News Of Myanmar
13.3K subscribers
22.7K photos
3.22K videos
3 files
6.61K links
Download Telegram
ကျောက်ပန်းတောင်းမြို့နယ်၊ နှစ်ကျပ်ခွဲကျေးရွာနေ အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က ဒလန် ဟု စွပ်စွဲသတ်ဖြတ်

NOM မတ် ၂၁၊ ၂၀၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ နှစ်ကျပ်ခွဲကျေးရွာနေ ဦးစိုးဌေးအောင် (၅၀) နှစ် သည် မတ်လ ၂၀ ရက်နေ့ ညနေ ၄ နာရီ ၁၀ မိနစ်အချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားရှစ်ဦးက ဆိုင်ကယ်လေးစီးဖြင့် ရောက်ရှိလာပြီး "ဒလန်" ဟုစွပ်စွဲပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။

NOM
😢11👍10😡62
လဲချားမြို့နယ်၊ ကောင်းစံကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ကိုင်နေသည့် တရားမဝင် ပြည်ပနိုင်ငံသားများအား ဖမ်းဆီးရမိ

မတ် ၂၁၊ ၂၀၂၆

NOM
👍19😱2
ရန်ကုန်တိုင်း စစ်ဌာနချုပ်အမှတ် (၆) စစ်မြေပြင်ဆေးတပ်ရင်း နယ်လှည့်ဆေးကုသရေးအဖွဲ့ ကျောင်းကုန်းကျေးရွာ ရတနာသိင်္ဂီကျောင်းတိုက်ဓမ္မာရုံတွင် ကျေးရွာသားများ ကျန်းမာရေးစောင့်ရှောက်မှုဆေးကုသပေး

မတ် ၂၁၊ ၂၀၂၆

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ်၊ ဓနဲရိအုပ်စု၊ကျောင်းကုန်းကျေးရွာ ရတနာသိင်္ဂီဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် နံနက် ၈ နာရီအချိန်က ရန်ကုန်တိုင်းစစ်ဋ္ဌာနချုပ်အမှတ် (၆)စစ်မြေပြင်ဆေးတပ်ရင်းမှ ဒုမှုးကြီးအောင်ပြည့် ဦးစီး (၁၃) ဦး တခြား (၁၅) ဦးပေါင်း (၂၅) ဦးမှ ဓနဲရိအုပ်စု ကျောင်းကုန်းကျေးရွာရှိ အထွေထွေရောဂါပြ (၈၆) ဦး၊ ခွဲစိပ်ရောဂါ (၁၇)၊ အရိုး-အကြော (၁၂) ဦး၊ မျက်စိ၊နား၊ နှာခေါင်း၊ လည်ချောင်း (၇) ဦး၊ သွားရောဂါ (၁၅) ဦး၊ ကလေးကျန်းမာရေးနှင့် ကလေးရောဂါ (၁၂) ဦး သားဖွား/ မီးယပ် (၅) ဦး၊ သံဃာ၊သီလရှင် (၁၁) ဦး၊ ကျား (၈၄) ဦး၊ မ (၅၃) + (၁၅၄) ဦးအားဆေးကုသမှုများပြုလုပ်ပေးကြောင်းသိရသည်။

အဆိုပါ ဆေးကုသသည့်နေရာသို့ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် ရာ/ ဆယ်မှုးများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင့် ရှောက်ရေးအဖွဲ့ဝင်များမှ ပူးပေါင်း၍ ဝိုင်းဝန်းကူညီပေးခဲ့ကြောင်းသိရပြီး ဆေးကုသမှုပြုလုပ်ပေးမှုအား မွန်းလွဲ ၁၂ နာရီခွဲအချိန်ပြီးဆုံးပြီးခဲ့ကြောင်းသိရသည်။

NOM
👍178
This media is not supported in your browser
VIEW IN TELEGRAM
အစ္စရေးနိုင်ငံဒီမိုနာမြို့ကိုအီရန်ဒုံးကျည်ထိမှန်စဉ်။အီရန်ဒုံးကျည်ကိုအစ္စရေးကဒုံးကျည်နှစ်စင်းဖြင့်ကြားဖြတ်ပစ်ချရန် ကြိုးစားသော်လည်းလွဲချော်သဖြင့် အီရန်ဒုံးကျည်ကမြို့ကိုထိမှန်ခဲ့သည်။
👍33😱52😡1
FBI အကြီးအကဲဟောင်း သေဆုံးသည်ကို ထရမ့်ကဝမ်းသာကြောင်းရေးသား


"ရောဘတ် မူလာ ကွယ်လွန်သွားပါပြီ။ ကောင်းလိုက်တာ သူသေဆုံးသွားလို့ ဝမ်းသာပါတယ်။ အပြစ်မဲ့ပြည်သူတွေကို နောက်ထပ် ထိခိုက်အောင် မလုပ်နိုင်တော့ပါဘူး!"

NOM
😱27👍81
This media is not supported in your browser
VIEW IN TELEGRAM
အီရန်ဒုံးကျည်ထိမှန်သဖြင့် အစ္စရေးနိုင်ငံဒီမိုနာမြို့တွင်လူ ၅၀ ကျော်ဒဏ်ရာရသည်။

NOM
👍25😨73
This media is not supported in your browser
VIEW IN TELEGRAM
အီရန်နိုင်ငံ၊ ဘုရှဲဟာ (Bushehr) မြို့အပေါ်၌ အီရန်လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က ပစ်ချလိုက်ပြီးနောက် ပျက်ကျသွားသော အမေရိကန် MQ-9 ဒရုန်း၏ မှတ်တမ်းဗီဒီယို။

NOM
👍413💔1
Media is too big
VIEW IN TELEGRAM
အီရန်နှင့် အီရတ်ခုခံကာကွယ်ရေးတပ်ဖွဲ့များ​၏ အဆက်မပြတ်တိုက်ခိုက်မှုများကြောင့် နေတိုးတပ်များ အီရတ်မှ ဆုတ်ခွာ

ဗီဒီယို- နေတိုး (NATO) ယာဉ်တန်း အီရတ်မှ ဂျော်ဒန်သို့ ဆုတ်ခွာ

အီတလီနိုင်ငံသို့ အီရတ်ရှိ နေတိုးတပ်ဖွဲ့အားလုံး ထွက်ခွာသွားပြီဖြစ်ကြောင်း အမေရိကန် မီဒီယာများက ဖော်ပြ။

NOM
👍313💔2
တာချီလိတ်မြို့၌ ငွေကျပ် ၈ ဒသမ ၉ ဘီလီယံကျော် တန်ဖိုးရှိWY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

NOM မတ် ၂၂၊ ၂၀၂၆

တာချီလိတ်မြို့တွင်ကား သုံးစီးပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြားများကို ယနေ့ဖမ်းဆီးရမိကြောင်းသိရသည်။

ယနေ့နံနက် ၉ နာရီခန့်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ ပိတောက်လမ်း၊ မြလင်းပွင့်မိုတယ်အနီး၌ မသင်္ကာဖွယ် မော်တော်ယာဉ်သုံးစီး ရပ်တန့်ထားကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေး ရှာဖွေရာ Toyota Fortuners အမျိုးအစားလိုင်စင်မဲ့ အဖြူရောင်မော်တော်ယာဉ်ပေါ်မှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြားများ ထည့်ထားသည့် ဆာလာအိတ်အလုံး ၃၀ (ဆာလာအိတ် တစ်လုံးလျှင် ဆေးပြားနှစ်သိန်းပါ) စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၆၀ ပြား၊ Toyota Hilux Single Cub အမျိုးအစား (လိုင်းစင်မဲ့) ခဲရောင် မော်တော်ယာဉ်ပေါ်မှ WY စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြားများ ထည့်ထားသည့် ဆာလာအိတ် ၃၇ လုံးဆာလာအိတ် တစ်လုံးလျှင် ဆေးပြားနှစ်သိန်းပါ) စိတ်ကြွရူးသွပ်ဆေးပြား ၇၄ သိန်းပြားနှင့် Ford
အမျိုးအစား (လိုင်စင်မဲ့) အဖြူရောင်မော်တော်ယာဉ်ပေါ်မှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြားများ ထည့်ထားသည့် ဆာလာအိတ် ၂၂ လုံး ဆာလာအိတ်တစ်လုံးလျှင် ဆေးပြားနှစ်သိန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၄၄ သိန်းပြား၊ စုစုပေါင်း WY စာတန်းပါ စိတ်ကြွရူးသွပ် ဆေးပြား ၁၇၈ သိန်းပြား (ခန့်မှန်းငွေကျပ် ၈ ဒသမ ၉ ဘီလီယံကျော်) တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့သည်။

NOM
👍15😱2😡2