News Of Myanmar
13.3K subscribers
22.6K photos
3.21K videos
3 files
6.61K links
Download Telegram
တပ်မတော်စစ်ကြောင်းများက NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် တကောင်းမြို့အား ပြန်လည်သိမ်းပိုက်ထိန်းချုပ်၊
မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

မတ် ၁၂၊ ၂၀၂၆

NOM
👍162
AA အကျဉ်းစခန်းကို စစ်တပ်ဗုံးကြဲသည်ဟု ခေါင်းစဉ်တပ်၍ စစ်သုံ့ပန်း ၁၁၆ ဦးကို အရှင်လတ်လတ် မီးရှို့သတ်မှုအား ဖုံးကွယ်ရန်အတွက် လူမှုကွန်ရက်တွင် နည်းလမ်းမျိုးစုံဖြင့် ဝါဒဖြန့်ဝေလျက်ရှိ

မတ် ၁၂၊ ၂၀၂၆

NOM
👍18😡6
This media is not supported in your browser
VIEW IN TELEGRAM
အီရန်အဓိပတိခေါင်းဆောင်သစ်၏ ပထမဆုံး ထုတ်ပြန်ချက်နှင့်အတူ '၄၂ ကြိမ်မြောက် ဒုံးကျည်လှိုင်း' ဖြင့် အီရန်က စစ်ဆင်ရေးစတင်

"ခါမေနီအတွက် အသင့်ရှိနေပါသည် (Labbayk Khamenei)" — အီရန်နိုင်ငံ၏ အဓိပတိခေါင်းဆောင်သစ်၏ ပထမဆုံး မိန့်ခွန်းထုတ်ပြန်ချက်နှင့်အတူ တစ်ပြိုင်နက်တည်းမှာပင် အီရန်သည် ၄၂ ကြိမ်မြောက် ဒုံးကျည်လှိုင်းဖြင့် စတင်တိုက်ခိုက်လိုက်ပြီ ဖြစ်သည်။

"ဤစစ်ဆင်ရေးကို အဖျက်စွမ်းအားပြင်း ဒုံးကျည်များနှင့် တိုက်ခိုက်ရေး ဒရုန်းများ အသုံးပြုကာ အစ္စရေးနိုင်ငံ တယ်လ်အဗစ်မြို့လယ်ခေါင်နှင့် အကြမ်းဖက် အမေရိကန်တပ်ဖွဲ့များ၏ အခြေစိုက်စခန်းများကို ပစ်မှတ်ထား ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။"

NOM
👍314🕊3😡2
မြိတ်မြို့နယ်၊ တပ်တောင်ကျေးရွာတွင် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့ကသတ်ဖြတ်

NOM မတ်လ ၁၂၊ ၂၀၂၆

မတ်လ ၁၀ ရက်နေ့၊ နံနက် ၈ နာရီ ၂၀ မိနစ်အချိန်၌ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ တပ်တောင်ကျေးရွာတွင် သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံးသွားကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မတ်လ ၉ ရက်နေ့ နံနက် ၈ နာရီအချိန်၌ အဆိုပါကျေးရွာနေ ဦးရဲနိုင် (၄၂) နှစ်သည် ၎င်း၏နေအိမ်တွင် ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့ ရောက်လာပြီး ရွာလမ်းမပေါ်သို့ ဖမ်းဆီးခေါ်ဆောင်ကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

NOM
😡11👍31😢1
🤔 အမေရိကန် လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် ဂျရယ်လ် အာရ် ဖော့ဒ် USS Gerald R. Ford တွင် မီးလောင်မှုဖြစ်ပွား

အမေရိကန် လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် ဂျရယ်လ် အာရ် ဖော့ဒ် USS Gerald R. Ford ပေါ်တွင် မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း အမေရိကန်အစိုးရက ထုတ်ပြန်ထားပြီး ယင်းဖြစ်ရပ်သည် တိုက်ခိုက်ခံရမှုနှင့် သက်ဆိုင်ခြင်းမရှိဟု အခိုင်အမာ ပြောကြားထားသည်။

အဆိုပါ မီးလောင်မှုကြောင့် အမေရိကန် ရေတပ်စစ်သည် (၂) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။

NOM
👍15❤‍🔥7😨31🔥1
တောင်တွင်းကြီးမြို့နယ်၊ စည်သာကြီးကျေးရွာနေ အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်သမားများက ဒလန် ဟု စွပ်စွဲသတ်ဖြတ်

NOM မတ်လ ၁၂၊ ၂၀၂၆

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ စည်သာကြီးကျေးရွာနေ ဦးအောင်မျိုးထွန်း (၄၀) နှစ်သည် မတ်လ ၁၀ မတ်လ ၁၀ ရက်နေ့ နံနက် ၅ နာရီခွဲအချိန်၌ ကျေးရွာ၏ အရှေ့ဘက် ၁ မိုင်ခန့်အကွာရှိ ပဲခင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် PDF အကြမ်းဖက်အဖွဲ့ဝင်နှစ်ဦးရောက်ရှိလာပြီး "ဒလန်" ဟု စွပ်စွဲပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် သွားခဲ့သဖြင့် ၎င်းတွင်ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။

NOM
😡12😢2
PDF အမည်ခံ အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် အပြစ်မဲ့ ပြည်သူတွေ ထိခိုက်နစ်နာနေရ။
😢17👍31