News Of Myanmar
13.1K subscribers
23K photos
3.25K videos
3 files
6.61K links
Download Telegram
သရက်ချောင်းမြို့နယ်၊ စုံစင်ကျေးရွာအား PDF အကြမ်းဖက်အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူသုံးဦး ထိခိုက်ဒဏ်ရာရ

NOM မတ် ၁၅၊ ၂၀၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ပြည်သူ့ဆေးရုံသို့ မတ်လ ၁၂ ရက်နေ့ နံနက် ၇ နာရီ ၁၅ မိနစ်အချိန်၌ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မတ် ၁၁ ရက် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်အချိန်၌ တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ စုံစင်ကျေးရွာသို့ PDF အကြမ်းဖက်သမားများက အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း လက်နက်ကြီးဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါ ကျေးရွာနေသူများဖြစ်ကြသည့် ဦးလွင် (၆၃) နှစ်၊ ဦးသီဟကျော် (၃၀) နှစ်နှင့် မစုမြတ်သူ (၂၄) နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

NOM
😢10👍54
ဂြိုဟ်တုဓာတ်ပုံအရ အစ္စရေးနိုင်ငံ၊ တယ်လ်အဗစ် (Tel Aviv) မြို့ရှိ ဇီယွန်ဝါဒီအစိုးရ စစ်တပ်အရာရှိများ စုဝေးနေသည့် အဆောက်အအုံကို ဒုံးကျည်ဖြင့် တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း တွေ့ရှိရသည် — Fars News သတင်းဌာန

NOM
👍284😡2
🇮🇷🇮🇷- အီရန်သည် 'အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်များနှင့် ကြားဝင်စေ့စပ်ပေးသူများကို ငြင်းပယ်လိုက်သည်' — အီရန် လုံခြုံရေးအရာရှိကြီးတစ်ဦးက အာတီနယူးစ်သတင်းဌာန RT News သို့ ပြောကြားလိုက်သည်။

ရိုက်တာစ် Reuters သတင်းဌာန၏ ဖော်ပြချက်မှာ 'လုံးဝမှားယွင်းနေပြီး လက်တွေ့နှင့် များစွာကွာဟနေသည်'။

NOM
Please open Telegram to view this post
VIEW IN TELEGRAM
👍323🔥3
ကရင်ပြည်နယ်နှင့် ဧရာဝတီတိုင်းတို့မှ နယ်/လုံဝန်ကြီးများကို အစားထိုးခန့်အပ်

မတ် ၁၅၊ ၂၀၂၆

NOM
👍182
မဲထော်သလေးကျေးရွာအနီးမှ တရုတ်နှင့် ရုရှားနိုင်ငံသားများအပါအဝင် ပြည်ပနိုင်ငံသား (၆၉) ဦး ဖမ်းဆီးရမိ

မတ် ၁၅၊ ၂၀၂၆

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မဲထော်သလေးကျေးရွာအနီး၌ တရုတ်နှင့် ရုရှားနိုင်ငံသားများအပါအဝင် ပြည်ပနိုင်ငံသား (၆၉) ဦးကို မတ်လ ၁၅ ရက်နေ့က ထပ်မံဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

မဲထော်သလေးကျေးရွာ၏ အရှေ့ဘက်မီတာ (၆၅၀) ခန့်အကွာ တောအုပ်အတွင်း ပုန်းအောင်းနေသည့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသော တရုတ်နိုင်ငံသား (၆၅) ဦး၊ ဗီယက်နမ်နိုင်ငံသား (၁) ဦး၊ မလေးရှားနိုင်ငံသူ (၁) ဦး၊ ရုရှားနိုင်ငံသူ (၁) ဦး၊ လာအိုနိုင်ငံသူ (၁) ဦးတို့အား ထပ်မံဖမ်းဆီးရမိခဲ့သည်။

၎င်းတို့အား မြဝတီမြို့၌ ထိန်းသိမ်းထားပြီး ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များကလိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများစာရင်းကောက်ယူလျက်ရှိကာ သက်ဆိုင်ရာနိုင်ငံများသို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်လွှဲပြောင်းပေးနိုင်ရေးအတွက်လည်း ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

NOM
👍181
(၈၁) နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတွင် ပါဝင်ချီတက်ကြမည့် စစ်ရေးပြစစ်ကြောင်းများမှအရာရှိ၊ စစ်သည်များ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် နေပြည်တော်ရှိ အထင်ကရနေရာများကို သွားရောက်ဖူးမြော်လေ့လာ

မတ် ၁၅၊ ၂၀၂၆

NOM
27👍13
အီတလီမီဒီယာများ၏ ဖော်ပြချက်အရ ကူဝိတ်နိုင်ငံရှိ အလီ အယ်လ် ဆာလမ် Ali Al Salem လေတပ်အခြေစိုက်စခန်းရှိ လေယာဉ်ရုံကို ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် အမေရိကန်ဒေါ်လာ ၃၀ သန်းမှ ၃၅ သန်းခန့် တန်ဖိုးရှိသော အီတလီပိုင် MQ-9A ပရက်ဒီတာ Predator ကင်းထောက်ဒရုန်းတစ်စင်း ပျက်စီးသွားကြောင်း သိရသည်။

NOM
👍309🔥1
မြိတ်၊ ဖြူး၊ ထီးချိုင့်နှင့် ဖလမ်းတွင် အကြမ်းဖက်သမားများ​၏ ပစ်ခတ်မှုကြောင့် သံဃာတော်အပါအဝင် အရပ်သား ၅ ဦးဒဏ်ရာရ

NOM
😡192
This media is not supported in your browser
VIEW IN TELEGRAM
ဒူဘိုင်းနိုင်ငံတကာလေဆိပ်အား အသေခံဒရုန်းများဖြင့် တိုက်ခိုက်ခံရပြီးနောက် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

အာရပ်စော်ဘွားများပြည်ထောင်စု (UAE) အစိုးရက "လောင်စာဆီကန်တစ်ခု ထိမှန်သွားခဲ့ပြီး လက်ရှိတွင် ဒူဘိုင်းမြို့ပြကာကွယ်ရေးအဖွဲ့များက မီးငြှိမ်းသတ်နိုင်ရန် လုပ်ဆောင်နေကြသည်" ဟု ထုတ်ပြန်ထားသည်။

NOM
👍297😨1
အကြမ်းဖက်အဖွဲ့များ​၏ ရက်စက်ကြမ်းကြုတ်မှု ဆက်လက်ဖြစ်ပေါ်နေ အပြစ်မဲ့ပြည်သူများ ထပ်မံသေဆုံးဒဏ်ရာရ

NOM
👍15😢81
အီရန်နိုင်ငံ၊ ဟာမဒန်ရှိ ပညာရေးနှင့် ယဉ်ကျေးမှု စင်တာ အား အမေရိကန်/အစ္စရေးတို့က ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့သည်။

NOM
😢24👍62😱2🕊2
ထီးချိုင့်မြို့နယ်၊ ဇီးကုန်းကျေးရွာရှိ ဘုန်းကြီးကျောင်းဝင်းအတွင်းသို့ PDF အကြမ်းဖက်အဖွဲ့က ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီးတစ်လုံးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် သာသနာ့အနွယ်ဝင် သံဃာတော်တစ်ပါးနှင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးတို့ ထိခိုက်ဒဏ်ရာရ

NOM မတ် ၁၆၊ ၂၀၂၆

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ မတ်လ ၁၄ ရက်နေ့ နံနက် ၁၁ နာရီ ၅ မိနစ်အချိန်၌ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးနှင့် သံဃာတော်တစ်ပါးတို့ရောက်ရှိနေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အားစိစစ်ခဲ့ရာ မတ်လ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်၌ စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ ဇီးကုန်းကျေးရွာရှိ ဘုန်းကြီးကျောင်းဝင်းအတွင်းသို့ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီးတစ်လုံးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါနေရာအနီးရှိနေသည့် ဇီးကုန်းကျေးရွာနေ မောင်ပြည့်စုံထွန်း (၁၉) နှစ်နှင့် ဇီးကုန်းကျေးရွာဘုန်းကြီးကျောင်းမှ ကိုရင်ဖြစ်သူ အရှင်ဝိလာသဂ္ဂ (၁၅) နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

NOM
😢144😡2👍1