News Of Myanmar
13.1K subscribers
23.1K photos
3.25K videos
3 files
6.61K links
Download Telegram
မတ်လ ၁၃ ရက်နေ့၌ ပူတာအိုမြို့နယ်အတွင်း ခိုအောင်းနေသည့် KIA အကြမ်းဖက်အဖွဲ့ကို တပ်မတော်နှင့် ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းများမှ ချေမှုန်းရှင်းလင်းခဲ့ရာ KIA အကြမ်းဖက် အလောင်း ၂ လောင်း၊ သေနတ် ၃ လက်နှင့် ခဲယမ်းများသိမ်းဆည်းရမိခဲ့သည်။

NOM
👍261
This media is not supported in your browser
VIEW IN TELEGRAM
အီရန်ဒုံးကျည် ထိမှန်ခဲ့သည့် နေရာကို ရုပ်သံရိုက်ကူးနေသူများအား အစ္စရေးနယ်ချဲ့ရဲတပ်ဖွဲ့က ပိတ်ပင်တားမြစ်နေသည့် ရုပ်သံဗီဒီယို။

NOM
👍26🔥41
TNLA အကြမ်းဖက်အဖွဲ့က စတင်တိုက်ခိုက်ခဲ့သည့်အတွက် ခုခံရခြင်းသာဖြစ်ဟု MNDAA အကြမ်းဖက်အဖွဲ့က ထုတ်ပြန်

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် တအာင်းအဖွဲ့အစည်း (PSLF/TNLA) သည် မိမိတို့ (MNTJP/MNDAA) ၏ ကွတ်ခိုင်ခရိုင်အုပ်ချုပ်ရေးဌာနအဆင့်ဆင့်တို့အား အကြမ်းဖက်ဝင်ရောက်တိုက်ခိုက်စီးနင်းခြင်း၊ သေနတ်ဖောက်ပြီး ခြိမ်းခြောက်ခြင်း၊ တပ်ဖွဲ့ဝင်များအား ရိုက်နှက်မောင်းနှင်ခြင်းတို့ကြောင့် မိမိတို့၏ အုပ်ချုပ်ရေးဝန်ထမ်းနှင့် တပ်ဖွဲ့ဝင်အမြောက်အများ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် ပစ္စည်းဥစ္စာများစွာလည်း ဆုံးရှုံးခဲ့ရပါသည်။

အရေးအခင်းဖြစ်ပွားပြီးနောက် မိမိတို့အနေဖြင့် တအာင်းအဖွဲ့အစည်းထံသို့ ရှေ့ဆင့်နောက်ဆင့် (၅) ကြိမ်တိုင်တိုင် အကြောင်းကြားစာများ ပေးပို့ခဲ့ပြီး ပြဿနာများကို ညှိနှိုင်းဖြေရှင်းဆောင်ရွက်ခဲ့သော PSLF/TNLA မှ ကွတ်ခိုင်ခရိုင်အား ဖေဖော်ဝါရီလ (၁၃) ရက်နေ့ အရေးအခင်းမဖြစ်ပွားခင် အခြေအနေအတိုင်း ပြန်လည်ဖော်ဆောင်ပေးပြီးမှ တွေ့ဆုံဆွေးနွေးပွဲအား ဆက်လက်ပြုလုပ်ရန် တောင်းဆိုခဲ့သော်လည်း တအာင်းအဖွဲ့အစည်းမှ အဆိုပါ တောင်းဆိုချက်ကို မျက်ကွယ်ပြုပြီး တွေ့ဆုံဆွေးနွေးလိုသော သဘောထားအား လုံးဝဖော်ပြခြင်းမရှိပေ။ မိမိတို့အဖွဲ့အစည်းအနေဖြင့် ပြဿနာများ ကြီးထွားလာနိုင်မှုကို ကြိုတင်ကာကွယ်ရန်အတွက် တပ်ဖွဲ့ဝင်များအား ထိန်းထိန်းသိမ်းသိမ်းဖြင့် နေထိုင်ကြရန် အမြဲညွှန်ကြားခဲ့ပါသည်။ သို့သော် PSLF/TNLA ၏ လုပ်ဆောင်ချက်မှာ ပိုမိုပြင်းထန်လာပြီး ဖေဖော်ဝါရီလ (၁၇) ရက်နေ့တွင် မိမိတို့၏ သိန္နီခရိုင်အတွင်းသို့ တပ်ဖွဲ့များ စေလွှတ်ကာ မိမိတို့၏ ထိန်းချုပ်နယ်မြေအား လုယူသိမ်းပိုက်ရန် ရည်ရွယ်ခဲ့ပါသည်။

PSLF/TNLA သည် မိမိတို့၏ ခရိုင်အုပ်ချုပ်ရေးဌာနများအား အကြမ်းဖက်တိုက်ခိုက်စီးနင်းပြီးနောက် ကွတ်ခိုင်ဒေသတွင် တပ်သားသစ်များ အတင်းအဓမ္မ စုဆောင်းခြင်း၊ တိုင်းရင်းသားအချင်းချင်းကြား အမြင်လွဲမှားမှုများ ဖြစ်ပွားအောင် လှုံ့ဆော်ခြင်း စသည့်လုပ်ဆောင်ချက်ဖြင့် တိုင်းရင်းသားမျိုးနွယ်စုများကြား လူမျိုးရေးပဋိပက္ခများ ပေါ်ပေါက်ပွားအောင် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်ခဲ့ကြပါသည်။ ဖေဖော်ဝါရီလ (၁၃) ရက်နေ့ အရေးအခင်းသည် PSLF/TNLA မှ မိမိတို့အဖွဲ့အစည်းအပေါ်ကို ရည်ရွယ်ချက်ရှိရှိဖြင့် ဝင်ရောက်တိုက်ခိုက်စီးနင်းသော လုပ်ဆောင်ချက်ဖြစ်ပြီး အဆိုပါ လုပ်ဆောင်ချက်ကြောင့် မိမိတို့ခဲခဲရင်းရင်း အစွမ်းကုန် ကြိုးပမ်းဖော်ဆောင်ခဲ့သော နိုင်ငံရေးအခြေအနေများ ပျက်စီးပြိုလဲသွားရသည့်အပြင် နှစ်ဦးနှစ်ဖက်၏ ညီနောင်မဟာမိတ်ဆက်ဆံရေးကိုလည်း လွန်စွာထိခိုက်စေခဲ့ပါသည်။

အရေးအခင်းဖြစ်ပွားပြီး တစ်လကျော်ကာလအတွင်း၌ တအာင်းအဖွဲ့အစည်းအနေဖြင့် ရှေ့နောက်မညီသော အပြောအဆိုနှင့် အပြုအမူများကို ဆက်တိုက်လုပ်ဆောင်ခဲ့ပြီး ပြဿနာကို ဖြေရှင်းလိုသော စိတ်ဆန္ဒလုံးဝမရှိခဲ့ပေ။

၂၀၂၆ ခုနှစ်၊ မတ်လ (၁၄) ရက်နေ့ မြန်မာစံတော်ချိန် နံနက် (၀၉:၃၀) နာရီခန့်တွင် PSLF/TNLA မှ မိမိတို့၏ ပုံမှန်ကင်းလှည့်နေသော တပ်ဖွဲ့ဝင်များအား ကြားဖြတ်တိုက်ခိုက်ခဲ့သောကြောင့် မိမိတို့အနေဖြင့်လည်း မတတ်နိုင်၍ တုံ့ပြန်ခုခံတိုက်ခိုက်ခဲ့သည့်အတွက် ဤဖြစ်စဉ်ကြောင့် ပေါ်ပေါက်လာသည့် နောက်ဆက်တွဲ ပြဿနာအားလုံးကို တအာင်းအဖွဲ့အစည်း (PSLF/TNLA) က အပြည့်အဝ တာဝန်ယူရမည်ဖြစ်ပါသည်။

မိမိတို့အဖွဲ့အစည်းအနေဖြင့် ခဲခဲရင်းရင်း ကြိုးပမ်းဖော်ဆောင်ထားသော နိုင်ငံရေးအခြေအနေအား အလွန်မြတ်နိုးပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် အကျိုးဆောင်နိုင်ရန် အမြဲမျှော်လင့်နေပါသည်။ ထို့အတူ မိမိတို့အနေဖြင့် ညီနောင်မဟာမိတ်ချစ်ကြည်ရေးအား အလွန်အလေးထားပြီး အခြား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် စစ်ရေးပဋိပက္ခများ ဖြစ်ပွားခြင်းကို လုံးဝမလိုလားပေ။ သို့သော် အကြမ်းဖက်တိုက်ခိုက်ခံရခြင်း၊ ဂုဏ်သိက္ခာများ နှိမ်ချခံရခြင်း၊ လူမှုဘဝလုံခြုံသန့်ရှင်းရေးကို ခြိမ်းခြောက်ခံရခြင်း အစရှိသည့် လုပ်ဆောင်ချက်များ ဖြစ်ပေါ်လာပါက မိမိတို့အနေဖြင့်လည်း အစွမ်းကုန် ခုခံကာကွယ်သွားမည်ဟု ထုတ်ပြန်ကြေညာအပ်ပါသည်။
👍206😱2🕊2
မော်တော်ယာဉ်ဝှီးတက်စကင်ဖတ်မရသော်လည်းကညနလိုင်စင်အစစ်ဖြစ်ကဆီရောင်းရန်ညွှန်ကြား

NOM မတ် ၁၄၊ ၂၀၂၆

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် Wheel Tax ၌ပါရှိသည့် QR/Bar Code Scan ဖတ်မရသဖြင့် Error ဖြစ်သောမော်တော်ယာဉ်များ၊ အခက်အခဲဖြစ်ပေါ်နေသော မော်တော်ယာဉ်များအား ကညန (ရန်ကုန်) မှ ယနေ့ရုံးပိတ်ရက်ဖြစ်သော်လည်း မှန်ကန်မှုရှိစေရေး အတွက် အမြန်ဆုံးပြင်ဆင်ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် နောက်ရက်များတွင်လည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာယာဉ်ပိုင်ရှင်များသို့ ဆက်လက်အသိပေး ဆောင်ရွက်သွားရန်နှင့် လတ်တလောစမ်းသပ်ကာလတွင် အဆိုပါယာဉ်များအား ကညန၏ တရားဝင် ယာဉ် (အမှန်) ဖြစ်ပါက သတ်မှတ်ညွှန်ကြားချက်အတိုင်း စက်သုံးဆီရောင်းချပေးသွားရန် ရန်ကုန်တိုင်းဒေသကြီးရေနံထွက်ပစ္စည်းရောင်းချရေးဌာနကညွှန်ကြားထားကြောင်းသိရသည်။

NOM
👍291
အစ္စရေး အရှကီနာဇီ (Ashkenazi) ရဗ္ဗိချုပ် ကွယ်လွန်ကြောင်း သတင်းများထွက်ပေါ်

အီရန်၏ ဒုံးကျည်ဖြင့် တိုက်ခိုက်မှုများအတွင်း အစ္စရေးနိုင်ငံ၏ အဆင့်မြင့် ရဗ္ဗိ (ဘာသာရေးခေါင်းဆောင်) တစ်ဦး သေဆုံးသွားကြောင်း သတင်းများ ထွက်ပေါ်နေသည်။

သေဆုံးသွားသူမှာ အစ္စရေးနိုင်ငံ၏ အရှကီနာဇီ Ashkenazi ရဗ္ဗိချုပ် နှင့် ရဗ္ဗိကောင်စီ ဥက္ကဋ္ဌ ဖြစ်သူ ကယ်လ်မန် မေယာ ဘာ Kalman Meir Ber ဖြစ်သည်ဟု သိရသည်။ ၎င်းသည် ဂါဇာဒေသကို အမြစ်ပြတ်ချေမှုန်းလိုသူတစ်ဦးအဖြစ် လူသိများသူဖြစ်သည်။

Ashkenazi (အရှကီနာဇီ) ဆိုသည်မှာ ဂျူးလူမျိုးနွယ်ဖွားစုကြီးများအနက် အဓိကကျသည့် အစုအဖွဲ့တစ်ခုဖြစ်သည်။

NOM
👍345💔1
This media is not supported in your browser
VIEW IN TELEGRAM
စက်သုံးဆီကိစ္စနှင့်ပတ်သက်၍
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ
သတင်းထုတ်ပြန်ရေးအဖွဲခေါင်းဆောင်
ဗိုလ်ချုပ်ဇော်မင်းထွန်း မှ
ပြည်သူလူထုသိုအသိပေးပြောကြားချက်

(၁၄-၃-၂ဝ၂၆)
👍244
အကြမ်းဖက်အဖွဲ့များ​၏ မိုင်းထောင်မှုများကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးနေ

NOM
👍16😢7😡1
အကြမ်းဖက်အဖွဲ့များ ထောင်ထားသည့် မိုင်းများကြောင့် ဒေသခံပြည်သူများ ထိခိုက်သေဆုံး

မတ်လ ၁၄၊ ၂၀၂၆

NOM
👍12😢7
This media is not supported in your browser
VIEW IN TELEGRAM
စစ်မှုထမ်းဆဲ တပ်မတော်သားများ၊ တပ်မတော်သား မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းများနဲ့ မိသားစုဝင်များ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ တပ်မတော်ကို ချစ်ခင်ကြသူများ၊ နိုင်ငံသူနိုင်ငံသားအားလုံးသို့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြားသည့် သတင်းစကား

မတ် ၁၄၊ ၂၀၂၆

NOM
👍211
စက်သုံးဆီအရောင်းဆိုင်များတွင် Barcode/ QR Code များအသုံးပြုမှု အခြေအနေနှင့် နိုင်ငံတကာနှင့်ပြည်တွင်းဈေးနှုန်းနှိုင်းယှဉ်ချက်အား အသိပေးထုတ်ပြန်ခြင်း

မတ် ၁၄၊ ၂၀၂၆
👍182
ဇေကမ္ဘာစက်မှုဇုန်(၁၀)လမ်းတွင် မီးလောင်မှုဖြစ်ပွား
NOM၊မတ်၁၄၊၂၀၂၆
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာစက်မှုဇုန်(၁၀) လမ်းတွင်မတ်လ၁၄ရက် ည၈နာရီ ၁၈မိနစ်က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနက သိရသည်။
အဆိုပါမီးလောင်မှုဖြစ်ပွါးရသည့်အကြောင်းအရင်းနှင့်ပျက်စီး ဆုံးရှုံးမှုအခြေအနေကို မီးသတ်ဦးစီးဌာနက စိစစ်တွက်ချက် စုံစမ်းနေဆဲလို့ သိရသည်။
ယင်းမီးလောင်မှုကို Level 2အဆင့်ယာဥ်အုပ်စုများ ဖြင့်ထွက်ခွာ မီးငြှိမ်းသတ်ပေးခဲ့ရပြီး မီးလောင်မှုစတင် ဖြစ်ပွားအပြီး ၁နာရီကျော်အကြာတွင်မီးငြိမ်းသွားခဲ့သည်။
👍193😢2
ကူဝိတ်နိုင်ငံရှိ လေဆိပ်မှ ရေဒါစနစ်များကို အီရန်က ဖျက်ဆီးခဲ့ကြောင်း ကူဝိတ်မြို့ပြလေကြောင်းဌာနက အတည်ပြုလိုက်သည်။

အဆိုပါ ရေဒါများကို အမေရိကန်စစ်တပ်က အသုံးပြုနေခြင်းဖြစ်သည်။

NOM
👍34
This media is not supported in your browser
VIEW IN TELEGRAM
အီရန်နိုင်ငံ၊ ဟာမဒန် (Hamadan) ပြည်နယ်၊ ဘူအလီ (Bu Ali) မြို့ရှိ ဆေးဝါးနှင့် ကလေးနို့မှုန့် သိုလှောင်ရုံအား အမေရိကန်-ဇီယွန်ဝါဒီတို့၏ ဒုံးကျည်ဖြင့် တိုက်ခိုက်မှုအပြီးတွင် အဆိုပါ ဆေးဝါးသိုလှောင်ရုံမှာ ကြီးမားသော ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

NOM
👍16😡4😢3❤‍🔥1
ကိုယ်ပိုင်ယာဉ်များနှင့် ခရီးထွက်မည့်သူများအတွက်

ခရီးဝေးသွားလာသော ကိုယ်ပိုင်ယာဉ်များအနေနဲ့ စက်သုံးဆီဖြည့်ရန် လိုအပ်ပါက Scan ထပ်မံဖတ်ရန်မလိုဘဲ အဲဒီရက်အတွက် စက်သုံးဆီ ဝယ်ယူထားတဲ့ ငွေရှင်းပြေစာကို ပြသ၍ အဝေးပြေးလမ်းမကြီးများရှိ စက်သုံးဆီဆိုင်များနဲ့ မိုင် ၁၀၀ အထက် မြို့များရှိ စက်သုံးဆီဆိုင်များတွင် ထပ်မံ ဝယ်ယူနိုင်ပါကြောင်း ထုတ်ပြန်ထားပါတယ်။

NOM
👍314