News Of Myanmar
13.1K subscribers
23.2K photos
3.26K videos
3 files
6.61K links
Download Telegram
အစ္စရေးစစ်သားတစ်ဦးကိုအီရန်အတွက်သူလျိုလုပ်ပေးမှုဖြင့်ဖမ်း
NOM
အစ္စရေးလေကြောင်းကာကွယ်ရေးတပ်ဖွဲ့မှအရန်စစ်သားတစ်ဦးကို အီရန်အတွက် သူလျှိုလုပ်မှုဖြင့် ဖမ်းဆီးခဲ့သည်။

ထိုစစ်သားအား စုံစမ်းစစ်ဆေးမှုများအရ ၎င်းသည် အီရန်နှင့် လပေါင်းများစွာ ဆက်သွယ်မှုရှိပြီး ၎င်းတို့အား အရေးကြီးသော အချက် အလက်များ ပေးအပ်ခဲ့ကြောင်း ဖော်ထုတ်တွေ့ရှိခဲ့သည်ဟုအစ္စရေးမီဒီယာများကဖော်ပြခဲ့သည်။
👍22😱61
Media is too big
VIEW IN TELEGRAM
🇮🇷 အီရန်နိုင်ငံ​၏ စစ်ဂျေးလ် တာလတ်ပဲ့ထိန်းဒုံးကျည်။

NOM
Please open Telegram to view this post
VIEW IN TELEGRAM
👍30😱63
တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများရွေးချယ်တင်မြှောက်

မတ်လ ၂၀၊ ၂၀၂၆

တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒုတိယဥက္ကဋ္ဌများကို မတ်လ ၂၀ ရက်နေ့တွင် ရွေးချယ်တင်မြှောက်ခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးဌေးအောင်၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဦးကျော်ကျော်စိုး။

မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးအောင်ကျော်မိုး၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဦးကျော်မြင့်။

စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးတင့်လှိုင်မြင့်၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဦးမျိုးသန့်။

မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဒေါက်တာမောင်မောင်ဌေး၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဦးခင်မောင်ညို။

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးသိန်းထွန်း၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဦးသက်နိုင်ဦး။

ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးအောင်ချိုဦး၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်ဌေး။

တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးမြတ်ကို၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဦးခင်မောင်မြင့်။

ရှမ်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးစိုင်းလုံးကျော်၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဦးစိုင်းထွန်းစိန်။

မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးသက်ထွေး၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဦးမင်းအောင်မြင့်။

ကချင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးရာဝမ်ဂျုံး၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဦးသိန်းထွန်းအေး။

ကယားပြည်နယ် လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးမော်ရယ်၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဦးစိုးရယ်။

ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးစန်းကို၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဦးအေးမင်းထွေး။

ချင်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးကောလ်လျန်ထန်း၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဦးသန့်ဇင်ဦး။

ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဒေါက်တာစန်းရွှေ၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဒေါက်တာထင်လင်းဦး။

NOM
👍239
ကျိုင်းတုံမြို့နယ်တွင် ငွေကျပ် ၂၀၂ ဒသမ ၅ သိန်းတန်ဖိုးနှင့်လားရှိုးမြို့တွင် ငွေကျပ် ၅၈ သိန်းတန်ဖိုးရှိ ဘိန်းစိမ်းများ ဖမ်းဆီးရမိ
NOM၊မတ် ၂၀၊၂၀၂၆
ကျိုင်းတုံမြို့နယ်တွင် ငွေကျပ် ၂၀၂ဒသမ ၅ သိန်းတန်ဖိုးနှင့် လားရှိုးမြို့တွင် ငွေကျပ် ၅၈ သိန်းတန်ဖိုးရှိဘိန်းစိမ်းများဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှသိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၁၇ ရက် ည ၁၁နာရီတွင် သတင်းအရ ကျိုင်းတုံမြို့နယ် ယန်းလောကျေးရွာအုပ်စုကျိုင်းဖောင်းကျေးရွာ အနီးတွင်ကျိုင်းတုံမြို့နယ် ပန်ယောင်းရွာနေ အပေါ်(၃၅)နှစ် မောင်းနှင်လာသော HONDA WAVE 1 110မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း ၄၀ ဒသမ ၅ ကီလို (တစ်ကီလိုလျှင် ငွေကျပ်၅ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၂၀၂ ဒသမ ၅ သိန်း)ကို ဖမ်းဆီးရမိသဖြင့် အပေါ အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားသည်။
ထို့အတူ မတ် ၁၈ ရက် နံနက် ၁၁ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည်သတင်းအရ လားရှိုးမြို့ အောင်မင်္ဂလာရပ်ကွက်နေ ရီဆိုက်(၅၇)နှစ်၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား၅၄၀၀ (တစ်ပြားလျှင်ငွေကျပ် ၁၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွကျပ်၅၄ သိန်း)နှင့် ဘိန်းဖြူ ၂၀ ဂရမ် (တစ်ဂရမ်လျှင်ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၄ သိန်း)ကို ဖမ်းဆီးရမိသဖြင့် ရီဆိုက်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
👍163
အီရန်တော်လှန်ရေးအစောင့်တပ် IRGC ​၏ ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်ကျဆုံး

အီရန်တော်လှန်ရေးအစောင့်တပ်​၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် အလီအလီ မိုဟာမက် နာအီနီ သည် ယနေ့သောကြာနေ့၌ အစ္စရေး၏ တိုက်ခိုက်မှုအတွင်း ကျဆုံးသွားကြောင်း အီရန်ကကြေညာသည်။

NOM
👍33😢9🕊3💔32
အမေရိကန်ကအရှေ့အလယ်ပိုင်းရှိသူ၏ အာရပ်မဟာမိတ်များကိုဆက်ဆံပုံကို ယီမင်ကာတွန်းဆရာက ရေးဆွဲလှောင်ပြောင်လိုက်သည်။

NOM
👍523
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ

NOM
👍12😢71
တနင်္သာရီတိုင်းဒေသကြီးအတွင်းမှ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၃) သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား သွားရောက်တွေ့ဆုံ

မတ် ၂၀၊ ၂၀၂၆

NOM
👍234
ရုပ်ရှင်မင်းသားကြီးချက်နောရစ်ကွယ်လွန်

ကိုယ်ခံပညာချန်ပီယံနှင့် အက်ရှင်ရုပ်ရှင်မင်းသား ချက်နောရစ် (Chuck Norris) (အသက် ၈၆ နှစ်)သည် ယနေ့သောကြာနေ့တွင် ကွယ်လွန်သွားပြီဖြစ်သည်။

ဟာဝိုင်ယီကျွန်းစု၊ ကောင်ရိုင်ကျွန်းတွင်နေထိုင်သော ချက်နောရစ်သေဆုံးမှုကို ဇနီးဖြစ်သူ၏ အင်စတာဂရမ်အကောင့်တွင် ဖော်ပြချက်အရ သောကြာနေ့နံနက်တွင် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း ၎င်း၏မိသားစုက အတည်ပြုခဲ့သည်။

NOM
👍22😢16💔21
မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီး မြှုပ်နှံမှုများကို အမေရိကန် ဒေါ်လာသာမက တရုတ်ငွေကြေး ယွမ်နှင့်လည်း လက်ခံ ဆောင်ရွက်ပေးလျက်ရှိ

NOM
👍259
ကမ္ဘာ့ရေနံဈေးနှုန်းတွေ အဆမတန် မြင့်တက်လာတာကြောင့် အမေရိကန်က အီရန်ကို ရေနံတင်ပို့ရောင်းချခွင့် ပြုလိုက်ပါတယ်။

NOM
👍37🕊62😱2🙏1😡1
ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး မော်လမြိုင်မြို့ တပ်မတော်ဆေးရုံ၌ ဆေးကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး

မတ် ၂၁၊ ၂၀၂၆

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး‌ မောင်မောင်အေးသည် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကျော်လင်းမောင်နှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ ပြည်သူ့စစ်မှုထမ်းများ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား သွားရောက်ကြည့်ရှုခဲ့သည်။

ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက တစ်ဦးချင်း၏ ဒဏ်ရာရရှိမှု၊ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက် ကောင်းမွန်မှုအခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်း၍ အားပေးစကားပြောကြားပြီး ဆေးရုံတက်လူနာများအတွက် ချီးမြှင့်ငွေနှင့် အာဟာရဖြည့် အစားအသောက်များပေးအပ်ခဲ့သည်။

NOM
13👍7
This media is not supported in your browser
VIEW IN TELEGRAM
အီရန်ဟာ ပြည်သူတွေအတွက် ရင်းနှီးမြှုပ်နှံရမယ့်အစား ဒုံးကျည်တွေနဲ့ လက်နက်တွေအတွက်ပဲ သုံးစွဲနေတယ်လို့ အမေရိကန်စစ်ဝန်ကြီး ပိထ် ဟက်ဂ်ဆက်သ် Pete Hegseth က စွပ်စွဲပြောဆိုလိုက်ပါတယ်။

ဒါပေမဲ့ တကယ့်တကယ်မှာတော့ သူကိုယ်တိုင်ကလည်း အမေရိကန် ပြည်သူတွေအတွက် သုံးရမယ့်အစား လက်နက်တွေအတွက် ဒေါ်လာ ဘီလီယံ ၂၀၀ တောင်းခံနေတဲ့ မိန့်ခွန်းအတွင်းမှာ အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

NOM
👍32😡61👎1
တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကျင်းပ

မတ် ၂၀၊ ၂၀၂၆

တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အဆောက်အအုံအစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီကကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးနေဝင်းက ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်းထွန်းအား သဘာပတိအဖြစ် အဆိုတင်သွင်းပြီး ကြည့်မြင်တိုင် မြို့နယ်မဲဆန္ဒနယ်မှ ဒေါ်တင်ထွန်းဦးက ထောက်ခံသည့်အတွက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်းထွန်းကို သဘာပတိအဖြစ်တင်မြှောက်ကြောင်း အခမ်းအနားမှူးကကြေညာသည်။

ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌအဖြစ် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် မဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဌေးအောင်တစ်ဦးတည်းကို အဆိုပြုမှုရှိခဲ့ပြီး ကန့်ကွက်သူမရှိ အတည်ပြုခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်ရာတွင် တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်စိုးအား ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရကြောင်း သဘာပတိကကြေညာပြီး သဘာပတိရှေ့မှောက်၌ ကတိသစ္စာပြုကြကာ ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးကြပြီးနောက် သဘာပတိက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်ထံ တာဝန်လွှဲအပ်ကာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်က နှုတ်ခွန်းဆက်စကားပြောကြားသည်။

အစည်းအဝေးစတင်သည့်နေ့၌ တက်ရောက်ခွင့်ရှိသည့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၁၂၃ ဦး တက်ရောက်ကြောင်း သိရသည်။

NOM
👍214
မြောက်စမ်းဒေသတွင် AA အကြမ်းဖက်စခန်းတစ်ခုကို တပ်မတော်က သိမ်းပိုက်ရရှိ

မတ်လ ၂၀ ရက်နေ့ နေ့လည်အချိန်၌ မြောက်စမ်းဒေသရှိ AA အကြမ်းဖက်စခန်းတစ်ခုကို တပ်မတော်က သိမ်းပိုက်ရရှိခဲ့ပြီး အေအေအကြမ်းဖက်အလောင်း ၄ လောင်း၊ လက်နက်မျိုးစုံ ၄ လက်၊
ကျည်အိမ်များ၊ ခဲယမ်းများ၊ အိုင်ကွန် ၁ လုံးနှင့် ပစ်ကျင်း/ဘန်ကာများအား သိမ်းဆည်းရမိခဲ့သည်။

NOM
👍28
🎯 ကိုလံဘီယာအလှည့်ရောက်လာပြီလား ?

ကိုလံဘီယာသမ္မတ ဂူစတာဗို ပတ်ထရို (Gustavo Petro) ကို မူးယစ်ဆေးဝါးမှောင်ခိုမှုစုံစမ်းစစ်ဆေးရေးမှာ "အဓိကပစ်မှတ်" အဖြစ် အမေရိကန်က သတ်မှတ်လိုက်ပါတယ်။

၂၀၂၂ ခုနှစ်ကတည်းက ပတ်ထရိုဟာ မက္ကဆီကိုရဲ့ စီနာလိုအာ (Sinaloa) မူးယစ်ဂိုဏ်းနဲ့ ဆက်နွှယ်မှုရှိခဲ့တယ်လို့ အမေရိကန် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ DEA က စွပ်စွဲထားတာဖြစ်ပြီးသမ္မတ ပတ်ထရို ကတော့ ဒီစွပ်စွဲချက်တွေကို ပြင်းပြင်းထန်ထန် ငြင်းဆိုထားပါတယ်။

NOM
Please open Telegram to view this post
VIEW IN TELEGRAM
👍25😱83
စက်သုံးဆီနှင့် ဓာတ်မြေဩဇာ မလိုအပ်ဘဲ စုဆောင်းမထားရန်နှင့် ချွေတာအသုံးပြုရန် တောင်သူများအား MRF မေတ္တာရပ်ခံ

NOM
👍272😡2