News Of Myanmar
13.2K subscribers
22.7K photos
3.23K videos
3 files
6.61K links
Download Telegram
အီရန်ကလပ်စတာဒုံးကျည်များကြောင့် အစ္စရေးဒေသတွင်းမှာ ပျက်စီးဆုံးရှုံးမှုတွေ အကြီးအကျယ် ပျံ့နှံ့သွားခဲ့ပါတယ်။

NOM
👍30🕊21
မတ် ၁၈၊ ၂၀၂၆

ရာမတ်ဂန် (Ramat Gan)၊ တဲလ် အဗီး (Tel Aviv)၊ ဘနေးဘရက်ခ် (Bnei Brak) နှင့် ပီတာတစ်ကွာ (Petah Tikva) မြို့များတွင် အီရန်ကလပ်စတာဒုံးကျည်များ ထိမှန်မှုများထပ်မံဖြစ်ပွားခဲ့သည်။

တဲလ်အဗီးမြို့ရှိ အချို့နေရာများတွင် လျှပ်စစ်မီးပြတ်တောက်မှုများရှိခဲ့သည်။

အစ္စရေးမီဒီယာများ၏ အဆိုအရ တဲလ်အဗီးမြို့၊ ရာမတ်ဂန်တွင် လူ ၂ ဦး သေဆုံးခဲ့ကြောင်းသိရသည်။

NOM
👍22🕊32
အီရတ်နိုင်ငံမြောက်ပိုင်း၊ အီရဘေးလ်မြို့ရှိ ကာ့ဒ်-အီရန်အကြမ်းဖက်အဖွဲ့၏ ဌာနချုပ်အတွင်း အင်အားပြင်းထန်သောပေါက်ကွဲမှုများဖြစ်ပွားခဲ့သည်။

NOM
👍17🕊2
လှိုင်သာယာတွင် အင်ဗာတာ အပူလွန်ကဲပြီး မီးလောင်ကျွမ်းမှုဖြစ်ပွား

NOM မတ် ၁၈၊ ၂၀၂၆

ရန်ကုန်တိုင်း‌ဒေသကြီး၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ အမှတ် ၁၈ ရပ်ကွက်၊ ရွှေရင်အေးကျောင်းလမ်းတွင် ယမန်နေ့ နံနက် ၅ နာရီ ၅၀ မိနစ်ခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားကြောင်းသိရသည်။

ဖြစ်စဉ်မှာ အောင်မျိုးဝင်း​၏ နေအိမ်က အင်ဗာတာကို တစ်ညလုံး အားသွင်းထားရာမှ အပူလွန်ကဲ့ပြီး မီးလောင်‌ခဲ့ကြောင်း ၎င်းအိမ် ၁၀×၆၀ အပါအဝင် ဦးဆူဘား ပိုင်ဆိုင်သည့် ၁၀×၆၀ နေအိမ်တစ်အိမ်၊ ဒေါ်နီနီမာ ပိုင်ဆိုင်သည့် ၁၀×၆၀ နေအိမ်တစ်အိမ်၊ ဒေါ်သန်းသန်းဆွေ ပိုင်ဆိုင်သည့် ၁၀×၆၀ နေအိမ်တစ်အိမ်၊ စုစုပေါင်း လူနေအိမ် ၄အိမ် မီးလောင်ကျွမ်းပြီး ပျက်စီးဆုံးရှုံးခဲ့‌ကြောင်းသိရသည်။

အဆိုပါမီးလောင်ကျွမ်းမှုနှင့်ပတ်သတ်၍ အောင်မျိုးဝင်းအား လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၊ သောင်ကြီးနယ်မြေရဲစခန်းမှ အမှုဖွင့်၍ ဥပဒေအရ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

NOM
👍143😢3
၂၀၂၆ ခုနှစ်၊ မတ်လ ၁၇ ရက်

၁။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထု၏ တစ်နေ့တာ ပျမ်းမျှဓာတ်အားလိုအပ်ချက် ၄၆၆၉ မဂ္ဂါဝပ်ကို ပြည့်ဝစွာ ဖြန့်ဖြူးပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

သို့သော်လည်း လက်ရှိတွင် အဓိကဓာတ်အားလိုင်းအချို့ ဖျက်ဆီးခံရခြင်းနှင့် သဘာဝဓာတ်ငွေ့ရရှိမှု လျော့နည်းခြင်းတို့ကြောင့် LNG သုံးဓာတ်အားပေးစက်ရုံများမှ ၅၀၀ မဂ္ဂါဝပ် ထပ်မံဖြည့်ဆည်း ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ခဲ့ရာ ပုံမှန်ထုတ်လုပ်နိုင်မှု၏ ၇၇ ရာခိုင်နှုန်းဖြစ်သော ၃၆၀၀ မဂ္ဂါဝပ်ခန့်ကို ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိပါသည်။

၎င်းအပြင် ဖျက်ဆီးခံရသည့် ဓာတ်အားလိုင်းများအား ပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်းများကို စီမံဆောင်ရွက်လျက်ရှိပြီး စွမ်းအင်အရင်းအမြစ်မျိုးစုံမှ လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်နိုင်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

၂။ ယခုအချိန်အခါ မတ်လသည် နွေရာသီကာလသို့ ရောက်ရှိလာပြီဖြစ်ရာ ပုံမှန်အားဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ဆည်များတွင် စုဆောင်းထားရှိသည့်ရေများကို ဇွန်လအထိ ထိန်းသိမ်းမောင်းနှင်ပြီး ဓာတ်အားဖြန့်ဖြူးနိုင်ရန်အတွက် စတင်ထိန်းသိမ်းရမည့် အချိန်ကာလဖြစ်သော်လည်း၊ တက္ကသိုလ်ဝင်စာမေးပွဲ မကျင်းပမီနှင့် ကျင်းပချိန်များအတွင်း ကျောင်းသား၊ ကျောင်းသူများ ညပိုင်းစာကြည့်ချိန်နှင့် စာစစ်ဌာနများတွင် လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ်ရရှိစေရန်အတွက် စုဆောင်းထားရှိသည့် ဆည်ရေများဖြင့် တိုးမြှင့်ထုတ်လုပ်ဖြန့်ဖြူးပေးခဲ့ရပါသည်။

၃။ သို့ရာတွင် တက္ကသိုလ်ဝင်စာမေးပွဲပြီးစီးသွားသည့်ရက်များမှ စတင်၍ နွေရာသီအချိန် ဇွန်လအထိ စဉ်ဆက်မပြတ် မျှတစွာ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်နှင့် လက်ရှိအချိန်တွင် ရာသီဥတုပူပြင်းမှုကြောင့် ဝန်အားသုံးစွဲမှု မြင့်တက်လာခြင်းကို ထိန်းညှိနိုင်ရန်အတွက် ဓာတ်အားထုတ်လုပ်နိုင်မှုနှင့် ချိန်ညှိကာ အချို့သောနေရာ/အချိန်များတွင် ဝန်အားလျှော့ခွဲဝေဖြန့်ဖြူးခြင်း (Planned Load Shedding) အစီအစဉ်များကို (၁၈-၃-၂၀၂၆) ရက်မှ စတင်ပြုလုပ်ရမည်ဖြစ်ပါသည်။

သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas - LNG) သုံး ဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ်သော လျှပ်စစ်ဓာတ်အားကို တိုက်ရိုက်လိုင်းဖြင့် ဓာတ်အားပေးသည့် ဓာတ်အားလိုင်းများအား ဝန်အားလျှော့ခွဲဝေဖြန့်ဖြူးခြင်း (Planned Load Shedding) မပြုလုပ်ဘဲ စဉ်ဆက်မပြတ် ဆက်လက်ဖြန့်ဖြူးပေးထားပါမည်။

သို့ဖြစ်ပါ၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်လျော့နည်းခြင်းအရ ဝန်အားလျှော့ခွဲဝေဖြန့်ဖြူးခြင်း (Planned Load Shedding) ဆောင်ရွက်ရမှုအပေါ် မိဘပြည်သူများအနေဖြင့် နားလည်ခွင့်လွှတ်ပေးရန်နှင့် လျှပ်စစ်ဓာတ်အားကို စနစ်တကျ ချွေတာသုံးစွဲပေးပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံပန်ကြားအပ်ပါသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
👍233😢2
မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေသော စစ်ပွဲများနှင့် တရားမဝင် နယ်စပ်ကုန်သွယ်မှုများကြောင့် မီဇိုရမ်ပြည်နယ်တွင် လောင်စာဆီပြတ်လပ်မည်ကို စိုးရိမ်ပြီး အလုအယက်ဝယ်ယူမှုများဖြစ်ပွား

အိမ်နီးချင်း မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော စစ်ပွဲများနှင့် တရားမဝင် နယ်စပ်ကုန်သွယ်မှုများ မြင့်တက်လာခြင်းကြောင့် မီဇိုရမ်ပြည်နယ်တွင် လောင်စာဆီပြတ်လပ်တော့မည်ဟူသော စိုးရိမ်မှုများ ပြင်းထန်လာခဲ့သည်။

ယင်းအခြေအနေကြောင့် ပြည်နယ်မြို့တော် အိုက်ဇောအပါအဝင် နေရာအနှံ့အပြားရှိ စက်သုံးဆီဆိုင်များတွင် ပြည်သူများက အလုအယက် တန်းစီဝယ်ယူမှုများ (Panic Buying) ဖြစ်ပေါ်နေကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း တိုက်ပွဲများကြောင့် လောင်စာဆီ ဈေးနှုန်းများ အဆမတန် မြင့်တက်နေခြင်းကြောင့် အိန္ဒိယဘက်မှ လောင်စာဆီများကို နယ်စပ်ဖြတ်ကျော်ကာ တရားမဝင် မှောင်ခိုတင်ပို့မှုများ ရှိနေသည်။ ဤသို့ မှောင်ခိုရောင်းချမှုများကြောင့် ပြည်နယ်အတွင်း သုံးစွဲရန်ရှိသည့် ဆီပမာဏအပေါ် သက်ရောက်မှုရှိမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

အဆိုပါ အခြေအနေကို ထိန်းချုပ်ရန်အတွက် မီဇိုရမ်ပြည်နယ် အစိုးရက စက်သုံးဆီ ရောင်းချမှုကို ကန့်သတ်ချက်များ ထုတ်ပြန်ခဲ့သည်။ မော်တော်ယာဉ် အမျိုးအစားအလိုက် တစ်ကြိမ်ဝယ်ယူလျှင် သတ်မှတ်ထားသည့် ပမာဏထက် ပိုမိုဝယ်ယူခွင့် မပြုရန် ဆီဆိုင်များကို ညွှန်ကြားထားသည်။

မြန်မာနိုင်ငံဘက်ခြမ်းတွင် တိုက်ပွဲများ ပြင်းထန်နေခြင်းက နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများကို ထိခိုက်စေရုံသာမက၊ အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက်ရှိ ကုန်စည်စီးဆင်းမှု စနစ်တစ်ခုလုံးကိုပါ မတည်မငြိမ် ဖြစ်စေခဲ့သည်။

ပြည်နယ်အစိုးရ တာဝန်ရှိသူများကမူ ပြည်နယ်အတွင်း လောင်စာဆီ အလုံအလောက် ရှိနေသေးကြောင်းနှင့် အများပြည်သူအနေဖြင့် မလိုအပ်ဘဲ စိုးရိမ်ထိတ်လန့်ခြင်း မပြုကြရန် တိုက်တွန်းထားသည်။

နယ်စပ်တစ်လျှောက် တရားမဝင် ဆီမှောင်ခိုမှုများကို တားဆီးရန်အတွက်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုးမြှင့်ချထားပြီး စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သတင်းတွင် ဖော်ပြထားသည်။

NOM
👍194
ပြည်ပထွက်ခွာခွင့်နှင့်ပတ်သက်၍ အလုပ် သမားဝန်ကြီးဌာနမှထုတ်ပြန်
👍15
အမေရိကန်ပြည်ထောင်စု၊ နယူးမက္ကဆီကိုပြည်နယ်တောင်ပိုင်းရှိ ဟော်လိုမန်း Holloman လေတပ်စခန်းတွင် သေနတ်ဖြင့်ပစ်ခတ်မှုဖြစ်ပွားခဲ့သဖြင့် လူတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိသွားကြောင်း AP သတင်းအရ သိရသည်။

NOM
👍192💔1
တတိယအကြိမ် အမျိုးသားလွှတ်တော်၏ ပထမ ပုံမှန်အစည်းအဝေးကို ယနေ့ မတ်လ (၁၈) ရက် နံနက်ပိုင်းတွင်နေပြည်တော်ရှိ အမျိုးသားလွှတ်တော်အဆောက်အအုံ၌ စတင်ကျင်းပလျက်ရှိပြီး သဘာပတိအဖြစ် ဒေါ်ဒွဲဘူ ကိုရွေးကောက်တင်မြှောက်ခဲ့။

NOM
👍195