News Of Myanmar
13.3K subscribers
22.6K photos
3.22K videos
3 files
6.61K links
Download Telegram
တတိယအကြိမ်ပြည်သူ့လွှတ်တော်ကိုနေပြည်တော်တွင်မတ်လ၁၆ရက်၊ယနေ့စတင်ကျင်းပလျက်ရှိသည်။
👍269❤‍🔥1
This media is not supported in your browser
VIEW IN TELEGRAM
❗️သြစတြေးလျအစိုးရမှ ခိုလှုံခွင့်ပေးထားသော အီရန်အမျိုးသမီးဘောလုံးသမား ၇ ဦးအနက် ၅ ဦးသည် သြစတြေးလျ၏ ဓာတ်ဆီဈေးနှုန်းများ မြင့်တက်လာမှုကို မြင်တွေ့ပြီးနောက် ကမ်းလှမ်းချက်ကို ငြင်းဆိုပြီး အီရန်သို့ ဆန္ဒအလျောက် ပြန်သွားခဲ့ကြသည်။
👍332
အီရန်ဒုံးကျည်ရန်ကြောင့် အမေရိကန်လေယာဉ်တင်သင်္ဘောနှစ်စင်း မူလတပ်စွဲထားရာနေရာများမှ ရွှေ့ပြောင်း

အမေရိကန် လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် အေဘရာဟမ် လင်ကွန်း USS Abraham Lincoln (CVN-72) သည် အီရန်ကမ်းရိုးတန်းမှ ဝေးရာသို့ ရွှေ့ပြောင်းသွားပြီး ယခုအခါ အိုမန်နိုင်ငံ၊ ဆာလာလာမြို့အနီး ကမ်းရိုးတန်းတောင်တန်းများ၏ နောက်ကွယ်တွင် ရောက်ရှိနေသည်။

အဆိုပါ လေယာဉ်တင်သင်္ဘောသည် ယခင်က ကမ်းရိုးတန်းမှ ၃၅၀ ကီလိုမီတာခန့်အကွာတွင် ရှိနေခဲ့သော်လည်း ယခုအခါ အီရန်နှင့် ၁,၁၀၀ ကီလိုမီတာကျော် အကွာအဝေးသို့ ရောက်ရှိသွားပြီဖြစ်သည်။

လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် ဂျရယ်လ် အာရ် ဖော့ဒ် USS Gerald R. Ford (CVN-78) သည်လည်း နေရာပြောင်းရွှေ့ခဲ့ပြီး ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ ဂျက်ဒါ မြို့ကမ်းရိုးတန်းအနီး ပင်လယ်နီတောင်ပိုင်းသို့ ရောက်ရှိနေသည်။

အစောပိုင်းတွင် အမေရိကန်အလယ်ပိုင်းစစ်ဌာနချုပ် (CENTCOM) က လေယာဉ်တင်သင်္ဘောများ အာရေးဗီးယန်းပင်လယ်အတွင်းမှ ဆုတ်ခွာသွားသည်ဆိုသော အီရန်၏ပြောကြားချက်ကို ငြင်းဆိုခဲ့သည်။

သို့သော်လည်း အများပြည်သူကြည့်ရှုနိုင်သည့် (Open-source) ဂြိုဟ်တုဓာတ်ပုံများအရ လေယာဉ်တင်သင်္ဘောနှစ်စင်းလုံးသည် နေရာပြောင်းရွှေ့သွားကြပြီး အီရန်ဒုံးကျည်များ၏ လက်လှမ်းမီရာ အကွာအဝေးပြင်ပသို့ ရောက်ရှိသွားကြောင်းပြသနေသည်။

NOM
👍297🕊5😱1
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့အားရွေးချယ်ပြီး

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီအားရွေးချယ်တင်မြှောက်ပြီး ဒုတိယဥက္ကဋ္ဌအဖြစ် ပြန်ကြားရေးပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းအားရွေးချယ်တင်​မြှောက်။
👍3016❤‍🔥1
This media is not supported in your browser
VIEW IN TELEGRAM
ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ဆီလှောင်ကန်သည်ယနေ့နံနက်က အီရန်ဒုံးကျည်ထိမှန်ပြီး မီးလောင်လျက်ရှိသည်။ ထိုဖြစ်ရပ်ကြောင့် ဒူဘိုင်းစတော့အိပ်ချိန်းသည် ၃% တန်ဖိုးလျော့ကျသွားခဲ့သည်။
👍30🕊42
မြန်မာ့လက်ရွှေးစင် အသင်းခေါင်းဆောင် မောင်မောင်လွင် လက်ရွေးစင်အသင်းမှ အနားယူမည်ဟု အသိပေး
NOM၊မတ်၁၆၊၂၀၂၆
မြန်မာ့လက်ရွှေးစင် အသင်းခေါင်းဆောင် မောင်မောင်လွင် သည် လက် ရွေးစင်အသင်းမှ အနားယူရန်ဆုံးဖြတ်လိုက်ကြောင်း ယမန်နေ့ မတ်လ (၁၅)ရက်ကသူ၏ လူမှုကွန်ရက်စာ မျက်နှာမှအသိပေးထား ကြောင်းသိရသည်။

ပြီးခဲ့သည့် မတ်လ (၁၀)ရက်က မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်တစ်ခု ဖြစ်သည့် Yangon United FC နှင့် Yadanar bon FC အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ပွဲ၌ ပထမပိုင်း
ပြီးဆုံး ပြီးနောက် မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင်သည် ပရိတ်သတ်အမျိုးသမီးကြီးတစ်ဦးကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သည့် ဖြစ်စဉ်အပေါ် မြန်မာနေရှင်နယ်လိဂ်ကော်မတီက ပြစ်ဒဏ်ချမှတ်ခဲ့သည်။

"ဒီဆုံးဖြတ်ချက်ကို ကျွန်တော် အလွယ်တကူ ချမှတ်ခဲ့တာ မဟုတ်ပါဘူး။ ညလုံးပေါက် စဉ်းစားပြီးမှ ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရတာပါ။ ဒီလိုဘဝတစ်ခု ရဖို့အတွက် ကျွန်တော့်ဘဝရဲ့ လက်ရှိအသက်ရဲ့ သုံးပုံနှစ်ပုံလောက်ကို ဘောလုံးအတွက် ပြေးလွှား ကြိုးစားခဲ့ရပါတယ်လူမျိုးရေးခွဲခြားစော်ကားမှုတွေ၊ မိဘတွေကိုပါ ကိုင်ဆဲစော်ကားမှုတွေကို
ခံရတဲ့ အချိန်မှာ စိတ်ခံစားချက်တုံ့ပြန်မိခဲ့တာကြောင့် ၆လ ပွဲကစားခွင့်ပိတ်ခံရပါတယ် ဒါကြောင့်အကာအကွယ် မရဘူးလို့ ခံစားရတဲ့အတွက် စိတ်မကောင်းစွာနဲ့မြန်မာ့လက် ရွှေး စင်အသင်းကနေ နားယူဖို့ ဆုံးဖြတ်လိုက်ပါတယ်"ဟု မြန်မာ့လက်ရွှေးစင် အသင်းခေါင်းဆောင် မောင်မောင်လွင်ကသူ၏ လူမှုကွန်ရက်စာ မျက်နှာတွင် အသိပေးထား ကြောင်းသိရသည်။

မောင်မောင်လွင်သည် ၂၀၁၅ ခုနှစ် FIFA ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်အသင်းကို ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး၊ ၂၀၂၂ ခုနှစ်မှစတင်ကာ ထိုင်းလိဂ်-၁ ကလပ်အသင်းဖြစ်သည့် လန်ဖွန်ဝေါရီယာ (Lamphun Warriors) တွင် ပါဝင်ကစားခဲ့သည့်အပြင်လန်ဖန်အသင်းနှင့်လည်းအတူ ထိုင်းလိဂ်-၂ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သဖြင့် နိုင်ငံခြားကလပ်အသင်းတစ်ခုတွင် ဆုဖလားရရှိသည့် ပထမဆုံးသော မြန်မာဘောလုံးသမားအဖြစ် သမိုင်းမှတ်တိုင်စိုက်ထူနိုင်သည့်အပြင်၂၀၂၅ ခုနှစ်တွင် မောင်မောင်သည် ASEAN All-Stars အသင်းအတွက် တစ်ဂိုးတည်းသာ သွင်းယူကာ Manchester United F.C. အသင်းကို ၁-၀ ဖြင့် အနိုင်ရစေခဲ့သည့်သူတစ်ဦးဖြစ်သည်
👍116😨1
This media is not supported in your browser
VIEW IN TELEGRAM
အီရန်ပဲ့ထိန်းဒုံးကျည် အစ္စရေးနိုင်ငံတယ်လ်အဗစ်မြို့ကိုထိမှန်စဉ်
👍30😱6💔3
အစ္စရေးက အရံတပ်အင်အားလေးသိန်းခွဲအထိ ခေါ်ယူပြီးနောက်လက်ဘနွန်နိုင်ငံအတွင်း မြေပြင်ထိုးစစ်စတင်ကြောင်းကြေညာလိုက်သည်။
👍18😨11😱6😡1
အမေရိကန်/အစ္စရေးတို့ရဲ့ အီရန်အပေါ် စစ်ပွဲ ဆင်နွှဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ စွမ်းအင်အကျပ်အတည်းက တောင်အာရှတစ်ဝှမ်း ကိုစတင်ထိခိုက်လာပြီဖြစ်လို့အိန္ဒိယမှာ စားသောက်ဆိုင်တွေက ကြော်ထားတဲ့ အစားအစာတွေကို ရပ်တန့်နေကြပြီး မီးသင်္ဂြိုဟ်ရာနေရာတွေမှာလည်း အလောင်းတွေကို မီးရှို့ဖို့ ဓာတ်ငွေ့တွေ ပြတ်လပ်လာနေတယ်လို့ Financial Times ကဖော်ပြထားပါတယ်။
👍28😢41😡1
အကြမ်းဖက်မိုင်းကြောင့် နောက်ထပ်အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရ

NOM
😢15👍6
ဘီးလင်းမြို့နယ်၊ နတ်ကြီးကျေးရွာတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူနှစ်ဦးဒဏ်ရာရ

NOM မတ် ၁၆၊ ၂၀၂၆

မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ သထုံခရိုင်ပြည်သူ့ဆေးရုံကြီးသို့ မတ်လ ၁၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်အချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသားနှစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၈ နာရီခွဲအချိန်၌ ဘီးလင်းမြို့နယ်၊ နတ်ကြီးကျေးရွာနေ ကိုသန့်ဇော်ဦး (၂၅) နှစ်နှင့် ကိုကံထူး (၂၂) နှစ်တို့သည် ကျေးရွာရှိ ခြံဝင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့နှစ်ဦးတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

NOM
😡13😢6
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် TNLA အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် အပြစ်မဲ့ပြည်သူတစ်ဦး ခြေထောက်ပြတ်ထွက်ဒဏ်ရာရ

NOM မတ် ၁၆၊ ၂၀၂၆

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်ပြည်သူ့ဆေးရုံသို့ မတ်လ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မွန်းလွဲ ၂ နာရီအချိန်၌ နောင်ချိုမြို့နယ်၊ ဉာဏ်တောကျေးရွာနေ ကိုရန်မျိုးအောင် (၂၃) နှစ်သည် နောင်လင်ကျေးရွာအနီးရှိ ကြံစိုက်ခင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် TNLA အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်ခြေထောက်ပြတ်ထွက်ဒဏ်ရာနှင့် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

NOM
😡111
စစ်ကိုင်းမြို့နယ်တွင် မိုင်းပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးဒဏ်ရာရ

NOM မတ် ၁၆၊ ၂၀၂၆

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ မတ်လ ၁၅ ရက်နေ့ ညနေ ၅ နာရီ ၁၀ မိနစ်အချိန်၌ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နေ့လယ် ၁၂ နာရီအချိန်၌ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းကျေးရွာနေ ဦးနိုင်ထွန်း (၄၅) နှစ် သည် မင်းကွန်းကျေးရွာမှ ရွာသာယာကျေးရွာသို့ ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် မင်းကွန်းကျေးရွာ ၏အနောက်တောင်ဘက် ၂ မိုင်ခန့်အကွာအရောက် လမ်းဘေးမှ PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

NOM
😡14
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အဆိုအရ နိုင်ငံအချို့မှ သင်္ဘောများသည် အီရန်အစိုးရ၏ ခွင့်ပြုချက်ဖြင့် ဟော်မုဇ် ရေလက်ကြား ကို ဖြတ်သန်းသွားလာခဲ့ကြကြောင်း အတည်ပြုပြောကြားခဲ့သည်။

မကြာသေးမီက အိန္ဒိယနှင့် တူရကီပိုင် သင်္ဘောအချို့ကို အီရန်အာဏာပိုင်များက ဖြတ်သန်းခွင့်ပြုခဲ့ကြောင်း သတင်းများအရ သိရသည်။

NOM
👍2510😨3
ဖူဂျေရာ (Fujairah) ရှိ လောင်စာဆီ သိုလှောင်ကန်များသည် မီးလောင်ကျွမ်းနေဆဲ ဖြစ်သည်။

အီရန်သည် ပင်မပိုက်လိုင်းအတွက် ထိန်းချုပ်စနစ်များကိုလည်း ဖျက်ဆီးခဲ့သည်။ ထို့ကြောင့် ဆိပ်ကမ်း ၁ နှင့် ၂ တို့သည် လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းသွားပြီဖြစ်သည်။

အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ၏ ADNOC ကုမ္ပဏီသည် ဖူဂျေရာမှတစ်ဆင့် မည်သည့် ရေနံတင်ပို့မှုကိုမျှ လုပ်ဆောင်နိုင်ခြင်း မရှိတော့ပေ။

NOM
👍32😢21💔1
ပြည်သူ့ EV သုံးစွဲမှုမြင့်တက်လာမှုအတွက် သင်တန်းများတိုးချဲ့ဖွင့်လှစ်ပြီး နည်းပညာရှင်များ မြှင့်တင်မွေးထုတ်

မတ် ၁၅၊ ၂၀၂၆

EV Mechanics (၁/၂၀၂၆) သင်တန်းဆင်းပွဲကို ယမန်နေ့‌မွန်းလွဲပိုင်းတွင် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆရာအတတ်သင်ကောလိပ် (ဘယ်လင်း) ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။

သင်တန်းဆင်းပွဲသို့ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ နေပြည်တော်မှ ဗီဒီယိုကွန်ဖရင့်ဖြင့် တက်‌ရောက်သည်။

ဦးစွာ ဒုတိယဝန်ကြီးက ပြည်သူများ၏ လျှပ်စစ်ကား (EV) သုံးစွဲမှုများ သိသာစွာ တစ်ရှိန်ထိုးမြင့်တက်လာပါကြောင်း၊ သို့ဖြစ်ရာ သင်တန်းဆင်းများသည် လျှပ်စစ်ကားကို ဘေးအန္တရာယ်ကင်းရှင်းစွာ သက်တမ်းပြည့်သုံးစွဲနိုင်ကာ အကျိုးကျေးဇူးများကို ရရှိနိုင်စေရေးတို့အတွက် နည်းပညာလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်၊ ယင်းအပြင် ပြည်သူများနှင့် လုပ်ဖော်ကိုင်ဖက်များ၏ လက်ဝယ်အရောက် အသိပညာများကို ဖြန့်ဝေပေးသွားရန်၊ နိုင်ငံ့အကျိုးပြု EV နည်းပညာရှင်များ အမှန်တကယ်ဖြစ်စေရေးအတွက် သင်တန်းမှပို့ချသော နည်းပညာများကို အခြေခံပြီး စဉ်ဆက်မပြတ် လေ့လာသွားရန် လိုအပ်ကြောင်း၊ သင်တန်းတာဝန်ခံများသည် သင်တန်းများကို အရည်အသွေးစံနှုန်းများ ပြည့်မီအောင် စဉ်ဆက်မပြတ် ဖွင့်လှစ်နိုင်ရေး အလေးထားဆောင်ရွက်သွားရန်၊ သင်တန်းနည်းပြများသည် ဖွံ့ဖြိုးမှုနှုန်းမြန်ဆန်နေသော EV နည်းပညာအရွေ့များနှင့် အတူလိုက်ပါနိုင်ရေးအတွက် အစဉ်လေ့လာကြပြီး EV နည်းပညာ စွမ်းရည်များနှင့် လေ့ကျင့်ပြသနိုင်မှုအရည်အသွေးများကို ပုံမှန်ဆန်းစစ်သုံးသပ်ကာ မွမ်းမံသွားကြရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဆရာအတတ်သင်ကောလိပ် (ဘယ်လင်း) ကျောင်းအုပ်ကြီးက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ပြီး သင်တန်းဆင်းတစ်ဦးက သင်တန်းဆင်းများကိုယ်စား သင်တန်းအတွေ့အကြုံများကို ပြောကြားသည်။

၂၀၂၂ ခုနှစ်မှစ၍ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေး လုပ်ငန်းကော်မတီသည်နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၏ အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်) နှင့် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဆရာအတတ်သင်ကောလိပ် (ဘယ်လင်း) တို့တွင်လည်းကောင်း၊ နည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၏ မော်တော်ယာဉ်သုတေသနဌာန (ပြင်ဦးလွင်) တွင်လည်းကောင်း EV နည်းပညာသင်တန်းများကို ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ်တွင် သင်တန်းတစ်မျိုးတည်းကို ဖွင့်လှစ်ကာ သင်တန်းဆင်း ၃၅ ဦးသာ မွေးထုတ်ပေးနိုင်ခဲ့ရာမှ ယမန်နှစ်မှစ၍ EV နည်းပညာသင်တန်းကိုးမျိုးအထိ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီး ယနေ့အထိ သင်တန်းဆင်း ၉၀၀ မွေးထုတ်ပေးနိုင်ပြီဖြစ်ကာ နည်းပညာလိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ ပံ့ပိုးဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြည်သူများနှင့် EV လုပ်ငန်းရှင်များ၏ တက်ရောက်နိုင်မှုနှင့် ဆန္ဒရှိသည့် နည်းပညာတို့အပေါ် မူတည်၍ စိတ်ကြိုက်သင်တန်းများကိုပါ စဉ်ဆက်မပြတ် တိုးချဲ့ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။

NOM
👍213
ကာတာနိုင်ငံက အီရန်အနေဖြင့်တိုက်ခိုက်မှုများ ရပ်တန့်ရန် တိုက်တွန်းထားပြီး မိမိတို့အနေဖြင့် အဆိုပါပဋိပက္ခတွင် ပါဝင်ပတ်သက်ခြင်းမရှိကြောင်းနှင့် သံတမန်နည်းလမ်းအရ ဖြေရှင်းရန် တောင်းဆိုလိုက်သည်။

NOM
👍362