News Of Myanmar
13.2K subscribers
22.9K photos
3.24K videos
3 files
6.61K links
Download Telegram
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ကို ထောင်ဒဏ်သုံးနှစ်စီ ချမှတ်

NOM မတ် ၁၉၊ ၂၀၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ နှင့် အတွင်းရေးမှူးတို့ကို ထောင်ဒဏ်သုံးနှစ်စီ ချမှတ်လိုက်ကြောင်း ရွှေလုပ်ငန်းရှင်အသိုင်းအဝိုင်းမှ သိရသည်။

ယနေ့မတ် ၁၉ ရက်၌ ပန်းဘဲတန်းမြို့နယ်တရားရုံးတွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပြီး ငွေဒဏ်ကျပ်ငါးသိန်းလည်း ချမှတ်ခံရကြောင်းသိရသည်။

ပြည်တွင်းရွှေစျေးကွက် မတည်မငြိမ်ဖြစ်စေရန် ရွှေတုံးရွှေခဲများ သိုလှောင်ရောင်းဝယ်မှုဖြင့် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ (၁) နှင့် အတွင်းရေးမှူးတို့ကို ယခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းက ဖမ်းဆီးခဲ့ကြောင်းသိရသည်။

NOM
16👍15❤‍🔥1😡1
လားရှိုးတွင် လိုင်စင်မဲ့ Honda Insight မော်တော်ယာဉ် ဖမ်းဆီးရမိ

NOM
👍18😱2
မြစ်ကြီးနားတွင် လိုင်စင်မဲ့ Honda Fit နှင့် Grandis မော်တော်ယာဉ် ၃ စီး ဖမ်းဆီးရမိ။

NOM
👍171
လိုင်စင်မဲ့ Pajero မော်တော်ယာဉ်နှင့် ယာဉ်မောင်းအား ဖမ်းဆီးအရေးယူ။

NOM
👍20🗿1
မင်္ဂလာဒုံမြို့နယ်၌ ငွေကျပ် ၂၃၂ သိန်းတန်ဖိုးနှင့်လားရှိုးမြို့တွင် ငွေကျပ် ၈၂ သိန်းတန်စိတ်ပြောင်းဆေးဝါးများ သိမ်းဆည်းရမိ
NOM၊မတ် ၁၉၊၂၀၂၆
မင်္ဂလာဒုံမြို့နယ်တွင် ငွေကျပ် ၂၃၂ သိန်းတန်ဖိုးနှင့် လားရှိုးမြို့တွင်ငွေကျပ် ၈၂ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၁၆ ရက် ည ၇ နာရီတွင်သတင်းအရ မင်္ဂလာဒုံမြို့နယ် အမှတ်(၂)(က) ရပ်ကွက်နေ ထက်ဝေဖြိုး(၂၅)နှစ် ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား၂၀၂၀၀ (တစ်ပြားလျှင် ငွေကျပ် ၁၀၀၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ်
၂၀၂ သိန်း)နှင့် အိုက်စ်(မက်သ်အဖက်တမင်း) ၁၀၀ ဂရမ် (တစ်ဂရမ်လျှင်ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၃၀)တို့ကိုသိမ်းဆည်းရမိသဖြင့် ထက်ဝေဖြိုးအား မူးယစ်ဆေးဝါးနှင့် စိတ်ကို
ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားသည်။
ထို့အတူ မတ် ၁၇ ရက် နံနက် ၁၀ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ လားရှိုးမြို့ သံလွင်ရပ်ကွက်နေ လောက်ခမ်း(ခ)အားခမ်း(၃၂)နှစ်၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀၀ (တစ်ပြားလျှင်ငွေကျပ်၁၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၈၀)နှင့် ဘိန်းဖြူ ၁၀ ဂရမ် (တစ်ဂရမ်လျှင်ငွေကျပ် ၂၀၀၀၀နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၂ သိန်း)တို့အား သိမ်းဆည်းရမိသဖြင့်လောက်ခမ်း(ခ)အားခမ်းအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
👍135
ဓနုဖြုမြို့နယ်၊ သပြုကျေးရွာအနီးတွင် ခရီးသည်တင်ယာဥ်နှစ်စီး တိုက်မိရာ ခရီးသည်အချို့ဒဏ်ရာရ

NOM မတ် ၁၉၊ ၂၀၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြုမြို့နယ်၊ သပြုကျေးရွာအနီးတွင် ယနေ့မတ် ၁၉ ရက်နံနက် ၉ နာရီခန့်က ခရီးသည်တင်ယာဥ်နှစ်စီးတိုက်မိရာ ခရီးသည်အချို့ ဒဏ်ရာရရှိခဲ့ကြောင်း လပြည့်ဝန်းပရဟိတအသင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။

ဖြစ်စဉ်မှာ ကျုံပျော်မှရန်ကုန်ဘက် သို့ မောင်းနှင်လာသော သူရထွန်းခရီးသည်တင်ယာဉ်နှင့် ရန်ကုန်မှကြံခင်းဘက်သို့သွားနေသည့် ရတနာခရီးသည်တင်ယာဥ်တို့သည် သပြုကျေးရွာအနီးတွင် မျက်နှာချင်းဆိုင်တိုက်မိပြီး နှစ်စီးစလုံးလမ်းဘေး
သို့ ရောက်သွားခဲ့ကြောင်းသိရသည်။

"ဒီနေ့မနက်မှာ ခရီးသည်ကားနှစ်စီးတိုက်မိတာဟုတ်ပါတယ်။ ကျွန်တော်တို့အသင်းက ကလေးတွေလည်း သွားရောက်ကူညီပေးခဲ့ပါတယ်။ ဖြစ်စဉ်ကိုတော့ ကျွန်တော်
တို့ တိတိကျကျတော့မသိပါဘူး။ ဒဏ်ရာရလူနာတွေလည်းရှိပါတယ်။ ကျွန်တော်တို့အသင်းက ဒဏ်ရာရရှိတဲ့သူတစ်ဦးကိုတော့ဆေးရုံပို့ပေးခဲ့ပါတယ်" ဟု လပြည့် ဝန်းပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ကားတိုက်မှုဖြစ်ရာသို့ ဓနုဖြူမြို့နယ် မီးသတ်တပ်ဖွဲ့များ၊ လူမှုကူညီရေးအသင်းဝင်များကသွားရောက် ဝိုင်းဝန်းကူညီပေးခဲ့ကြောင်းသိရသည်။

NOM
👍15😢72
ပြည်ကြီးတံခွန်မြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်တို့တွင်မီးလောင်မှုများဖြစ်ပွား
NOM၊မတ်၁၉၊၂၀၂၆
မန္တလေးတိုင်းအတွင်းရှိ ပြည်ကြီးတံခွန်မြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်တို့တွင်ယနေ့မတ်၁၉ရက်နံနက်ပိုင်းကမီးလောင်မှုများဖြစ်ပွားခဲ့သည့်ဟုမီးသတ်မှ သတင်းထုတ်ပြန်ထထားကြောင်းသိရသည်။

ပြည်ကြီးတံခွန်မြို့နယ်၊ (၇၂)A မြဝတီမင်းကြီးလမ်းထောင့်တွင် ယနေ့နံနက် ၆နာရီ ၄၁မိနစ်က ပလက်စတစ်
ထိုင်ခုံများလုပ်သည့်ဂိုထောင်တွင် လျှပ်စစ် ဝါယာရှော့ဖြစ်ပြီးမီးလောင်မှုဖြစ်ပွားခဲ့ရာ ပြည်ကြီးတံခွန်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ၊ လူမှုကူညီရေးအသင်း
များဖြင့်ဝိုင်းဝန်ငြှိမ်းသတ်ခဲ့ရာ နံနက်၇နာရီ၃မိနစ်တွင်မီးငြိမ်းသွားကြောင်းသိရသည်။

အလာတူ ချမ်းမြသာစည်မြို့နယ် ၅၈- လမ်း ၁၀၆ - ၁၀၇ လမ်း
တွင်ယနေ့ နံနက်၁၀နာရီခန့်ကနေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် ချမ်းမြသာစည်မြို့နယ် မီးသတ်ယာဉ်များ၊ လူမှုကူညီရေးအသင်းမှတာဝန်ရှိသူများဝိုင်းဝန်ငြှိမ်းသတ်ခဲ့ရာ နံနက်၁၀နာရီ၂၀မိနစ်တွင်မီးငြိမ်းသွားကြောင်းသိရသည်။

လက်ရှိမီးလောင်မှုအကြောင်းရင်နှင့်ဆုံးရှူံးမှုတန်ဖိုးများကိုမြို့နယ်များရှိမီးသတ်တပ်ဖွဲ့ဝင်များကစုံစမ်းစစ်ဆေးနေကြောင်းသိရသည်။
😢8👍7
မြန်မာပြည်အတွင်း ဖြစ်စဉ်များ (သတင်းအကျဉ်း)

လိုင်စင်မဲ့မော်တော်ယာဉ်များဖမ်းဆီးရမိမှု

မတ် ၁၉၊ ၂၀၂၆

NOM
👍22
မြန်မာပြည်အတွင်းဖြစ်စဉ်များ (သတင်းအကျဉ်း)

ယာဉ်မတော်တဆမှုများ

မတ် ၁၉၊ ၂၀၂၆

NOM
👍13
🇸🇦 - ဆော်ဒီအာရေးဗီးယားနိုင်ငံ၏ အနောက်ဘက်အကျဆုံး ပင်လယ်နီကမ်းခြေတွင် တည်ရှိသော ယန်ဘူ ဆိပ်ကမ်းကို အီရန်ကဒုံးကျည်များဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် ယန်ဘူဆိပ်ကမ်း၏ ရေနံတင်ပို့မှု လုပ်ငန်းစဉ်များကို ရပ်ဆိုင်းထားကြောင်းသိရသည်။

NOM
Please open Telegram to view this post
VIEW IN TELEGRAM
👍30🕊21
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့ရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ မော်တော်ယာဉ်များ ဖမ်းဆီးအရေးယူ

၂၀၂၆ ခုနှစ်၊ မတ်လ ၁၇ ရက်

NOM
👍221
တီဟီရန် (အီရန်)မြို့၏ လွှတ်တော်ကိုယ်စားလှယ်က ပြောကြားရာတွင် ကျွန်ုပ်တို့သည် လွှတ်တော်အတွင်း စီမံကိန်းတစ်ခုကို လုပ်ဆောင်နေပြီး ယင်းစီမံကိန်းအရ ဟော်မုဇ်ရေလက်ကြားကို သင်္ဘောများဖြတ်သန်းသွားလာခြင်း၊ စွမ်းအင်သယ်ယူပို့ဆောင်ခြင်းနှင့် စားနပ်ရိက္ခာဖူလုံရေးတို့အတွက် လုံခြုံစိတ်ချရသော လမ်းကြောင်းတစ်ခုအဖြစ် အသုံးပြုမည်ဆိုပါက သက်ဆိုင်ရာနိုင်ငံများသည် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံထံသို့ အခွန်အခနှင့် လမ်းတံခါးခများ ပေးဆောင်ရန် တာဝန်ရှိမည်ဖြစ်သည်ဟု ဆိုပါသည်။

NOM
👍427❤‍🔥1
This media is not supported in your browser
VIEW IN TELEGRAM
အစ္စရေးက မီဒီယာများကိုပစ်မှတ်ထားတိုက်ခိုက်

လက်ဘနွန်တောင်ပိုင်းတွင် သတင်းယူနေသော RT သတင်းဌာနမှသတင်းထောက်နှင့်အဖွဲ့ကို အစ္စရေးလေတပ်က ပစ်မှတ်ထားတိုက်ခိုက်သဖြင့် သတင်းထောက်၊ကင်မရာသမားနှင့် သတင်းအဖွဲ့သားအားလုံးဒဏ်ရာရရှိခဲ့သည်။

NOM
😱19👍15😢4
This media is not supported in your browser
VIEW IN TELEGRAM
အမေရိကန်နိုင်ငံ ဘော့စတွန်မာရသွန် ဗုံးဖောက်ခွဲမှုမှာ ထိခိုက်ဒဏ်ရာရခဲ့သူတွေကို ကုသပေးခဲ့တဲ့ ဟားဗတ်တက္ကသိုလ် ခွဲစိတ်ကုသမှုဆိုင်ရာ ပါမောက္ခတစ်ဦးဟာ လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့လယ်မှာရှိတဲ့ သူရဲ့ "အိမ်မက်အိမ်လေး" အစ္စရေးရဲ့ ဖျက်ဆီးခြင်းခံလိုက်ရတဲ့ ရုပ်သံဖိုင်ကို မျှဝေခဲ့ပါတယ်။

"အမေရိကန်လက်နက်တွေနဲ့ ဖျက်ဆီးခံရတာပါ။ ကျွန်တော်ကိုယ်တိုင် ပေးဆောင်ထားတဲ့ အခွန်ငွေတွေနဲ့ပဲ ကျွန်တော့်အိမ်ကို ပြန်တိုက်ခိုက်လိုက်သလိုပါပဲ။"

သူ့ဘဝရဲ့ ၇ နှစ်တာ အချိန်ပေးခဲ့ရသမျှတွေဟာ စက္ကန့်ပိုင်းအတွင်းမှာပဲ ပျောက်ဆုံးသွားခဲ့ရပါပြီ။

NOM
😢31👍72
အာဖဂန်နစ္စတန်နှင့် ကစားရမည့် ဒုတိယအကျော့ အာရှဖလားခြေစစ်ပွဲကို မြန်မာနိုင်ငံ၌ ပြောင်းရွှေ့ကျင်းပမည်

NOM မတ် ၁၉၊ ၂၀၂၆

အာဖဂန်နစ္စတန်နှင့် ကစားရမည့် ဒုတိယအကျော့ အာရှဖလားခြေစစ်ပွဲစဉ်ကို မတ်လ၂၆ ရက်၌မြန်မာနိုင်ငံသို့ ပြောင်းရွှေ့ကစားသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ ပွဲစဉ်ကို ကာတာနိုင်ငံ၊ ဒိုဟာမြို၌ ကျင်းပရန် စီစဉ်ထားသော်လည်း လက်ရှိဖြစ်ပွားနေသည့် အရှေ့အလယ်ပိုင်း စစ်ရေးအခြေအနေကြောင့် မြန်မာနိုင်ငံသို့ ပြောင်းရွှေ့ကစားခြင်းဖြစ်ကြောင်းသိရသည်။

မြန်မာ-အာဖဂန်နစ္စတန် ပထမအကျော့ပွဲစဉ်ကို မြန်မာနိုင်ငံက လက်ခံကစားခဲ့ပြီး မြန်မာအသင်းက (၂) ဂိုး (၁) ဂိုးဖြင့် အနိုင်ရရှိထားသည်။

မြန်မာအမျိုးသားအသင်းသည် ၂၀၂၇ AFC အာရှဖလားခြေစစ်ပွဲတွင် အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
👍41❤‍🔥42
ကမာရွတ် ကွန်ဒိုတစ်ခုမှ ပြည့်တန်ဆာခန်းဖမ်းမိ

NOM မတ် ၁၉၊ ၂၀၂၆

အရွယ်မရောက်သေးသူကိုပြည့်တန်ဆာခန်းသို့ ပို့ဆောင်သူအား စုံစမ်းဖမ်းဆီးရာမှ ကမာရွတ်မြို့နယ် ကွန်ဒိုတစ်ခုတွင် ဖွင့်လှစ်ထားသောပြည့်တန်ဆာခန်းကိုမတ်လ ၁၈ ရက်နေ့လယ်၂:၃၀ နာရီအချိန်ကဖမ်းဆီးရမိကြောင်းသိရသည်။

လူကုန်တားရဲတပ်ဖွဲ့၊ အင်းစိန်မြို့နယ်ရဲတပ်ဖွဲ့နှင့် ကမာရွတ်မြို့နယ်ရဲတပ်ဖွဲ့ဝင်များသည် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ဥပဒေပုဒ်မ ၃၅/၄၄ အမှုမှ တရားခံကိုကြီး ကိုသတင်းအရ ကမာရွတ်မြို့နယ်၊အမှတ် ၈ ရပ်ကွက်၊ ဒိုင်းမွန်းကွန်ဒိုအခန်း ၇၀၅ သို့သွားရောက်ရှာဖွေရာ တရားခံကိုကြီးနှင့်အတူ ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်နေသော ၁၈ နှစ်မှ ၃၀ နှစ်ကြားအမျိုးသမီး ၁၅ ဦးကိုပါ လုပ်ငန်းမှရရှိထားသောငွေများနှင့် အတူဖမ်းဆီးရမိကြောင်းသိရသည်။

NOM
👍32😢32
ကာတာသဘာဝဓာတ်ငွေ့လုပ်ငန်းငါးနှစ်ခန့်ပြန်ပြင်ရမည်

NOM

အီရန်၏တိုက်ခိုက်မှုကြောင့် ကာတာနိုင်ငံ၏ သဘာဝဓာတ်ငွေ့လုပ်ငန်း ၁၇% ထိခိုက်ပျက်စီးသွားပြီး ပြန်လည်ပြုပြင်ရန် အချိန်ငါးနှစ်ခန့်ယူရမည်ဟုကာတာကကြေညာသည်။
😱19👍154
အီရန်ဒုံးကျည်တိုက်ရိုက်ထိမှန်သဖြင့်အစ္စရေးနိုင်ငံဟိုင်ဖာမြို့ရှိရေနံချက်စက်ရုံမီးလောင်လျက်ရှိသည်။

NOM
👍31🕊61
This media is not supported in your browser
VIEW IN TELEGRAM
ကူဝိတ် ရေနံချက်စက်ရုံအီရန်ဒုံးကျည်ထိ
NOM
ကူဝိတ်နိုင်ငံအဗ္ဗဒူလာဆိပ်ကမ်းရှိတစ်နေ့လျင်ရေနံစည်၁.၂သန်းချက်လုပ်နေသောရေနံချက်စက်ရုံသည်အီရန်ဒုံးကျည်တိုက်ရိုက်ထိမှန်မီးလောင်လျက်ရှိသည်။
👍32🕊61