိုင်းလေကြောင်းလိုင်းများသည် ၎င်းတို့၏ခရီးစဉ်များကို လျှော့ချခဲ့သဖြင့် အာရှလေကြောင်းလိုင်းများ ဖြည့်ဆည်းရန် လုပ်ဆောင်နေသည့် ဥရောပ-အာရှစင်္ကြံများတွင် ကွက်လပ်များဖြစ်ပေါ်ခဲ့သည်။

ဤပြောင်းလဲမှုသည် ကမ္ဘာ့အလုပ် အများဆုံး အဝေးပြေးလမ်းကြောင်းအချို့တွင် ယှဉ်ပြိုင်မှုဆိုင်ရာ ဒိုင်းနမစ်များကို ပြောင်းလဲစေခဲ့သည်။

အီရန်စစ်ပွဲသည် လေကြောင်းကဏ္ဍတစ်လျှောက်တွင် ပိုမိုကျယ်ပြန့် သော အကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ အာရှလေကြောင်းလိုင်းများသည် ရွှေ့ပြောင်းခံရသော ခရီးသည်နှင့် ကုန်တင်ကုန်ချလိုအပ်ချက်ကိုရယူရန် ၎င်းတို့၏ ကိုယ်ပိုင်ကွန်ရက်များကို တိုးချဲ့ခြင်းဖြင့် တုံ့ပြန်လျက်ရှိသည်။

NOM
👍245
This media is not supported in your browser
VIEW IN TELEGRAM
အီရန်က နျူကလီးယားလက်နက်တွေကို အပြီးအပိုင်စွန့်လွှတ်ဖို့ သဘောတူလိုက်ပြီ ဟုထရမ့်ပြောပြန်

ယနေ့ပြုလုပ်သည့်မီဒီယာများ၏မေးမြန်းမှုကိုသမ္မတထရမ့်ကအထက်ပါအတိုင်းပြောကြားလိုက်ခြင်းဖြစ်သည်။ ထို့အပြင်ထရမ့်က
“ဒါဟာ စစ်ပွဲမဟုတ်ဘူး၊ကျွန်တော်က ဒါကို စစ်ရေးစစ်ဆင်ရေးတစ်ခု၊ အလွန်အောင်မြင်တဲ့ စစ်ဆင်ရေးတစ်ခုလို့ ခေါ်ပြီး အောင်ပွဲခံမယ်”လို့ ထပ်မံကြေညာခဲ့ပါတယ်။

ထရမ့်ရဲ့အဆိုအရ တစ်လကြာ စစ်ပွဲအတွင်းမှာ အီရန်ဟာ အနည်းဆုံး ၁၀ ကြိမ် ရှုံးနိမ့်ခဲ့ပြီးဖြစ်ပေမယ့် တစ်စုံတစ်ရာကြောင့် လက်နက်ချတာမျိုး မရှိသေးပါဘူး။

NOM
👍22😱10😡21
ရုရှားကစံချိန်တင်တိုက်ခိုက်

မတ်လ ၂၄ ရက်နေ့နှင့် ညတွင်ရုရှားက ယူကရိန်းကိုဒရုန်း ၉၄၈ စင်းဖြင့်စံချိန်တင်တိုက်ခိုက်ခဲ့သည်။၂၀၂၅ ခုနှစ် စက်တင်ဘာလကတစ်ရက်အတွင်းဒရုန်းအစင်း ၈၁၀ ဖြင့်တိုက်ခိုက်သည့်စံချိန်ကိုယခုအရေအတွက်ဖြင့် ချိုးဖျက်လိုက်သည်။

NOM
👍488🕊3😡1
အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က အမှတ် (၈၂) လေထီးတပ်မက တပ်ဖွဲ့ဝင် ၃,၀၀၀ ခန့်ကို အရှေ့အလယ်ပိုင်းကို စေလွှတ်နေပြီ။

အီရန်မြေပြင်ပေါ်ကို တပ်တွေချဖို့ ဆုံးဖြတ်ချက် မချရသေးဘူးလို့ တာဝန်ရှိသူတွေက ပြောပေမဲ့ အမှတ် (၈၂) လေထီးတပ်မဆိုတာ အချိန်မရွေး အလျင်အမြန် တပ်ဖြန့်နိုင်တဲ့ တပ်ဖွဲ့တစ်ခု ဖြစ်ပါတယ်။

ဒါကြောင့် ထရမ့်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဖြစ်နေသလိုမျိုး ဟန်ဆောင်နေပေမဲ့ တကယ်တမ်းမှာတော့ စစ်ပွဲဖြစ်ရာဒေသကို တပ်တွေ ပို့နေတာပဲ ဖြစ်ပါတယ်။

NOM
👍35🕊32😡1
🇪🇺- ကမ္ဘာ့အကြီးဆုံးစွမ်းအင်ကုမ္ပဏီကြီး Shell ရဲ့ အမှုဆောင်အရာရှိချုပ်က

"လာမယ့်လကစပြီး ဥရောပမှာ စက်သုံးဆီ ပြတ်လပ်မှုတွေ ကြုံတွေ့ရနိုင်ခြေ ရှိနေတယ်လို့ သတိပေးလိုက်ပါတယ်။"

NOM
Please open Telegram to view this post
VIEW IN TELEGRAM
👍405🕊2😡1
Media is too big
VIEW IN TELEGRAM
"အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့ရှိ ဗစ်တိုးရီးယား (Victoria) စစ်အခြေစိုက်စခန်းအတွင်းက အမေရိကန်တပ်ဖွဲ့တွေကို အီရတ်အစ္စလာမ်မစ် ခုခံရေးတော်လှန်ရေးသမားတွေက တိုက်ခိုက်နေတဲ့ မြင်ကွင်းတွေ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုအတွင်းမှာ အီရတ်ခုခံရေးတပ်ဖွဲ့တွေဟာ အခြေစိုက်စခန်းထဲက အမေရိကန် ရေဒါတွေနဲ့ ရဟတ်ယာဉ်တွေကို ဖျက်ဆီးပစ်ခဲ့ပါတယ်။"

NOM
👍465🕊4
This media is not supported in your browser
VIEW IN TELEGRAM
🇮🇶 - အီရတ်အစိုးရက သူတို့ရဲ့ အီရတ် ပြည်သူ့စစ် တပ်ပေါင်းစု [Popular Mobilization Forces] (PMF) ကို အမေရိကန် ဒါမှမဟုတ် တခြားပြင်ပတပ်ဖွဲ့တွေက တိုက်ခိုက်လာရင် ပြန်လည်တုံ့ပြန် တိုက်ခိုက်ခွင့် အပြည့်အဝပေးလိုက်တဲ့အကြောင်း တရားဝင် ထုတ်ပြန်လိုက်ပါပြီ။

NOM
Please open Telegram to view this post
VIEW IN TELEGRAM
👍416🕊4😢2
အီရန်အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးဟောင်းက အမေရိကန်ရဲ့ အီရန်အပေါ် ဖြစ်လာနိုင်ခြေရှိတဲ့ ကျူးကျော်စစ်နဲ့ ပတ်သက်ပြီး

"နှစ်ပေါင်းများစွာကတည်းက ကျွန်တော်တို့ဟာ အမေရိကန်တွေကို ကျွန်တော်တို့ သတ်မှတ်ထားတဲ့ နေရာတွေထဲကို ဝင်လာမယ့်အချိန်ကို စောင့်မျှော်နေခဲ့တာပါ။

ကျွန်တော်တို့ဟာ ဒီလိုအချိန်မျိုးအတွက် သမာရိုးကျမဟုတ်တဲ့ စစ်ဗျူဟာတွေနဲ့ ဆယ်စုနှစ်နှစ်ခုကျော်တိုင်တိုင် လေ့ကျင့်ပြင်ဆင်နေခဲ့တာဖြစ်ပါတယ်။

အခုတော့ ကျွန်တော်တို့မှာ အမေရိကန်စစ်သားတွေအတွက် သတင်းစကား တစ်ခုပဲ ရှိပါတယ်။
နီးနီးကပ်ကပ်သာ လာခဲ့ကြပါ။"

NOM
👍535🕊4
Forwarded from NOM.World News
ကန်အထက်လွှတ်တော်အမတ်တဦးဖြစ်တဲ့ Bernie Sander က အီရန်စစ်ပွဲအတွက် ရန်ပုံငွေ ဒေါ်လာ ၂၀၀ ဘီလျံတောင်းခံမှုကို လုံး၀ထောက်ခံမှာမဟုတ်ဘူးလို့ ပြောဆိုပြီး အစ္စရေးဆီ လက်နက်လွှဲပြောင်းမှုတွေကို ပိတ်ဆို့ဖို့လည်း အစီအမံတရပ် ပြဌာန်းသွားနိုင်ဖို့ ကြိုးစားမယ်လို့ မနေ့က ပြောဆိုလိုက်ပါတယ်။

စွမ်းအင်စျေးနှုန်းတွေမြင့်တက်လာပြီး အမေရိကန်အပေါ် စီးပွားရေးဖိအားတွေ မြင့်တက်လာလို့လည်း သူက အစိုးရအဖွဲ့ကို ဝေဖန်ခဲ့ကာ အစိုးရက တတ်နိုင်တဲ့ စျေးနှုန်းကို ဦးစားပေးဖို့လည်း ပျက်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။ အမေရိကန်ဟာ အစ္စရေးနဲ့အတူ တဖက်သတ်ဆန်တဲ့ ဒီစစ်ပွဲကို စတင်ခဲ့တာလို့လည်း သူက အပြစ်တင်ခဲ့ပြီး အရှေ့အလယ်ပိုင်းမှာ ကြီးမားတဲ့ ဒုက္ခတွေ ဖြစ်ပေါ်စေခဲ့တယ်လို့လည်း ဆိုပါတယ်။

News Of Myanmar NOM
👍394😡1