News Of Myanmar
13.2K subscribers
22.9K photos
3.24K videos
3 files
6.61K links
Download Telegram
ယူကေတွင် အငြင်းပွားဖွယ်ရာ "ဂျူးလူမျိုးများ က ကလေးများကို စားခြင်း"အနုပညာပြပွဲ ကျင်းပ

"ဂျူးလူမျိုးများ က ကလေးများကို စားခြင်း" အမည်ရှိ ရုပ်ပုံများ ပါဝင် သော ဗြိတိန်ပြပွဲတစ်ခုသည် အာရုံစိုက်မှုကို ဆွဲဆောင်ခဲ့သော်လည်း ရဲများက တရားမဝင်သော အရာများ မရှိကြောင်း ပြောကြားခဲ့သည်။

အာဏာပိုင်များက "လူမျိုးတုံးသတ်ဖြတ်မှု ဆန့်ကျင်ရေး ရုပ်ပုံများ" နောက်ကွယ်မှ အနုပညာရှင်သည် လူမျိုးရေးမုန်းတီးမှုကို လှုံ့ဆော်ရန် ရည်ရွယ်ချက်မရှိကြောင်းပြပွဲကိုရာဇဝတ်မှုအဖြစ် မယူဆနိုင်ကြောင်း ပြောသည်။

ပန်းချီဆရာက ရုပ်ပုံများသည် ဂျူးများကို ပုံဖော်ခြင်း သို့မဟုတ် ကလေးများကို စားခြင်းမပြုကြောင်း အခိုင်အမာ ပြောကြားခဲ့သော်လည်း ပြပွဲမတိုင်မီ လမ်းညွှန်ဆိုင်းဘုတ်တစ်ခုတွင် "ဂျူးဆန့်ကျင်ရေး အနုပညာပြပွဲ — ဤလမ်း" ဟု ရေးထားသည်။

NOM
👍282
၁၃၈၇ ခုနှစ် ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်၌ တိုင်းရင်းသားရိုးရာအကနှင့် ယိမ်းအကပြိုင်ပွဲများ
စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

မတ် ၂၄၊ ၂၀၂၆

NOM
👍223
(၈၁) နှစ်မြောက် တပ်မတော်နေ့ ကြိုဆိုဂုဏ်ပြု၊ ဆိုလာစနစ်ဖြင့် မြစ်ရေတင်နှင့် ကျေးရွာမီးလင်းရေးစီမံကိန်းဖွင့်ပွဲ မှော်ဘီ၌ ကျင်းပ

NOM မတ် ၂၄၊ ၂၀၂၆

(၈၁) နှစ်မြောက် တပ်မတော်‌ နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆိုလာစနစ်ဖြင့် အထက်စု (မြစ်ကျိုး) မြစ်ရေတင်နှင့် ကျေးရွာမီးလင်းရေးစီမံကိန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၊ မြစ်ကျိုးကျေးရွာတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်း‌ဒေသကြီး ၀န်ကြီးများတက်ရောက်ဖွင့်လှစ်ပေးသည်။

ယခုဖွင့်လှစ်သည့် ရေတင်စီမံကိန်း 900 kW Solar တပ်ဆင်ခြင်းလုပ်ငန်းတွင် 720 W Solar အချပ်ရေ ၁၃၄၄ ချပ် တပ်ဆင်ထားပြီး၁၄ ချပ်ပါ String ၉၆ ခု ပါဝင်ကာ ရေမောင်းနှင်ရန်နှင့် ကျေးရွာမီးလင်းရေးအတွက် 110 kW On-Grid Inverter (8) Set ပါဝင်ပြီး0.4/11 kV(900) kVA Transformer (1) Set ပါဝင်ကာ 280 kWMotor နှင့် 40 Cusec Pump များကို Solar System တွဲဖက်တပ်ဆင်မောင်းနှင်၍ နွေစပါးစိုက်ဧက ၁၈၀၀ ရေပေးဝေနိုင်မည်ဖြစ်ရာ မြစ်ရေတင်လုပ်ငန်းတွင် လျှပ်စစ်ဓာတ်အားကို အသုံးမပြုဘဲ နေ့အခါဆိုလာမှရရှိသော လျှပ်စစ်ဖြင့် တစ်ရက်လျှင် ၆ နာရီနှုန်းဖြင့်280 kW Motor နှင့် 40 Cusec Pump များကို မောင်းနှင်ပါကနွေသီးနှံတစ်ရာသီ ရက်ပေါင်း ၁၂၀ အတွက် ၅၃၇၁၀၀ ကီလိုဝပ်နာရီကို အသုံးပြု၍ လျှပ်စစ်ဓာတ်အားခ ၂၆၈ ဒသမ ၅၅ ကျပ်သန်းသက်သာမည်ဖြစ်ကြောင်းနှင့် စိုက်ပျိုးရေပေးဝေခြင်းမရှိသည့် ကျန်အချိန်တွင် ကျေးရွာမီးလင်းရေးအတွက် အထက်စု (မြစ်ကျိုး) ရွာ၊ အောက်စု (မြစ်ကျိုး) ရွာ၊ စာဖြူစုရွာနှင့် ဇီးတောရွာ စုစုပေါင်းကျေးရွာလေးရွာအတွက် ၈၅၇၅၀၀ ကီလိုဝပ်နာရီကို လျှပ်စစ်ဓာတ်အား
ဖြန့်ဖြူးပေးနိုင်မည်ဖြစ်‌ကြောင်းသိရသည်။

NOM
👍223
နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် DPLA ၊ KNDF ၊ PNLO နှင့် PDF အမည်ခံအဖွဲ့ဝင် ၂၇ ဦးတို့သည် လက်နက်ခဲယမ်းများနှင့်အတူ ဉပဒေဘောင်အတွင်းသို့ ဝင်ရောက်

မတ် ၂၄၊ ၂၀၂၆

NOM
👍183
စက်သုံးဆီများဖူလုံစွာရရှိရေးနှင့် သုံးစွဲမှုများစနစ်တကျဖြစ်စေရေး အစည်းအဝေးကျင်းပ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား

မတ် ၂၄၊ ၂၀၂၆

NOM
👍214
ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဘိန်းစိုက်ခင်းများ ဖျက်ဆီး

၂၀၂၆ ခုနှစ်၊ မတ် ၂၂ ရက်က ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ စုစုပေါင်း ဘိန်းစိုက်ခင်း ၁၂ ဧကခန့်အား ဖျက်ဆီးခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ မတ် ၂၂ ရက် နံနက် ၉ နာရီမှ မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်ထိ ရှမ်းပြည်နယ်၊ ဟိုပုံး မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဟိုပုံး မြို့နယ်၊ ဖက်ရမ်းလေးကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၇ ဧကခန့်အား လည်းကောင်း။

ထို့အတူ နံနက် ၉ နာရီ ၄၀ မိနစ်မှ နံနက် ၁၀ နာရီ ၅၀ မိနစ်ထိ ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဆီဆိုင်မြို့နယ်၊ ပင်စုံ(မြောက်) ကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၅ ဧကခန့်အား လည်းကောင်း အသီးသီးဖျက်ဆီးခဲ့ကြောင်းသိရသည်။

NOM
👍193
အွန်လိုင်းလိမ်လည်မှု (Telecom Fraud)နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် တောင်ကိုးရီးယားနိုင်ငံသား တစ်ဦး မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ ထပ်မံလွှဲပြောင်းပေးအပ်

မတ် ၂၄၊ ၂၀၂၆

NOM
👍137
ပြည်ထောင်စုသမ္မတမြန်မာနိုင်တော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စက်သုံးဆီများဖူလုံစွာရရှိရေးနှင့် သုံးစွဲမှုများစနစ်တကျဖြစ်စေရေး အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

NOM
👍1812