News Of Myanmar
13.2K subscribers
22.7K photos
3.23K videos
3 files
6.61K links
Download Telegram
ဖားကန့်ဒေသအခြေစိုက် ဥရု နေ့စဉ်သတင်းဌာန (Uru Daily News)​၏ အယ်ဒီတာဖြစ်သူ၊ ဖားကန့်မြို့ သပိတ်အဖွဲ့​၏ ပြန်ကြားရေးတာဝန်ကိုယူထားသူ၊ KIA ‌PDF အကြမ်းဖက် လော်ဘီတဦးလည်းဖြစ်သူ "တာလင်းမောင်" ကို မတ်လ ၁၇ ရက်နေ့ ညနေအချိန်၌ ဆိုင်းတောင်ကျေးရွာတွင် KIA အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည်။

"KIA စုဆောင်းရေးဆွဲတာနဲ့ပါတ်သက်ပြီး ထုတ်ပေးတာက တဖွဲ့ ပိုက်ဆံယူတာက တဖွဲ့တဲ့ ဘာတွေလည်းဟ။ သပွတ်အူလို စီးပွားရေးဇာတ်ရှုပ်ကြီးနော်၊ မန့်မှာ ဆွေးနွေးကြပါဦး" စာသားပါ ပို့စ်တခုကို မတ်လ ၁၆ ရက်နေ့ညက ၎င်း​၏ လူမှုကွန်ယက်ပေါ်တွင်တင်ခဲ့သည်။ အဆိုပါကိစ္စနှင့် ပတ်သတ်ပြီး ဖမ်းဆီးစစ်ဆေးခံရခြင်းဖြစ်နိုင်ကြောင်း ၎င်းနှင့် နီးစပ်သူများကသုံးသပ်ကြသည်။
👍224😢2
သံတောင်ကြီးမြို့နယ်တွင် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီး‌တစ်လုံးကျရောက် ပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရ

NOM မတ် ၁၇၊ ၂၀၂၆

နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်ရှိ ခုတင် (၁၀၀၀) ပြည်သူ့ဆေးရုံကြီးသို့ မတ်လ ၁၆ ရက်နေ့ ညနေ ၄ နာရီ ၅၀ မိနစ်အချိန်၌ ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီးတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မတ်လ ၁၄ ရက်နေ့ ညနေ ၅ နာရီခွဲ အချိန်၌ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ဇလဲ (တောင်) ကျေးရွာနေ ဒေါ်ခင်အေးလွင် (၄၂) နှစ် သည် ၎င်းပိုင်ယာခင်းအတွင်းမှ ကျေးရွာသို့ ခြေလျင်ပြန်လာစဉ် ကျေးရွာဘောလုံးကွင်းအရောက် ၎င်းအနီးသို့ KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီး‌တစ်လုံးကျရောက် ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

NOM
😡13👍53😢3
အီရန် အမျိုးသားလုံခြုံရေးဆိုင်ရာ အဆင့်မြင့်ကောင်စီ​၏ အတွင်းရေးမှူး အလီလာရီဂျာနီ သည် ၎င်း၏သားဖြစ်သူ (ဒုတိယအရာရှိတစ်ဦး) နှင့် သက်တော်စောင့်အဖွဲ့ဝင်အချို့နှင့်အတူ ပါဒစ်ဧရိယာရှိ ၎င်း၏သမီးဖြစ်သူ နေအိမ်၌ ရှိနေစဉ် အမေရိကန်နှင့် ဇီယွန်ဝါဒီအစိုးရ၏ တိုက်လေယာဉ်များဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခြင်းခံရပြီး ကျဆုံးသွားခဲ့သည်။

အီရန်နိုင်ငံ၏ အုပ်ချုပ်ရေးနှင့် ကွပ်ကဲမှု ယန္တရားမှာမူ စိုးရိမ်ရသည့် အခြေအနေတွင် မရှိဘဲ
အရေးကြီးပြီး အမိန့်ပေးကွပ်ကဲရသည့် ရာထူးနေရာများအတွက် အဆင့်ဆင့်သော အစားထိုး အရာရှိများနှင့် ဒုတိယအရာရှိများကို ကြိုတင်ပြင်ဆင်ထားရှိပြီး ဖြစ်သောကြောင့် အကြပ်အတည်းကာလများတွင် လုပ်ငန်းတာဝန်များကို ချက်ချင်း ဆက်လက်ထမ်းဆောင်နိုင်မည် ဖြစ်သည်။

ပုံ- အလီလာရီဂျာနီ (ဘယ်ဘက်အစွန်)

NOM
👍254😢3🕊2
အီရန် အမျိုးသားလုံခြုံရေးဆိုင်ရာ အဆင့်မြင့်ကောင်စီ​၏ အတွင်းရေးမှူး အလီလာရီဂျာနီ​၏ ယခင်တင်ခဲ့သည့်ပို့စ်

အမေရိကန်အစိုးရက ၎င်းအား ရှာဖွေဖော်ထုတ်နိုင်သူကို အမေရိကန်ဒေါ်လာ (၁၀) သန်း ဆုကြေးပေးမည်ဟု ကြေညာခဲ့မှုအပေါ် အာဇာနည် အလီလာရီဂျာနီ (Ali Larijani) ၏ တုံ့ပြန်ချက်မှာ -

"ကျွန်ုပ်အဖို့ သေခြင်းတရားဆိုသည်မှာ ပျော်ရွှင်ခြင်းတစ်မျိုးသာဖြစ်ပြီး ဖိနှိပ်သူများနှင့်အတူ ယှဉ်တွဲနေထိုင်ရခြင်းသည်သာ အဆိုးရွားဆုံး ဆင်းရဲဒုက္ခ ဖြစ်ပေသည်။"

NOM
👍334😢2
အစ္စရေးနိုင်ငံ၊ တယ်လ်အဗီးဗ် (Tel Aviv) မြို့ပေါ်ရှိကောင်းကင်ယံတွင်တွေ့ရသည့် အီရန်ကလပ်စတာဒုံးကျည်များ။

NOM
👍22😨32
အစ္စရေးမီဒီယာများ​၏ ဖော်ပြချက်အရ အီရန်ကလပ်စတာဒုံးကျည်များထိမှန်မှုကြောင့် မြို့လယ်ခေါင်တွင် လူထိခိုက်ဒဏ်ရာရမှုများရှိခဲ့ကြောင်းနှင့် အဆောက်အဦးအချို့ ထိမှန်ပျက်စီးမှုများရှိကြောင်းသိရသည်။

NOM
👍214🕊3
အီရန်ကလပ်စတာ ဒုံးကျည်များထိမှန်ပြီးတွေ့ရသည့် အစ္စရေးနိုင်ငံ တဲလ်အဗီးမြို့

NOM
👍22🕊32
အီရန်ကလပ်စတာဒုံးကျည်များကြောင့် အစ္စရေးဒေသတွင်းမှာ ပျက်စီးဆုံးရှုံးမှုတွေ အကြီးအကျယ် ပျံ့နှံ့သွားခဲ့ပါတယ်။

NOM
👍30🕊21
မတ် ၁၈၊ ၂၀၂၆

ရာမတ်ဂန် (Ramat Gan)၊ တဲလ် အဗီး (Tel Aviv)၊ ဘနေးဘရက်ခ် (Bnei Brak) နှင့် ပီတာတစ်ကွာ (Petah Tikva) မြို့များတွင် အီရန်ကလပ်စတာဒုံးကျည်များ ထိမှန်မှုများထပ်မံဖြစ်ပွားခဲ့သည်။

တဲလ်အဗီးမြို့ရှိ အချို့နေရာများတွင် လျှပ်စစ်မီးပြတ်တောက်မှုများရှိခဲ့သည်။

အစ္စရေးမီဒီယာများ၏ အဆိုအရ တဲလ်အဗီးမြို့၊ ရာမတ်ဂန်တွင် လူ ၂ ဦး သေဆုံးခဲ့ကြောင်းသိရသည်။

NOM
👍22🕊32