News Of Myanmar
13.2K subscribers
22.7K photos
3.22K videos
3 files
6.61K links
Download Telegram
၂၀၂၆ ခုနှစ်၊ မတ်လ ၈ ရက်နေ့ ၌
ဖောင်းပြင်မြို့နယ်၊ ညောင်ကုန်းကျေးရွာအနီးရှိ PDF အကြမ်းဖက်စခန်းတစ်ခုကို တပ်မတော်စစ်ကြောင်းများက ဝင်ရောက်စီးနင်းချေမှုန်းခဲ့ရာ အကြမ်းဖက်အလောင်း ၈ လောင်းနှင့် လက်နက်မျိုးစုံ ၆ လက်နှင့် ခဲယမ်းများသိမ်းဆည်းရမိခဲ့သည်။

NOM
👍216
အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က ကာဒစ္စတန်ဒေသ၊ အယ်လ်ဟာရီယာ Al Harir အခြေစိုက်စခန်းရှိ အမေရိကန်စစ်ဌာနချုပ်ကို ဒုံးကျည် ၅ စင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်လိုက်သည်။

NOM
👍332🕊1
ရန်ဖြစ်သည်ကို ဖြန်ဖြေပေးသည့်ရဲလှည့်ကင်းအဖွဲ့ကို ကားဖြင့်တိုက်ပြီးသံတုတ်ဖြင့် ရိုက်သဖြင့်ရဲတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံး၊ ပြစ်မှုကျူးလွန်သူတစ်ဦးမှာ စသုံးလုံးမှ ဒုစုံစမ်းရေးမှူးဖြစ်နေ

NOM မတ် ၁၀၊ ၂၀၂၆

ရွှေပေါက်ကံမြို့သစ်၊ (၁၂) ရပ်ကွက်ခွဲ၊ ပုဂံလမ်းမကြီး (၁၂) စျေးထိပ်တွင် မတ်လ ၉ ရက်ည ၁၀:၃၀ နာရီအချိန်၌ ရန်ဖြစ်သည်ကိုလာရောက်ဖြန်ဖြေပေးနေသော ရဲလှည့်ကင်းတပ်ဖွဲ့ဝင်လေးဦးကို ကားဖြင့်ဝင်တိုက်ပြီး သံတုတ်များဖြင့်ရိုက်သဖြင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးပြီး နှစ်ဦးပြင်းထန်စွာဒဏ်ရာရခဲ့ကြောင်းနှင့် ပြစ်မှုကျူးလွန်သူတရားခံတစ်ဦးသည် စသုံးလုံးမှဒုစုံစမ်းရေးမှူးဖြစ်ကြောင်းသိရသည်။

ဖြစ်စဥ်မှာ လှည့်ကင်းတပ်ဖွဲ့ဝင်များသည် ရန်ဖြစ်နေကြောင်းသတင်းအရ (၁၂) စျေးထိပ်သို့သွားရောက်ရာ ကားတစ်စီးသည် လမ်းပေါ်တွင် ကန့်လန့်ဖြတ်ရပ်ထားပြီး အရက်မူးနေသော ယာဥ်မောင်းမြတ်ကိုကိုက လှည့်ကင်းအဖွဲ့ဝင်များကို ခင်ဗျားတို့ကရဲတွေဖြစ်လို့ရှင်းပေးဟုပြောရာ ရဲတပ်ဖွဲ့ဝင်များကမေးမြန်းဖြန်ဖြေနေစဥ် မြတ်ကိုကို၏ဖခင် ဦးကြင်ခရမ်းနှင့် ညီဖြစ်သူ စသုံးလုံးမှ ဒုတိယစုံစမ်းရေးမှူး အေးမင်းတို့က နောက်ထပ်ကားတစ်စီးဖြင့် ရောက်လာပြီး သံတုတ်များဖြင့် ဝင်ရောက်ရိုက်နှက်သဖြင့် လှည့်ကင်းတပ်ဖွဲ့ကဖြန်ဖြေပြီး ဒဏ်ရာရသူများအားအမှုဖွင့်ရန်ဆေးစာယူရန်ဆောင်ရွက်ပြီးပြန်ထွက်စဥ် မြတ်ကိုကိုမှ ကားကိုပြန်ကွေ့ပြီး လှည့်ကင်းတပ်ဖွဲ့ဝင်လေးဦးကို ကားဖြင့်ဝင်တိုက်ပြီးသူ၏ဖခင်နှင့် အစ်ကိုဖြစ်သူ စသုံးလုံးမှ ဒုစုံစမ်းရေးမှူးဆိုသူတို့က လဲကျနေသည့်ရဲတပ်ဖွဲ့ဝင်များကိုသံတုတ်များဖြင့် ဝင်ရိုက်ရာရဲတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးပြီး နှစ်ဦးပြင်းထန် စွာဒဏ်ရာရသည့်အတွက် တရားခံများဖြစ်သော အမှတ် (၁၈၇)၊ ကုန်းဘောင် (၂) လမ်း၊ (၁၄) ရပ်ကွက်၊ရွှေပေါက်ကံမြို့သစ်နေယာဥ်မောင်းမြတ်ကိုကို၊ ဖခင်ဖြစ်သူဦးကြင်ခရမ်း၊ ညီဖြစ်သူစသုံးလုံးမှဒုတိယစုံစမ်းရေးမှူး အေးမင်းတို့ကိုလူသတ်မှုဖြင့်ဖမ်းဆီးအရေးယူထားကြောင်းသိရသည်။

NOM
👍34😨103
ပထမဆုံးအကြိမ် ပိုက်ကျော်ခြင်းလိဂ်၂၀၂၆  ပြိုင်ပွဲကျပ်သိန်း ၈၀၀ ကျော်ချီးမြှင့်မည်

NOM မတ် ၁၀၊ ၂၀၂၆

အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ ကြီးမှူး၍ ကလပ်အသင်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ရွှေသံလွင်မီဒီယာတို့မှ ပူးပေါင်းစီစဉ်သည့် ပထမဆုံးအကြိမ်ပိုက်ကျော်ခြင်းလိဂ်၂၀၂၆  ပြိုင်ပွဲစာနယ်ဇင်းမိတ်ဆက်ပွဲကို မတ်လ ၁၄ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ယနေ့မွန်း လွဲ ၂ နာရီက တာ‌မွေမြို့နယ်၊ ရွှေထွဠ်တင်၀န်း၌ ပြုလုပ်သည့်စာနယ်ဇင်းရှင်းလင်းပွဲမှသိရသည်။
   
အဆိုပါပြိုင်ပွဲတွင် အမျိုးသမီးသုံးယောက်တွဲ ပြိုင်ပွဲဝင်အသင်း (၅) သင်း၊ အမျိုးသားပြိုင်ပွဲဝင် အသင်း (၁၀) သင်းမှ ပြိုင်ပွဲအမျိုးအစား နှစ်မျိုးအဖြစ် အမျိုးသားသုံးယောက်တွဲ၊ အမျိုးသားလေးယောက်တွဲ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်၍ ဆု‌ကြေးကျပ်သိန်း ၈၀၀ ကျော်ချီမြှင့်ပေးသွားမည်ဖြစ်သည်။

ပြိုင်ပွဲကို‌ နေ့စဥ် နံနက် ၁၀ နာရီမှ ည‌ နေ ၅ နာရီအထိ ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး သု၀ဏ္ဏပိုက်‌ကျော်ခြင်း အားကစားရုံ၌ မည်သူမဆို ဝင်ကြေးအခမဲ့ဖြင့် ကြည့်ရှုအားပေးနိုင်ကြောင်းသိရသည်။
👍236
ရုရှားရေတပ်မှ ချစ်ကြည်ရေးအလည်အပတ်ခရီးရောက်ရှိနေသည့် စစ်ရေယာဉ်သုံးစီး ပြန်လည်ထွက်ခွာ

မတ်လ ၁၀၊ ၂၀၂၆

NOM
22👍16
အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အီရန်နိုင်ငံတစ်ဝန်းက ဆေးဘက်ဆိုင်ရာဌာန ၇၇ ခု ထိမှန်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

ဒါပေမဲ့ အီရန် လခြမ်းနီအသင်း (Red Crescent) ရဲ့ ပြောကြားချက်အရ အီရန်-အစ္စရေး ၁၂ ရက်ကြာ စစ်ပွဲအပြီးမှာ အမေရိကန်ကို ယုံကြည်လို့မရဘူးဆိုတာ သူတို့ သိရှိခဲ့တာကြောင့် ဒီလိုအခြေအနေမျိုးအတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဆေးဘက်ဆိုင်ရာ စေတနာ့ဝန်ထမ်း တစ်သိန်းကျော်ရဲ့ အားထုတ်မှုကြောင့် အရေးပေါ်တုံ့ပြန်မှု အချိန်ကို ၄ မိနစ်အောက်အထိ လျှော့ချနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

NOM
👍288😡1
အီရန်အမျိုးသားလုံခြုံရေးကောင်စီ အကြံပေးပုဂ္ဂိုလ် အလီ လာရီဂျာနီ (Ali Larijani) က

"ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) ဟာ အားလုံးအတွက် ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေး ဆောင်ကြဉ်းပေးမယ့် ရေလက်ကြား ဖြစ်လာနိုင်သလို၊ စစ်လိုလားသူတွေအတွက်တော့ ရှုံးနိမ့်ခြင်းနဲ့ ဆင်းရဲဒုက္ခတွေ ကြုံတွေ့ရမယ့် ရေလက်ကြားလည်း ဖြစ်သွားနိုင်ပါတယ်။"

NOM
👍37❤‍🔥21
အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲကြောင့် လောင်စာဆီဈေးနှုန်းများမြင့်တက်လာပြီး ဆီရရှိရန် ခက်ခဲနေမှုများကြားတွင် လောင်စာဆီ ချွေတာနိုင်ရန်အတွက် ဝန်ထမ်းများကို အိမ်မှနေ၍ အလုပ်လုပ်စေရန် ဗီယက်နမ်အစိုးရက စီးပွားရေးလုပ်ငန်းရှင်များကို တိုက်တွန်းနှိုးဆော်လိုက်သည်။

NOM
👍322
ထိုင်းနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ခဲ့ပြီး မြန်မာနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားတစ်ဦးအား မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း ဖမ်းဆီးရမိ

မတ်လ ၁၀၊ ၂၀၂၆

NOM
👍212
ရုရှားအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်မှုများ ရှိနေသော်လည်း ဂျပန်နိုင်ငံသည် အလူမီနီယံဝယ်ယူရန် ရုရှားဘက်သို့ ခြေလှမ်းပြန်လှည့်လာရပြီဖြစ်သည်။

အရှေ့အလယ်ပိုင်း တင်းမာမှုများကြောင့် အလူမီနီယံ ထောက်ပံ့ရေးလမ်းကြောင်းများ ပြတ်တောက်နေသဖြင့် ဂျပန်ကုန်ထုတ်လုပ်သူများသည် ရုရှား၏ အကြီးဆုံးအလူမီနီယံကုမ္ပဏီဖြစ်သော RUSAL နှင့် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း Bloomberg သတင်းဌာနက ရေးသားထားသည်။

အဆိုပါ ဆွေးနွေးမှုများတွင် တောင်ကိုရီးယား ကုမ္ပဏီအချို့လည်း ပါဝင်လာခဲ့ကြသည်။

နိုင်ငံရေးအရ မည်သို့ပင်ရှိစေကာမူ "စီးပွားရေးဟူသည် စီးပွားရေးသာဖြစ်သည်" (Business is business) ဟူသော လက်တွေ့ကျသည့် သဘောထားဖြင့် ဆောင်ရွက်နေကြခြင်းဖြစ်သည်။

NOM
👍40😡1
လောင်စာဆီသုံးစွဲမှုလျှော့ချနိုင်ရန် စနစ်တကျ ကြပ်မတ်ဆောင်ရွက်ရန် လိုပြီး ပြည်သူများပူးပေါင်းပါဝင် ကြရန် နိုင်ငံတော်ယာယီသမ္မတတိုက်တွန်း

မတ်လ ၁၀၊ ၂၀၂၆

လောင်စာဆီသုံးစွဲမှုလျှော့ချနိုင်ရန် စနစ်တကျကြပ် မတ်ဆောင်ရွက်ရန်လိုပြီး ပြည်သူများပူးပေါင်းပါဝင် ကြရန် နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားခဲ့သည်။

နိုင်ငံတော်ယာယီသမ္မတမှ  ယနေ့ မတ်လ ၁၀ ရက်နေ့၌ နိုင်ငံတော်အစိုးရ၏ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေးဆောင်ရွက်ခဲ့မှုနှင့် ပတ်သက်၍ ပြန်လည်သုံးသပ်ဆွေးနွေးရာတွင် တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

NOM
👍235💔1
ဒေသတွင်း ရေနံတင်ပို့မှုအားလုံးကို လုံးဝပိတ်ဆို့ပစ်မည်ဟု အီရန် ခြိမ်းခြောက်လိုက်သည်။ အကယ်၍ အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက ရေနံ 'တစ်လီတာ' ပင် ပြည်ပသို့ တင်ပို့နိုင်မည်မဟုတ်ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC က ပြောကြားခဲ့သည်။

NOM
👍41
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင် အား ကျန်းမာရေးအရ တာဝန်မှ အနားယူခွင့်ပြု။

မတ် ၁၀၊ ၂၀၂၆

NOM
👍233
ဒေါက်တာ စန္ဒာဦးအား မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ အဖြစ်ခန့်အပ်တာဝန်ပေး။

မတ်လ ၁၀၊ ၂၀၂၆

NOM
👍233
Polymarket ရဲ့ ဖော်ပြချက်အရ လက်ရှိ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) ရဲ့ ၂၀၂၈ သမ္မတရွေးကောက်ပွဲ အနိုင်ရနိုင်ခြေ ခန့်မှန်းချက်ဟာ အမြင့်ဆုံးအဆင့်ကို ရောက်ရှိသွားပါတယ်။

ဒီလို အလားအလာ မြင့်တက်လာရတာဟာ ရီပတ်ဘလစ်ကန် အလှူရှင် တွေက ဒုသမ္မတ ဂျေဒီဗန့်စ် ထက် ရူဘီယိုကို ပိုသဘောကျကြောင်း သမ္မတထရမ့်ကို ပြောကြားခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက်မှာ အခုလို ဖြစ်ပေါ်လာတာပါ။

NOM
👍325