News Of Myanmar
13.3K subscribers
22.7K photos
3.22K videos
3 files
6.61K links
Download Telegram
အီရတ်ကမ်းလွန်တွင် ရေနံတင်သင်္ဘောနှစ်စီး တိုက်ခိုက်ခံရ၍ မီးလောင်ကျွမ်းလျက်ရှိ

ဆာဘာရင်းနယူးစ်သတင်းဌာန​၏ ဖော်ပြချက်အရ အီရတ်နိုင်ငံ၊ အယ်လ်ဖောဆိပ်ကမ်းမှ ၂၂ မိုင်အကွာတွင် ရေနံတင်သင်္ဘောနှစ်စီးတိုက်ခိုက်ခံရရ၍ မီးလောင်ကျွမ်းနေကြောင်းသိရသည်။

NOM
👍27🕊4😡1
ဤပုံရိပ်သည် အစ္စရေးနိုင်ငံတွင် သတင်းအချက်အလက် ထိန်းချုပ်ပိတ်ပင်မှုများ မည်သို့လုပ်ဆောင်သည်ကို ဖော်ထုတ်ပြသနေသည်။

၎င်းတို့၏ တပ်ဖွဲ့ဝင်များ အသတ်ခံရပြီးနောက် ထိခိုက်သေဆုံးမှု အထောက်အထားများကို ဖယ်ရှားရှင်းလင်းရန် ကြိုးပမ်းကြသည်။

ဤနေရာတွင် ဓာတ်ပုံဆရာများနှင့် ဗီဒီယိုရိုက်ကူးသူများအနေဖြင့် နောက်ဆက်တွဲအခြေအနေများကို မှတ်တမ်းမတင်နိုင်စေရန်အတွက် ဇီယွန်ဝါဒီအလောင်းတစ်ခု၏ ဘေးရှိ သွေးကွက်များကို လူတစ်ဦးက လိုက်လံသုတ်သင်နေခြင်း ဖြစ်သည်။

NOM
👍21😨53
တီဟီရန် ရေနံချက်စက်ရုံ သိုလှောင်ကန်များ တိုက်ခိုက်ခံရမှုကို အီရန်က တုံ့ပြန်

ဖားစ် သတင်းဌာနမှ လက်ခံရရှိသော သီးသန့် ဂြိုဟ်တုဓာတ်ပုံများအရ ပါရှန်ပင်လယ်ကွေ့နှင့် ထိစပ်နေသော နိုင်ငံများရှိ အရေးကြီးသော ထောက်ပံ့ရေးစခန်း ၃ ခု တိုက်ရိုက်ထိမှန် ပျက်စီးသွားကြောင်း ပြသနေသည်။

အာရပ်စော်ဘွားများပြည်ထောင်စု ရှိ ဖူဂျေရာ (Fujairah) ရေနံဇုန်နှင့် ရှာဂျာ (Sharjah) စက်မှုဇုန်တို့အပြင်၊ ကူဝိတ်နိုင်ငံရှိ အလီအယ်လ်ဆလမ် (Ali Al-Salem) အခြေစိုက်စခန်းမှ အမေရိကန် စစ်ဘက်ဆိုင်ရာ အဆောက်အအုံများသည် အီရန်တော်လှန်ရေဒအစောင့်တပ်ဖွဲ့ IRGC လေကြောင်းနှင့် အာကာသတပ်ဖွဲ့၏ ပစ်မှတ်ထား တိုက်ခိုက်ခြင်းကို ခံခဲ့ရသည့် နေရာ ၃ ခု ဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုများသည် လွန်ခဲ့သော ၃ ရက်ခန့်က တီဟီရန်ရှိ ရေနံချက်စက်ရုံနှင့် ဂိုဒေါင်များကို အမေရိကန်နှင့် အစ္စရေးတို့က တိုက်ခိုက်ခဲ့မှုအပေါ် တုံ့ပြန်ဆောင်ရွက်ခြင်း ဖြစ်သည်။

ဖူဂျေရာ (Fujairah) ဆိပ်ကမ်းသည် UAE ၏ အရေးပါသော ပင်လယ်ကွေ့ ရေနံသိုလှောင်မှုနှင့် တင်ပို့မှု ဗဟိုချက်ဖြစ်ပြီး ဟော်မုဇ် ရေလက်ကြားကို ရှောင်ကွင်းရန် အနောက်အုပ်စု၏ "အစီအစဉ် ၂" ဟု သတ်မှတ်ထားသော နေရာဖြစ်သည်။

ရှာဂျာ (Sharjah) သည် အရေးပါသော သဘာဝဓာတ်ငွေ့ အချက်အချာနေရာဖြစ်ပြီး UAE ၏ စွမ်းအင်လုံခြုံရေးအတွက် အဓိကကျသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

ကူဝိတ်ရှိ အလီအယ်လ်ဆလမ် (Ali Al-Salem) နယ်မြေသည် ဒေသတွင်းရှိ အမေရိကန်လေတပ်အတွက် အဓိက ထောက်ပံ့ရေးနှင့် လေကြောင်းသယ်ယူပို့ဆောင်ရေးဗဟိုဌာနအဖြစ် ဆောင်ရွက်နေသော မဟာဗျူဟာမြောက် စစ်ဘက်ဆိုင်ရာ လေတပ်စခန်းတစ်ခု ဖြစ်သည်။

NOM
👍272🕊2
This media is not supported in your browser
VIEW IN TELEGRAM
ဘာရိန်းနိုင်ငံ မူဟာရက်ခ်မြို့ရှိ ရေနံသိုလှောင်ရုံများတွင် မီးလောင်ကျွမ်းမှုများ ဆက်လက်ဖြစ်ပွားနေ

ဘာရိန်းနိုင်ငံ၊ မူဟာရက်ခ် (Muharraq) မြို့ရှိ ရေနံသိုလှောင်ရုံများသည် အသေခံဒရုန်းများဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခြင်း ခံခဲ့ရပြီးနောက် နေရာအနှံ့အပြားတွင် မီးလောင်ကျွမ်းမှုများ ဆက်လက်ဖြစ်ပွားနေပါသည်။

NOM
👍243😨3🕊2
'ဇီယွန်ဝါဒီအစိုးရနှင့် အမေရိကန်တို့ မီးမွှေးခဲ့သော' စစ်ပွဲကို အဆုံးသတ်ရန် လိုအပ်ချက်များအပေါ် အီရန်သမ္မတ ပီဇက်ရှ်ကီယန် (Pezeshkian) ၏ ပြောကြားချက်

အီရန်၏ တရားဝင်အခွင့်အရေးများကို အသိအမှတ်ပြုရန်'

စစ်လျော်ကြေးများ (REPARATIONS) ပေးဆောင်ရန်

နောင်တွင် ကျူးကျော်တိုက်ခိုက်မှုများမပြုလုပ်ရန် နိုင်ငံတကာ အာမခံချက်များပေးရန်

အီရန်သမ္မတ မာဆုဒ် ပီဇက်ရှ်ကီယန် (Masoud Pezeshkian) သည် ၎င်း၏ ပြောကြားချက်တွင် ဒေသတွင်း တင်းမာမှုများ လျှော့ချရန်အတွက် အထက်ပါ အချက်များကို အဓိက တောင်းဆိုထားခြင်း ဖြစ်သည်။

NOM
👍3612
This media is not supported in your browser
VIEW IN TELEGRAM
အိုမန်နိုင်ငံ၊ ဆာလာလာ (Salalah) ဆိပ်ကမ်းရှိ ရေနံသိုလှောင်ကန်များကို ဒရုန်းဖြင့် တိုက်ခိုက်သည့် ဖြစ်စဉ်

အိုမန်နိုင်ငံ၊ ဆာလာလာ (Salalah) ဆိပ်ကမ်းရှိ ရေနံသိုလှောင်ကန်များကို အသေခံဒရုန်းတစ်စင်းက အရှိန်ပြင်းစွာဖြင့် ဝင်ရောက်တိုက်မိသည့် ထိတ်လန့်ဖွယ်ရာ အခိုက်အတန့် ဖြစ်ပါသည်။

NOM
👍24🔥42🕊2😡1
This media is not supported in your browser
VIEW IN TELEGRAM
ညအချိန်ရောက်ရှိသည့်တိုင် အိုမန်နိုင်ငံ၊ ဆာလာလာ (Salalah) ဆိပ်ကမ်းရှိ ရေနံသိုလှောင်ကန်များတွင် မီးများ ဆက်လက်လောင်ကျွမ်းနေဆဲ

အိုမန်ပြည်သူ့ကာကွယ်ရေးအာဏာပိုင်အဖွဲ့ (Oman Civil Defense Authority) မှ မီးကို ထိန်းချုပ်နိုင်ရန် (CONTAIN) ကြိုးပမ်းနေပြီး၊ ယင်းမှာ 'အချိန်အတန်ကြာ ပေးရနိုင်သည်' ဟု ဆိုသည်။

NOM
👍23🕊41💔1
ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး မြန်မာ့မီးရထား၏ နေပြည်တော်စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေး

မတ် ၁၁၊ ၂၀၂၆

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးသည် ဒုတိယဝန်ကြီး ဦးအောင်မြိုင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြန်မာ့မီးရထား၏ နေပြည်တော်စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ၌ BatteryElectric Multiple Unit (BEMU)တည်ဆောက်နေမှု၊ဘက်ထရီ လျှပ်စစ်စက်ခေါင်း (Battery Electric Locomotive–BEL) နှင့် ဘက်ထရီတွဲ တည်ဆောက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော် စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံသို့ရောက်ရှိရာ မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက စက်ရုံအတွင်း ဘက်ထရီလျှပ်စစ်ရထားတွဲဆိုင်း (Battery Electric Multiple Unit - BEMU)တည်ဆောက်နေမှု၊ ဘက်ထရီ လျှပ်စစ်စက်ခေါင်းသစ် (Battery Electric Locomotive – BEL)နှင့် ဘက်ထရီတွဲ တည်ဆောက် နေမှုများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက တည်ဆောက်လျက်ရှိသော ဘက်ထရီလျှပ်စစ် ရထားတွဲဆိုင်းများ၊ ဘက်ထရီလျှပ်စစ်စက်ခေါင်းသစ်များနှင့် ဘက်ထရီတွဲများကို အရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးကို တာဝန်ရှိသူများအားလုံးက အထူးကြိုးပမ်းဆောင်ရွက်ရန် မှာကြားသည်။

မြန်မာ့မီးရထားအနေဖြင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုအရ နေပြည်တော်စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေးစက်ရုံတွင် ရန်ကုန်မြို့ပတ်နှင့် ခရီးတိုလမ်းပိုင်းများတွင် အသုံးပြုရန်အတွက် ဘက်ထရီလျှပ်စစ်ရထားတွဲဆိုင်း (BEMU) များကိုလည်းကောင်း၊ ဒီဇယ်လျှပ်စစ်စက်ခေါင်း အသုံးပြုပြေးဆွဲသော လမ်းပိုင်းများတွင် အသုံးပြုရန်အတွက် ဘက်ထရီလျှပ်စစ်စက်ခေါင်းသစ် (BEL)များနှင့် ဘက်ထရီတွဲများကိုလည်းကောင်း တည်ဆောက်လျက်ရှိပြီး စွမ်းအင်ချွေတာသုံးစွဲနိုင်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ခရီးသွားပြည်သူများကို ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုပေးအပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

NOM
👍22
မြန်မာနိုင်ငံတွင် မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားနိုင်ခြေများကို လေ့လာခြင်း သုတေသနအစီရင်ခံစာ အသိပေးတင်ပြခြင်း အခမ်းအနားကျင်းပ

မတ် ၁၁၊ ၂၀၂၆

မြန်မာနိုင်ငံတွင် မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားနိုင်ခြေများကို လေ့လာခြင်း သုတေသနအစီရင်ခံစာ အသိပေးတင်ပြခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန Meeting Hall ၌ ကျင်းပသည်။

အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အချက်အလက်များအရ ကမ္ဘာတစ်ဝန်းတွင် နှလုံးသွေးကြောရောဂါ၊ ဆီးချို သွေးချိုရောဂါ၊ လေဖြတ်လေငန်းရောဂါ၊ ကင်ဆာရောဂါအစရှိသည့် မကူးစက်နိုင်သော ရောဂါများ ကြောင့် နှစ်စဉ် လူဦးရေ ၄၃ သန်းကျော် သေဆုံးနေရပါကြောင်း၊ အဆိုပါသေဆုံးမှုများ၏ ၈၀ ရာခိုင် နှုန်းကျော်သည် ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့် မညီညွတ်သည့် အစားအသောက်များ စားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်း၊ ဆေးလိပ်နှင့် ဆေးရွက်ကြီး ထွက်ပစ္စည်းများသုံးစွဲခြင်း၊ အရက်အလွန်အကျွံ သောက်သုံးခြင်း စသည့် အကြောင်းရင်းများကြောင့် သွေးပေါင်ချိန်တက်ခြင်း၊ သွေးတွင်းအချိုဓာတ်နှင့် အဆီဓာတ်များခြင်း၊ အဝလွန်ခြင်းကဲ့သို့သော ရောဂါဖြစ်ပွားနိုင်ခြေများ မြင့်မားလာစေပါကြောင်း။

ရောဂါဖြစ်ပွားလာပါက ကုသစရိတ်အတွက် နိုင်ငံတော်ဘဏ္ဍာငွေ အမြောက်အမြား ကျခံသုံးစွဲရခြင်း၊ ရောဂါကြောင့် အရွယ်မတိုင်မီ သေဆုံးရခြင်းများကြောင့် လူ့စွမ်းအားအရင်းအမြစ်များ ဆုံးရှုံးပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို များစွာအဟန့်အတားဖြစ်စေပါကြောင်း၊ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအများအပြားတွင် မကူးစက်နိုင်သော ရောဂါများ ဖြစ်ပွားသေဆုံးမှု မြင့်တက်လာ ခြင်းသည် ပြည်သူ့ကျန်းမာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်အတွက် အဓိကစိန်ခေါ်မှုတစ်ရပ် ဖြစ်လာပါကြောင်း၊ ဗဟိုအဆင့် ဆေးရုံကြီးများမှ ကျေးလက်ကျန်းမာရေး ဌာနခွဲများအထိ ရောဂါဖြစ်ပွားမှုကို စောစီးစွာသိရှိ နိုင်ရေးအတွက် ရောဂါစစ်ဆေးပေးခြင်းနှင့် ရောဂါဖြစ်ပွားပါက ထိရောက်သော ကုသမှုပေးခြင်းကို ပြည်သူလူထုတစ်ရပ်လုံး လက်လှမ်းမီနိုင်စေရန်နှင့် ပြည်သူများ စိုက်ထုတ်ကျခံသုံးစွဲရမှု လျော့နည်းစေရေးနိုင်ငံတော်မှ အထူးအလေးထား စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားနိုင်ခြေများကို STEPs Survey နည်းလမ်းဖြင့် လေ့လာခြင်း သုတေသနကို မြန်မာနိုင်ငံတွင် ၂၀၀၃ ခုနှစ်၊ ၂၀၀၉ ခုနှစ်၊ ၂၀၁၄ ခုနှစ်တို့တွင် ဆောင်ရွက်ခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် စတင်၍ ၂၀၂၅ ခုနှစ်တွင် ပြီးစီးခဲ့သည့် သုတေသနအပါအဝင် စုစုပေါင်း လေးကြိမ်ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် သုတေသနရလဒ်များနှင့် နှိုင်းယှဉ်သည့်အခါ သွေးတိုးရောဂါ ဖြစ်ပွားမှုနှင့်ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှုတို့မှာ အနည်းငယ်လျော့ကျလာပြီး ပြည်သူလူထုအတွင်း အခြေခံဆေးဝါးများ ရရှိမှုအခြေအနေ တိုးတက်မြင့်မားလာသည်ကို တွေ့ရှိရသော်လည်း သွေးတွင်းသကြားဓာတ်နှင့် သွေးတွင်းအဆီ ဓာတ်များခြင်း၊ ခန္ဓာကိုယ်အလေး ချိန်များခြင်းကဲ့သို့သော ရောဂါဖြစ်ပွားနိုင်ခြေအများစုသည် ပိုမိုမြင့်တက်လာသည်ကို တွေ့ရှိရပါကြောင်း။

၂၀၃၀ ပြည့်နှစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များနှင့် ပတ်သက်၍ ကျန်းမာရေးကဏ္ဍ အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရမည့် ဖွံ့ဖြိုးမှုပန်းတိုင်များ ပြည့်မီနိုင်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံတွင် လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သည့် အရည်အသွေး ပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုကို သက္ကရာဇ် ၂၀၃၀ တွင် ပြည့်မီရန် ရည်မှန်းထားသည့်အတွက် ဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထုမှ လိုအပ်လျက်ရှိသည့် လူမှုစီးပွားဘဝ ထိခိုက်လာသည်အထိ ကျန်းမာရေးအတွက် ငွေကြေးစိုက်ထုတ်သုံးစွဲရမှု ကုန်ကျစရိတ်များကို ကာကွယ်နိုင်ရန် တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။

အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ် ပါမောက္ခချုပ်၊ စီမံချက်မန်နေဂျာများ၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းတို့မှဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

NOM
👍132
အီရန်နိုင်ငံမီနစ်မြို့ရှိမိန်းကလေးကျောင်းကိုအမေရိကန်ကတွမ်ဟောက်ဒုံးကျည်ဖြင့်ပစ်ခတ်တိုက်ခိုက်သဖြင့်ကျောင်းသူ၁၇၅ဦးသေဆုံးမှုကိုသတင်း ထောက်ကမေးမြန်းရာအမေရိကန်သမ္မတထရမ့်ကငါမသိဘူးဟုဖြေကြားသွားသည်။အမေရိကန်နှင့်ဇီယွန်ဝါဒီအစ္စရေးသည်အရပ်ဖက်ပစ်မှတ်များဖြစ်သောစာသင်ကျောင်းများ၊စွမ်းအင်အဆောက်အအုံများ၊ဆေးရုံများ၊ကြက်ခြေနီရုံးများသာမကဘဏ်များကိုပါညစ်ပတ်စုတ်ပဲ့စွာတိုက်ခိုက်လာသည်။ထို့အပြင်ကမ္ဘာပေါ်တွင်တားမြစ်ထားသောဖော့စဖရပ်မီးလောင်ဗုံးများကိုပါသုံးစွဲတိုက်ခိုက်လျက်ရှိသည်။ဂျူးသူဌေးများကအမေရိကန်လွှတ်တော်အမတ်များကိုငွေဖြင့် ပေါက်ပြီးအိတ်ကပ်အတွင်းထည့်ထားသဖြင့်အမေရိကန်ပြည်တွင်းရေးကိစ္စများတွင်ထရမ့်ကိုဆန့်ကျင်သောအမတ်များကိုယ်တိုင်အီရန်ကိုတိုက်သည့်စစ်ပွဲ တွင်ထရမ့်ကိုအရှက်မရှိထောက်ခံလျက်ရှိသည်။
👍261😡1
This media is not supported in your browser
VIEW IN TELEGRAM
အီရန်၏ ဒုံးကျည်ဖြင့် တိုက်ခိုက်မှုများကြောင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများကို ဖော်ပြနေသော ရုပ်သံမှတ်တမ်းများ ပြန့်နှံ့မှုကို တားဆီးရန်အတွက် အစ္စရေးတပ်ဖွဲ့များသည် အစိုးရနှင့် လုံခြုံရေးဆိုင်ရာ အဆောက်အအုံများအနီးရှိ လမ်းဘေးစောင့်ကြည့်ရေး စီစီတီဗွီကင်မရာများကို လိုက်လံဖျက်ဆီး ဖြုတ်ပစ်နေကြသည်။

NOM
👍27😱3
အီရန်က ရေနံတင်သင်္ဘောများကိုတိုက်ခိုက်နေသဖြင့် အီရတ်ကဆိပ်ကမ်းအားလုံးကိုပိတ်လိုက်သည်။ ရေနံစျေးထပ်တက်ဖွယ်ရာရှိနေသည်။

NOM
👍18😢2
အရန်ရေနံများကို သမိုင်းတင်လောက်သည့် ပမာဏအထိ ထုတ်သုံးနေသော်လည်း ရေနံစျေးနှုန်းမှာ တစ်စည်လျှင် ၁၀၁ ဒေါ်လာအထက်သို့ မြင့်တက်လာ - Al Jazeera

နောက်ဆက်တွဲ အခြေအနေ (၂၀၂၆၊ မတ်လ ၁၂)-
နိုင်ငံတကာ စွမ်းအင်အေဂျင်စီ (IEA) က စျေးနှုန်းတည်ငြိမ်စေရန် အရန်ရေနံစည်ပေါင်း သန်း ၄၀၀ အထိ ထုတ်သုံးမည်ဟု ကြေညာခဲ့သော်လည်း ဟော်မုဇ် ရေလက်ကြား ပိတ်ဆို့မှုနှင့် ဒေသတွင်း တိုက်ခိုက်မှုများကြောင့် ရေနံစျေးနှုန်းမှာ ဆက်လက်မြင့်တက်နေခြင်းဖြစ်သည်။

NOM
👍128😨2
အစ္စရေးနိုင်ငံကို အီရန်ကတိုက်ခိုက်မှုကြောင့် ပျက်စီးနေသည့်ပုံများကို ဆိုရှယ်မီဒီယာပေါ်တင်ပါကထောင် ၅ နှစ် ချမည်ဟု အစ္စရေးကကြေညာသည်။

NOM
👍15😱9
"ရင်းနှီးမြှုပ်နှံသူများသည် ၎င်းတို့၏ ငွေကြေးများကို ယူအေအီး (UAE) နိုင်ငံမှ ပြန်လည်ရုပ်သိမ်းနေကြ"

ရာရှစ် ဘင် ဆာအိဒ် Rashid bin Saeed က ၎င်း​၏ X ဆိုရှယ်မီဒီယာအကောင့်တွင် တင်ထားသည့် ပို့စ် -

"ဒူဘိုင်းဘီလျံနာဆီက ကျွန်တော့်ရဲ့ အတွင်းလူတစ်ယောက်နဲ့ ၃ နာရီကြာ ဖုန်းပြောပြီးခါစပဲ ရှိပါသေးတယ်။

အခုလောလောဆယ်တော့ အများကြီး ထုတ်မပြောနိုင်သေးပေမဲ့ မတ်လ ၁၀ ရက်နေ့ဟာ လူသားသမိုင်းမှာ အကြီးမားဆုံး ဓနဥစ္စာ လွှဲပြောင်းမှု (Transfer of Wealth) စတင်မယ့်နေ့ ဖြစ်ပါလိမ့်မယ်။

ဘာတွေဖြစ်တော့မယ်ဆိုတာ လူအများစုဟာ လုံးဝကို မသိကြသေးပါဘူး..."

NOM
👍193😨3
တရုတ်နိုင်ငံက ချက်လုပ်ပြီးဓာတ်ဆီနှင့် ဒီဇယ်ပြည်ပသို့ရောင်းချမှုကို ယနေ့မှစ၍ပိတ်ပင်လိုက်သည်။

NOM
👍25
တောင်ကြီးမြို့၌ Fuel Control System စနစ် အသုံးပြုနည်းသင်တန်း ဖွင့်လှစ်ပို့ချ

မတ် ၁၂၊ ၂၀၂၆

စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိရုံး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)ရုံးမှ Fuel Control System စနစ်အသုံးပြုနည်းသင်တန်းအား တောင်ကြီးမြို့၊ BOCဆီဆိုင်၌ ယမန်နေ့နံနက်ပိုင်းက ဖွင့်လှစ်ပို့ချပေးသည်။

ဦးစွာ ရှမ်းပြည်နယ် ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိ ဦးမင်းမင်းက စက်သုံးဆီများ အလေအလွင့်မရှိအောင် ထိန်းချုပ်နိုင်ရန်နှင့် လိုအပ်သည့်အခါ စက်သုံးဆီများလွယ်ကူလျင်မြန်စွာ ဖြည့်တင်းနိုင်ရန်အတွက် သင်တန်းအား ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် Nanolabs ကုမ္ပဏီမှ ဒါရိုက်တာ စိုးထက်ကျော်က Fuel Control System စနစ်အသုံးပြုနည်းအား အကျယ်တဝံ့ ရှင်းလင်းတင်ပြရာ တက်ရောက်လာသည့် သင်တန်းသား၊ သင်တန်းသူများ၊ လုပ်ငန်းရှင်များက သိရှိလိုသည်များ အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ရှမ်းပြည်နယ် ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိ ဦးမင်းမင်းက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ Fuel Control System စနစ်အား ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် တောင်ကြီးမြို့များရှိ စက်သုံးဆီအရောင်းဆိုင်များ၌ တစ်ပြိုင်နက်စတင်အသုံးပြုသွားမည်ဖြစ်ရာ ယာဉ်အမှတ်များအား စုံ/မ စနစ်အတိုင်း QR စနစ်ဖြင့် ရောင်းချမည့်အစီအစဉ်ကို ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း သိရှိရပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များမှ သင်တန်းသား သင်တန်းသူ (၇၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

NOM
👍205