News Of Myanmar
13.2K subscribers
22.7K photos
3.22K videos
3 files
6.61K links
Download Telegram
🚨- အီရတ်နိုင်ငံရှိ အမေရိကန်သံတမန်ရေးရာ အဆောက်အအုံတစ်ခု ဒရုန်းဖြင့် တိုက်ခိုက်ခံရကြောင်း သတင်းများ ထွက်ပေါ်လာသည်။

အီရတ်လက်နက်ကိုင်အဖွဲ့များ လွှတ်တင်လိုက်သော ဒရုန်းတစ်စင်းသည် ဘဂ္ဂဒက်လေဆိပ်အနီးရှိ အမေရိကန်သံတမန်များ နေထိုင်ရာ ထောက်ပံ့ပို့ဆောင်ရေး အဆောက်အအုံတစ်ခုကို တိုက်ရိုက်ထိမှန်ခဲ့ကြောင်း ဝါရှင်တန်ပို့စ်သို့ အမေရိကန်လုံခြုံရေးအရာရှိတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။

ယနေ့အစောပိုင်းကလည်း ဘဂ္ဂဒက်လေဆိပ်အနီးရှိ အမေရိကန်၏ Victoria အခြေစိုက်စခန်းကို အီရတ်လက်နက်ကိုင်အဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း အီရတ်သတင်းဌာနများတွင် ဖော်ပြထားသည်။

အကဲခတ်သူများက ယခုသံတမန်အဆောက်အအုံ တိုက်ခိုက်ခံရမှုသည် အဆိုပါစခန်းတိုက်ခိုက်မှုနှင့် ဆက်စပ်နိုင်သည်ဟု ယူဆနေကြသည်။

NOM
Please open Telegram to view this post
VIEW IN TELEGRAM
👍265
🚨🇮🇷- အီရန်၏ ပစ်မှတ်အသစ်များစာရင်းတွင် အမေရိကန် နည်းပညာကုမ္ပဏီကြီးများ ပါဝင်လာ

အီရန်နိုင်ငံ၏ တက်စ်နင် သတင်းဌာနက အစ္စရေးနှင့် ဆက်နွှယ်မှုရှိပြီး စစ်ဘက်ဆိုင်ရာတွင် နည်းပညာများ ပံ့ပိုးပေးနေသည့် အမေရိကန် နည်းပညာကုမ္ပဏီကြီးများ၏ ရုံးခွဲများနှင့် အခြေခံအဆောက်အအုံ စာရင်းကို ထုတ်ပြန်လိုက်ပြီး ၎င်းတို့ကို "အီရန်၏ ပစ်မှတ်အသစ်များ" အဖြစ် ဖော်ပြခဲ့သည်။

ဒေသတွင်းစစ်ပွဲသည် အခြေခံအဆောက်အအုံများကို တိုက်ခိုက်သည့် စစ်ပွဲအသွင်သို့ ကူးပြောင်းလာသည်နှင့်အမျှ အီရန်၏ တရားဝင်တိုက်ခိုက်ခွင့်ရှိသော ပစ်မှတ်များမှာလည်း ပိုမိုကျယ်ပြန့်လာပြီဖြစ်သည် ဟု သတင်းဌာနက ဆိုသည်။

အဆိုပါစာရင်းတွင် ကမ္ဘာကျော် ကုမ္ပဏီကြီးများဖြစ်သည့်

Google,
Microsoft,
Palantir,
IBM,
Nvidia နှင့်
Oracle တို့ ပါဝင်သည်။

ပစ်မှတ်ထားခံရမည့် ရုံးခွဲများနှင့် Cloud ဝန်ဆောင်မှု အခြေခံအဆောက်အအုံများသည် အစ္စရေးနိုင်ငံအတွင်းရှိ မြို့ကြီးများ သာမက ပင်လယ်ကွေ့နိုင်ငံ အချို့တွင်လည်း တည်ရှိနေသည်။

NOM
Please open Telegram to view this post
VIEW IN TELEGRAM
👍363
AA အကြမ်းဖက်အဖွဲ့ရဲ့ လူမဆန်တဲ့ လုပ်ရပ်နှင့် ဝါဒဖြန့်သတင်းက ယုတ္တိရှိရဲ့လား

လေယာဉ်ဗုံးကျတယ်ဆိုပေမယ့် လေယာဉ်ဗုံးကျလို ပေါက်ကွဲထားတဲ့ ပုံစံမျိုး မတွေ့ရပါ-

၁။ ဗုံးကွဲမှုကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်းများ ပျက်စီးထိခိုက်ထားမှု မရှိ

၂။ ဗုံးကွဲမှုကြောင့် ပတ်ဝန်းကျင်အနေအထားတွင် ဗုံးကျင်းနှင့် ဖွာလန်ကျဲနေသည့် မြေအနေအထား မရှိ

၃။ မီးလောင်ကျွမ်းမှုမရှိထားသည့် ရုပ်အလောင်းများမှာလည်း ဗုံးစထိမှန်သေဆုံးသည့် ဒဏ်ရာအနေအထား တစ်ခုမျှ မရှိ

၄။ အနီးပတ်ဝန်းကျင်ရှိ သစ်ပင်များမှာလည်း ဗုံးစထိမှန်ထားသည့် အနေအထားများ မရှိ

-
စသည့်အချက်များကြောင့် AA အကြမ်းဖက်အဖွဲများအနေဖြင့် ဖမ်းစီးရမိထားသည့် သုံးပန်းများအား ရည်ရွယ်ချက်ရှိစွာဖြင့် လူမဆန်စွာ ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ခဲ့ပြီး တပ်မတော်မှ ဗုံးကြဲချေမှုန်းခဲ့ခြင်းဖြစ်တယ် ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ၎င်းတို့ရဲ့ ရက်စက်မှုတွေကို ဖုံးဖိလိုသည့်လုပ်ရပ်ပဲ ဖြစ်ပါတယ်။
-
ဒီလို လူမဆန်တဲ့ AA အကြမ်းဖက်အဖွဲကို ဘာလုပ်သင့်သလဲဆိုတာကတော့ နိုင်ငံတော်တာဝန်ရှိသူတွေနဲ့ တပ်မတော်က တာဝန်ရှိသူတွေအနေနဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက်ချမှတ်ပြီး အကောင်အထည်ဖော်ပါလိမ့်မယ်လို မျှော်လင့်ပါတယ်။

တိုက်ပွဲသတင်းစုံ

NOM
👍22😡122
တရားမဝင် လက်နက် ကိုင်ဆောင်မှုဖြင့် ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် မင်းအုပ်စိုး ဖမ်းဆီးခံရ

NOM မတ်လ ၁၁၊ ၂၀၂၆

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ဘုရားငုတ္တို X–ray ပူးပေါင်းစစ်ဆေးရေး၌ ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် မင်းအုပ်စိုးကို မတ်လ ၉ ရက်နေ့ ၁၀ နာရီခန့်က လက်နက်ဥပဒေဖြင့် ဖမ်းဆီးလိုက်ကြောင်းသိရသည်။

ဖြစ်စဉ်မှာ"ဂိတ်တွင် ပူးပေါင်းအဖွဲ့သည် X-ray ပူးပေါင်းစစ်ဆေးရေးဂိတ်သို့ ဖြတ်သန်းသွားလာသည့် ယာဉ်များအား ရပ်တန့်စစ်ဆေးရှာဖွေစဉ် ဒလမြို့နယ်ဘက်မှ တွံတေးမြို့နယ်ဘက်သို့ ဒလ-တွံတေးကားလမ်းအတိုင်း ယာဉ်မောင်း အောင်နိုင်ထွန်း (ခ) မင်းအုပ်စိုး မောင်းနှင် လာသည့် ယာဉ်အမှတ် YGN-8 7S-.... အနက်ရောင်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် CZ 75D COMPACT 9X19 ပစ္စတို သေနတ် (၁) လက်နှင့် ကျည်ဆံ (၇) တောင့်ပါ ကျည်အိမ်တစ်ခု တပ်လျက်တို့အား ရှာဖွေစစ်ဆေး တွေ့ရှိရ၍ ဖမ်းဆီးအရေးယူဆောင်ရွက်ထားသည်။

မင်းအုပ်စိုးက၄င်း၏ ကာကွယ်ခုခံပိုင်ခွင့် အတွက် ကိုင်ဆောင်ထားခြင်း ဖြစ်ကြောင်း ပြောသော်လည်း လက်နက်ကိုင်ဆောင်ခွင့်အထောက် အထားမပြနိုင်သဖြင့်
ဦးအောင်နိုင်ထွန်း (ခ) မင်းအုပ်စိုးအား လက်နက်ဥပဒေပုဒ်မ ၂၄ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။

NOM
👍14😢81
Forwarded from U Kyaw Soe Oo
သောင်းကျန်းသူ AA က ဖမ်းဆီးခံခဲ့ရတဲ့ တပ်မတော်သားတွေကို သံလှောင်အိမ်ထဲမှာ ခြေကျင်းဒေါက် ခါးဒေါက်ထည့်ပြီး ရက်ရက်စက်စက် မီးရှို့ သတ်ဖြတ်ပစ်လိုက်တယ်။


သံလှောင်အိမ်ထဲထည့်ပြီး ခါးဒေါက် ခြေကျင်းဒေါက်ပါထည့်ပြီး နုတ်ပိတ် သတ်ဖြတ်လိုက်တာ။


နောက်ပြီး ရခိုင်ပြည်နယ် တိုက်ပွဲအတွင်းမှာ ဖမ်းဆီးခံခဲ့ရတဲ့ တပ်မတော်သား မိသားစုဝင်တွေ မှီခိုတွေ ကလေးငယ်တွေကိုပါ ယနေ့အထိ လူသားဒိုင်းအဖြစ် ဖမ်းဆီးထားဆဲပါ။


ဒါက စစ်ပွဲထဲမှ တိုက်ရိုက်၍ သွယ်ဝိုက်၍ မသက်ဆိုင်တဲ့သူတွေကို ဖမ်းဆီးမှုက စစ်ရာဇဝတ်မှု ကျူးလွန်တာပါ။

ကိုယ်ဝန်ဆောင် အမျိုးသမီးရဲ့ ဗိုဒ်ထဲက ကလေးငယ်ပါ ဖမ်းဆီးထားတာ ယနေ့ အထိပါ။

AA အဖွဲ့ နှင့် အပေါင်းအပါ နောက်လိုက်အုပ်စုများကို ရေစာကျွေးရုံမှ လွဲ၍ အခြားမရှိတော့ပါ။
😡367😢7👍2
လွန်ခဲ့သည့် နာရီပိုင်းအတွင်းက အီရန်၏ လမ်းညွှန်စနစ်ပါ ဒရုန်းလှေများ (Guided drone-boats) (သို့မဟုတ်) သင်္ဘောဖျက်ဒုံးကျည်များဖြင့် ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် သင်္ဘော ၃ စီး (ရေနံတင်သင်္ဘော (သို့မဟုတ်) ကုန်တင်သင်္ဘောများ ဖြစ်နိုင်ခြေရှိ) ထိမှန်မှုများ ဖြစ်ပွားခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုများသည် Ras Al Khaimah မှ ရေမိုင် ၂၅ မိုင်၊ အိုမန်မှ ရေမိုင် ၁၁ မိုင် နှင့် ဒူဘိုင်းမှ ရေမိုင် ၅၀ မိုင် အကွာအဝေးများတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း UKMTO ၏ ထုတ်ပြန်ချက်အရ သိရသည်။

NOM
👍282🕊2
စစ်မှုထမ်းတာဝန်ကျေပွန်စွာထမ်းဆောင်ပြီးတဲ့ ပြည်သူ့စစ်မှုထမ်းများအတွက် သတင်းကောင်း။

NOM
👍299
အီရန်ကသတိပေးနေသည့်ကြားမှ ဟော်မုဇ်ရေလက်ကြားကို အတင်းဖြတ်ရန်ကြိုးစားသည့် ထိုင်းကုန်တင်သင်္ဘော အသေခံဒရုန်းလှေစာမိသွား

ယနေ့နံနက်ပိုင်းတွင် အီရန်၏ လမ်းညွှန်စနစ်ပါ အသေခံဒရုန်းလှေဖြင့် တိုက်ခိုက်ခြင်းခံခဲ့ရသော "MAYUREE NAREE Bangkok" ကုန်တင်သင်္ဘော၏ ဓာတ်ပုံများ အွန်လိုင်းတွင် ပျံ့နှံ့လာခဲ့သည်။

အဆိုပါသင်္ဘောသည် ဒူဘိုင်းမြို့မှ ထွက်ခွာလာခြင်းဖြစ်ပြီး ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းခြင်းမပြုရန် အီရန်၏ သတိပေးချက်များကို လျစ်လျူရှုခဲ့ကြောင်းသိရသည်။

သင်္ဘောသားများသည် သင်္ဘောကို စွန့်ခွာသွားခဲ့ကြပြီဖြစ်သည်။

NOM
👍333💔2
အီရန်စစ်ပွဲအတွင်း လက်ရှိအချိန်ထိဒဏ်ရာရသူ ၁၄၀ ဦးရှိကြောင်း အမေရိကန်ကြေညာ

အီရန်နိုင်ငံအပေါ် အမေရိကန်နှင့် ဇီယွန်ဝါဒီအစိုးရတို့၏ ပူးပေါင်းကျူးကျော်မှုအတွင်း ဒဏ်ရာရရှိခဲ့သည့် အမေရိကန်စစ်သည်အရေအတွက်မှာ ၁၄၀ ဦးရှိကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ပြန်ချက်တစ်ခုတွင် ကြေညာခဲ့သည်။

NOM
👍317😡2🕊1
ကြည်လင်ပြတ်သားမှုအားနည်းသော ဂြိုဟ်တုဓာတ်ပုံမှတ်တမ်းများအရ အီရန်၏ ဒရုန်းဖြင့်တိုက်ခိုက်မှုအတွင်း ဒူဘိုင်းလေဆိပ်ရှိ ရေဒါမျှော်စင်တစ်ခု ပျက်စီးသွားဖွယ်ရှိကြောင်း သိရသည်။

NOM
👍291
စက်သုံးဆီရောင်းချမှုများအပေါ် စိစစ်ကြပ်မတ်နိုင်ရေးဆောင်ရွက်သွားမည့်အစီအမံ အသိပေးထုတ်ပြန်ခြင်း

မတ်လ ၁၁၊ ၂၀၂၆

NOM
👍275👎1