News Of Myanmar
13.2K subscribers
22.7K photos
3.23K videos
3 files
6.61K links
Download Telegram
အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ ပေါ့အာသာ Port Arthur မြို့ရှိ ဗာလီရို Valero ရေနံချက်စက်ရုံတွင် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ကြားရပြီးနောက် အကြောင်းရင်းအတိအကျ မသိရသေးသည့် မီးလောင်မှုကြီးများ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

NOM
👍38😨61
ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၃)သင်တန်းဖွင့်ပွဲများအား တိုင်းစစ်ဌာနချုပ်အသီးသီး၌ကျင်းပပြုလုပ်

မတ် ၂၃၊ ၂၀၂၆
👍255
🇮🇷 🇮🇷🇮🇱 🇺🇸 - "Roar of the Lion" နဲ့ "Epic Fury" စစ်ဆင်ရေးတွေအတွင်း အီရန်နိုင်ငံရဲ့ ဝေဟင်ပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်လာတဲ့ ဒရုန်း (၁၂၅) စင်းကို ကြားဖြတ်ဟန့်တားနိုင်ခဲ့တယ်လို့ အီရန်က ကြေညာလိုက်ပါတယ်။

အဆိုပါ (၁၂၅) စင်းထဲမှာ အမေရိကန်လေတပ် (USAF) ရဲ့ လူကပ်စ် "LUCAS" OWA-UAV နဲ့ "MQ-9A" ဒရုန်းတွေအပြင်၊ အစ္စရေးလေတပ် (IAF) ရဲ့ အော်ဘစ်တာ "Orbiter-1/2/3/4"၊ "IAI အီတန် Eitan" နဲ့ ဟာမီးစ် "HERMES-450/900" ထောက်လှမ်းရေးနဲ့ တိုက်ခိုက်ရေးဒရုန်းတွေ ပါဝင်နေတာပါ။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလကစပြီး အီရန်ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့တွေဟာ အစ္စရေးရဲ့ ဟာမီးစ် "HERMES-900" ဒရုန်း ၇၇ ရာခိုင်နှုန်းခန့်နဲ့ "HERMES-450" ဒရုန်း ၇၃ ရာခိုင်နှုန်းခန့်ကို ပစ်ချနိုင်ခဲ့ပါတယ်။ ဒါကြောင့် အစ္စရေးရဲ့ ဒရုန်းလက်နက်တိုက်ဟာ လက်ရှိမှာ ထိရောက်မှုမရှိတော့ဘဲ ခေတ်နောက်ကျသွားတဲ့ အခြေအနေကို ရောက်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းမှာလည်း အီရန်ဝေဟင်ပိုင်နက်ထဲမှာ ဟာမီးစ် "HERMES-series" ဒရုန်းတွေ ပျံသန်းတာမျိုး လုံးဝမရှိတော့ပါဘူး။

NOM
Please open Telegram to view this post
VIEW IN TELEGRAM
👍341
အငှားယာဉ်တက္ကဆီတွေပါ မမောင်းရနေ့သတ်မှတ်သင့်
NOM
အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့်လောင်စာဆီ အကျပ်အတည်းကမ္ဘာနှင့်အဝှမ်း ပေါ်ပေါက်နေသဖြင့် နိုင်ငံအသီးသီးသည် လောင်စာဆီချိုးခြံချွေတာရေးအတွက် နိုင်ငံအလိုက်မူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံသည်လည်းလောင်စာဆီချိုးခြံချွေတာရန်နှင့်ယာဉ်ပိတ်ဆို့မှုမဖြစ်ရန် လောင်စာဆီကို သတ်မှတ်အချိုးဖြင့်ရောင်းပေးခြင်း၊ စုံရက် မရက်ခွဲပြီးယာဉ် မောင်းနှင်မှုကန့်သတ်ခြင်းများဆောင်ရွက်လျက်ရှိသည်။

သို့သော် ထိုအထဲတွင်မပါဘဲ လွတ်နေသော တက္ကဆီများကြောင့်စက်သုံးဆီဆိုင်များတွင်လည်း ဆီတန်းစီသည့် ကားတန်းကြီးများအပြည့်ဖြစ်နေသလို မသမာသောဆီဆိုင်ဝန်ထမ်းများနှင့်ပေါင်းပြီး နေ့စဉ်ဆီကို အကြိမ်ကြိမ်ထုတ်ယူမှုများဖြစ်ပေါ်နေသည်။

ရန်ကုန်မြို့တွင်း လေ့လာပါက ခရီးသည်ရှာရင်းမောင်းနေသော အငှားကားများကို မျက်စိနောက်ဖွယ်တွေ့နေရသည်။ ရန်ကုန်မြို့ရှိ တရားဝင် အငှားယာဉ် ခြောက်သောင်းနီးပါး၏ နေ့စဉ်ဆီသုံးနှုန်းကိုတွက်ချက်ပါက တစ်နေ့လျှင် ဆီလီတာကိုးသိန်းခန့်ရှိသည်။ ထိုအထဲမှဓာတ်ငွေ့ကားသုံးသောင်းခန့်ကို ပြန်နှုတ်ပါက အငှားယာဉ်များအတွက်နေ့စဉ် ဆီလီတာလေးသိန်းခွဲရောင်းချပေးနေရသည်။

ထို့အပြင် အဆိုပါအငှားယာဉ်များသည် နေ့စဉ်ဆီထည့်ခွင့်ရနေသဖြင့်ဆီဆိုင်များတွင် မလိုအပ်ဘဲကားတန်းရှည်များဖြစ်နေခြင်း၊ကန်တော်ကြီးပတ်လမ်းကဲ့သို့နေရာမျိုးတွင် ဆီတန်းစီသည့်ယာဉ်တန်းဖြင့် လမ်းများပိတ်ဆို့နေခြင်းတို့ကြောင့် နိုင်ငံတော်မှရည်မှန်းသည့်စက်သုံးဆီချွေတာရေးနှင့် ယာဉ်ကြောပိတ်ဆို့မှု လျော့ပါးရေးရည်မှန်းချက်များ မအောင်မြင်သည်ကိုတွေ့နိုင်သည်။

ထို့ကြောင့်အငှားယာဉ်များကိုလည်းအုပ်စုခွဲပြီး တစ်ရက်ခြား မောင်းရန် နှင့် တစ်ရက်ခြားဆီထည့်ရန်ဆောင် ရွက်သင့်ကြောင်းအကြံပြုအပ်ပါသည်။

NOM
95👍3711👎2
ဗဟိုဘဏ်ကလောင်စာဆီတင်သွင်းရန်အမေရိကန်ဒေါ်လာ၄၅သန်းရောင်းချပေး

"လက်ရှိအခြေအနေများအရ ပြည်ပမှ ဆီပိုမိုတင်သွင်းနိုင်ရေးအတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ဈေးကွက်လိုအပ်ချက်အပေါ် အပြည့်အဝပံ့ပိုးပေးနိုင်ရန် (၂၃-၃-၂၀၂၆) ရက်နေ့တွင် စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများအား အမေရိကန်ဒေါ်လာ ၄၅ သန်းကို သက်ဆိုင်ရာ ဘဏ်များမှ တစ်ဆင့်ရောင်းချပေးခဲ့ပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဈေးကွက်လိုအပ်ချက်အရ FX Trading Platform တွင် သွင်းကုန်လုပ်ငန်းရှင်များအတွက် ထိုင်းဘတ် သန်း ၅၀ ကိုလည်း ရောင်းချပေးမည်ဖြစ်ပါသည်" ဟု ဗဟိုဘဏ်မှ သတင်းထုတ်ပြန်ထားသည်။

NOM
👍193
ထိုင်းတွင်ကျောက်မီးသွေးသုံးစက်ရုံများပြန်ဖွင့်

ထိုင်းနိုင်ငံသည် သဘာဝဓာတ်ငွေ့ ရည် (LNG) ထောက်ပံ့မှုပြဿနာများကြောင့် ၎င်း၏ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများကို ပြန်လည်စတင်လျက်ရှိသည်။

ထိုင်းနိုင်ငံ၏ စွမ်းအင်ထုတ်လုပ်မှု၏ ၆၀% ခန့်ရှိသော LNG ထက် ကျောက်မီးသွေးသည် များစွာစျေးသက်သာသည်။

LNG ၏ မြင့်တက်လာသောကုန်ကျစရိတ်ကို ချေဖျက်ရန်နှင့် မေလမှ သြဂုတ်လအတွင်း လျှပ်စစ်ဓာတ်အားခများကို တစ်ကီလိုဝပ်နာရီလျှင် ဘတ် ၃.၈၈ (၁၂ ဆင့်) တွင် ထိန်းသိမ်းထားရန် ရည်ရွယ်ချက်ဖြစ်သည်။

မြန်မာနိုင်ငံတွင်လည်း သမ္မတဦးသိန်းစိန်လက်ထက်က ကျောက်မီးသွေးသုံးစွမ်းအင်စက်ရုံများတည်ဆောက်ရန် စီစဉ်ခဲ့သော်လည်းဒေါ်လာစားများက ဦးဆောင်ဆန္ဒပြခဲ့သဖြင့် အဆိုပါစီမံကိန်းများပျယ်ပြယ်ခဲ့ရသည်။

NOM
👍314
ဘင်္ဂလားဒေရှ့်တွင်စက်သုံးဆီဆိုင်များပိတ်

ဘင်္ဂလားဒေရှ့်စက်သုံးဆီလုပ်ငန်းရှင်များအသင်းက နိုင်ငံအတွင်းစက်သုံးဆီပြတ်လပ်တော့မည့်အတွက် ယနေ့မှစ၍နိုင်ငံအတွင်းရှိစက်သုံးဆီအရောင်းဆိုင်များပိတ်လိုက်ကြောင်းကြေညာသည်။

NOM
👍25❤‍🔥51💔1
ဖိလစ်ပိုင်လေကြောင်းလိုင်းပျံသန်းမှုများရပ်မည်ဟုသမ္မတပြော
NOM
ပြည်ပမှလေယာဉ်ဆီများဝယ်မရသဖြင့်ဖိလစ်ပိုင်လေကြောင်းလိုင်းသည်လေယာဉ်ပျံသန်းမှုများကိုရပ်ဆိုင်းထားရတော့မည်ဟုဖိလစ်ပိုင်သမ္မတက ယနေ့ကြေညာသည်။
👍2010😡1
ဗီယက်နမ်လေကြောင်းကပြည်တွင်းခရီးစဉ်အချို့ရပ်မည်

ဗီယက်နမ်လေကြောင်းလိုင်းကလေယာဉ်ဆီအခက်အခဲကြောင့်ပြည်တွင်းခရီးစဉ်အချို့ ပျံသန်းခြင်းကို ရပ်ဆိုင်းမည်ဟု ယနေ့ ကြေညာသည်။

NOM
👍1910😡1
အဝေးပြေးကားဂိတ်များတွင် ကြိုတင်လက်မှတ်များကို ရောင်းချခြင်းမရှိသည့်အပြင် အချို့ကားဂိတ် များတွင်လည်း ရောင်းချထားသည့် လက်မှတ်ခများကို ငွေပြန်အမ်း

NOM မတ် ၂၄၊ ၂၀၂၆

လက်ရှိဖြစ်ပေါ်နေသော စက်သုံးဆီအခက်ခဲများကြောင့် ဧပြီလအတွင်း ပြန်မည်သူများအတွက် အဝေးပြေးကားဂိတ်များတွင် ကြိုတင်လက်မှတ်များကို ရောင်းချခြင်းမရှိသည့် အပြင် အချို့ကားဂိတ်များတွင်လည်း ရောင်းချထားသည့် လက်မှတ် ခများကို ငွေပြန်အမ်းပေးနေကြောင်းစုံစမ်းသိရသည်။

"ဒီနှစ်သင်္ကြန် အိမ်ပြန်လက်မှတ်ရဖို့ မလွယ်လှပါဘူး။ မနှစ်ကဆိုရင်အခုလိုအချိန်မှာ လက်မှတ်ဖြတ်ပြီးပြီ။ ဒီနှစ်လည်း အဲဒီလိုဘဲကြိုဖြတ် ထားတာ။ ဂိတ်ကဖုန်းဆက်ပြီး ငွေပြန်ထုတ်ဖို့ အကြောင်းကြားလာတယ်။ ဒါနဲ့ဘဲ သွားထုတ်လိုက်ရတယ်။ အကြောင်းရင်းကတော့ ရှင်းပါတယ်။ ကားထွက်မယ့်ရက်မှာ ဆီမရလို့ ကားမထွက်နိုင်ရင် ခရီးသည်ရော ဂိတ်ပါဒုက္ခရောက်မှာစိုးလို့ပါဆိုပြီး ရောင်းပြီးသားလက်မှတ် တွေကို ငွေပြန်အမ်းပေးတာပါဆိုပြီး ဂိတ်ကပြောလိုက်ပါသေးတယ်"ဟု နေပြည်တော်မှ ခရီးသည်တစ်ဦးကပြောသည်။

လက်ရှိ ကားဂိတ်များအား ကြိုတင် လက်မှတ်ဝယ်ယူရန်အတွက် စုံစမ်းရာတွင် ကားဂိတ်မျာတွင် လက်ရှိ ဆီအခက်အခဲကြောင့် ကြိုတင်လက်မှတ် လုံးဝမရောင်းခြင်းမရှိဘဲ တစ်ရက်ခြင်းသာ ရောင်းချပေး နေကြောင်းသိရသည်။

"အခုလက်ရှိအချိန်မှာ စက်သုံးဆီအခက်ခဲကြောင့် ဘယ်ခရီးစဉ်တွေကိုမဆို ကြိုတင်လက်မှတ်မရောင်းပါဘူး။ တစ်ချို့က လက်မှတ်တစ်ခါတည်းဝယ် ကားပေါ်တက်တာ တွေလည်းရှိပါတယ်။ တစ်ချို့ကမနက်ဝယ် ညနေကားပေါ်တက်တာတွေလည်းရှိပါတယ်။ နောက်ဆုံးဒီနေ့ဝယ် မနက်ဖြန်မနက်ကားပေါ်တက်ထိဘဲရောင်းပေးပါတယ်။ သုံးရက်ကြိုတင်တွေ၊ သင်္ကြန် ကာလကြိုတင်ဝယ်တွေတော့မရောင်းပါဘူး" ဟု အောင်မင်္ဂလာကားဂိတ်တစ်ခုမှတာဝန်ရှိသူတစ်ဦးကပြောသည်။

လက်ရှိ စက်သုံးဆီအရောင်ဆိုင်များတွင် ဆိုင်အချို့မှာ ဆီမရှိ၍ ဆိုင်ပိတ်ထားမှုများရှိသလို အချို့ဆိုင်များမှာ 92 တစ်မျိုးနှင့် အချို့မှာ 95 တစ်မျိုးသာရရှိသော်လည်း တန်းစီသည့်ကားများမှာလည်း ၂ နာရီကျော် ၃ နာရီထိ တန်းစီဝယ်ယူနေရကြောင်းသိရသည်။

NOM
👍235
အမေရိကန်နှင့် မည်သည့်ဆွေးနွေးမှုမှမရှိကြောင်း အီရန်ကကြေညာပြီးနောက် ဘရန့်ရေနံစိမ်းတစ်စည်လျှင် ဒေါ်လာ ၁၀၀ သို့စျေးပြန်တက်သွားသည်။

NOM
👍292