News Of Myanmar
13.2K subscribers
22.8K photos
3.23K videos
3 files
6.61K links
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
အီရန်ဒုံးကျည်တစ်စင်းသည် ဆော်ဒီအာရေဗျနိုင်ငံအတွင်းရှိ ၎င်း၏ပစ်မှတ်ကို ထိမှန်ခဲ့သည်။

အမေရိကန်နှင့် အစ္စရေးတို့က အီရန်နိုင်ငံရှိ ကမ္ဘာ့အကြီးဆုံး တောင်ပိုင်းပါ့စ် (Southern Pars) သဘာဝဓာတ်ငွေ့လုပ်ငန်းစုကို တိုက်ခိုက်ခဲ့ပြီးနောက် ယခုအခါ အီရန်သည် အာရပ်နိုင်ငံများရှိ အမေရိကန် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို ပြန်လည်တိုက်ခိုက်နေပြီဖြစ်သည်။

NOM
👍41🕊32
လွန်ခဲ့သော နာရီအနည်းငယ်က ကမ္ဘာ့အကြီးဆုံး ဓာတ်ငွေ့ရည် (gas condensate) စက်ရုံ တည်ရှိရာ ကာတာနိုင်ငံ၏ ရက်စ်လာဖန် (Ras Laffan) စက်မှုဇုန်နှင့် လာဖန် ရေနံချက်စက်ရုံတို့ကို အီရန်က ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် ပထမဆုံး ဂြိုဟ်တုဓာတ်ပုံများ ထွက်ပေါ်လာခဲ့သည်။

အီရန်အစိုးရနှင့် နီးစပ်သော သတင်းဌာနက ထုတ်ပြန်လိုက်သည့် ဂြိုဟ်တုဓာတ်ပုံများတွင် ရက်စ်လာဖန် စက်မှုဇုန်အတွင်းရှိ အဓိက သန့်စင်ထုတ်လုပ်ရေး ယူနစ်တစ်ခု တိုက်ရိုက်ထိမှန်ထားသည်ကို တွေ့ရသည်။ အဆိုပါ နေရာမှ မည်းနက်သော မီးခိုးလုံးကြီးများ ထွက်ပေါ်နေသည်ကို ဂြိုဟ်တုမှ ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။

ရက်စ်လာဖန်သည် ကာတာ၏ အဓိက စွမ်းအင်ဗဟိုချက်ဖြစ်သည်။ လက်ရှိ တိုက်ခိုက်မှုကြောင့် စက်ရုံ၏ အစိတ်အပိုင်း အတော်များများတွင် ထုတ်လုပ်မှုများကို ရပ်ဆိုင်းထားရကြောင်းသတင်းများကဆိုသည်။

အီရန်ဘက်က ၎င်းတို့၏ တောင်ပိုင်းပါ့စ် (South Pars) ဓာတ်ငွေ့သိုက် တိုက်ခိုက်ခံရမှုအတွက် "မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး" (Eye for an Eye) မူဝါဒဖြင့် လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားသည်။

NOM
👍3413🕊3💔1
အီရန်နိုင်ငံရှိ စွမ်းအင်ဆိုင်ရာ အဆောက်အအုံများ တိုက်ခိုက်ခံရမှုကြောင့် အမေရိကန် စတော့ဈေးကွက်များ ထိုးဆင်းသွားခဲ့ပြီးလွန်ခဲ့သည့် နာရီပိုင်းအတွင်းမှာပင် စုစုပေါင်း ကာလတန်ဖိုး အမေရိကန်ဒေါ်လာ ၇၀၀ ဘီလီယံ ခန့် ဆုံးရှုံးသွားခဲ့သည်။

NOM
👍365😱4
🚨- လွန်ခဲ့တဲ့ မိနစ်အနည်းငယ်ကစပြီး အမေရိကန်နဲ့ အစ္စရေးတို့ အီရန်အပေါ် ဆင်နွှဲနေတဲ့ စစ်ပွဲစတင်ကတည်းက ပထမဆုံးအကြိမ်အဖြစ် အိုမန်ရေနံတစ်စည်ကို အမေရိကန်ဒေါ်လာ ၂၀၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။

အိုမန်ရေနံညွှန်းကိန်း (Oman oil index) ဟာ ကမ္ဘာ့အကြီးဆုံး ရေနံဝယ်ယူသူတွေထံ ရောင်းချတဲ့ ရေနံစိမ်းအမျိုးအစား (Heavy crude oil) အတွက် အဓိကစံနှုန်းတစ်ခုဖြစ်ပြီး တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့က ရေနံချက်စက်ရုံ အတော်များများဟာ ဒီညွှန်းကိန်းကို အခြေခံပြီး သတ်မှတ်အရောင်းအဝယ် ပြုလုပ်ကြတာဖြစ်ပါတယ်။

NOM
Please open Telegram to view this post
VIEW IN TELEGRAM
👍341
This media is not supported in your browser
VIEW IN TELEGRAM
အမေရိကန်နဲ့ အစ္စရေးတို့က အီရန်အပေါ်ဆင်နွှဲနေတဲ့ စစ်ပွဲနဲ့ပတ်သက်ပြီး ဂျပန်အတိုက်အခံလွှတ်တော်အမတ်တစ်ဦးက 'အီရန်ကိုတော့ ရှုတ်ချပြီး အမေရိကန်နဲ့ အစ္စရေးကိုကျ ဘာလို့မရှုတ်ချတာလဲ' လို့ မေးမြန်းတဲ့အခါ ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီက အခုလို ပြန်လည်ဖြေကြားခဲ့ပါတယ်။

'ဘာဖြစ်လို့လဲဆိုတော့ ကျွန်မ မကြာခင်မှာ သမ္မတ ထရမ့်နဲ့ တွေ့ဖို့ရှိလို့ပါ။ ဒါပါပဲ။' — အဲဒီနောက် သူမဟာ ပုခုံးတွန့်ပြပြီး စင်ပေါ်ကနေ ဆင်းသွားခဲ့ပါတယ်။ 🤦‍♂️

NOM
Please open Telegram to view this post
VIEW IN TELEGRAM
👍23😡10🔥32😱2
ဟော်မုဇ် ရေလက်ကြားအတွင်းမှာ အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) ရေတပ်က ဘာဘေးဒိုးစနိုင်ငံ (Barbados) အလံလွှင့်ထူထားပြီး ရေနံတန်ချိန် ၁၆၀,၀၀၀ တင်ဆောင်လာတဲ့ ရေနံတင်သင်္ဘောကြီးကို ဟန့်တားခဲ့ပြီး နောက်ကြောင်းပြန်လှည့်ခိုင်းခဲ့ပါတယ်။

NOM
👍32🕊52😡1
အဘူဒါဘီအာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်အရ အဘူဒါဘီရှိ ဟပ်ရှ်ရှန် Habshan ဓာတ်ငွေ့လုပ်ငန်းစုနဲ့ ဘတ် Bab ကွင်းက ဓာတ်ငွေ့အဆောက်အအုံတွေကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ အဆိုပါ ဓာတ်ငွေ့ထုတ်လုပ်ရေး လုပ်ငန်းတွေကို ပိတ်ထားလိုက်ပြီဖြစ်ပါတယ်။

NOM
👍29🕊43
အရှေ့အလယ်ပိုင်းဒေသကနေ ဂျာမနီကို ရောက်ရှိလာတဲ့ ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူအရေအတွက်ဟာ သတင်းထုတ်ပြန်ထားတာထက် အဆမတန် ပိုမိုများပြားနေ

ဂျာမနီအခြေစိုက် အမေရိကန်သူနာပြုတစ်ဦးက အရှေ့အလယ်ပိုင်းဒေသကနေ ဂျာမနီကို ရောက်ရှိလာတဲ့ ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူအရေအတွက်ဟာ သတင်းထုတ်ပြန်ထားတာထက် 'အဆမတန် ပိုမိုများပြားနေတယ်' လို့ AF Post သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

သေဆုံးမှုနှုန်းထားတွေကို AF Post အနေဖြင့် အတည်မပြုနိုင်သေးပေမဲ့ ဒဏ်ရာရရှိသူ ရာနဲ့ချီရှိနေကြောင်း သတင်းရရှိထားပြီး အမေရိကန်က ကိန်းဂဏန်းတွေကို တမင် 'ဖုံးကွယ်' ထားတာကြောင့်မျိုး မဟုတ်ဘဲ သတင်းစီးဆင်းမှုအတွင်းမှာ အဆိုပါ လူပေါင်းရာနဲ့ချီတဲ့ အရေအတွက်ဟာ လူအများသတိမထားမိဘဲ (ဒါမှမဟုတ်) သတင်းတွေထဲမှာ ထင်ထင်ရှားရှားမပါဘဲ လွတ်ထွက်နေတာမျိုး ဖြစ်နိုင်ပါတယ်။

NOM
👍27🕊41😡1
မန္တလေးတွင် PDF  ၅၀၆ ဦးလက်နက်ခဲယမ်းများနှင့်အတူ တပ်မတော်ထံ အလင်းဝင်

၂၀၂၆ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့၌ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် PDF အဖွဲ့ဝင် အမျိုးသား (၄၅၃) ဦးနှင့် အမျိုးသမီး (၅၃) ဦး၊ စုစုပေါင်း ၅၀၆ ဦးတို့သည် သေနတ် ၇၈ လက်၊ ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့ပြီး တာဝန်ရှိသူများက ထောက်ပံ့ငွေများပေးကာ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
👍3015🕊3
အီရန်ရဲ့ ဒုံးကျည်ထိမှန်မှုကြောင့် ပြင်းထန်တဲ့ ပေါက်ကွဲမှုကြီး နှစ်ခု ဖြစ်ပွားခဲ့ပြီးနောက် ဆော်ဒီနိုင်ငံ၊ ရီယာ့ဒ်မြို့ (Riyadh) ရှိ ARAMCO ရေနံချက်စက်ရုံနဲ့မျက်နှာချင်းဆိုင်က စက်မှုဇုန်နယ်မြေမှာ မီးလောင်မှုကြီးတွေ ဖြစ်ပွား။

NOM
👍293🕊3😡1