News Of Myanmar
13.3K subscribers
22.6K photos
3.21K videos
3 files
6.61K links
Download Telegram
အစ္စရေးနိုင်ငံကို အီရန်ကတိုက်ခိုက်မှုကြောင့် ပျက်စီးနေသည့်ပုံများကို ဆိုရှယ်မီဒီယာပေါ်တင်ပါကထောင် ၅ နှစ် ချမည်ဟု အစ္စရေးကကြေညာသည်။

NOM
👍15😱9
"ရင်းနှီးမြှုပ်နှံသူများသည် ၎င်းတို့၏ ငွေကြေးများကို ယူအေအီး (UAE) နိုင်ငံမှ ပြန်လည်ရုပ်သိမ်းနေကြ"

ရာရှစ် ဘင် ဆာအိဒ် Rashid bin Saeed က ၎င်း​၏ X ဆိုရှယ်မီဒီယာအကောင့်တွင် တင်ထားသည့် ပို့စ် -

"ဒူဘိုင်းဘီလျံနာဆီက ကျွန်တော့်ရဲ့ အတွင်းလူတစ်ယောက်နဲ့ ၃ နာရီကြာ ဖုန်းပြောပြီးခါစပဲ ရှိပါသေးတယ်။

အခုလောလောဆယ်တော့ အများကြီး ထုတ်မပြောနိုင်သေးပေမဲ့ မတ်လ ၁၀ ရက်နေ့ဟာ လူသားသမိုင်းမှာ အကြီးမားဆုံး ဓနဥစ္စာ လွှဲပြောင်းမှု (Transfer of Wealth) စတင်မယ့်နေ့ ဖြစ်ပါလိမ့်မယ်။

ဘာတွေဖြစ်တော့မယ်ဆိုတာ လူအများစုဟာ လုံးဝကို မသိကြသေးပါဘူး..."

NOM
👍193😨3
တရုတ်နိုင်ငံက ချက်လုပ်ပြီးဓာတ်ဆီနှင့် ဒီဇယ်ပြည်ပသို့ရောင်းချမှုကို ယနေ့မှစ၍ပိတ်ပင်လိုက်သည်။

NOM
👍25
တောင်ကြီးမြို့၌ Fuel Control System စနစ် အသုံးပြုနည်းသင်တန်း ဖွင့်လှစ်ပို့ချ

မတ် ၁၂၊ ၂၀၂၆

စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိရုံး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)ရုံးမှ Fuel Control System စနစ်အသုံးပြုနည်းသင်တန်းအား တောင်ကြီးမြို့၊ BOCဆီဆိုင်၌ ယမန်နေ့နံနက်ပိုင်းက ဖွင့်လှစ်ပို့ချပေးသည်။

ဦးစွာ ရှမ်းပြည်နယ် ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိ ဦးမင်းမင်းက စက်သုံးဆီများ အလေအလွင့်မရှိအောင် ထိန်းချုပ်နိုင်ရန်နှင့် လိုအပ်သည့်အခါ စက်သုံးဆီများလွယ်ကူလျင်မြန်စွာ ဖြည့်တင်းနိုင်ရန်အတွက် သင်တန်းအား ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် Nanolabs ကုမ္ပဏီမှ ဒါရိုက်တာ စိုးထက်ကျော်က Fuel Control System စနစ်အသုံးပြုနည်းအား အကျယ်တဝံ့ ရှင်းလင်းတင်ပြရာ တက်ရောက်လာသည့် သင်တန်းသား၊ သင်တန်းသူများ၊ လုပ်ငန်းရှင်များက သိရှိလိုသည်များ အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ရှမ်းပြည်နယ် ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိ ဦးမင်းမင်းက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ Fuel Control System စနစ်အား ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် တောင်ကြီးမြို့များရှိ စက်သုံးဆီအရောင်းဆိုင်များ၌ တစ်ပြိုင်နက်စတင်အသုံးပြုသွားမည်ဖြစ်ရာ ယာဉ်အမှတ်များအား စုံ/မ စနစ်အတိုင်း QR စနစ်ဖြင့် ရောင်းချမည့်အစီအစဉ်ကို ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း သိရှိရပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များမှ သင်တန်းသား သင်တန်းသူ (၇၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

NOM
👍205
သဘင်အနုပညာရှင်များ တည်ဆဲဥပဒေနှင့် မညီညွတ်သောဖျော်ဖြေတင်ဆက်မှုများ မဖြစ်ရန် အသိပညာပေး
ဆွေးနွေးပွဲပြုလုပ်မည်
NOM၊မတ်၁၂၊၂၀၂၆
သဘင်အနုပညာရှင်များအား တည်ဆဲဥပဒေများနှင့် မညီညွတ်သော ဖျော်ဖြေတင်ဆက်မှုများ မဖြစ်ပေါ်စေရေး အသိပညာပေးဆွေးနွေးပွဲကိုမတ်လ (၁၄)ရက်တွင် ရန်ကုန်မြို့ ၊ အင်းစိန်ဘူတာရုံလမ်းနှင့် လမ်းသစ်လမ်းထောင့်ရှိ ဗဟိုသဘင်ရုံးတွင် ကျင်းပပြုလုပ်သွားဖြစ်ကြောင်း မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)ကထုတ်ပြန်ကြေညာ
ထားသည်။

အဆိုပါ ကြေညာချက်တွင် သဘင်စင်မြင့်ထက်တွင် ဖျော်ဖြေတင်ဆက်နေကြသော သဘင်အနုပညာရှင်များအနေ ဖြင့် မလိုလားအပ်သော သရုပ်ပျ-က်ဖျော်ဖြေတင်ဆက်မှုများ၊ တည်ဆဲဥပဒေများနှင့် မညီညွတ်သောဖျော်ဖြေတင်ဆက်မှုများ မဖြစ်ပေါ်စေရေးအတွက် အသိပညာပေးလုပ်ငန်းများကို မိမိတို့ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်/ မြို့နယ် သဘင်အစည်းအရုံးများမှတဆင့် ပြန်လည်ဖြန့်ဝေနိုင်ရန်ရည်ရွယ်ချက်ဖြင့် အသိပညာပေးဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

နိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီး/ ပြည်နယ်/ မြို့နယ်သဘင်အစည်း အရုံးများမှ ဥက္ကဌ၊ အတွင်းရေးမှုး၊ ကိုယ်စားလှယ်များ၊ သဘင်တည်ထောင်သူများ၊ မန်နေဂျာများ၊ ပညာရပ်ဆိုင်ရာကော်မတီအသီးသီးမှ ကိုယ်စားလှယ်များနှင့် အခြားစိတ်ပါဝင်စားသူသဘင်အနုပညာရှင်များအား တက်ရောက်ဆွေးနွေးကြရန်လည်း နှိုးဆော်ထားသည်။
👍151
ဘေးတွဲဆိုင်ကယ်မောင်းသူများ စက်သုံးဆီပြင်ပစျေးကွက်မှဝယ်ယူရသဖြင့် စီးနင်းခများတိုးမြှင့်လာ

NOM မတ် ၁၂၊ ၂၀၂၆

လက်ရှိစက်သုံးဆီဝယ်ယူရန်အတွက် ယခင်ကဘေးတွဲဆိုင်ကယ်များကို ဆီဆိုင်အချို့က ရောင်းချပေးသော်လည်း ယခုရောင်းချပေးသည့်ဆိုင်နည်းသွားပြီး ပြင်ပဆီကိုစျေးကြီးပေးပြီး ဝယ်ယူမောင်းနှင်နေရသည့်အတွက် စီးနင်းခများမှာလည်း စျေးတက်သွားကြောင်းသိရသည်။

ယခင်က ဘေးတွဲဆိုင်ကယ်နှင့် ဆိုင်ကယ်များကို မြို့နယ်အချို့ရှိစက်သုံးဆီဆိုင်အချို့တွင် ဆိုင်စျေးနှုန်းများအတိုင်း ရောင်းချပေးခဲ့သော်လည်း ယခုအခါယင်းဆိုင်များက ရောင်းချပေးမှုဆိုင်နည်းလာခြင်း၊ ပေးသည့်ဆိုင်မှာလည်းဘေးတွဲများတန်းဆီရသည့်အတွက် အချိန်ကြားမြင့်စွာ တန်းစီးရသည့်အတွက် ပြင်ပဆီများကိုစျေးကြီးကြီးပေးပြီး ဝယ်ယူနေရကြောင်းသိရသည်။

"အရင်တုန်းကတော့ တစ်လီတာကို၂၆၀၀ ကျပ်နဲ့ ဝယ်ရတယ်။ အဲဒီကနေ အသံတွေမျိုးစုံကြားပြီးကားတွေအများကြီး ဆီဆိုင်တွေမှာ တန်းဆီပြီးထုတ်တဲ့နေ့ကဆိုရင် ဆီစျေးက တစ်လီတာကို ပြင်ပ​စျေး ကျပ် ၅၀၀၀ ထိတက်သွားတယ်။
နောက်ရက်ကျတော့ ပြင်ပဆီစျေး တွေက ကျပ် ၄၅၀၀ နဲ့ ၄၀၀၀ ထိကျဆင်းလာခဲ့ပါတယ်။ အခုတစ်လီတာကို ကျပ် ၃၃၀၀ ဖြစ်ပါတယ်။ အခုလို ဆီစျေးတက်လာတဲ့အတွက် အရင်က အနိမ့်ဆုံးကျပ် ၁၀၀၀ လမ်းကို ကျပ် ၁၅၀၀ ထိတောင်းနေရပါတယ်"ဟု ဘေးတွဲဆိုင်ကယ် မောင်းသူတစ်ဦးကပြောသည်။

လက်ရှိ ဘေးတွဲဆိုင်ကယ်မောင်းသူများမှာ စက်သုံးဆီပြင်ပဝယ်ယူမှု စျေးတက်လာသည့်နှင့်အညီ စီးနင်းခများပါ တက်လာသည့်အတွက် စီးနင်းသူများနည်းလာပြီး တစ်ခါတစ်လေ စီးမယ့်ခရီးသည်မရှိသည့်အတွက် အိမ်စရိတ်ပင်မနည်းရှာနေရကြောင်းသိရသည်။

NOM
👍185👎1🕊1
အင်္ဂပူနှင့် မြန်အောင်မြို့နယ်တွင် အချိန်အခါမဟုတ် လေပြင်းတိုက်ခတ်မှုကြောင့် အဆောက်အဦများပျက်စီးဆုံးရှုံး
                                 
NOM မတ် ၁၂၊ ၂၀၂၆

ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြိုနယ်၊ ခွေးတောက်ချောင်းအုပ်စု၊ နံကပ်ကြီးကျေးရွာတွင် မတ်လ ၁၁ ရက် ညနေ ၆ နာရီခန့်က အချိန်အခါမဟုတ် လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့ရာ လူနေအိမ် ၇ လုံးနှင့် ဂိုထောင်လွတ်တစ်လုံး အမိုးလန်ပျက်စီးသွားခဲ့ကြောင်းသိရသည်။
              
အလားတူ မတ် ၁၁ ရက် ညနေ ၆ နာရီခွဲအချိန်ခန့်တွင် မိုးရွာသွန်ပြီး ရုတ်တရက် လေပြင်းတိုက်ခတ်မှုကြောင့် မြန်အောင်မြို့နယ်၊ သက္ကယ်ကုန်းကျေးရွာအုပ်စု၊ အုန်းနှဲအင်းကျေးရွာတွင် နေအိမ် ၉ လုံး၊ စာသင်ကျောင်း ၃ လုံး၊ ဂိုဒေါင်အလွတ် ၁ လုံး အမိုးလန်/ပြိုကျ ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
                   
အထက်ပါ ဖြစ်စဥ်များကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာခြင်းမရှိကြောင်းနှင့် ဒေသအာဏာပိုင်များက အချိန်နှင့်တပြေးညီ ကယ်ဆယ်ရေးလုပ်ငန်းများ စီစဥ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

NOM
👍13😢61
🇮🇷 - အီရန်လွှတ်တော်ဥက္ကဋ္ဌ ဂါလီဘဖ် Ghalibaf က

"ကျွန်ုပ်တို့သည် ထိန်းချုပ်ကန့်သတ်မှုအားလုံးကို စွန့်လွှတ်ပြီး ပါရှန်ပင်လယ်ကွေ့ကို ကျူးကျော်သူတို့၏ သွေးများဖြင့် စီးဆင်းစေမည်။"

NOM
Please open Telegram to view this post
VIEW IN TELEGRAM
👍304🕊3
This media is not supported in your browser
VIEW IN TELEGRAM
🚨 အီရန်တော်လှန်ရေး အစောင့်တပ် ​IRGC ၏ ရေတပ်က ပစ်လွှတ်လိုက်သည့် ဒုံးကျည်တစ်စင်းသည် အမေရိကန်ရေနံတင်သင်္ဘောကို တိုက်ရိုက်ထိမှန်ပေါက်ကွဲသည့် ရုပ်သံဗီဒီယို။

ဗီဒီယိုထဲက စကားပြောသံတွေကို ဘာသာပြန်ပေးထားပါတယ် 👇

"အလ္လာဟု အက္ကဘာရ် Allahu Akbar!" (ဘုရားသခင်သည် အကြီးမြတ်ဆုံးဖြစ်တော်မူ၏)

"ပါရှန်းပင်လယ်ကွေ့ မြောက်ဘက်ပိုင်းမှာ အမေရိကန် ရေနံတင်သင်္ဘောကို ဖျက်ဆီးလိုက်ပြီ။"

မာရှာအလ္လာဟ် "Mashallah!" (ဘုရားသခင် အလိုတော်အတိုင်းပဲ)

လပ်ဘိုက်ယာ ခါမေနီ "Labbaik ya Khamenei!" (ခါမေနီ၊ ကျွန်ုပ်တို့ အသင့်ရှိနေပါပြီ)

"အီရန် အစ္စလာမ္မစ် သမ္မတနိုင်ငံတော် အဓွန့်ရှည်ပါစေ။"

"အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) ရဲ့ ရေတပ်သားများအား ဂုဏ်ပြုပါတယ်။"

NOM
Please open Telegram to view this post
VIEW IN TELEGRAM
👍277
အမေရိကန်သမ္မတအိမ်ဖြူတော်တွင်အကွဲအပြဲဖြစ်လာ

အိမ်ဖြူတော်အတွင်း သဘောထားကွဲလွဲမှုများ ပိုမိုပြင်းထန်လာနေသည်။ ဒုသမ္မတ ဂျေဒီဗန့်စ်သည် ထရမ့်၏ အသိုင်းအဝိုင်းနှင့် ကွဲကွာသွားခဲ့ပြီး အီရန်စစ်ပွဲမှ သူ့ကိုယ်သူ ခပ်ကင်းကင်းနေခဲ့သည်။ လက်ရှိ အရှေ့အလယ်ပိုင်း စွန့်စားခန်းသည် ထရမ့်၏ သမ္မတသက်တမ်းကို ဖျက်ဆီးရုံသာမက ၂၀၂၈ ခုနှစ်အတွက် ၎င်း၏ မဲဆွယ်စည်းရုံးရေးကိုပါ အန္တရာယ်ဖြစ်စေမည်ဟု ဗန့်စ်ကစိုးရိမ်နေသည်။

ဗန့်စ်သည် ယခုအခါ အလွန်ခက်ခဲသော အလုပ်တစ်ခုကို ရင်ဆိုင်နေရသည်။ ၎င်းမှာ ကွန်ဂရက် ကြားဖြတ်ရွေးကောက်ပွဲများအတွက် ရီပတ်ဘလစ်ကန်များကို ပြင်ဆင်ပေးခြင်းဖြစ်သည်။ ဤရွေးကောက်ပွဲသည် "ရီပတ်ဘလစ်ကန်ပါတီ" အတွက် နာကျင်ဖွယ်ရှုံးနိမ့်မှုတစ်ခုဖြင့် အဆုံးသတ်နိုင်ခြေရှိသည်။ သို့သော် ယခုအခါ ဗန့်စ်တွင် ထွက်ပေါက်ရှိပြီး အိမ်ဖြူတော်ကို အီရန်နှင့် လူကြိုက်မများသော စစ်ပွဲထဲသို့ ဆွဲခေါ်ခဲ့သူများထံ ဆုံးရှုံးမှုအတွက် တာဝန်အားလုံးကို လွှဲပြောင်းပေးနိုင်သည်။

အမေရိကန်များ၏ အမှန်တကယ်ဆုံးရှုံးမှုများနှင့်ပတ်သက်သည့် သတင်းအချက်အလက်များသည် ပင်တဂွန်မှ တဖြည်းဖြည်း ပေါက်ကြားလာပြီး ဒဏ်ရာရရှိသူ ရာပေါင်းများစွာရှိနေပြီဖြစ်သည်။ အမေရိကန်လူမျိုး သုံးပုံနှစ်ပုံ သို့မဟုတ် ထို့ထက်ပိုသောသူများသည် အီရန်နှင့် ပဋိပက္ခကို အပျက်သဘောမြင်ကြသည်။ အမေရိကန်ပြည်ထောင်စုအတွင်း စွမ်းအင်အကျပ်အတည်းသည် မြင့်တက်လာနေသည်။

လောင်စာဆီဈေးနှုန်းများသည် ကယ်လီဖိုးနီးယားတွင် အစဉ်အလာအရ အမြင့်ဆုံးဖြစ်သည်။ သို့သော်လည်း ပြည်နယ်များစွာ ဖြစ်သည့် နီဗားဒါး၊ အရီဇိုးနား၊ မီချီဂန်၊ မိန်းတို့သည်လည်း ထိခိုက်ခံရသည်။ ရီပတ်ဘလစ်ကန် အမာခံဖြစ်သောဖလော်ရီဒါတွင် လောင်စာဆီအကျပ်အတည်းသည် ထင်ရှား လာသည်။ ပြည်နယ်သည် ဥရောပနှင့် အာရှမှ ဓာတ်ဆီအများအပြားကို တင်သွင်းပြီး လက်ရှိအခြေအနေမှာ ဆိုးရွားနေသည်။

အိမ်ဖြူတော်သည် အီရန်နှင့် ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် လျှို့ဝှက်ကြိုးစားနေသော်လည်း မအောင်မြင်ပါ။ ဟော်မုဇ်ရေလက်ကြားတွင် မိုင်းထောင်နေသည်ဟူသော သတင်းများကြားတွင် ထရမ့်၏အဖွဲ့သည် ပိတ်ဆို့မှုကို ချိုးဖျက်ရန် အစီအစဉ်များကိုလည်း စွန့်လွှတ်ခဲ့သည်။ ဖျက်သင်္ဘောများ ဆုံးရှုံးခြင်းသည် ပင်တဂွန်အတွက် ကပ်ဘေးကြီးတစ်ခု ဖြစ်လိမ့်မည်။ ထရမ့်၏ အသိုင်းအဝိုင်းမှ အချို့သည် အီရန်နှင့် ရှုံးနိမ့်ခဲ့သော စစ်ပွဲမှ ဆုတ်ခွာနေပြီဖြစ်သည်မှာ အံ့သြစရာမဟုတ်ပါ။

NOM
👍315💔1
This media is not supported in your browser
VIEW IN TELEGRAM
အမေရိကန်သည် တောင်ကိုးရီးယားတွင် တပ်စွဲထားသော ဒုံးကျည်ကာကွယ်ရေး THAAD စနစ်ခြောက်ခုလုံးကို အရှေ့အလယ်ပိုင်းသို့ ရွှေ့ပြောင်းနေပြီဟု တောင်ကိုးရီးယားသတင်းဌာနကကြေညာသည်။

NOM
👍24😨63🗿1
မန္တလေးတိုင်း၊ တကောင်းမြို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ်ပြီးနောက် နိုင်ငံတော်အလံ ပြန်လည်စိုက်ထူနိုင်ခဲ့သည့် မြင်ကွင်း။

NOM
👍3213