စက်သုံးဆီအခြေအနေကြောင့် ဆန် အိမ်အရောက်ပို့ဖြန့်ဖြူးရောင်းချသည့်အစီအစဉ် ယာယီရပ်နား
NOM မတ် ၁၇၊ ၂၀၂၆
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) နှင့် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းတို့ ပူးပေါင်းဆောင်ရွက်နေသည့် စားသုံးသူများထံသို့ ဆန်များကို အိမ်အရောက်ပို့စနစ် (Home Delivery) ဖြင့် ဖြန့်ဖြူးရောင်းချသည့် အစီအစဉ်အားယနေ့ (မတ်လ ၁၇ရက်)မှစ၍ ယာယီရပ်နားထားမည်ဖြစ်ကြောင်းမြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) နှင့် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းတို့မှဆန်ဈေးနှုန်းများ တည်ငြိမ်မှန်ကန်စေရေးအတွက် အဆိုပါ Home Delivery စနစ်ဖြင့် စားသုံးသူများထံသို့ ဆန်များကို ရောင်းချပေးခဲ့ရာ ယနေ့အထိ စုစုပေါင်း ဆန်အိတ် ၁၁၆၁ အိတ်ကို ပေးပို့ရောင်းချပြီးဖြစ်ကြောင်း သို့ရာတွင် လက်ရှိကမ္ဘာတစ်ဝှမ်းဖြစ်ပေါ်နေသည့် စက်သုံးဆီအခြေအနေများကြောင့် ဆန်များကို အချိန်နှင့်အညီ အိမ်အရောက်ပို့ဆောင်ရန် အခက်အခဲများ ရှိလာသဖြင့် Home Delivery အစီအစဉ်ကို ယာယီရပ်နားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိငွေပေးသွင်းထားပြီးဖြစ်သည့် စားသုံးသူများနှင့် အမှာစာပေးထားပြီးဖြစ်သည့် စားသုံးသူများထံသို့ ဆန်များကို ဆက်လက်ပေးပို့ ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က အသိပေးထားသည်။

👍11
ကူဝိတ် လေယာဉ်မှူးအဖမ်းခံရ
အမေရိကန် F-15 တိုက်လေယာဉ် သုံးစင်းကို ပစ်ချခဲ့သော ကူဝိတ်လေတပ်၏ F/A-18C Legacy Hornet တိုက်လေယာဉ်မှူးတစ်ဦးအား ရာဇဝတ်မှု၊ ပေါ့လျော့မှုတို့ဖြင့် ဖမ်းဆီးလိုက်သည်။
NOM

👍17😨7😱6❤3
This media is not supported in your browser
VIEW IN TELEGRAM
အိန္ဒိယတွင် အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရန် ကြံစည်မှုနှင့် မြန်မာနိုင်ငံအတွင်းရှိ အကြမ်းဖက်အဖွဲ့များထံဒရုန်းများ တရားမဝင်တင်ပို့နေသည့် ယူကရိန်းနိုင်ငံသား (၆) ဦးနှင့် အမေရိကန်နိုင်ငံသား (၁) ဦးကို NIA ကဖမ်းဆီး
အိန္ဒိယအမျိုးသား စုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) သည် အိန္ဒိယနိုင်ငံအတွင်း အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရန် ကြံစည်မှုဖြင့် နိုင်ငံခြားသား ၇ ဦး (ယူကရိန်းနိုင်ငံသား ၆ ဦးနှင့် အမေရိကန်နိုင်ငံသား ၁ ဦး) ကို ဖမ်းဆီးလိုက်ကြောင်း သိရသည်။
အမေရိကန်နိုင်ငံသားကို ကိုလ်ကတ္တားလေဆိပ်တွင် ဖမ်းဆီးခဲ့ပြီး ယူကရိန်းနိုင်ငံသားများကို လတ်ခနောင်း (Lucknow) နှင့် ဒေလီလေဆိပ်များတွင် အသီးသီး ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
၎င်းတို့သည် အိန္ဒိယနိုင်ငံသို့ တရားဝင်ဗီဇာဖြင့် ဝင်ရောက်လာသော်လည်း ခွင့်ပြုချက်မရှိဘဲ မီဇိုရမ် (Mizoram) ပြည်နယ်သို့ သွားရောက်ခဲ့သည်။
ထိုမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ကာ အိန္ဒိယအစိုးရကို ဆန့်ကျင်တိုက်ခိုက်နေသည့် အကြမ်းဖက်အဖွဲ့များနှင့် တွေ့ဆုံခဲ့သည်ဟု NIA က စွပ်စွဲထားသည်။
ဥရောပမှ ဒရုန်းအမြောက်အမြားကို အိန္ဒိယနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံရှိ အကြမ်းဖက်အဖွဲ့များထံသို့ တရားမဝင် တင်ပို့ပေးနေကြောင်း စုံစမ်းသိရှိရသည်ဟုဆိုသည်။
မြန်မာနိုင်ငံရှိ အကြမ်းဖက်အဖွဲ့အစည်းအချို့သည် အိန္ဒိယအစိုးရက ပိတ်ပင်ထားသော အိန္ဒိယသူပုန်အဖွဲ့များကို လက်နက်ထောက်ပံ့ခြင်းနှင့် သင်တန်းပေးခြင်းများ ပြုလုပ်ရာတွင် ကူညီပေးနေသည်ဟု NIA က ပြောကြားထားသည်။
ဖမ်းဆီးခံရသူများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အမှုဖွင့်ထားပြီး ဒေလီတရားရုံးက ၎င်းတို့အား မတ်လ ၂၇ ရက်နေ့အထိ (၁၁ ရက်ကြာ) ချုပ်မိန့်ပေးထားကာ NIA က ဆက်လက်စစ်ဆေးလျက်ရှိသည်။

👍33❤7😨1
အမှတ် ၃ လမ်းမကြီးတွင် ယာဥ်သုံးစီး တိုက်မိပြီး တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ
NOM မတ် ၁၇၊ ၂၀၂၆
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရုံးမှတ်တိုင် အမှတ် ၃ လမ်းမကြီး Terminal ဆီဆိုင် အနီးတွင် အမှိုက်သယ်လိုက်ထရပ်ယာဉ်နှင့် တက္ကစီယာဥ်တို့ သုံးစီးတိုက်မိခဲ့ရာ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့ကြောင်း လူမှုကူညီကယ်ဆယ်ရေး အသင်းကသိရသည်။
ဖြစ်စဉ်မှာ မတ် ၁၆ ရက်ည ၁၀ နာရီကျော်ကဖြစ်ပွားခဲ့ပြီး အမျိုးသားနှစ်ဦး ဦးခေါင်းပေါက်ပြဲဒဏ်ရာရခဲ့ပြီး အမျိုးသားတစ်ဦးနေရာမှာပင် သေဆုံးခဲ့ကြောင်းသိရသည်။

👍11😢7❤1
မြစ်ကြီးနားမြို့ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး
မတ် ၁၆၊ ၂၀၂၆
တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် နိုင်ငံတော်အစိုးရနှင့်အတူ တစ်ဖက်တစ်လမ်းမှ ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တပ်မတော်ဆေးရုံများ၌ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြည်သူ့စစ်မှုထမ်းများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအပြင် သံဃာတော်များ၊ သာသနာ့ နွယ်ဝင်သီလရှင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများကိုလည်း လက်ခံဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့သို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံ တိုင်းရင်းသားပြည်သူများအား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုကြသည်။
ဦးစွာ တိုင်းမှူးနှင့်တာဝန်ရှိသူများက ဆေးရုံတက်လူနာတစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါး ကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှု အခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေး စကားပြောကြားပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ကြသည်။
ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

👍22❤6
အီရန်စစ်ပွဲကိုဆန့်ကျင်သည့်အနေဖြင့် အမေရိကန် အမျိုးသား အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုဌာန ညွှန်ကြားရေးမှူးရာထူးမှ နုတ်ထွက်
ထရမ့်မှ ခန့်အပ်ထားသည့် အမေရိကန်အမျိုးသား အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုဌာန ညွှန်ကြားရေးမှူး ဂျိုးဇက်ကန့် (Joseph Kent) သည် အီရန်အပေါ် ဖန်တီးပြုလုပ်ထားသည့် စစ်ပွဲကို ကန့်ကွက်သည့်အနေဖြင့် ရာထူးမှ နုတ်ထွက်သွားပြီဖြစ်သည်။
"အီရန်တွင် ဖြစ်ပွားနေသော စစ်ပွဲကို ကျွန်ုပ်၏ ကိုယ်ကျင့်တရားအရ ဆက်လက် ထောက်ခံခြင်း မပြုနိုင်ပါ။ အီရန်သည် ကျွန်ုပ်တို့ နိုင်ငံအပေါ် မကြာမီ ကျရောက်တော့မည့် ခြိမ်းခြောက်မှုမျိုး မရှိခဲ့ဘဲ ဤစစ်ပွဲကို အစ္စရေးနှင့် အမေရိကန်ရှိ အင်အားကြီး အစ္စရေးလိုလားသော အုပ်စုများ (Lobby) ၏ ဖိအားပေးမှုကြောင့် စတင်ခဲ့ခြင်းဖြစ်သည်မှာ ရှင်းလင်းနေပါသည်" ဟု ၎င်းက ပြောကြားခဲ့သည်။"

👍32❤10
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေ
(အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဥပဒေအမှတ် ၁၉ / ၂ဝ၂၆) ၁၃၈၇ ခုနှစ်၊
တပေါင်းလပြည့်ကျော် ၁၅ ရက််
(၂ဝ၂၆ ခုနှစ်၊ မတ်လ ၁၇ ရက်)

👍22❤5