News Of Myanmar
13.2K subscribers
22.8K photos
3.23K videos
3 files
6.61K links
Download Telegram
မန္တလေးတွင် PDF  ၅၀၆ ဦးလက်နက်ခဲယမ်းများနှင့်အတူ တပ်မတော်ထံ အလင်းဝင်

၂၀၂၆ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့၌ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် PDF အဖွဲ့ဝင် အမျိုးသား (၄၅၃) ဦးနှင့် အမျိုးသမီး (၅၃) ဦး၊ စုစုပေါင်း ၅၀၆ ဦးတို့သည် သေနတ် ၇၈ လက်၊ ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့ပြီး တာဝန်ရှိသူများက ထောက်ပံ့ငွေများပေးကာ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
👍3015🕊3
အီရန်ရဲ့ ဒုံးကျည်ထိမှန်မှုကြောင့် ပြင်းထန်တဲ့ ပေါက်ကွဲမှုကြီး နှစ်ခု ဖြစ်ပွားခဲ့ပြီးနောက် ဆော်ဒီနိုင်ငံ၊ ရီယာ့ဒ်မြို့ (Riyadh) ရှိ ARAMCO ရေနံချက်စက်ရုံနဲ့မျက်နှာချင်းဆိုင်က စက်မှုဇုန်နယ်မြေမှာ မီးလောင်မှုကြီးတွေ ဖြစ်ပွား။

NOM
👍293🕊3😡1
ဥပဒေပြုရေးမဏ္ဍိုင်သည် လွတ်တော်၏ အဓိကတာဝန် ဖြစ်သည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ ဌဦးခင်ရီပြော

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပဒေပြုရေးမဏ္ဍိုင်သည် လွှတ်တော်၏ အဓိကတာဝန်ဖြစ်သည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက မတ် ၁၆ ရက် နံနက်ပိုင်းက စတင်ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် ပြည်သူ့လွှတ် တော် ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရပြီးနောက် နှုတ်ခွန်းဆက်စကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

"ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်ရဲ့အချုပ်အခြာမဏ္ဍိုင် (၃) ရပ်အနက် ဥပဒေပြုရေးမဏ္ဍိုင်ဟာ လွှတ်တော်ရဲ့အဓိကတာဝန်ဖြစ်ပါတယ်" ဟု ပြည်သူ့လွှတ်တော်
ဥက္ကဋ္ဌ ဦးခင်ရီကပြောသည်။

ထို့ပြင် နိုင်ငံတော်အာဏာမဏ္ဍိုင် (၃) ရပ်ကို တတ်နိုင်သမျှပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်းအပြန်အလှန် ထိန်းကျောင်းခြင်းတို့ပြုရမည်ဖြစ်ကာ ပြည်သူကိုကိုယ်စားပြုခြင်းကိုလည်း ဆောင်ရွက်ရမည်ဟု ပြောသည်။

ထိုသို့ ဆောင်ရွက်ရာ၌ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဥ်းစည်းကမ်းများကို ချမှတ်အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် နိုင်ငံရေးရည်မှန်းချက်၊ ခေတ်စနစ်အခြေအနေများနှင့် ကိုက်ညီမှုရှိစေရန်တင်ပြခြင်း၊ ပယ်ဖျက်ခြင်း၊ အသစ်ပြဌာန်းခြင်းတို့ကိုလည်းဆောင်ရွက်ကြရမည်ဟုပြောသည်။

NOM
21👍13😡1
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည်အလွန်အရေးကြီးဟု ယာယီသမ္မတပြော

သမိုင်းကြောင်းသင်ခန်းစာများအရ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းပြည်တည်ငြိမ်အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် အလွန်ပင်အရေးကြီးလှသည်ဟု နိုင်ငံတော်ယာယီသမ္မတက ပြောကြားသည်။

ယနေ့ မတ် ၁၉ ရက်နေ့တွင် ကျရောက်သည့် (၅၂) နှစ်မြောက် မွန်ပြည်နယ်နေ့သို့ နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိင်မှ သဝဏ်လွှာပေးပို့ပြီး ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်နက်ကိုင်ပဋိပက္ခများနှင့် အကြမ်းဖက်ဆူပူမှုများ ချုပ်ငြိမ်းပြီး တိုင်းရင်းသားပြည်သူအားလုံး ပြည်ထောင်စုအတွင်း စိတ်ချမ်းသာစွာနေထိုင်နိုင်ရေးအတွက် ငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွတ်ရေးသည် အလွန်အရေးကြီးသည်ဟု ပြောကြားခဲ့သည်။
👍198👎1
👍134🕊2❤‍🔥1
Media is too big
VIEW IN TELEGRAM
ချာလီကာ့ခ်ကို လုပ်ကြံမှုနောက်တွင် အစ္စရေးရှိနေ

အမေရိကန် ကွန်ဆာဗေးတစ်နိုင်ငံရေးသုံးသပ်သူ ချာလီကာ့ခ်ကိုယူတားတက္ကသိုလ်တွင် ဟောပြောစဉ် လုပ်ကြံသတ်ဖြတ်မှု၏ နောက်ကွယ်၌ အစ္စရေးရှိကြောင်းအဘယ်ကြောင့်ဆိုသော် ချာလီကာ့ခ်သည် အစ္စရေးအတွက်အမေရိကန်က အီရန်ကိုတိုက်ခိုက်မည်ကိုအစဉ်တစ်စိုက် ကန့်ကွက်နေသောကြောင့်ဟု အလုပ်မှနုတ်ထွက်သွားသော အမေရိကန်၏ တန်ပြန်အကြမ်းဖက်နှိမ်နှင်းရေးအကြီးအကဲ ဂျိုးကန့် က ရုပ်သံအင်တာဗျူးတွင်ပြောလိုက်သည်။

NOM
👍274😡2
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ကို ထောင်ဒဏ်သုံးနှစ်စီ ချမှတ်

NOM မတ် ၁၉၊ ၂၀၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ နှင့် အတွင်းရေးမှူးတို့ကို ထောင်ဒဏ်သုံးနှစ်စီ ချမှတ်လိုက်ကြောင်း ရွှေလုပ်ငန်းရှင်အသိုင်းအဝိုင်းမှ သိရသည်။

ယနေ့မတ် ၁၉ ရက်၌ ပန်းဘဲတန်းမြို့နယ်တရားရုံးတွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပြီး ငွေဒဏ်ကျပ်ငါးသိန်းလည်း ချမှတ်ခံရကြောင်းသိရသည်။

ပြည်တွင်းရွှေစျေးကွက် မတည်မငြိမ်ဖြစ်စေရန် ရွှေတုံးရွှေခဲများ သိုလှောင်ရောင်းဝယ်မှုဖြင့် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ (၁) နှင့် အတွင်းရေးမှူးတို့ကို ယခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းက ဖမ်းဆီးခဲ့ကြောင်းသိရသည်။

NOM
16👍15❤‍🔥1😡1
လားရှိုးတွင် လိုင်စင်မဲ့ Honda Insight မော်တော်ယာဉ် ဖမ်းဆီးရမိ

NOM
👍18😱2
မြစ်ကြီးနားတွင် လိုင်စင်မဲ့ Honda Fit နှင့် Grandis မော်တော်ယာဉ် ၃ စီး ဖမ်းဆီးရမိ။

NOM
👍171
လိုင်စင်မဲ့ Pajero မော်တော်ယာဉ်နှင့် ယာဉ်မောင်းအား ဖမ်းဆီးအရေးယူ။

NOM
👍20🗿1
မင်္ဂလာဒုံမြို့နယ်၌ ငွေကျပ် ၂၃၂ သိန်းတန်ဖိုးနှင့်လားရှိုးမြို့တွင် ငွေကျပ် ၈၂ သိန်းတန်စိတ်ပြောင်းဆေးဝါးများ သိမ်းဆည်းရမိ
NOM၊မတ် ၁၉၊၂၀၂၆
မင်္ဂလာဒုံမြို့နယ်တွင် ငွေကျပ် ၂၃၂ သိန်းတန်ဖိုးနှင့် လားရှိုးမြို့တွင်ငွေကျပ် ၈၂ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၁၆ ရက် ည ၇ နာရီတွင်သတင်းအရ မင်္ဂလာဒုံမြို့နယ် အမှတ်(၂)(က) ရပ်ကွက်နေ ထက်ဝေဖြိုး(၂၅)နှစ် ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား၂၀၂၀၀ (တစ်ပြားလျှင် ငွေကျပ် ၁၀၀၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ်
၂၀၂ သိန်း)နှင့် အိုက်စ်(မက်သ်အဖက်တမင်း) ၁၀၀ ဂရမ် (တစ်ဂရမ်လျှင်ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၃၀)တို့ကိုသိမ်းဆည်းရမိသဖြင့် ထက်ဝေဖြိုးအား မူးယစ်ဆေးဝါးနှင့် စိတ်ကို
ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားသည်။
ထို့အတူ မတ် ၁၇ ရက် နံနက် ၁၀ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ လားရှိုးမြို့ သံလွင်ရပ်ကွက်နေ လောက်ခမ်း(ခ)အားခမ်း(၃၂)နှစ်၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀၀ (တစ်ပြားလျှင်ငွေကျပ်၁၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၈၀)နှင့် ဘိန်းဖြူ ၁၀ ဂရမ် (တစ်ဂရမ်လျှင်ငွေကျပ် ၂၀၀၀၀နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၂ သိန်း)တို့အား သိမ်းဆည်းရမိသဖြင့်လောက်ခမ်း(ခ)အားခမ်းအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
👍135