News Of Myanmar
13.3K subscribers
22.6K photos
3.21K videos
3 files
6.61K links
Download Telegram
ယနေ့ တြိဂံဒေသတိုင်း စစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ လေ့ကျင့်ရေးကျောင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၃) သို့ သင်တန်းတက်ရောက်ရန် ရောက်ရှိလာကြသည့် ပြည်သူ့သားကောင်းများအား တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ကျောင်းအုပ်ကြီးနဲ့ တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားများက ဂုဏ်ပြုကြိုဆိုခဲ့ပြီး စစ်အသုံးအဆောင်ပစ္စည်းများနှင့် စစ်ဝတ်ပစ္စည်းများအား ထုတ်ဝေပေးခဲ့သည်။

NOM
👍237
This media is not supported in your browser
VIEW IN TELEGRAM
အစ္စရေးမြို့ အီရန်ဒုံးကျည်ထိ

အစ္စရေးနိုင်ငံအာရက်မြို့တွင်အစ္စရေးဒုံးကျည်ထိမှန်သဖြင့်ခြောက်ဦးသေဆုံးပြီး ၁၅၀ ကျော်ဒဏ်ရာရကြောင်း အစ္စရေးရုပ်သံကကြေညာသည်။

NOM
👍332🕊2😡2😱1
This media is not supported in your browser
VIEW IN TELEGRAM
အီရတ်ရှိ အမေရိကန်စစ်စခန်းတိုက်ခိုက်ခံရပြီး မီးလောင်

အီရတ်နိုင်ငံ ဘဂ္ဂဒက်လေဆိပ်ရှိ အမေရိကန် Victory စစ်စခန်းကိုအီရတ်ခုခံရေးအဖွဲ့များက ဒရုန်းဖြင့်တိုက်သဖြင့် မီးလောင်လျက်ရှိသည်။

NOM
👍2912🕊1💔1
ဆော်ဒီက အီရန်စစ်သံမှူးနှင့်အဖွဲ့ဝင်များ ၂၄ နာရီ အတွင်းတိုင်းပြည်မှ ထွက်ခွာရန်နှင်ထုတ်လိုက်သည်။

NOM
👍16💔106👎4
အမေရိကန်ကို အီရန်ကပြန်လည်ခြိမ်းခြောက်

ဟော်မုဇ်ရေလက်ကြားကို အီရန်ကဖွင့်မပေးပါက အီရန်ရှိလျှပ်စစ်ဓာတ်အားစက်ရုံများကို အမေရိကန်က တိုက်ခိုက်မည်ဟုသမ္မတထရမ့်၏ ခြိမ်းခြောက်မှုအပေါ် အီရန်ကလည်းအရှေ့အလယ်ပိုင်းဒေသတစ်လုံးအမှောင်ကျအောင်ပြန်လည်တိုက်ခိုက်မည်ဟု ခြိမ်းခြောက်လိုက်သည်။

NOM
👍34❤‍🔥205🕊2
This media is not supported in your browser
VIEW IN TELEGRAM
ယမန်နေ့ညက အစ္စရေးနိုင်ငံ ဒီမိုနာမြို့ကို အီရန်ဒုံးကျည်များထိမှန်ထားသည်ကို ယနေ့မနက်မြင်တွေ့ရစဉ်။

NOM
👍29😱63🕊1
This media is not supported in your browser
VIEW IN TELEGRAM
အမေရိကန်၏ အီရန်အပေါ်တိုက်ခိုက်ခြင်းနှင့် အမေရိကန်၏ မှားယွင်းသော မူဝါဒများကြောင့်ကမ္ဘာ့စတော့စျေးကွက် ဖရိုဖရဲဖြစ်နေပုံကို သရုပ်ဖော်ထားခြင်းဖြစ်သည်။

NOM
👍323🔥1💔1
တရုတ်က အီရန်ကိုထောက်ခံကြောင်းပြော

တရုတ်နိုင်ငံ၏ ပြောရေးဆိုခွင့်ရှိသူ Mao Ning က "နိုင်ငံတကာဥပဒေကို ချိုးဖောက်၍ အစ္စရေးနှင့် အမေရိကန်ပြည်ထောင်စုမှ အီရန်အပေါ် တရားမဝင် စစ်ရေးတိုက်ခိုက်မှုများကို တရုတ်နိုင်ငံက ကန့်ကွက်ပြီး အီရန်၏ အချုပ်အခြာအာဏာ၊ လုံခြုံရေး၊ နယ်မြေတည်တံ့ခိုင်မြဲမှုနှင့် အမျိုးသားဂုဏ်သိက္ခာကို ကာကွယ်ရာတွင် အီရန်ကို ထောက်ခံပြီး အီရန်၏ တရားဝင်အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ကာကွယ်ရာတွင် ထောက်ခံသည်။" ဟုယနေ့ပြောကြားသည်။

NOM
👍4615😢1
This media is not supported in your browser
VIEW IN TELEGRAM
အီရန်လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြင့် ပစ်ခတ်မှုကြောင့် ရန်သူ့ F-15 တိုက်လေယာဉ်တစ်စီးထိမှန်ခဲ့

အီရန်နိုင်ငံပိုင်သတင်းဌာန (IRIB) ရဲ့ ဖော်ပြချက်အရ ဟော်မုဇ်ကျွန်းအနီး တောင်ဘက်ကမ်းရိုးတန်းမှာ အီရန်တပ်ဖွဲ့တွေက ရန်သူ့ F-15 တိုက်လေယာဉ် တစ်စင်းကို လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြင့် ပစ်ခတ်ရာထိမှန်ခဲ့တယ် လို့ သိရပါတယ်။

လက်ရှိမှာတော့ အဆိုပါ လေယာဉ်ရဲ့ နောက်ဆက်တွဲအခြေအနေကို အတည်ပြုနိုင်ဖို့အတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

NOM
👍407😡2😨1
Forwarded from NOM.World News
ကာတာရေပိုင်နက်အတွင်းမှာ စစ်ဘက်ရဟတ်ယာဉ်ပျက်ကျခဲ့လို့ ၆ ဦးသေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူတဦးကို ရှာဖွေနေဆဲလို့ အာဏာပိုင်တွေက ပြောဆိုလိုက်ပါတယ်။

ရဟတ်ယာဉ်ဟာ ပုံမှန်တာဝန်တွေ ထမ်းဆောင်နေချိန်မှာ နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ပျက်ကျခဲ့တယ်လို့ ကာတာကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုခဲ့ပါတယ်။

News Of Myanmar NOM
👍25😢92😡1
နောင်ချိုမြို့နယ်တွင် TNLA အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းများအား နင်းမိပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူသုံးဦး ထိခိုက်ဒဏ်ရာရ

NOM မတ် ၂၂၊ ၂၀၂၆

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ မက်လွှတ်ကျေးရွာနေ ဦးနိုင်မင်းထွန်း (၃၇) နှစ်သည် ၎င်း၏သားဖြစ်သူ မောင်ကောင်းထက် (၁၆) နှစ်နှင့်အတူ မတ်လ ၂၁ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်၌
နေအိမ်ခြံဝင်းအတွင်း သန့်ရှင်းရေးပြုလုပ်နေစဉ် TNLA အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား မောင်ကောင်းထက်မှ နင်းမိ ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့နှစ်ဦးတွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ပြင်ဦးလွင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

မတ်လ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်၌ နောင်ချိုမြို့နယ်၊ ကျောင်းကျေးရွာနေ ဦးတင်လှိုင် (၅၂) နှစ် သည် နားရှိုးကျေးရွာရှိ ဦးသိန်းနိုင်ပိုင်ဆိုင်သည့် ကြံစိုက်ခင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် TNLA အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ပြင်ဦးလွင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

NOM
😢184👍3😡2👎1
အလင်းဝင်ရောက်လာသူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံပေးခဲ့

ကျောက်မဲခရိုင်အတွင်းရှိ ကျောက်မဲ၊ သီပေါ၊ နောင်ချိုမြို့နယ်များတွင်  DPLA/MDY PDF/ TNLA/ NH PDF အကြမ်းဖက်သကသများထံသို့ အကြောင်းအမျိုးမျိုးဖြင့်ရောက်ရှိခဲ့ပြီး ပြန်လည်အလင်းဝင် ရောက်လာသူ ကျား ၁၄ ဦး၊ မ ၁၁ ဦး၊ စုစုပေါင်း ၂၅ ဦးအား ၂၀၂၆ မတ် ၂၁ရက်(မနေ့က) ကျောက်မဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ၎င်းတို့၏ မိဘ အုပ်ထိန်းသူများထံသို့ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် အခမ်းအနားဖြင့် ပြန်လည် လွှဲပြောင်းအပ်နှံပြီးဖြစ်သည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ/လားရှိုး) နယ်မြေအတွင်း ၂၀၂၅ ဇူ ၂၅ ရက်နေ့မှ ၂၀၂၆ မတ် ၂၁ ရက်နေ့ထိ အလင်းဝင်ရောက်လာသူ ကျား/ မ  စုစုပေါင်း ၇၄၅ ဦး အားလွှဲပြောင်းပြီးဖြစ်သည်။

NOM
👍239
မြဝတီမြို့၌ အွန်လိုင်းလိမ်လည်မှုနှင့် ဆက်စပ်သည့် ပြည်ပနိုင်ငံသား ၆၈ ဦး ထပ်မံဖော်ထုတ်ဖမ်းဆီး

NOM
👍23
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲဝင် ပဲခူးအချုပ်ထောင်နှင့် ပဲခူးမြိုမရဲစခန်းအချုပ်ခန်းတို ကြည့်ရှုစစ်ဆေး

မတ် ၂၁၊ ၂၀၂၆

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးတင်အောင် ဦးဆောင်သောအဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်များနှင့်အညီ ယမန်နေ့က ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်ရှိ ပဲခူးအချုပ်ထောင်နှင့် ပဲခူးမြို့မရဲစခန်းအချုပ်ခန်းတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပဲခူးအချုပ်ထောင်၌ အကျဉ်းသားများအားအိပ်ဆောင်များ၌ တွေ့ဆုံကာ အကျဉ်းသား/ အချုပ်သားတစ်ဦး၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးများဖြစ်သော နေထိုင်စားသောက်မှု၊ ကျန်းမာရေးစောင့်ရှောက်ပေးနေမှု၊ သန့်ရှင်းသော သောက်ရေပေးဝေမှုနှင့် ချိုးရေ၊ သုံးရေလုံလောက်စွာရရှိစေရန် ဆောင်ရွက်ပေးနေမှုအခြေအနေ၊ မိသားစုနှင့် ဧည့်တွေ့ဆောင်ရွက်ပေးနေမှု၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာလက်ခံရရှိမှု၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများရရှိမှု၊ ကျန်းမာကြံ့ခိုင်ရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစားဆောင်ရွက်ပေးမှု၊ ယုံကြည်ရာကိုးကွယ်သည့် ဘာသာအလိုက် ဝတ်ပြုကိုးကွယ်နိုင်ခွင့်နှင့် ရမ်ဇာန်ဥပုသ်ကာလ အစ္စလာမ်ဘာသာဝင် ၁၁ ဦးတို့၏ ဝတ်ပြုကိုးကွယ်နေမှု၊ အစားအသောက်စီစဉ်ပေးမှု၊ စာမတတ်သူအကျဉ်းသား အကျဉ်းသူ၊ အချုပ်သား အချုပ်သူများအတွက် အခြေခံအရေး၊ အဖတ်အတွက် ပညာသင်ကြားပေးနေမှုအခြေအနေ၊ အကျဉ်းသား/အချုပ်သားများအား အချုပ်ထောင်ဝန်ထမ်းများကလည်းကောင်း၊ အကျဉ်းသား/အချုပ်သား အချင်းချင်းကလည်းကောင်း ညှဉ်းပန်းနှိပ်စက်မှု ရှိ/မရှိ၊ ဧည့်တွေ့ လာရောက်ကြသည့် အကျဉ်းသား/ အချုပ်သား မိသားစုဝင်များ ဧည့်တွေ့ရာတွင် အဆင်ပြေမှု ရှိ/မရှိ၊ အကျဉ်းသား/အချုပ်သား ထောင်ဝင်စာပစ္စည်းနှင့် စားသောက်ဖွယ်ရာများပေးပို့ရာတွင် အဆင်ပြေမှု ရှိ/ မရှိ စသည်တို့ကို ကြည့်ရှုစစ်ဆေးကာ သီးခြား လွတ်လပ်စွာတွေ့ဆုံခွင့် တောင်းခံသူ အကျဉ်းသား/အချုပ်သား ၁၀ ဦးအား တစ်ဦးချင်းလက်ခံတွေ့ဆုံ၍လည်းကောင်း၊ ဧည့်တွေ့ရန်လာရောက်သည့် မိသားစု ၁၂ ဦးတို့ကို တွေ့ဆုံပြီး အဆင်ပြေမှု ရှိ/မရှိ မေးမြန်းကာ တင်ပြ ချက်များကို မှတ်တမ်းတင်သည်။

ထို့နောက် အချုပ်သား အချုပ်သူများ၏ အိပ်ဆောင်များ၊ ဆေးပေးခန်း၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာဂိုဒေါင်၊ ရေသန့်စက်၊ သုံးရေ/ ချိုးရေကန်များနှင့် အတွင်း/အပြင် မိလ္လာများ သန့်ရှင်းမှု ရှိ/မရှိနှင့် ထောင်ဝင်စာတွေ့ဆုံနေမှုအခြေအနေ၊ အကျဉ်းသား အကျဉ်းသူ၊ အချုပ်သား အချုပ်သူများ နေ့လယ်စာသုံးဆောင်နေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ယခင်စစ်ဆေးစဉ်က တွေ့ရှိချက်အပေါ် အကြံပြုချက်များကို ဆောင်ရွက်ပြီးစီးမှုများကိုလည်း ကြည့်ရှုစစ်ဆေးကာ အချုပ်သားများ ဖတ်ရှုလေ့လာနိုင်ရန်အတွက် ဗဟုသုတရဖွယ်စာအုပ်စာပေအုပ်ရေ ၅၀ ကို ကော်မရှင်က ပေးအပ်လှူဒါန်းသည်။

ယင်းနောက် ပဲခူးမြို့မရဲစခန်းအချုပ်ခန်းကို ကြည့်ရှုစစ်ဆေးစဉ် ရီမန်ကာလအခြေအနေ၊ အချုပ်ခန်းများအတွင်း နေထိုင်စဉ်နှင့် အမှုစစ်ဆေးစဉ်ကာလအတွင်း ညှဉ်းပန်းနှိပ်စက်ခံရမှု ရှိ/မရှိ၊ မိသားစုနှင့် တွေ့ဆုံနိုင်မှု၊ နေထိုင်စားသောက်ရေးစီစဉ်ပေးမှု၊ အချုပ်ခန်းအတွင်း မိလ္လာသုံးစွဲမှုနှင့် အချုပ်ခန်းများအတွင်း သန့်ရှင်းမှု ရှိ/မရှိနှင့် တရားရုံးထုတ်စဉ်မိသားစုဝင်များ အကျိုးဆောင်ရှေ့နေများနှင့် တွေ့ဆုံခွင့်ရရှိမှုအခြေအနေတို့ကို အချုပ်သား အချုပ်သူများနှင့် တွေ့ဆုံမေးမြန်းပြီး အချုပ်ခန်းကို ကြည့်ရှုစစ်ဆေးသည်။

အဆိုပါအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာသို့ ကော်မရှင်ဥပဒေနှင့်အညီ အကြံပြုပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

NOM
👍142
အပတ်စဉ်ဗုဒ္ဓဟူးနေ့အား အစိုးရရုံးဌာနများ၏ ရုံးလုပ်ငန်းများကို နေအိမ်မှသာ ဆောင်ရွက်ကြရန်သတ်မှတ်ကြေညာ

မတ် ၂၂၊ ၂၀၂၆

အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ဖြစ်ပေါ်လာနိုင်သည့် စက်သုံးဆီရှားပါးမှုကို ကြိုတင်ကာကွယ်ရန်ရည်ရွယ်၍ စုံ၊ မ ယာဉ်သုံးစွဲသည့်စနစ်နှင့် စက်သုံးဆီဝယ်ယူသည့် စနစ်တို့ကို သတ်မှတ်ကြေညာခဲ့ပြီးဖြစ်ပါသည်။

ထိုသို့ သတ်မှတ်ကြေညာခဲ့သည့်နည်းတူ နိုင်ငံတော်အစိုးရအနေဖြင့်လည်း စက်သုံးဆီတင်သွင်းရရှိရေးကို နည်းလမ်းမျိုးစုံဖြင့် အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ လက်ရှိတွင် လုံလောက်သော စက်သုံးဆီအရန် ရှိသော်လည်း အနာဂတ်တွင်ဖြစ်လာနိုင်သော စွမ်းအင်ဆိုင်ရာ စိန်ခေါ်မှုများအတွက် ကြိုတင်ပြင်ဆင် သည့်အနေဖြင့် စက်သုံးဆီသုံးစွဲမှုကို ချွေတာလျှော့ချရန်ရည်ရွယ်ကာ အစိုးရရုံးဌာနများမှ အရာထမ်း၊ အမှုထမ်းများသည် သက်ဆိုင်ရာရုံးဌာနများသို့ သွားရောက်ခြင်းမပြုဘဲ မိမိနေထိုင်ရာ နေအိမ်၊ အဆောင်များတွင်သာ ရုံးလုပ်ငန်းဆောင်ရွက်ခြင်းအား ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့မှ စတင်ပြီး အပတ်စဉ် ဗုဒ္ဒဟူးနေ့တိုင်း ဆောင်ရွက်သွားကြရန် သတ်မှတ်ကြေညာလိုက်ပါသည်။

ထိုသို့ သတ်မှတ်ကြေညာခြင်းသည် စက်သုံးဆီချွေတာရန်ဖြစ်သည့်အားလျော်စွာ အစိုးရရုံးဌာနများ မှ အရာထမ်း၊ အမှုထမ်းများအနေဖြင့် အဆိုပါရက်တွင် တာဝန်မှအပ ခရီးသွားလာမှုမပြုရန်နှင့် ယာဉ်သုံးစွဲမှုမပြုကြရန်ဖြစ်ပါသည်။

ပုဂ္ဂလိက အလုပ်ဌာနများအနေဖြင့် လည်း အစိုးရရုံးဌာနများနည်းတူ (work from home) ကဲ့သို့ လုပ်ဆောင်မှုမျိုးဖြင့် အတတ်နိုင်ဆုံး ဆောင်ရွက်သွားကြရန်ဖြစ်ပါသည်။

ဤကြေညာချက်သည် နောက်ထပ်ကြေညာချက် တစ်စုံတစ်ရာ မထုတ်ပြန်သရွေ့အတည်ဖြစ်သည်။

သတင်းထုတ်ပြန်ရေးအဖွဲ့

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ

NOM
👍263😢3
အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပေါ်လျက်ရှိသည့် စစ်ရေးပဋိပက္ခကြောင့် မိမိတို့နိုင်ငံအတွင်း စက်သုံးဆီသုံးစွဲမှု အခက်အခဲမဖြစ်ပေါ်စေရေး စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် စောင့်ကြည့်ကြပ်မတ်၊ ထိန်းကျောင်းမှုများ ဆောင်ရွက်လျက်ရှိပါသည်။

မတ်လ ၁၂ ရက်နေ့တွင် မော်တော်ယာဉ်များအတွက် Bar Code အား Scan ဖတ်ခြင်း၊ ဆိုင်ကယ်များအတွက် QR Code ထုတ်ပေးခြင်း စနစ်ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး တွေ့ကြုံရသည့် အခက်အခဲများအပေါ်တွင် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးနေသကဲ့သို့ ပြည်သူလူထုအနေဖြင့် နားလည်မှုရှိစွာ ပူးပေါင်းဆောင်ရွက်ခဲ့သည်ကိုလည်း တွေ့ရှိရပါသည်။

ယင်းသို့ဆောင်ရွက်နေစဉ်အတွင်း စက်သုံးဆီအရောင်းဆိုင်များသို့ ညွှန်ကြားချက်များ ထုတ်ပြန်ပြီး လိုက်နာဆောင်ရွက်ရန် စစ်ဆေးကြပ်မတ်လျက်ရှိပါသည်။

ပြည်သူလူထုအနေဖြင့် တိကျစွာတိုင်ကြားလာမှုများအပေါ်တွင် သက်ဆိုင်ရာအရောင်းဆိုင်များအား သွားရောက်စစ်ဆေးပြီး ရောင်းချခွင့်လိုင်စင်ပိတ်သိမ်းခဲ့ပါသည်။

စက်သုံးဆီဝယ်ယူရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရန်အတွက် ယာဉ်၏စက်စွမ်းအားအပေါ် မူတည်၍ တစ်ပတ်အတွင်း ဝယ်ယူခွင့်ရှိသည့်ပမာဏကို သတ်မှတ်ပြီး တစ်ပတ်အတွင်း တစ်ကြိမ်တည်းဖြစ်စေ၊ အများဆုံး ၂ ကြိမ်ခွဲ၍ဖြစ်စေ ဝယ်ယူနိုင်မည့် စနစ်ကို Bar Code နှင့် QR Code စနစ်အတွင်းထည့်သွင်း၍ လာမည့်ရက်သတ္တပတ်အတွင်း စတင်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

နိုင်ငံတော်အနေဖြင့် စက်သုံးဆီဖူလုံမှု ရက် ၅၀ စာ သိုလှောင်ထားရှိပြီးဖြစ်သည့်အပြင် ပုံမှန်တင်သွင်းနေသည့် လမ်းကြောင်းများအပြင် အခြားလမ်းကြောင်းများမှလည်း တင်သွင်းနိုင်ရန် ချိတ်ဆက်ဆောင်ရွက်ထားမှုများရှိပြီးဖြစ်သဖြင့် ပြည်သူလူထုအနေဖြင့် စိုးရိမ်ကြောင့်ကြ၍ ဝယ်ယူမှုမပြုလုပ်ခြင်း၊ စက်သုံးဆီရောင်းချခြင်းနှင့်စပ်လျဉ်း၍ မမှန်ကန်မှုများတွေ့ရှိရပါက သက်ဆိုင်ရာဖုန်းနံပါတ်များသို့ ဆက်သွယ်၍ တိကျစွာတိုင်ကြားမှုများ ပြုလုပ်ခြင်းတို့ဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် စွမ်းအင်ဝန်ကြီးဌာနက အသိပေးမေတ္တာရပ်ခံအပ်ပါသည်။
👍234😢1