News Of Myanmar
13.2K subscribers
22.7K photos
3.23K videos
3 files
6.61K links
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
ကိုလံဘီယာလေတပ်မှလေယာဥ်ပျက်ကျ

စစ်သည် ၁၁၀ ဦး အပါအဝင်စုစုပေါင်းလူ ၁၂၅ ဦးသယ်ဆောင်လာသော ကိုလံဘီယာလေတပ်မှ C130 လေယာဥ်သည် ပီရူးနယ်စပ်အနီး အမေဇုန်တောအတွင်း ပျက်ကျမီးလောင်ရာ လေယာဥ်ပေါ်ပါသူများအနက် ၄၈ ဦးသာ အသက်ရှင်ကြောင်းသိရသည်။

NOM
😨16👍6😱4😢4❤‍🔥1😡1
"လိုတာယူသွား၊ စစ်ပြီးမှ ပေး"

အီရန်နိုင်ငံက စူပါမားကတ်တစ်ခုမှာ လက်ရေးနဲ့ရေးထားတဲ့ ဆိုင်းဘုတ်တစ်ခုမှာ "စိတ်မပူပါနဲ့။ တစ်ခုခုလိုရင် ယူသွားပါ။ စစ်ပြီးမှငွေပေးပါ" လို့ ဖော်ပြထားပါတယ်။

စစ်ပွဲနဲ့ စီးပွားရေးအခက်အခဲတွေကြားမှာ လူမှုအသိုင်းအဝိုင်းတွေဟာ အပြန်အလှန်ယုံကြည်မှုနဲ့ အကူအညီပေးမှုအပေါ် မှီခိုအားထားလာကြရပြီး ဈေးနှုန်းတွေမြင့်တက်မှုနဲ့ ပစ္စည်းရှားပါးမှုတွေကြောင့် လူတွေ ရုန်းကန်နေရချိန်မှာ အလွတ်သဘော "နောက်မှပေး" စနစ်ကျင့်သုံးမှုတွေလည်း ပျံ့နှံ့လာနေပြီ ဖြစ်ပါတယ်။

NOM
👍5218
အမေရိကန်သမ္မတထရမ့်၏ မိခင် ကထရမ့်ကို ရည်ညွှန်းပြောခဲ့သည့်စကား

ဟုတ်တယ်။ သူက အရူးပဲ။ ကျိုးကြောင်းဆင်ခြင်တုံတရားလည်း လုံးဝမရှိဘူး။ လူမှုဆက်ဆံရေးစွမ်းရည်လည်း မရှိဘူး။ ဒါပေမယ့် သူက ကျွန်မသားဖြစ်နေတယ်။ သူ နိုင်ငံရေးထဲ ဘယ်တော့မှ မဝင်ပါစေနဲ့လို့ပဲ မျှော်လင့်ပါတယ်။ သူက ကပ်ဘေးကြီးတစ်ခု ဖြစ်လာလိမ့်မယ်။

(မေရီအန်းထရမ့်)

NOM
👍356😱4😡1
အမေရိကန်သမ္မတထရမ့်၏ မဟာမိတ်များက အီရန်စစ်သည်ကပ်ဘေးကြီးတစ်ခုအဖြစ်လျင်မြန်စွာပြောင်းလဲလာပြီဟု လျှို့ဝှက်သတိပေးခဲ့ကြသည်။

NOM
👍375😡2
This media is not supported in your browser
VIEW IN TELEGRAM
အီရတ်ကို ကျူးကျော်စဥ်က အမေရိကန် သမ္မတဂျော့ချ်ဘုရှ်က စစ်ပွဲသည် ၈ ရက်အတွင်းပြီးမည်ဟု မိန့်ခွန်းပြောခဲ့သော်လည်း ၈ နှစ်ကြာတိုက်ခဲ့ရသည်။

ယခုလည်း အမေရိကန်သမ္မတထရမ့်က အီရန်စစ်သည် သုံးလေးရက်ဖြင့်ပြီးမည်ဟု ပြောခဲ့သော်လည်း စစ်ပွဲသည် စတုတ္ထအပတ်အတွင်း ဝင်ရောက်လာပြီဖြစ်သည့်အပြင် အီရတ်နိုင်ငံအတွင်းမှ နေတိုးတပ်အားလုံးဆုတ်ခွာလိုက်ရသည်။

NOM
👍413
အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ ပေါ့အာသာ Port Arthur မြို့ရှိ ဗာလီရို Valero ရေနံချက်စက်ရုံတွင် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ကြားရပြီးနောက် အကြောင်းရင်းအတိအကျ မသိရသေးသည့် မီးလောင်မှုကြီးများ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

NOM
👍38😨61
ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၃)သင်တန်းဖွင့်ပွဲများအား တိုင်းစစ်ဌာနချုပ်အသီးသီး၌ကျင်းပပြုလုပ်

မတ် ၂၃၊ ၂၀၂၆
👍255
🇮🇷 🇮🇷🇮🇱 🇺🇸 - "Roar of the Lion" နဲ့ "Epic Fury" စစ်ဆင်ရေးတွေအတွင်း အီရန်နိုင်ငံရဲ့ ဝေဟင်ပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်လာတဲ့ ဒရုန်း (၁၂၅) စင်းကို ကြားဖြတ်ဟန့်တားနိုင်ခဲ့တယ်လို့ အီရန်က ကြေညာလိုက်ပါတယ်။

အဆိုပါ (၁၂၅) စင်းထဲမှာ အမေရိကန်လေတပ် (USAF) ရဲ့ လူကပ်စ် "LUCAS" OWA-UAV နဲ့ "MQ-9A" ဒရုန်းတွေအပြင်၊ အစ္စရေးလေတပ် (IAF) ရဲ့ အော်ဘစ်တာ "Orbiter-1/2/3/4"၊ "IAI အီတန် Eitan" နဲ့ ဟာမီးစ် "HERMES-450/900" ထောက်လှမ်းရေးနဲ့ တိုက်ခိုက်ရေးဒရုန်းတွေ ပါဝင်နေတာပါ။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလကစပြီး အီရန်ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့တွေဟာ အစ္စရေးရဲ့ ဟာမီးစ် "HERMES-900" ဒရုန်း ၇၇ ရာခိုင်နှုန်းခန့်နဲ့ "HERMES-450" ဒရုန်း ၇၃ ရာခိုင်နှုန်းခန့်ကို ပစ်ချနိုင်ခဲ့ပါတယ်။ ဒါကြောင့် အစ္စရေးရဲ့ ဒရုန်းလက်နက်တိုက်ဟာ လက်ရှိမှာ ထိရောက်မှုမရှိတော့ဘဲ ခေတ်နောက်ကျသွားတဲ့ အခြေအနေကို ရောက်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းမှာလည်း အီရန်ဝေဟင်ပိုင်နက်ထဲမှာ ဟာမီးစ် "HERMES-series" ဒရုန်းတွေ ပျံသန်းတာမျိုး လုံးဝမရှိတော့ပါဘူး။

NOM
Please open Telegram to view this post
VIEW IN TELEGRAM
👍341
အငှားယာဉ်တက္ကဆီတွေပါ မမောင်းရနေ့သတ်မှတ်သင့်
NOM
အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့်လောင်စာဆီ အကျပ်အတည်းကမ္ဘာနှင့်အဝှမ်း ပေါ်ပေါက်နေသဖြင့် နိုင်ငံအသီးသီးသည် လောင်စာဆီချိုးခြံချွေတာရေးအတွက် နိုင်ငံအလိုက်မူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံသည်လည်းလောင်စာဆီချိုးခြံချွေတာရန်နှင့်ယာဉ်ပိတ်ဆို့မှုမဖြစ်ရန် လောင်စာဆီကို သတ်မှတ်အချိုးဖြင့်ရောင်းပေးခြင်း၊ စုံရက် မရက်ခွဲပြီးယာဉ် မောင်းနှင်မှုကန့်သတ်ခြင်းများဆောင်ရွက်လျက်ရှိသည်။

သို့သော် ထိုအထဲတွင်မပါဘဲ လွတ်နေသော တက္ကဆီများကြောင့်စက်သုံးဆီဆိုင်များတွင်လည်း ဆီတန်းစီသည့် ကားတန်းကြီးများအပြည့်ဖြစ်နေသလို မသမာသောဆီဆိုင်ဝန်ထမ်းများနှင့်ပေါင်းပြီး နေ့စဉ်ဆီကို အကြိမ်ကြိမ်ထုတ်ယူမှုများဖြစ်ပေါ်နေသည်။

ရန်ကုန်မြို့တွင်း လေ့လာပါက ခရီးသည်ရှာရင်းမောင်းနေသော အငှားကားများကို မျက်စိနောက်ဖွယ်တွေ့နေရသည်။ ရန်ကုန်မြို့ရှိ တရားဝင် အငှားယာဉ် ခြောက်သောင်းနီးပါး၏ နေ့စဉ်ဆီသုံးနှုန်းကိုတွက်ချက်ပါက တစ်နေ့လျှင် ဆီလီတာကိုးသိန်းခန့်ရှိသည်။ ထိုအထဲမှဓာတ်ငွေ့ကားသုံးသောင်းခန့်ကို ပြန်နှုတ်ပါက အငှားယာဉ်များအတွက်နေ့စဉ် ဆီလီတာလေးသိန်းခွဲရောင်းချပေးနေရသည်။

ထို့အပြင် အဆိုပါအငှားယာဉ်များသည် နေ့စဉ်ဆီထည့်ခွင့်ရနေသဖြင့်ဆီဆိုင်များတွင် မလိုအပ်ဘဲကားတန်းရှည်များဖြစ်နေခြင်း၊ကန်တော်ကြီးပတ်လမ်းကဲ့သို့နေရာမျိုးတွင် ဆီတန်းစီသည့်ယာဉ်တန်းဖြင့် လမ်းများပိတ်ဆို့နေခြင်းတို့ကြောင့် နိုင်ငံတော်မှရည်မှန်းသည့်စက်သုံးဆီချွေတာရေးနှင့် ယာဉ်ကြောပိတ်ဆို့မှု လျော့ပါးရေးရည်မှန်းချက်များ မအောင်မြင်သည်ကိုတွေ့နိုင်သည်။

ထို့ကြောင့်အငှားယာဉ်များကိုလည်းအုပ်စုခွဲပြီး တစ်ရက်ခြား မောင်းရန် နှင့် တစ်ရက်ခြားဆီထည့်ရန်ဆောင် ရွက်သင့်ကြောင်းအကြံပြုအပ်ပါသည်။

NOM
95👍3711👎2