News Of Myanmar
13.3K subscribers
22.6K photos
3.21K videos
3 files
6.61K links
Download Telegram
ထိုင်းနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ခဲ့ပြီး မြန်မာနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားတစ်ဦးအား မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း ဖမ်းဆီးရမိ

မတ်လ ၁၀၊ ၂၀၂၆

NOM
👍212
ရုရှားအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်မှုများ ရှိနေသော်လည်း ဂျပန်နိုင်ငံသည် အလူမီနီယံဝယ်ယူရန် ရုရှားဘက်သို့ ခြေလှမ်းပြန်လှည့်လာရပြီဖြစ်သည်။

အရှေ့အလယ်ပိုင်း တင်းမာမှုများကြောင့် အလူမီနီယံ ထောက်ပံ့ရေးလမ်းကြောင်းများ ပြတ်တောက်နေသဖြင့် ဂျပန်ကုန်ထုတ်လုပ်သူများသည် ရုရှား၏ အကြီးဆုံးအလူမီနီယံကုမ္ပဏီဖြစ်သော RUSAL နှင့် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း Bloomberg သတင်းဌာနက ရေးသားထားသည်။

အဆိုပါ ဆွေးနွေးမှုများတွင် တောင်ကိုရီးယား ကုမ္ပဏီအချို့လည်း ပါဝင်လာခဲ့ကြသည်။

နိုင်ငံရေးအရ မည်သို့ပင်ရှိစေကာမူ "စီးပွားရေးဟူသည် စီးပွားရေးသာဖြစ်သည်" (Business is business) ဟူသော လက်တွေ့ကျသည့် သဘောထားဖြင့် ဆောင်ရွက်နေကြခြင်းဖြစ်သည်။

NOM
👍40😡1
လောင်စာဆီသုံးစွဲမှုလျှော့ချနိုင်ရန် စနစ်တကျ ကြပ်မတ်ဆောင်ရွက်ရန် လိုပြီး ပြည်သူများပူးပေါင်းပါဝင် ကြရန် နိုင်ငံတော်ယာယီသမ္မတတိုက်တွန်း

မတ်လ ၁၀၊ ၂၀၂၆

လောင်စာဆီသုံးစွဲမှုလျှော့ချနိုင်ရန် စနစ်တကျကြပ် မတ်ဆောင်ရွက်ရန်လိုပြီး ပြည်သူများပူးပေါင်းပါဝင် ကြရန် နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားခဲ့သည်။

နိုင်ငံတော်ယာယီသမ္မတမှ  ယနေ့ မတ်လ ၁၀ ရက်နေ့၌ နိုင်ငံတော်အစိုးရ၏ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေးဆောင်ရွက်ခဲ့မှုနှင့် ပတ်သက်၍ ပြန်လည်သုံးသပ်ဆွေးနွေးရာတွင် တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

NOM
👍235💔1
ဒေသတွင်း ရေနံတင်ပို့မှုအားလုံးကို လုံးဝပိတ်ဆို့ပစ်မည်ဟု အီရန် ခြိမ်းခြောက်လိုက်သည်။ အကယ်၍ အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက ရေနံ 'တစ်လီတာ' ပင် ပြည်ပသို့ တင်ပို့နိုင်မည်မဟုတ်ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC က ပြောကြားခဲ့သည်။

NOM
👍41
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင် အား ကျန်းမာရေးအရ တာဝန်မှ အနားယူခွင့်ပြု။

မတ် ၁၀၊ ၂၀၂၆

NOM
👍233
ဒေါက်တာ စန္ဒာဦးအား မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ အဖြစ်ခန့်အပ်တာဝန်ပေး။

မတ်လ ၁၀၊ ၂၀၂၆

NOM
👍233
Polymarket ရဲ့ ဖော်ပြချက်အရ လက်ရှိ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) ရဲ့ ၂၀၂၈ သမ္မတရွေးကောက်ပွဲ အနိုင်ရနိုင်ခြေ ခန့်မှန်းချက်ဟာ အမြင့်ဆုံးအဆင့်ကို ရောက်ရှိသွားပါတယ်။

ဒီလို အလားအလာ မြင့်တက်လာရတာဟာ ရီပတ်ဘလစ်ကန် အလှူရှင် တွေက ဒုသမ္မတ ဂျေဒီဗန့်စ် ထက် ရူဘီယိုကို ပိုသဘောကျကြောင်း သမ္မတထရမ့်ကို ပြောကြားခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက်မှာ အခုလို ဖြစ်ပေါ်လာတာပါ။

NOM
👍325
Forwarded from U Khin Yi
Media is too big
VIEW IN TELEGRAM
အစိုးရသစ်အတွက် ပထမဆုံးခြေလှမ်း ကိုကျွန်တော်တို့စတင်လိုက်ပါပြီခင်ဗျာ။

#UKhinYi #StrongerMyanmar #USDP #Myanmar #fyp
👍225
Media is too big
VIEW IN TELEGRAM
ရခိုင်အစွန်းရောက် AA အကြမ်းဖက်သမားများကို အစ္စလာမစ်အစွန်းရောက် ARSA  အကြမ်းဖက်အဖွဲ့က ပေါက်ကွဲအားပြင်း လက်လုပ်မိုင်းဖြင့် ခြုံခိုတိုက်ခိုက်ပြီး လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်။

ဖြစ်စဉ်အတွင်း AA အကြမ်းဖက်သမားများသေဆုံး။

မှတ်ချက် - ပြည်သူဆိုပြီးတော့ ဖင်ပိတ်မငြင်းနဲ့ သေနေတဲ့ကောင်တွေ အကုန် Tactical Vests တွေဝတ်ထားတယ်။

NOM
👍204
This media is not supported in your browser
VIEW IN TELEGRAM
🚨 - "အစ္စရေးက လက်ဘနွန်တောင်ပိုင်းရှိ ကျေးရွာများကို ပစ်မှတ်ထားပြီး ဖော့စဖရပ်ဖြူ (White Phosphorus) များဖြင့် ဗုံးကြဲတိုက်ခိုက်နေသည့် မှတ်တမ်းဗီဒီယိုဖိုင်များ ထွက်ပေါ်လာသည်။"

White Phosphorus (ဖော့စဖရပ်ဖြူ)- ၎င်းသည် လေထုနှင့် ထိတွေ့ပါက အလွန်ပူပြင်းသော အပူချိန်ဖြင့် တောက်လောင်တတ်ပြီး လူကို ပြင်းထန်သော မီးလောင်ဒဏ်ရာများ ရရှိစေနိုင်သည့်အပြင် အသက်ရှူလမ်းကြောင်းကိုလည်း ထိခိုက်စေနိုင်သည့် ဓာတုပစ္စည်းတစ်မျိုး ဖြစ်သည်။

စစ်ဥပဒေ- အရပ်သားများရှိရာ နေရာများတွင် ဤဓာတုလက်နက်ကို အသုံးပြုခြင်းအား နိုင်ငံတကာ ဥပဒေများက တင်းကျပ်စွာ တားမြစ်ထားပါသည်။

ဒါမျိုးကျ လူ့အခွင့်ရေးသမားတွေ ဘယ်နားသွားသေနေကြလဲ?????

NOM
Please open Telegram to view this post
VIEW IN TELEGRAM
😨294😡3👍2
၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့(မြန်မာစာ) စတင်ဖြေဆို
(ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်း)

NOM
13👍11
မိတ္ထီလာမြို့နယ်၌ ၂ဝ၂၆ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲစတင်ဖြေဆို

မတ် ၁၁၊ ၂၀၂၆

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ ၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က စတင်ကျင်းပရာ မြို့နယ်အတွင်းရှိစာစစ်ဌာနကိုးခုတွင် ကျောင်းသူကျောင်းသား ၄ဝဝဝ ကျော် ဝင်ရောက်ဖြေဆိုကြောင်းသိရသည်။

အဆိုပါစာစစ်ဌာန ကိုးခုဖြစ်သည့် အထက(၁)၊ ထက(၂) ၊အထက(၃)၊ အထက(၄)၊ အထက(၅)၊ အထက(၆)၊ အထက(‌ရေဝေ)၊ အထက(တောမ)နှင့် အထက(အလည်ရွာ)တို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဝင်ရောက်ဖြေဆိုသူ ကျောင်းသူကျောင်းသား ၄ဝဝဝ ကျော်က မြန်မာဘာသာရပ်ကို ယနေ့စတင်ဖြေဆိုကြသည်။ စာစစ်ဌာနများအလိုက် ကျောင်းသူကျောင်းသားများ အဆင်ချောမွေ့စွာ စာမေးပွဲဖြေဆိုနိုင်ရေး အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲလုံခြုံရေး ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်အောင်လေးနှင့် တာဝန်ရှိသူများက စာစစ်ဌာနများအလိုက် ကြည့်ရှုစစ်ဆေးကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။

NOM
19
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်

NOM
👍173❤‍🔥1
"တကောင်းမြို့ ရှင်းတမ်း"
=========
◾️ နွေဦးတော်လှန်ရေးကြီး အောင်မြင်ဖို့… လိုတဲ့ပိုက်ဆံအတွက် ခွက်ခေါက်ရအောင်က လည်း ကြည်ပြာအမှုနဲ့ ကျော်မိုးထွန်းအမှုမှာတင် NUG က တိုင်ပတ်နေချိန်မှာ… “တကောင်းမြို့”ကိုပါ လက်လွှတ်လိုက်ရတာက စစ်ရေးမှာ NUG အတွက် ဘာကိုမှ လက်ဆုပ်လက်ကိုင် မပြနိုင်တော့တဲ့ အခြေအနေမျိုးအထိ ရောက်သွားစေခဲ့တယ်။ မတ္တရာ အထက်ပိုင်းကို သိမ်းထားတဲ့ကာလမှာ “မန္တလေးကို သိမ်းမယ်။ ဘယ်နတ်ဘုရားမှ တားမရဘူး” ဆိုပြီး ကြီးကြီးကျယ်ကျယ်တွေ ပြောခဲ့ကြ၊ ရေးခဲ့ကြသူတွေက ရွှေတွင်းလုပ် ကွက်နဲ့ အခွန် ဆက်ကြေးတွေကြားမှာ သာယာသွားကြလေတော့…ဒီတော်လှန်ရေး ကျရှုံး ရတာ ဆန်းသလားပေါ့။
------
◾️ တပ်ရင်းပေါင်း ၅၀၀ ကျော်လောက် ဖွဲ့စည်းထားပါတယ်ဆိုပြီး ထောက်ခံသူတွေကို False Hope တွေပေးပြီး အလှူခံကြတယ်။ ဒါပေမယ့် စစ်ကို စစ်နဲ့တူအောင် တူတူ တန်တန် တိုက်မယ့် မြေပြင် စစ်ခေါင်းဆောင်က အောက်ခြေမှာမရှိဘူး။ ပြည်ပမှာ နွေဦး တော်လှန်ရေးကို အကြောင်းပြပြီး Show ပွဲတွေဆိုကြပြီး ရုပ်ရှင်တွေပြစားကြပေမယ့် လက်တွေ့မြေပြင် မှာကြတော့ EAO တွေနဲ့လည်း နိုင်ငံရေးအရ ဆွေးနွေး နိုင်တဲ့ အဆင့် အတန်းမရှိနေတဲ့ အနေအထားမှာ…ကိုးကန့်က လားရှိုးကို ပြန်အပ်ချိန်မျိုး၊ ပလောင်က မိုးကုတ်-မိုးမိတ် ကိုပြန်ပေးပြီး အပစ်အခတ်ရပ်ထားရချိန်မှာ နီပေါတွေက EAO တွေကို သစ္စာမရှိဘူး ဆိုပြီး ရန်ပြန်လုပ်သတဲ့။ တပ်မတော်က သူ့အလုပ်သူလုပ်နေချိန်မှာ NUG က ပုလဲနယ်မှာ အခွန်ဆက်ကြေး မဝေမျှချင်လို့၊ ဗိုလ်နဂါးလို တပ်ကို တိုက်နေတဲ့ Local Pdf တွေကိုတောင် အချင်းချင် အပြတ်ရှင်းနေချိန်မှာ…မတ္တရာကအစပြုတဲ့ စစ်ပွဲက တကောင်းအထိ ဆက်တိုက် ရှုံးသွားတာ ဘာများ ဆန်းကျယ်လို့လဲပေါ့။
----------
◾️ ရွေးကောက်ပွဲကာလမှာ ပြည်သူတွေ အကျပ်အတည်းဖြစ်အောင် မြို့သိမ်းတိုက်ပွဲတွေ ဆိုပြီး အကောင်အထည်ဖော်ကြတယ်။ အကျိုးဆက်က ပြည်သူတွေ ပြေးကြရသလို အောက်ခြေက PDF တွေကလည်း မြေဇာပင်အဖြစ်ခံပြီး သေပေးကြရတာပါပဲ။ ဒီ(၅)နှစ်တာကာလအတွင်း တော်လှန်ရေးက ဘာအကျိုးအမြတ်ရှိသလဲလို့မေးရင်…NUG ဝန်ကြီးတွေကသာ မိသားစု တွေနဲ့ ပြည်ပမှာ ဘေးမသီရန်မခ နေကြရတာပဲ မဟုတ်ဘူး လား။ တော်လှန်ရေးက အခန့်အသင့်ရင် နောင် နှစ်(၅၀)လည်း ကြာသွားနိုင်ပါတယ်တဲ့။ ဘယ်သူပြောတာလဲဆိုတော့…နေဘုန်းလတ်လိုမျိုး ပြည်ပမှာ နေတဲ့သူက ပြောတာ။
-----------
◾️ စစ်ကို စစ်နဲ့တူအောင် မတိုက်ဘူးလို့ ဘာလို့ပြောနိုင်သလဲဆိုတော့…ဒီကာလမှာ ပြည်မကနေ တိုင်းနဲ့ ပြည်နယ်ဆီတွေကို ပို့တဲ့ ဆီကားတွေကို NUG ခွင့်ပြုချက်ရမှ သယ်ဆောင်ခွင့်ပြုမယ် ဆိုတဲ့ အမိန့်ညွှန်ကြားချက်မျိုးကိုပဲ တစ်ချက် ပြန်လေ့လာ ဆန်းစစ် ကြည့်ကြပေါ့။ ဝါးတား ဂိတ်တွေနဲ့ အခွန်ဆက်ကြေးတွေကြားမှာ …NUG ဆိုတာက ဘယ်လောက် နစ်မွန်းနေသလဲ တွေ့နိုင်တာပဲ။
---------
◾️ တကောင်းပြီးရင်တော့ မြတောင်-ထီးချိုင့်ကနေ ကသာ အထိ တပ်မတော်စစ်ကြောင်း တွေက ဆက်မထိုးဘူးလို့ အာမမခံနိုင်တော့ဘူး။ အဲ့ဒီအခါ မောင်ဂွမ်မော်ရဲ့ K သုံးလုံး အိပ်မက်ကိုလည်း တပ်မတော်က တဆင့်ပြီးတဆင့် ရိုက်ချိုးလာဦးမှာပါ။ ဧရာဝတီ မြစ်ကမ်းဘေးက မြို့တွေလည်း တပ်မတော်ထိန်းချုပ်မှုအောက်ကို ပြန်ရောက်လာပြီ ဆိုတော့….ဝါဆို၊ ဝါခေါင် မြစ်ရေတက်ချိန်ရောက်ရင်…စစ်သင်္ဘောတွေ ဆန်တက်လာ ဦးမှာကိုလည်း အလှကြည့်ကြဦးပေါ့။
--------
◾️ တကယ်တော့ နွေဦးတော်လှန်ရေးကြီး ကျရှုံးသွားပြီဆိုတာက မြေပြင်အရှိတရားကြီးပါ။ တကောင်းမြို့ကြီးဆီကို တပ်မတော်စစ်ကြောင်း ဦးတည်လာနေတာကို သိသိရက်နဲ့ တောင် ခံစစ် လုံးလုံးမပြင်နိုင်တဲ့ အနေအထား။ မြေပြင်က PDF တွေအတွက် ကယ်သူမရှိ၊ မဟာမိတ် EAO မရှိ၊ ဦးဆောင်သူ Commander မရှိ။ တကယ်တော့ တကောင်းမြို့ကြီး ကျရှုံးတယ်ဆိုတာထက် NUG ရဲ့ နိုင်ငံရေး၊ စစ်ရေးဦးဆောင်နိုင်မှု အခန်းကဏ္ဍက ဘယ်မှာ လဲလို့ မေးခွန်းထုတ်ရမယ့် အချိန်ရောက်ပြီလို့သာ ဆိုကြရတော့မှာပါ။

(နရီမိုး)
https://t.me/Nyemoee
👍309
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စာမေးပွဲဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေး

မတ် ၁၁၊ ၂၀၂၆

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မတ်လ (၁၁) ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းသား/သူများ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး မေးခွန်းနှင့် အဖြေလွှာလုံခြုံရေး အထူးဂရုစိုက်ရန်နှင့် ကျောင်းကျန်းမာရေးဆိုင်ရာလိုအပ်ချက်မရှိစေရေး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအတွင်း စာစစ်ဌာန(၉၁)ခုရှိပြီး အတွင်းဖြေကျောင်းသား/သူ(၂၂၆၉၂)ဦး၊ အပြင်ဖြေ ကျောင်းသား/သူ(၅၃၇၄)ဦးနှင့် စက်မှု၊ စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းမှ ကျောင်းသား/သူ(၄၃၈)ဦး စုစုပေါင်းတက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူကျောင်းသား/သူ(၂၈၅၀၄)ဦး မတ်လ(၁၁)ရက်နေ့မှစ၍ စိတ်အေး ချမ်းသာစွာဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုလျက်ရှိရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် မြို့နယ်(၂၈)မြို့နယ်ရှိ စာစစ်ဌာန(၉၁)ခု၌ စာမေးပွဲဖြေဆိုပြီးချိန်တွင် ကျောင်းသား/သူများအား ဌာနဆိုင်ရာများ၊ မြို့မ/မြို့ဖများက အအေးဗူးများ၊ မုန့်များ ပေးဝေခဲ့ကြကြောင်း သတင်းရရှိသည်။

NOM
11👍6