News Of Myanmar
13.2K subscribers
22.7K photos
3.22K videos
3 files
6.61K links
Download Telegram
🇺🇸 🇮🇷- အိမ်ဖြူတော်နှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ယခုအချိန်အထိ အဖြစ်နိုင်ဆုံးဟု ယူဆရသော အမေရိကန်၏ စစ်ရေးစီမံချက်ကို Axios သို့ ပြောကြားခဲ့သည်။

အဆိုပါ စီမံချက်တွင် အီရန်၏ စစ်ရေးစွမ်းရည်ကို လျှော့ချရန်အတွက် တစ်လကြာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရန် ပါဝင်ပြီး ထို့နောက်တွင် အီရန်ကို ဆွေးနွေးပွဲစားပွဲဝိုင်းသို့ ရောက်လာစေရန် ဖိအားပေးရန်အတွက် အီရန်ပိုင် ခါ့ဂ် Kharg ကျွန်းကို သိမ်းပိုက်မည့် အစီအစဉ်များ ပါဝင်သည်။ ဝါရှင်တန်သည် ယခုအခါ "ရေရှည်" စစ်ပွဲအတွက် ပြင်ဆင်နေသည်။

NOM
Please open Telegram to view this post
VIEW IN TELEGRAM
👍22🕊53
အွန်လိုင်းလိမ်လည်မှု (Telecom Fraud) လုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၆၈ ဦးအား ထပ်မံဖော်ထုတ်ခဲ့ကာ ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့ပြီး ပြည်ပနိုင်ငံသား ၆၂ ဦးအား အပြစ်ပေးအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ

NOM
👍22😡1
1👍1
LaGuardia လေဆိပ်၌ Air Canada ခရီးစဉ် ၈၆၄၆ နှင့် မီးသတ်ယာဉ် တိုက်မိ၊ ဒဏ်ရာရသူများစွာ ရှိ

မတ် ၂၃၊ ၂၀၂၆ – နယူးယောက် (LGA)

နယူးယောက်မြို့ရှိ LaGuardia လေဆိပ် (LGA) ၌ မတ်လ ၂၂ ရက် (တနင်္ဂနွေနေ့) ညနှောင်းပိုင်းက Air Canada Express ခရီးစဉ်အမှတ် ၈၆၄၆ နှင့် လေဆိပ်မီးသတ်ယာဉ်တစ်စီးတို့ ပြင်းထန်စွာ တိုက်မိခဲ့ရာ ခရီးသည်၊ လေယာဉ်မှူးနှင့် မီးသတ်သမား ဒါဇင်နှင့်ချီ၍ ဒဏ်ရာများ ရရှိခဲ့ကြောင်း အာဏာပိုင်များထံမှ သိရသည်။

ခရီးသည် ၁၀၀ ခန့် တင်ဆောင်လာသည့် CRJ-900 အမျိုးအစား လေယာဉ်သည် မွန်ထရီးယားမြို့မှ ဆိုက်ရောက်စဉ် ပြေးလမ်းအမှတ် ၄ အနီး၌ လေဆိပ်ဆိုင်ရာ ဆိပ်ကမ်းအာဏာပိုင် (Port Authority) ပိုင် မီးသတ်ယာဉ် (Truck 1) နှင့် ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။ တိုက်မိချိန်၌ လေယာဉ်၏ အရှိန်မှာ တစ်နာရီ ၂၄ မိုင်ခန့်ရှိပြီး မိုးရွာသွန်းနေသည့် ရာသီဥတုအတွင်း ဆင်းသက်ပြီးနောက် လမ်းကြောင်းပြောင်းနေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကနဦး သတင်းများတွင် ဖော်ပြထားသည်။

ဒဏ်ရာရရှိမှုနှင့် ကယ်ဆယ်ရေး

လေယာဉ်ရှေ့ပိုင်းသည် ပြင်းထန်စွာ ပျက်စီးသွားပြီး လေယာဉ်မှူးနှင့် တွဲဖက်လေယာဉ်မှူးတို့ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်။ မီးသတ်ယာဉ်ပေါ်ရှိ မီးသတ်သမား ၄ ဦးမှ ၅ ဦးခန့်မှာလည်း စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း ဆေးရုံတင်ပို့ချက်များအရ သိရသည်။ စုစုပေါင်း ဒဏ်ရာရသူဦးရေမှာ ၇၀ ဝန်းကျင်ရှိနိုင်ပြီး အချို့မှာ သေးငယ်သည့် ဒဏ်ရာများသာ ရရှိခဲ့ကြောင်း ကနဦး ခန့်မှန်းချက်များ ထွက်ပေါ်နေသည်။

သေဆုံးသူရှိ/မရှိကိုမူ ဆိပ်ကမ်းအာဏာပိုင် (Port Authority) နှင့် ဗဟိုလေကြောင်းစီမံခန့်ခွဲမှုဌာန (FAA) တို့က အတည်မပြုရသေးပေ။

လေဆိပ်ပိတ်သိမ်းမှုနှင့် စုံစမ်းစစ်ဆေးမှု

မတော်တဆမှုဖြစ်ပွားပြီးနောက် LaGuardia လေဆိပ်အား ချက်ချင်း ပျံသန်းမှုအားလုံးရပ်ဆိုင်းရန် အမိန့်ထုတ်ပြန်ခဲ့ပြီး လေဆိပ်တစ်ခုလုံးကို ပိတ်သိမ်းထားသည်။ အနည်းဆုံး မတ်လ ၂၃ ရက် (တနင်္လာနေ့) နေ့လယ်အထိ ပြန်လည်ဖွင့်လှစ်နိုင်မည် မဟုတ်ကြောင်း လေဆိပ်အာဏာပိုင်များက ထုတ်ပြန်ထားသည်။

လေကြောင်းထိန်းသိမ်းရေးမျှော်စင် (ATC) ၏ အသံဖမ်းတိပ်ခွေများတွင် မီးသတ်ယာဉ်အား “ရပ်၊ ရပ်၊ ရပ်” ဟု ထိန်းသိမ်းရေးဝန်ထမ်းများက အကြိမ်ကြိမ် အော်ဟစ်သတိပေးနေသည်ကို ကြားရပြီး အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များကြား မြေပြင်ဆက်သွယ်ရေး ချို့ယွင်းမှုရှိခဲ့သည်ဟုလည်း ကနဦးယူဆချက်များ ရှိနေသည်။

အမျိုးသား သယ်ယူပို့ဆောင်ရေး ဘေးအန္တရာယ် စုံစမ်းစစ်ဆေးရေးဘုတ်အဖွဲ့ (NTSB) က စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖြစ်ရပ်မြေသို့ စေလွှတ်ထားပြီး ဖြစ်စဉ်အကြောင်းရင်းနှင့် လေယာဉ်နှင့် ယာဉ်တို့၏ ရွေ့လျားမှုအသေးစိတ်တို့ကို ဆန်းစစ်လျက်ရှိသည်။

---

မှတ်ချက်။ ။ ဖော်ပြပါသတင်းမှာ လက်ရှိဖြစ်ပေါ်နေဆဲဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူအရေအတွက်နှင့် လေဆိပ်ပြန်ဖွင့်မည့်အချိန်တို့ကို တရားဝင်သတင်းရင်းမြစ်များတွင် ဆက်လက်စောင့်ကြည့်ရန် လိုအပ်ပါသည်။
👍246😡1
Forwarded from NOM.World News
အရှေ့အလယ်ပိုင်း ပဋိပက္ခတွေကြောင့် လောင်စာဆီစျေးနှုန်းတွေ မြင့်တက်လာချိန်မှာ စျေးနှုန်းသတ်မှတ်မှု မြှင့်တင်ဖို့နဲ့ ရေနံထုတ်ကုန်တွေကို ရပ်တန့်ဖို့ ပူးပေါင်းကြံစည်ခဲ့တဲ့ ရေနံချက်စက်ရုံ ၄ ခုရဲ့ ရုံးခန်းတွေကို တောင်ကိုရီးယားအာဏာပိုင်တွေက ဒီနေ့မှာ ဝင်ရောက်စီးနင်းခဲ့ပါတယ်။

SK Energy Co., GS Caltex Corp., S-Oil Corp., နဲ့ HD Hyundai Oilbank Co. တို့အပြင် ကိုရီးယား ရေနံအသင်းတို့ရဲ့ ရုံးခန်းတွေကို ဝင်ရောက်စီးနင်းခဲ့တယ်လို့ Yonhap သတင်းဌာနက ဖော်ပြခဲ့တာပါ။ အများပြည်သူ စိုးရိမ်မှုတွေ မြင့်တက်လာချိန်မှာ ရေနံချက်စက်ရုံတွေနဲ့ ဓါတ်ဆီဆိုင်တွေရဲ့ တရားမဝင်လုပ်ဆောင်မှုတွေကို နှိမ်နှင်းဖို့ သမ္မတ လီမြောင်ဂျေးက တောင်းဆိုပြီးနောက် ဒီလိုမျိုး စီးနင်းမှုတွေကို စတင်လိုက်တာ ဖြစ်ပါတယ်။

News Of Myanmar NOM
👍32😡43
အီရန်နိုင်ငံနဲ့ ပတ်သက်ပြီး ဝါရှင်တန်မှာ လုပ်ဆောင်နိုင်တဲ့ နည်းလမ်းလေးသွယ်ရှိပေမဲ့ အားလုံးဟာ အမေရိကန်အတွက် ဆိုးကျိုးတွေပဲ ရှိနေ

သည်အီကိုနောမစ် (The Economist) မဂ္ဂဇင်းရဲ့ ဆောင်းပါးတစ်ပုဒ်မှာ အီရန်နိုင်ငံနဲ့ ပတ်သက်ပြီး ဝါရှင်တန်မှာ လုပ်ဆောင်နိုင်တဲ့ နည်းလမ်းလေးသွယ်ရှိပေမဲ့ အားလုံးဟာ အမေရိကန်အတွက် ဆိုးကျိုးတွေပဲ ရှိနေတယ်လို့ ရေးသားဖော်ပြထားပါတယ်။

"အမေရိကန်ဟာ အီရန်က ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့လိမ့်မယ်ဆိုတာကို ကြိုတင်ခန့်မှန်းဖို့ ပျက်ကွက်ခဲ့တာကနေစပြီး မှားယွင်းတဲ့ မဟာဗျူဟာနဲ့ ဒီစစ်ပွဲထဲကို ဝင်ရောက်လာခဲ့တာဟာ လူတိုင်းအတွက် အထင်အရှားပါပဲ။

အခုဆိုရင် တိုက်ပွဲတွေက စတုတ္ထမြောက်ပတ်ထဲကို ရောက်ရှိလာပြီဖြစ်လို့ သမ္မတ ထရမ့်အနေနဲ့ ရှေ့ဆက်ဖို့ ရွေးချယ်စရာ လမ်းလေးသွယ် ရှိနေပါတယ်။ အဲဒါတွေကတော့ ဆွေးနွေးညှိနှိုင်းခြင်း၊ ဆုတ်ခွာခြင်း၊ ဆက်လက်တိုက်ခိုက်ခြင်း ဒါမှမဟုတ် စစ်ရှိန်မြှင့်တင်ခြင်း တို့ပဲ ဖြစ်ပါတယ်။ သူ အခုထိ တစ်ခုခုကို မရွေးချယ်ရသေးတာဟာ ဘယ်နည်းလမ်းကမှ အခြေအနေကောင်းမွန်ခြင်း မရှိလို့ပဲ ဖြစ်ပါတယ်" လို့ အဆိုပါဆောင်းပါးမှာ ဖော်ပြထားပါတယ်။

သည်အီကိုနောမစ် ရဲ့ သုံးသပ်ချက်အရ

ဆွေးနွေးညှိနှိုင်းမှုတွေဟာ အပြန်အလှန် မယုံကြည်မှုတွေနဲ့ တောင်းဆိုချက်တွေ မြင့်မားလွန်းတာကြောင့် ရှုပ်ထွေးနေပါတယ်။

ပဋိပက္ခကို အခုချက်ချင်း ရပ်တန့်ခြင်းကလည်း ယူရေနီယံနဲ့ စွမ်းအင်ဆိုင်ရာ အန္တရာယ်တွေကို ဖြေရှင်းပေးနိုင်မှာ မဟုတ်ပါဘူး။

စစ်ရေးအရ ဆက်လက်ဆောင်ရွက်ခြင်းကလည်း အောင်မြင်ဖို့ အာမခံချက် မရှိသလို

စစ်ရှိန်မြှင့်တင်ခြင်းဟာလည်း ကုန်းကြောင်းစစ်ဆင်ရေးတွေ လိုအပ်လာနိုင်ပြီး ဒေသတွင်း စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်တာမျိုးတွေ ဖြစ်လာစေနိုင်ပါတယ်။

NOM
👍274💔2
ဖုန်းနှင့် ဘေးတွဲဆိုင်ကယ်အား လုယက်ထွက်ပြေးသူယာဉ်မတော်တဆမှုဖြစ်ပွားပြီး ​သေဆုံးသွား
NOM၊မတ်၂၃၊၂၀၂၆
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အမှတ် (၁) ရပ်ကွက်အတွင်း ယမန်နေ့ မတ်လ ၂၂ ရက်ညနေပိုင်းကဖုန်းနှင့် ဘေးတွဲဆိုင်ကယ်အား လုယက်ထွက်ပြေးသူအမျိုးသားတစ်ဦး ယာဉ်မတော်တဆမှုဖြစ်ပွားကာ ​သေဆုံးသွား ကြောင်းသွေးဒါနမျိုးဆက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဖြစ်စဉ်မှာအမျိုးသားတစ်ဦးသည်လမ်းတွင်ဖုန်းများလုယက်လာပြီးလမ်းဘေးတွင်ရပ်ထားသည့်ဘေးတွဲဆိုင်ကယ်အားလုယက်ယူဆောင်ကာ အရှိန်ပြင်းစွာဖြင့် မောင်းနှင်ထွက်ပြေးစဉ် အခြားဘေးတွဲဆိုင်ကယ်တစ်စီးအား ဝင်တိုက်မိခဲ့ပြီးနောက် လမ်းဘေးရှိ လျှပ်စစ်ဓာတ်တိုင်ကိုပါ ထပ်မံတိုက်မိခဲ့ခြင်းဖြစ် ကြောင်းသိရသည်။

အဆိုပါ တိုက်မိမှုကြောင့် လုယက်သူမှာဦးခေါင်းတွင် ပြင်းထန်သည့် ဒဏ်ရာများရရှိခဲ့သည့်အပြင် ၎င်းနှင့် တိုက်မိခဲ့သည့် အခြားဘေးတွဲဆိုင်ကယ် မောင်းနှင်သူမှာလည်းညာဘက်ခြေသလုံးတွင် အရိုးကျိုးဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ သွေးဒါနမျိုးဆက်လူမှုကူညီရေးအသင်းမှ ဒဏ်ရာရရှိသူ ကို လှိုင်သာယာပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ ကြောင်းသိရသည်။
👍203😢2😡2
တောင်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၃) ဖွင့်ပွဲပုံရိပ်များ။

NOM
👍197
ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်း​အောင်လှိုင်​၏ ကျန်းမာ​ရေးအ​ခြေအ​နေထုတ်ပြန်ချက်

NOM
31👍16
🇮🇷 ရန်သူ (အမေရိကန်နှင့်အပေါင်းအပါများ) က ကမ်းရိုးတန်း ဒါမှမဟုတ် ကျွန်းစုတွေကို တိုက်ခိုက်ဖို့ ကြိုးပမ်းလာမယ်ဆိုရင် အီရန်နိုင်ငံအနေနဲ့ ပါရှန်ကွေ့အတွင်းက ရေကြောင်းလမ်းအားလုံးမှာ မိုင်းထောင်သွားမှာဖြစ်တယ်လို့ အီရန်ကာကွယ်ရေးကောင်စီက ပြောကြားလိုက်ပါတယ်။

NOM
Please open Telegram to view this post
VIEW IN TELEGRAM
👍275❤‍🔥3💔1
ဆံတော်ရှင်ကျိုက်ထီးရိုးတောင်တက် ကားခများခရီးသည်တစ်ဦးကို ကျပ်၂၀၀၀မြင့်တက်လာ

NOM မတ်၂၃၊ ၂၀၂၆

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုး
တောင်တက်ကားခများကို ယနေ့ (မတ်၂၃ ရက်) နေ့မှစ၍
လူတစ်ဦးလျှင် ခေါင်းခန်း ကျပ် ၁၁,၀၀ဝ နှင့်နောက်ခန်း ကျပ်
၉,၀၀ဝ ဖြင့် ပြောင်းလဲပြင်ဆင်သတ်မှတ်လိုက်ကြောင်း တောင်တက်ကားမောင်းနှင်သူတစ်ဦးကပြောသည်။

ယခင်က ဆံတော်ရှင်ကျိုက်ထီးရိုးတောင်တက်ကားခများကို ခရီးသည်တစ်ဦးလျှင် ခေါင်းခန်း ကျပ် ၉,၀၀ဝ နှင့် နောက်ခန်း ကျပ် ၇,၀၀ဝ ဖြင့် ပြေးဆွဲပေးနေသော်လည်း လက်ရှိကြုံတွေ့နေရသည့် ဆီပြဿနာအခက်အခဲများကြောင့် တောင်တက်ကားခများကို လူတစ်ဦးလျှင် ခေါင်းခန်း ကျပ် ၁၁,၀၀ဝ နှင့် နောက်ခန်း ကျပ် ၉,၀၀ဝ ဖြင့် ပြောင်းလဲပြင်ဆင်သတ်မှတ်လိုက် ကြောင်းသိရသည်။

"အခုလို စျေးတက်သွားတာကလည်း ကိုယ်ကဖန်တီးယူလို့ဖြစ်တာမဟုတ်ဘူး။ စက်သုံးဆီ ခက်ခဲမှုတွေကြောင့်ဖြစ်ရတာပါ။ အခုလိုစျေးကြီးပေးဝယ်ပြီး လိုသလောက်
ရရင် အဆင်ပြေနိုင်တယ်။ အခုက လိုသလောက်လည်းမရဘူးဆိုတော့ ဘာလုပ်မလဲ နားမလား၊ ဆက်သွားမလားဆိုတာဘဲ စဉ်းစားရမယ်။ ဆက်သွားရင်တော့ စျေးတက်ရမယ်ဆိုတာ ကားသမားတွေတင်ပြခဲ့လို့ အသင်းကခွင့်ပြုပေးခဲ့တာပါ"ဟု တောင်တက်ကားမောင်းနှင်သူတစ်ဦးကပြောသည်။

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်ကြီးအား ဖူးမြော်ရန်အတွက် လာရောက်ကြသော ဘုရားဖူးမိဘပြည်သူများအား လက်ရှိဆီပြဿနာ အခက်အခဲများကြောင့် တောင် တက်ကားခများကို မတ် ၂၃ ရက်တွင် စျေးနှုန်း ပြင်ဆင်သက်မှတ်ထားသော်လည်း ၂၂ ရက်နေ့တွင် တက်သွားသော ဘုရား
ဖူးများအနေဖြင့် ပြန်အဆင်းတွင် ယခင်ပုံမှန်ဈေးနှုန်းဖြင့်သာ
ပြန်လည်ပေးဆောင်ရမည် ဖြစ်ကြောင်းအသိပေးထားသည်။

NOM
👍214😢1
ပုဂ္ဂလိက ဆန်စပါးလုပ်ငန်း နယ်ပယ်တစ်ခုလုံးတွင် ဒစ်ဂျစ်တယ်ငွေပေးချေမှု (Rice Industry Cashless Ecosystem) အစီအစဉ်သစ်ကို စတင်‌မည်

NOM မတ် ၂၃၊ ၂၀၂၆

မြန်မာ့ဆန်စပါးကဏ္ဍရှိ ပုဂ္ဂလိကဆန်စပါးလုပ်ငန်းနယ်ပယ်တစ်ခုလုံးတွင် ဒစ်ဂျစ်တယ်ငွေပေးချေမှု (Rice Industry Cashless Ecosystem) အစီအစဉ်သစ်ကို စတင်တော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)မှ သိရသည်။

ထိုသို့ဆောင်ရွက်ရခြင်းသည် ပုဂ္ဂလိက ဆန်စပါးလုပ်ငန်းနယ်ပယ်တစ်ခုလုံးတွင် ဒစ်ဂျစ်တယ်ငွေပေးချေမှု စနစ်များ ပိုမိုထွန်းကားလာစေရန်နှင့် ခေတ်မီဘဏ်ဝန်ဆောင်မှုများကို ကျယ်ပြန့်စွာအသုံးချနိုင်စေရန် ရည်ရွယ်၍ “MRF RICE - Rice Industry Cashless Ecosystem” အစီအစဉ်သစ်ကို စတင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ငွေပေးချေမှုအစီအစဉ်သည်နိုင်ငံတော်၏ မြန်မာ့ဒစ်ဂျစ်တယ်စီးပွားရေးလမ်းပြမြေပုံ - ၂၀၃၀ နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ လမ်းညွှန်ချက်များနှင့်အညီ ပေါ်ပေါက်လာခြင်းဖြစ်ပြီး ဆန်စပါးတန်ဖိုးကွင်းဆက် (Rice Value Chain) တစ်လျှောက်တွင် ပါဝင်ပတ်သက်နေကြသော တောင်သူလယ်သမားများ၊ ဆန်စက်ပိုင်ရှင်များ၊ ဆန်ကုန်သည်များ၊ ဆန်တင်ပို့ရောင်းချသူများနှင့် အကျိုးဆောင်ပွဲစားများအားလုံးကို ဘဏ်စနစ်အတွင်းသို့ ပိုမိုလာရောက်စေရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်းသိရသည်။

NOM
13👍9
ရန်ကုန်၌ တစ်ပတ်အတွင်း ဓါတ်ဆီတစ်လီတာဈေး ကျပ် ၈၀၀ နီးပါးနှင့် ဒီဇယ်ဆီတစ်လီတာဈေး ကျပ် ၁,၂၀၀ ကျော်အထိ တက်လာ
Bar Code နှင့် QR Code စနစ် အတွင်းထည့်သွင်း၍ လာမည့်ရက်သတ္တပတ်အတွင်း စတင်ဆောင်ရွက်သွားမည်

NOM မတ် ၂၃ ၊ ၂၀၂၆

ပြီးခဲ့သည့်တစ်ပတ်အတွင်းတစ်ရိပ်ရိပ် တက်လာသည့် စက်သုံးဆီ ဈေးနှုန်းများအရ ရန်ကုန်၌ ဓါတ်ဆီတစ်လီတာဈေး ကျပ် ၈၀၀ နီးပါးနှင့် ပရီမီယံဒီဇယ်ဆီ တစ်လီတာဈေး ကျပ် ၁,၂၀၀ ကျော်အထိ တက်လာ ကြောင်း စက်သုံးဆီတင်သွင်းသို လှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ နေ့စဉ် ထုတ်ပြန်သော စာရင်းများအရ သိရသည်။

မတ် ၁၆ ရက်နေ့ (တနင်္လာနေ့)က ရန်ကုန်တွင် ၉၂ ရွန် တစ်လီတာ ကျပ် ၂,၈၃၀ ၊ ၉၅ ရွန် တစ်လီတာ ကျပ် ၂,၉၃၀၊ ဒီဇယ်ဆီတစ်လီတာ ကျပ် ၃,၂၀၅ နှင့် ပရီမီယံဒီဇယ်တစ်လီတာ ကျပ် ၃,၅၆၀ ရှိခဲ့သည်။ ထိုနောက်ပိုင်း မတ် ၂၀ ရက် (သောကြာနေ့) မှ စ၍ စက်သုံးဆီဈေးများတက်မဟုတ်ခြင်း ထိုးတက်သွားပြီး ၉၂ ရွန် တစ်လီတာ ကျပ် ၃,၆၁၀၊ ၉၅ ရွန် တစ်လီတာ ကျပ် ၃,၈၅၀၊ ဒီဇယ်ဆီတစ်လီတာ ကျပ် ၄,၃၉၀ နှင့် ပရီမီယံဒီဇယ်တစ်လီတာ ကျပ် ၄,၈၂၀ ဖြစ်ခဲ့သည်။

အဆိုပါ ဈေးနှုန်းများသည် ယနေ့ မတ်လ ၂၃ ရက်နေ့အထိ ရှိနေဆဲဖြစ်ပြီး ရန်ကုန်နှင့် မန္တလေးကဲ့သို့သော မြို့ကြီးများအပါအဝင် နယ်မြို့အသီးသီးရှိ စက်သုံးဆီဆိုင် အများစုတွင် ဆီထည့်မည့် ကားများ ရှည်လျားစွာ တန်းစီရမှုများရှိနေပြီး တစ်ခါတစ်ရံတစ်နေကုန်နီးပါး တန်းစီစောင့်ဆိုင်းနေရမှုများ ရှိ နေကြောင်း ကားအသုံးပြုများထံကသိရသည်။

ထို့အတူ စက်သုံးဆီဝယ်ယူရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရန်အတွက် ယာဉ်၏စက်စွမ်းအား အပေါ် မူတည်၍ တစ်ပတ်အတွင်း ဝယ်ယူခွင့်ရှိသည့် ပမာဏကို သတ်မှတ်ပြီး တစ်ပတ်အတွင်း တစ်ကြိမ်တည်းဖြစ်စေ၊ အများဆုံး ၂ ကြိမ်ခွဲ၍ဖြစ်စေ ဝယ်ယူနိုင်မည့် စနစ်ကို Bar Code နှင့် QR Code စနစ် အတွင်းထည့် သွင်း၍ လာမည့်ရက်သတ္တပတ်အတွင်း စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မတ် ၂၂ ရက် ညပိုင်း၌ အသိပေးထုတ်ပြန်ထား‌ကြောင်းသိရသည်။

NOM
👍228