PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် လမ်းဘေးမိုင်းပေါက်ကွဲမှုကြောင့် အပြစ်မဲ့ပြည်သူ ၁၁ ဦးလိုက်ပါလာသည့် အလှူခံယာဉ်ပေါ်မှ အမျိုးသမီးနှစ်ဦးသေဆုံးခဲ့ပြီး အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရ
NOM မတ် ၁၅၊ ၂၀၂၆
မတ်လ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန်၌ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်ရှိ ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံကြီးသို့ မိုင်းစပေါက်ကွဲထိမှန်ဒဏ်ရာများဖြင့် သေဆုံး/ ဒဏ်ရာရရှိသူများရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး ၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၉ နာရီ ၄၀ မိနစ်အချိန်၌ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ဆံတော်ရပ်ကွက်နေ ဦးထွန်းလွင် (၆၃) နှစ်မောင်းနှင်ပြီး ပြည်မြို့နေသူများဖြစ်ကြသည့် ဦးရဲဇော် (၃၅) နှစ်၊ ဒေါ်သိမ့်သိမ့်သူ (၃၂) နှစ်နှင့် မဟန်စုစုစံ (၂၅) နှစ်ပါ၁၁ ဦးတို့လိုက်ပါလာသည့် အလှူခံ မော်တော်ယာဉ်သည် ပြည်မြို့မှ ညောင်ဦးမြို့နယ်၊ လက်ဝဲကျေးရွာဘက်သို့ မောင်းနှင်ထွက်ခွာလာစဉ် လက်ဝဲကျေးရွာအနီးအရောက် လမ်းဘေးမှ PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲခဲ့မှုကြောင့် ယာဉ်ပေါ်ပါလာသူများအနက် ဒေါ်သိမ့်သိမ်သူနှင့် မဟန်စုစုစံတို့တွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးထွန်းလွင်တွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
NOM

👍9😢6😨2😡1
This media is not supported in your browser
VIEW IN TELEGRAM
၎င်းမှာ ထရန့်နှင့် လက်ယာယိမ်းမီဒီယာများက ဝါဒဖြန့်နေသည့် ပြောဆိုချက်များနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။
ဗီဒီယိုထဲက အင်တာဗျူးဖြေကြားသွားသူတွေရဲ့ ပြောစကားများကို ဘာသာပြန်ပေးထားပါတယ်
အမျိုးသား ၁: "မနက်ဖြန် အပစ်အခတ်ရပ်စဲရေးလား? အမှန်အတိုင်းပြောရရင် ကျွန်တော်တော့ အဲဒီလိုမထင်ဘူး။"
အမျိုးသမီး ၁: "နောက်မနေပါနဲ့! ကျွန်တော်တို့မှာ အပစ်အခတ်ရပ်စဲရေးဆိုတာ မရှိဘူး။"
အမျိုးသမီး ၂: "အပစ်အခတ်ရပ်စဲရေးဆိုတာ မရှိဘူး။ လုံးဝမရှိဘူး။"
အမျိုးသား ၂: "မဟုတ်ဘူး၊ အဲဒီလိုမဟုတ်ပါဘူး။"
အမျိုးသား ၃: "ခင်ဗျား၊ အဲဒီအကြောင်းကို လုံးဝမပြောပါနဲ့။ ကျွန်တော်တို့ရဲ့ ရုပ်အလောင်းတွေတောင် သူတို့ဆီမှာ အရှုံးပေးမှာမဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ အလောင်းတွေတောင် ဒါကိုလက်ခံမှာမဟုတ်ဘူး။ ဘုရားသခင်ကို ထောက်ထားပြီး အဲဒီအကြောင်းကို လုံးဝမပြောပါနဲ့တော့။"
အမျိုးသား ၄: "အကယ်၍ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ချစ်လှစွာသော ခေါင်းဆောင်ကြီးရဲ့ နောက်လိုက်တွေအစစ်အမှန်ဆိုရင်၊ သူဟာ ဒီလိုမျိုး အလျှော့ပေးညှိနှိုင်းမှုတွေကို အမြဲတမ်း ၁၀၀ ရာခိုင်နှုန်း ဆန့်ကျင်နေမှာပါ။"
အမျိုးသား ၅: "အပစ်အခတ်ရပ်စဲရေးဆိုတာ မရှိဘူး။ အစ္စရေးတွေ ပျက်သုဉ်းသွားတဲ့အထိ ကျွန်တော်တို့ တိုက်ပွဲဝင်ပြီး ခုခံသွားမှာပါ။"
အမျိုးသမီး ၃: "လွန်ခဲ့တဲ့ ၆ လကပဲ ဒီအစ္စရေးက ခင်ဗျားတို့ကို တိုက်ခိုက်ခဲ့တာ မဟုတ်ဘူးလား? နောက်ထပ် ၆ လနေရင်ရော သူတို့က ပြန်မတိုက်တော့ဘူးလား? ကျွန်တော်တို့ ခုခံရမယ်၊ Aba Abdillah လိုမျိုးပဲ။ ကျွန်တော်တို့ရဲ့ သွေးတွေမြေကျရမယ်ဆိုရင်တောင် ကျွန်တော်တို့ ခုခံရမယ်။"
အမျိုးသမီး ၄: "အခုလို အခြေအနေတွေကို မြင်နေရပါလျက်နဲ့ ညှိနှိုင်းဆွေးနွေးရမယ်လို့ ပြောတဲ့သူဟာ တကယ့် လူ အ ပဲ။"
အမျိုးသမီး ၂ (ထပ်မံပြောကြားချက်): "ကျွန်တော်တို့ ညှိနှိုင်းဆွေးနွေးမှုတွေအကြောင်း မပြောတော့ဘူး။ ညှိနှိုင်းဆွေးနွေးမှုဆိုတာ မရှိတော့ဘူး။"
အမျိုးသမီး ၅: "ကျွန်မ တော်တော်လေး စိတ်မကောင်းဖြစ်ရပါတယ်။ အဲဒီလို (ညှိနှိုင်းလို့ရမယ်လို့) ထင်နေတဲ့သူတွေအတွက်..."
အမျိုးသား ၆: "ကျွန်တော်တော့ အဲဒီလိုမထင်ဘူး။ ခဏလောက် ထပ်စောင့်ကြည့်လိုက်ပါ၊ သူတို့ရဲ့ခြေလှမ်းတွေ ဒီအထိ ရောက်လာပါလိမ့်မယ်။ 'ဘာကြောင့်လဲ' ဆိုတာ မရှိဘူး! သူတို့က ကျွန်တော့်အဖေကို သတ်ခဲ့တာ! ကျွန်တော့်အဖေကို သတ်ခဲ့တာလေ။ ညှိနှိုင်းရေးစားပွဲမှာ ထိုင်ချင်တဲ့သူမှန်သမျှဟာ အဖေကိုသတ်တဲ့အမှုကို ဘေးဖယ်ထားလိုက်သလိုပဲ။ အဖေကိုသတ်တဲ့သူကို ခင်ဗျား ပြန်သတ်ရမယ်။ အဲဒါ ပြီးသွားပြီ။ တစ်ကမ္ဘာလုံးက တစ်ဖက်၊ ကျွန်တော်က တစ်ဖက်။ ကျွန်တော့်အဖေကို သတ်ခဲ့တာလေ၊ ကျွန်တော် ဘယ်လိုပြောရမလဲ? သွားပြီးတော့ ညှိနှိုင်းမယ်၊ လူသတ်သမားကို ခွင့်လွှတ်မယ်ဆိုတဲ့သူရဲ့ သွေးကို ကျွန်တော် ခွင့်မလွှတ်နိုင်ဘူး။"
အမျိုးသား ၃ (ထပ်မံပြောကြားချက်): "ညှိနှိုင်းဆွေးနွေးမှုဆိုတာ တကယ်တမ်း ဘယ်သူမှ မလိုချင်ကြပါဘူး။ သစ္စာဖောက်တွေပဲ ညှိနှိုင်းချင်ကြတာ။ ဘယ်သူနဲ့ ညှိနှိုင်းမှာလဲ? ခေါင်းဆောင်ကို သတ်တဲ့သူနဲ့လား?"
အမျိုးသား ၁ (ထပ်မံပြောကြားချက်): "ညှိနှိုင်းဆွေးနွေးမှုအကြောင်း ပြောတဲ့သူမှန်သမျှဟာ အရှင်သခင်ကို သစ္စာဖောက်တာပဲ။"
အမျိုးသမီး ၆: "ဘယ်သူမဆို ကျွန်မတို့နိုင်ငံကို သစ္စာဖောက်ချင်တယ်ဆိုရင် သူတို့ကို လက်သည်းနဲ့သွားနဲ့ ဆွဲဆုတ်ပစ်မယ်။ ကျွန်မကိုယ်တိုင် သူတို့ကို တစ်ယောက်ချင်းစီ ရှင်းပစ်မယ်။"
အမျိုးသမီး ၃ (ထပ်မံပြောကြားချက်): "ညှိနှိုင်းဆွေးနွေးမယ်လို့ တစ်ယောက်ယောက်က ပြောလာရင်၊ ကျခဲ့ရတဲ့ ဒီသွေးတွေအားလုံးကို လှောင်ပြုံးပြုံးလိုက်သလို ဖြစ်နေလိမ့်မယ်။ အလျှော့ပေးညှိနှိုင်းသူဟာ ဒီနိုင်ငံအတွက် အသက်ပေးသွားရတဲ့ မိန်းကလေးငယ်တွေနဲ့ အပြစ်မဲ့ပြည်သူတွေရဲ့ သွေးအပေါ်မှာ သစ္စာဖောက်တာပဲ။ အဲဒါကို ရေးထားလိုက်ပါ၊ လက်မှတ်ထိုးထားလိုက်ပါ။"
အမျိုးသမီး ၆ (ထပ်မံပြောကြားချက်): "အီမာမ် ခိုမေနီ Imam Khomeini က အစ္စရေးကို အမြစ်ပြတ်ချေမှုန်းရမယ်လို့ ပြောခဲ့တယ်။ ကျွန်မတို့ ချေမှုန်းရမယ်။"
အမျိုးသား ၆ (ထပ်မံပြောကြားချက်): "အစ္စရေးကို အမြစ်မပြတ်မချင်း ကျွန်တော်တို့ ကောင်းကောင်းအိပ်လို့ရမှာမဟုတ်ဘူး။ အဲဒါ ပြီးသွားပြီ။"
အမျိုးသား ၁ (ထပ်မံပြောကြားချက်): "အခုစတင်နေတဲ့ ဒီကိစ္စကို ကျွန်တော်တို့ကိုယ်တိုင်ပဲ အဆုံးသတ်ရမယ်။ တစ်ခါတည်းနဲ့ အပြီးအပြတ် ရှင်းရမယ်။"
အမျိုးသမီး ၄ (ထပ်မံပြောကြားချက်): "အစ္စရေး ပျက်သုဉ်းသွားတဲ့အထိ။"
အမျိုးသမီး ၅ (ထပ်မံပြောကြားချက်): "အစ္စရေးနဲ့ အမေရိက ပျက်သုဉ်းသွားတာကို မမြင်ရမချင်း ကျွန်မတို့ ဒီမှာ ရှိနေဦးမှာပဲ။"
အမျိုးသား ၇: "အနည်းဆုံးတော့ ပြည်သူတွေရဲ့ စိတ်နှလုံး အေးချမ်းသွားစေဖို့အတွက် သူတို့ရဲ့သွေးတွေ မြေကျရပါလိမ့်မယ်။"
NOM
Please open Telegram to view this post
VIEW IN TELEGRAM
👍24❤4
အစ္စရေး F-15 တိုက်လေယာဉ် အီရန်လေကြောင်းကာကွယ်ရေးစနစ်၏ "ခြုံခိုတိုက်ခိုက်မှု" ခံရ —
ထိမှန်ခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် စခန်းသို့ ပြန်လည်ဆင်းသက်နိုင်ခဲ့
ကြောက်ရွံ့မှုနှင့် အမှားအယွင်းများ မြင့်တက်လာသည်နှင့်အမျှ အစ္စရေးလေသူရဲများ "အာရုံစူးစိုက်မှု လျော့နည်းလာ"
လာမည့်ရက်ပိုင်းအတွင်း အီရန်က ရန်သူ့လေယာဉ်များကို ပစ်ချနိုင်ဖွယ်ရှိ

👍34❤2
နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာတွင် TNLA အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်ပူးပေါင်းအဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး ခြေထောက်ပြတ်ထွက်ဒဏ်ရာရ
NOM မတ်လ ၁၅၊ ၂၀၂၆
မတ်လ ၁၃ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်အချိန်၌ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ မြို့နယ်ပြည်သူ့ဆေးရုံသို့ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီးတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မွန်းလွဲ ၃ နာရီအချိန်၌ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာနေ ဒေါ်ငြိမ်းဆွေ (၅၈) နှစ်သည် ၎င်း၏နေအိမ်ခြံဝင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် TNLA အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ခြေထောက်ပြတ်ထွက်ဒဏ်ရာနှင့် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

😢9👍5😡1
လက်ကိုချည်နှောင်ပြီး လည်ပင်းကိုဖုန်းအားသွင်းကြိုးဖြင့် ပတ်ပြီးသတ်ကာ အိမ်မှကားကိုယူဆောင်သွားမှု ရွှေပြည်သာတွင်ဖြစ်ပွား
NOM မတ် ၁၅၊ ၂၀၂၆
ရွှေပြည်သာမြို့နယ်၊အမှတ် (၉) ရပ်ကွက်၊ ဂရုဏာလမ်း၊ အိမ်အမှတ် (၂၁၆/ခ) တွင် တစ်ဦးတည်းနေထိုင်သော အစိုးရအငြိမ်းစားဝန်ထမ်းတစ်ဦးကိုသတ်၍ အိမ်မှကားကိုလုယူသွားမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
ဖြစ်စဥ်မှာ အဆိုပါနေအိမ်တွင် နေထိုင်သော စက်မှုလယ်ယာအငြိမ်းစားဝန်ထမ်းဦးအောင်သောင်း (၆၈ နှစ်) ထံ တပည့်တစ်ဦးမှ ဖုန်းဆက်ရာမရသဖြင့် တိုက်ကြီးမြို့တွင်နေသော ဦးအောင်သောင်း၏ဇနီးထံဆက်သွယ်ပြီး အိမ်သို့လာကြည့်ကြသည်။
အိမ်မှာသော့ခတ်ထားသဖြင့် ရပ်ကွက်တာဝန်ရှိသူများနှင့် အတူမတ်လ ၁၂ ရက်နေ့တွင် သော့ဖျက်ပြီးဝင်ရာ အိမ်အတွင်းတွင် ဦးအောင်သောင်း၏ လက်နှစ်ဖက်ကိုလက်သမားသုံးပေကြိုးဖြင့် ချည်နှောင်ပြီး လည်ပင်းကို တယ်လီဖုန်းအားသွင်းကြိုးဖြင့် ညှစ်ပြီးသတ်ကာကုတင်အောက်ရှိ သံသေတ္တာအတွင်းအလောင်းအားထည့်ထားသည်ကိုတွေ့ရသည်။
ထို့အပြင်ခြံအတွင်းရပ်ထားသော ဦးအောင်သောင်း၏ BGO 3L/5652 နံပါတ်ပါတိုယိုတာဖစ် ကားမှာလည်းပျောက်ဆုံးနေသည်ကိုစစ်ဆေးတွေ့ရသည်။ ရဲတပ်ဖွဲ့ကလူသတ်ပစ္စည်းလုတရားခံဖမ်းမိရေးစုံစမ်းစစ်ဆေးလျက်ရှိကြောင်းသိရသည်။

😱15😢6❤2😨2
👍17😡3🔥1
ကျောက်ဆည်တွင် အလှူပွဲတစ်ခုလှည့်လည်စဉ် ဆင်တစ်ကောင်ဓါတ်လိုက်သေဆုံးမှုဖြစ်
NOM မတ် ၁၅၊ ၂၀၂၆
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ်၊ လက်ဝဲစုကျေးရွာတွင် အလှူပွဲလှည့်လည်စဉ်ပါဝင်သော ဆင်တစ်ကောင်ဓာတ်လိုက်သေဆုံးခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ မတ်လ ၁၄ ရက်မနက်ပိုင်းက အလှူလှည့်ချိန်၌ ဓါတ်ကြိုးဖြင့်ငြှိပြီး ဆင်ဓါတ်လိုက် သေဆုံးသွားခဲ့ကြောင်း၊ ဆင်ပေါ်လိုက်ပါစီးနင်းလာသော ဆင်ဦးစီး၊ အလှူ့အမနှင့်သမီးတို့လည်း ဆင်လဲကျသွားသဖြင့် ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်းသိရသည်။

😢23👍5❤1
This media is not supported in your browser
VIEW IN TELEGRAM
အမေရိကန်ထောက်လှမ်းရေး CIA က သူ့နောက်ကို လိုက်နေပြီဟု အမေရိကန်နိုင်ငံ၏ သြဇာညောင်းသော ကွန်ဆာဗေးတစ် နိုင်ငံရေး ဝေဖန်သုံးသပ်သူနှင့် သတင်းထောက်တစ်ဦးဖြစ်သူ တပ်ကာ ကားလ်ဆင် (Tucker Carlson) ပြောကြား
စစ်ပွဲမစတင်မီ အီရန်ခေါင်းဆောင်များနှင့် စကားပြောဆိုခဲ့မှုကြောင့် အစိုးရက သူ့အပေါ် ရာဇဝတ်မှုဖြင့် တရားစွဲဆိုရန် ပြင်ဆင်နေကြောင်း တပ်ကာ ကားလ်ဆင် က ကြေညာခဲ့သည်။
"ကျွန်တော်ဟာ ပြည်ပအင်အားစုတစ်ခုရဲ့ သူလျှို (အေးဂျင့်) မဟုတ်ပါဘူး။ အမေရိကန် နိုင်ငံရေးနဲ့ ကမ္ဘာ့ရေးရာတွေကို ဝေဖန်သုံးသပ်နေကြတဲ့ လူအတော်များများနဲ့မတူဘဲ ကျွန်တော့်မှာ သစ္စာစောင့်သိမှု တစ်ခုပဲရှိတယ်။ အဲဒါကတော့ အမေရိကန်ပြည်ထောင်စုပါပဲ" ဟု ၎င်းက ဆိုသည်။

👍20❤3
This media is not supported in your browser
VIEW IN TELEGRAM
MNDAA အကြမ်းဖက်အဖွဲ့က ၎င်းတို့ဖမ်းဆီးရမိသည့် TNLA အကြမ်းဖက်အဖွဲ့မှ စစ်သုံ့ပန်းများကို ရက်စက်စွာသတ်ဖြတ်
NOM
NOM
😢24👍8❤1🗿1
တရားမဝင်သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ လိုင်စင်မဲ့ဆိုင်ကယ်များနှင့် လိုင်စင်မဲ့ယာဉ်များ သိမ်းဆည်းရမိ
နေပြည်တော် မတ် ၁၄
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မတ် ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ဘားအံမြို့နယ် သံလွင်တံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ယာဉ် ငါးစီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁၅၀၀၀၀၀) ကိုလည်းကောင်း၊ ဘားအံမြို့နယ် ထီးဖိုးကလုံး-မြိုင်ကြီးငူ ကားလမ်းဘေးရှိ ဂိုဒေါင်နှစ်လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ၄၆ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၈၂၁၅၅၀၀၀)ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၂၃၆၅၅၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မတ် ၁၀ ရက်တွင် စစ်ကိုင်းမြို့နယ် ရတနာပုံတံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၀၀၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက် ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မတ် ၈ ရက်နှင့် ၉ ရက်တို့တွင် ထားဝယ်မြို့နယ်အတွင်း၌ တရားမဝင်အခြားသစ် ၂ ဒသမ ၃၃၅ တန် (ခန့်မှန်း တန်ဖိုးငွေ ၆၀၇၂၅၆ ကျပ်)ကို သစ်တောဥပဒေအရလည်းကောင်း၊ ထားဝယ်မြို့နယ် ကမြောကင်းတံတားဟောင်း၌ လိုင်စင်မဲ့ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅၀၀၀၀၀)ကို ပို့ကုန်သွင်း ကုန်ဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေ ၇၁၀၇၂၅၆ ကျပ်ကို သိမ်းဆည်းအရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မတ် ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် အုတ်တွင်းမြို့နယ်၊ သာယာဝတီမြို့နယ်၊ မင်းလှမြို့နယ်နှင့် ရွှေတောင်မြို့နယ်တို့အတွင်း၌ လိုင်စင်မဲ့ယာဉ်တစ်စီးနှင့် လိုင်စင်မဲ့ဆိုင်ကယ်သုံးစီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၁၀၀၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ အုတ်တွင်းမြို့နယ်၊ ဒိုက်ဦးမြို့နယ်၊ ညောင်လေးပင်မြို့နယ်နှင့် ကျောက်တံခါးမြို့နယ်တို့အတွင်း၌ တရားမဝင် ကျွန်းသစ် ၁ ဒသမ ၀၂၂ တန်၊ အခြားသစ် ၄ ဒသမ ၂၂၆ တန် (ခန့်မှန်းတန်ဖိုးငွေ ၁၁၄၁၈၈၄ ကျပ်)ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေ ၂၀၂၄၁၈၈၄ ကျပ်ကို သိမ်းဆည်းအရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မတ် ၁၁ ရက်တွင် ကော့သောင်းမြို့နယ် ငွေပင်လယ်ဆိပ်ကမ်း၌ ရေယာဉ်တစ်စင်းပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက် အထားတင်ပြနိုင်ခြင်းမရှိသည့် လျှပ်စစ်ပစ္စည်းခြောက်မျိုး၊ လူသုံးကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေ ၁၁၇၇၀၁၀၇၇ ကျပ်)ကိုလည်းကောင်း၊ သီလဝါဆိပ်ကမ်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၀၂၀၀၀၀)ကိုလည်းကောင်း၊ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လျှပ်စစ်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၈၀၃၈၀၀)ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေ ၂၁၁၅၂၄၈၇၇ ကျပ်ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုတွဲဖွင့်လှစ်ထားရှိသည်။

👍11❤1
မတ် ၈ ရက်၊ ၉ ရက်၊ ၁၀ ရက်၊ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် သိမ်းဆည်းရမိမှု စုစုပေါင်းမှာ အမှုတွဲ ၃၂ မှု (ခန့်မှန်းတန်ဖိုးငွေ ၁၄၇၈၅၂၉၀၁၇ ကျပ်)ကို သိမ်းဆည်းရမိခဲ့သည်။ ထိုကဲ့သို့ တရားမဝင် တင်သွင်းလာမှုများကြောင့် တရားဝင်တင်သွင်းသည့် ကုန်သည်လုပ်ငန်းရှင်များအတွက် စျေးကွက်ယှဉ်ပြိုင်နိုင်မှုစွမ်းအား ကျဆင်းခြင်းနှင့် ထိခိုက်နစ်နာမှုများဖြစ်ပေါ်နိုင်စေပြီး နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာ ဆုံးရှုံးနစ်နာခြင်းများ ဖြစ်ပေါ်စေနိုင်သည်။ သို့ဖြစ်ပါ၍ တရားမဝင် ကုန်စည်တင်သွင်းမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမိုတားဆီးစစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှသိရသည်။
NOM
NOM
👍10
သရက်ချောင်းမြို့နယ်၊ စုံစင်ကျေးရွာအား PDF အကြမ်းဖက်အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူသုံးဦး ထိခိုက်ဒဏ်ရာရ
NOM မတ် ၁၅၊ ၂၀၂၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ပြည်သူ့ဆေးရုံသို့ မတ်လ ၁၂ ရက်နေ့ နံနက် ၇ နာရီ ၁၅ မိနစ်အချိန်၌ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မတ် ၁၁ ရက် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်အချိန်၌ တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ စုံစင်ကျေးရွာသို့ PDF အကြမ်းဖက်သမားများက အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း လက်နက်ကြီးဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါ ကျေးရွာနေသူများဖြစ်ကြသည့် ဦးလွင် (၆၃) နှစ်၊ ဦးသီဟကျော် (၃၀) နှစ်နှင့် မစုမြတ်သူ (၂၄) နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

😢10👍5❤4