This media is not supported in your browser
VIEW IN TELEGRAM

အမေရိကန်နှင့် အစ္စရေးတို့၏ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေသော်လည်း အီရန်မြို့ကြီးများတွင် ပြည်သူများသည် အဓိပတိခေါင်းဆောင်သစ် အယာတိုလာ မူဂျာတာဘာ ခါမေနီ (Ayatollah Mojtaba Khamenei) အား သစ္စာခံရန် လမ်းမပေါ်သို့ အလုံးအရင်းနှင့် ထွက်လာကြသည်။
NOM
NOM
👍28❤7😱4
ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်ခဲ့သည့် ဆင်သေရေလှောင်တမံ အခိုင်အမာ ပြုပြင်နေမှုအား ကြည့်ရှုစစ်ဆေး
မတ်လ ၉၊ ၂၀၂၆
မန္တလေးငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ခဲ့တဲ့ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ မဲဇလီစင်ကျေးရွာအနီးရှိ ဆင်သေရေလှောင်တမံ အခိုင်အမာ ပြုပြင်နေမှု ကို အခုလ ၇ ရက်နေ့က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်ဟာ တာဝန်ရှိသူများနဲ့အတူ ကြည့်ရှုစစ်ဆေးပါတယ်။
ပထမဦးစွာ တာဝန်ရှိသူများက ဆင်သေရေလှောင်တမံ ပြုပြင်ခြင်းလုပ်ငန်းမှာ ပြန်လည်ပြုပြင်မယ့် ဒီဇိုင်းပုံစံများ၊ လအလိုက်ဆောင်ရွက်ရန် လျာထားမှု၊ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်တာများ ဆွေးနွေးမှာကြားပြီး လုပ်ငန်းခွင်အတွင်း ဆောင်ရွက်လျက်ရှိတဲ့ တမံ Rock Toe ရေစစ်ကျောက်ရိုးစီခြင်း၊ မြေစေးဖို့ခြင်း၊ တမံနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပါတယ်။
ဆက်လက်ပြီး ဒုတိယဝန်ကြီးဟာ တပ်ကုန်းမြို့နယ်၊ သရက်ကုန်းကျေးရွာအနီးမှာ အသစ်တည်ဆောက်မယ့် ဆင်သေရေလွှဲဆည် နေရာကို ရောက်ရှိစဉ် ရေလွှဲဆည်အသစ် တည်ဆောက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်နေမှုများ၊ ရေလွှဲဆည်ဝင်ရိုး Alignment ရွေးချယ်ထားရှိမှု၊ သတ်မှတ်ဒီဇိုင်းပုံစံအရ မြေပြင်အနေအထားနဲ့ ကိုက်ညီမှု ရှိမရှိ အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာ လိုအပ်တာများ ဆွေးနွေးမှာကြားပါတယ်။
အဲဒီနောက် ဆင်သေဆည်ရေသောက်စနစ် လက်ဝဲလက်တံတို မြောင်းဖျားပိုင်းအထိ နွေစပါးနဲ့ နွေအခြားသီးနှံ စိုက်ပျိုးရေပေးဝေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနဲ့ တွေ့ဆုံကာ စိုက်ပျိုးရေ လေလွင့်ဆုံးရှုံးမှု မရှိစေရေးနဲ့ စနစ်တကျ အကျိုးရှိစွာ သုံးစွဲကြရန် ဆွေးနွေးမှာကြားပါတယ်။
အဲဒီကမှတစ်ဆင့် ဒုတိယဝန်ကြီးဟာ ရေဆင်းဆည် ရေသောက်စနစ် ဧရိယာအတွင်း လက်ယာလက်တံနှင့် မြောင်းမကြီးမှ စိုက်ပျိုးရေပေးဝေနေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနဲ့ တွေ့ဆုံကာ လိုအပ်တာများကို ဆွေးနွေးမှာကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။

👍13
This media is not supported in your browser
VIEW IN TELEGRAM
ပါကစ္စတန်နယ်ခြားစောင့်စခန်းများကိုအာဖဂန်နစ္စတန်တာလီဘန်တို့ကပြင်သစ်ထုတ်တင့်ကါးဖျက်ပဲ့ထိန်းဒုံးများဖြင့်ပစ်ခတ်တိုက်ခိုက်လျက်ရှိသည်။
👍23🕊2
"မိမိတို့နိုင်ငံအတွင်းရှိ အစ္စရေးနှင့် အမေရိကန် သံအမတ်များကို နှင်ထုတ်သည့် မည်သည့် အာရပ် သို့မဟုတ် ဥရောပနိုင်ငံမဆို ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို အပြည့်အဝ အခွင့်အာဏာဖြင့် လွတ်လပ်စွာ ဖြတ်သန်းခွင့် ရရှိမည်ဖြစ်သည်။"
NOM
Please open Telegram to view this post
VIEW IN TELEGRAM
👍35❤8🕊2😡1
မှတ်ချက်- အမေရိကန်ဟာ အကျိုးစီးပွားမရှိတော့ရင် သို့မဟုတ် အခြေအနေတစ်ခုရောက်ရင် မဟာမိတ်တွေကို လက်လွှတ်စပစ်ခဲ့တတ်တဲ့ ရာဇဝင်ရှိတယ်လို့ ဆိုလိုတာဖြစ်ပါတယ်။
NOM
Please open Telegram to view this post
VIEW IN TELEGRAM
👍31❤6
ဂျပန်နဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီးတို့ ဖုန်းနဲ့ဆက်သွယ်ဆွေးနွေး
"ဂျပန်နိုင်ငံခြားရေးဝန်ကြီးဟာ အီရန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ဖုန်းကတစ်ဆင့် ဆွေးနွေးမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီဆွေးနွေးမှုမှာ အရှေ့အလယ်ပိုင်းဒေသတွင်း ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတာနဲ့ ပိုမိုကျယ်ပြန့်လာနေတဲ့ အခြေအနေတွေအပေါ် ဂျပန်ဘက်က စိုးရိမ်ပူပန်ကြောင်း ဖော်ပြခဲ့ပါတယ်။"
၂၀၂၆ ခုနှစ် အစောပိုင်းစာရင်းများအရ ဂျပန်နိုင်ငံဟာ ၎င်းရဲ့ ရေနံစိမ်းတင်သွင်းမှု ၉၅ ရာခိုင်နှုန်းခန့်ကို အနောက်အာရှ (အရှေ့အလယ်ပိုင်း) ဒေသအပေါ် မှီခိုနေရတာဖြစ်ပြီး အဲဒီရေနံတင်ပို့မှုရဲ့ ၇၀ ရာခိုင်နှုန်းခန့်ဟာ ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) ကို ဖြတ်သန်းသွားလာနေရတာ ဖြစ်ပါတယ်။
မှတ်ချက်- ဂျပန်ဟာ အမေရိကန်ရဲ့ လက်အောက်ခံနိုင်ငံတစ်ခုလို လုပ်ဆောင်နေတာဖြစ်လို့ အကယ်၍ အမေရိကန်က အီရန်ကို စစ်တပ်စေလွှတ်မယ်ဆိုရင် ဂျပန်ဟာ ဒုတိယမြောက် ကူညီမယ့်နိုင်ငံ ဖြစ်လာပါလိမ့်မယ်။"

👍26🕊2❤1
This media is not supported in your browser
VIEW IN TELEGRAM
သတင်းထောက် — "အီရန်ဟာ အမေရိကန်ထုတ် တိုမာဟော့ခ် Tomahawk ဒုံးကျည်တစ်စင်း ရရှိသွားပြီး သူတို့ရဲ့ မူလတန်းကျောင်းကို သူတို့ဘာသာ ပြန်ဗုံးကြဲခဲ့တယ်လို့ ခင်ဗျား အခုလေးတင်ပဲ ပြောလိုက်ပါတယ်။
ဒါပေမဲ့ ခင်ဗျားတို့ အစိုးရအဖွဲ့ထဲမှာ ဒီလိုပြောနေတာ ခင်ဗျားတစ်ယောက်တည်းပဲ ရှိတာပါ။ ခင်ဗျားရဲ့ ကာကွယ်ရေးဝန်ကြီးကိုယ်တိုင်တောင် ဒါမျိုး မပြောခဲ့ပါဘူး။ ဘာဖြစ်လို့ ခင်ဗျားတစ်ယောက်တည်း ဒါကို ပြောနေရတာလဲ?"
ထရန့် — "ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်လည်း ဒါနဲ့ပတ်သက်ပြီး အသေအချာ မသိသေးလို့ပါ။ ဒါဟာ စုံစမ်းစစ်ဆေးနေဆဲအဆင့်မှာ ရှိတယ်လို့ပဲ ကျွန်တော့်ကို ပြောထားကြလို့ပါပဲ။"

👍21😨6👎2❤1
ဘာရိန်းနိုင်ငံ၊ မနားမားမြို့၊ အယ်လ်-ဆိဖ်ခရိုင်ရှိ မီလ်လင်းနီးယန်း တာဝါ သို့ ဒရုန်းတစ်စင်းတိုက်ခိုက်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာသည်။
အဆိုပါ အဆောက်အအုံမှာ ဘာရိန်းအခြေစိုက် အမေရိကန်နယ်ချဲ့စစ်တပ်မှ အရာရှိများ နေထိုင်ရာ နေရာဖြစ်သည်။

👍27❤4🕊2
"ပြည်သူ့အစုအဖွဲ့တွေ (People's groups) ဟာ တိုက်ခိုက်ရမယ့် ပစ်မှတ်တွေဖြစ်တယ်လို့ ထရန့်က တရားဝင်ကြေညာခဲ့ပါတယ်။
ဒါဟာ အမေရိကန် အကြမ်းဖက်အစိုးရရဲ့ တရားဝင် ဝန်ခံချက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် နောင်တစ်ချိန်မှာ သူတို့ဘက်က အမှားအယွင်းတစ်ခုခု ကျူးလွန်ခဲ့ရင်တောင် ဒါတွေဟာ စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေပါလို့ လိမ်ညာပြီး အကြောင်းပြလို့ မရတော့ပါဘူး။
ပြည်သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တာနဲ့ လူနေထူထပ်တဲ့ နေရာတွေကို တိုက်ခိုက်တာမျိုးဟာ ထိန်းချုပ်မရတဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို ဖြစ်ပေါ်စေမှာပါ။ ကျွန်တော်တို့ဘက်ကလည်း မည်သည့်ကန့်သတ်ချက်မှမထားဘဲ ပြင်းထန်ရက်စက်စွာ ပြန်လည်တုံ့ပြန်သွားမှာ ဖြစ်ပါတယ်။"
NOM
Please open Telegram to view this post
VIEW IN TELEGRAM
👍25❤3🕊1😨1
"အမေရိကန် အကျဉ်းသားများ (စစ်သုံ့ပန်း ဖြစ်နိုင်ခြေရှိသူများ) ပထမအသုတ်ကို အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံရဲ့ လုံခြုံရေးအဖွဲ့တွေဆီ လွှဲပြောင်းပေးအပ်လိုက်ပြီလို့ အာရပ်သတင်းဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ အာရပ်ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ အလ်-တာရစ် အလ်-အာရာဘီ က ဖော်ပြထားပါတယ်။
အဆိုပါ အကျဉ်းသားတွေထဲမှာ ဒဏ်ရာအနည်းအများ ရရှိထားသူတွေလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။
ဒီအကျဉ်းသားတွေနဲ့ ပတ်သက်ပြီး အီရန်ရဲ့ နောက်ထပ်လုပ်ဆောင်မယ့် အစီအစဉ်တွေကိုတော့ တင်းကျပ်တဲ့ လုံခြုံရေးလုပ်ထုံးလုပ်နည်းတွေကြောင့် မသိရသေးပါဘူး။"
NOM
Please open Telegram to view this post
VIEW IN TELEGRAM
👍22❤5🕊1😡1
အဆိုပါ နိုင်ငံခြားသားတွေဟာ ဘာရိန်းနိုင်ငံအတွင်း အီရန်ဒရုန်းတွေနဲ့ ဒုံးကျည်တွေ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ နေရာတွေကို မှတ်တမ်းတင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။
၎င်းတို့ကို နိုင်ငံတော်သစ္စာဖောက်မှု၊ ရန်သူကို ကူညီထောက်ပံ့မှုစတဲ့ စွဲချက်တွေနဲ့ အရေးယူဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။"
NOM
Please open Telegram to view this post
VIEW IN TELEGRAM
👍19😱7❤1
This media is not supported in your browser
VIEW IN TELEGRAM
"အစ္စရေး - ဂျူးလူမျိုးများ အစုလိုက်အပြုံလိုက် စတင်ထွက်ခွာခြင်း"
အမေရိကန်နှင့် အစ္စရေးတို့ စတင်ခဲ့တဲ့ အရှေ့အလယ်ပိုင်းစစ်ရေးအခြေအနေကြောင့် အစ္စရေးနိုင်ငံ ဘင်ဂူရီယွန် Ben Gurion အပြည်ပြည်ဆိုင်ရာ လေဆိပ်ရဲ့ (၃) ရက်မြောက်နေ့မှာတော့ 'ကတိတော်ထားရာနယ်မြေ' (Promised Land) ကနေ အရေးပေါ် ထွက်ခွာချင်ကြသူတွေနဲ့ လေဆိပ်တစ်ခုလုံး တိုးဝှေ့နေတဲ့ အခြေအနေ ဆိုက်ရောက်နေပါတယ်။
ဘယ်သူမပြုမိမိမှု

👍27❤5🕊2
စစ်တပ်မကောင်းဘူး။ စစ်တပ်ကိုချရင်ကောင်းတယ်ဆိုတဲ့ လှေနံဓားထစ်အယူအစကို တရားသေဆွဲပြီး မြန်မာနိုင်ငံမှာရှိသမျှ လှည်းနေလှေအောင်းမြင်းဇောင်းမကျန် စစ်တပ်ကိုချရင်ပြီးရော တွေ့ရာအကုန်မြှောက်ပေးခဲ့ကြပြီး ဒီlogicနဲ့စည်းရုံးရေးတည်ဆောက်ထားကြတဲ့ ဝရုန်းသုံးကား ကာလကြီးကတော့ အခုဇတ်သိမ်းခန်းရောက်လာခဲ့ကြပါပြီ။
အခုက စစ်တပ်မကောင်းဘူး။ စစ်တပ်ကိုချရင်ကောင်းတယ်မဟုတ်တော့ဘူး။ စစ်တပ်ကိုချတိုင်းကောင်းတာမဟုတ် ငါတို့စကားနားထောင်မှကောင်းတယ်ဆိုတဲ့ဘက်ကိုရောက်နေပါပြီ။ တနည်းအားဖြင့် စစ်တပ်ကိုချရင်လည်း ငါတို့အုပ်ချုပ်မှုအောက်မရှိရင် ရန်သူပဲဆိုတဲ့အယူအဆက လွမ်းမိုးလာပါပြီ။
ဒါကြောင့်လည်း PDFတွေက ဗိုလ်နဂါးကိုအပြတ်ရှင်းခဲ့တာပါပဲ။ ဗိုလ်နဂါးဟာ စစ်တပ်နဲ့ပေါင်းလို့ဆိုတဲ့ခေါင်းစဉ်တပ်လိုက်ပေမယ့် အခု ဗိုလ်နဂါးပဲမကတော့ပါဘူး။ NUGအောက်မှာမရှိတဲ့ နွေဦးတော်လှန်ရေးတပ်ပေါင်းစုSRAရဲ့တပ်သားတွေကိုရော ခေါင်းဆောင်ပိုင်းတွေကိုပါ NUGက ဖမ်းစီးမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။ SRAဆိုတာ မြန်မာပြည်ဒေသအသီးသီးက လက်နက်ကိုင်အဖွဲ့၁၉ဖွဲ့ ပေါင်းစည်းထားတဲ့အဖွဲ့ဖြစ်ပြီး လက်ရှိမှာတပ်မတော်ကို တိုက်ခိုက်နေတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။
မြန်မာပြည်ရဲ့လက်နက်ကိုင်ပဋိပက္ခအရင်းအမြစ်နဲ့လားရာ မတူကြပါဘူး။ မတူတာကိုစုလို့မရပါဘူး။ တိုင်းရင်းသားလက်နက်ကိုင်အုပ်စု NUGအုပ်စု NUGနဲ့မတူတဲ့အခြားလက်နက်ကိုင်အုပ်စု အများကြီးပါ။
တိုင်းရင်းသားလက်နက်ကိုင်ဆိုတိုင်းလည်း အချင်းချင်းတည့်တာမဟုတ်ပါဘူး။ ရှမ်းဆို RCSSနဲ့SSPPမတည့်ပါဘူး။ TNLAနဲ့MNDAAဟာ 1027မှာတပ်ကိုအတူချပေမယ့် အခုမတည့်တော့ပြန်ပါဘူး။ KIAကနေသင်တန်းဆင်းလာတဲ့TNLAဆိုရင်တောင်KIAကိုပြန်ချပါတယ်။ UWSAနဲ့KIAဆိုရင်တောင် မြန်မာ့လက်နက်ကိုင်အဓိပတိနေရာနဲ့ပါတ်သက်ပြီး အစေးမကပ်ပါဘူး။ FPNCCမှာကို အမှီးအမှောက်မတည့်ကြတဲ့အဖွဲ့တွေပါ။ KIAက အနောက်ယိမ်းသလို UWSAက တရုတ်ယိမ်းပါတယ်။ ကရင်မှာဆိုပြောမနေတော့နဲ့ သွားရှုပ်လို့ကိုမရဘူး။ သူ့ဟာသူပဲကိုရှုပ်လွန်းလို့။
ရပ်တည်ချက်မတူသလိုရည်ရွယ်ချက်တွေလည်းမတူပါဘူး။မကြာခင်က KIAဗိုလ်ချုပ်ဂွမ်မော်က ကချင် စစ်ကိုင်း ချင်း ရခိုင်ယူနစ်ဆိုပြီး ကချင်ပြည်ကနေပင်လယ်ထွက်ပေါက်ရှိတဲ့ ရခိုင်နယ်အထိ ခွဲထွက်မယ့်အခင်းအကျင်းကိုပြောဆိုခဲ့ပါသေးတယ်။ ကချင်ပြည်က KIAခွဲထွက်ရင် ကျန်တဲ့ ရှမ်းနီ ရဝမ် လီဆူ လော်ဝေါ်တွေက လက်ခံမှာလား။ ချင်းပြည်မှာရော မီဇို စီးယင်း အရှို မျိုးကွဲအများကြီးရှိသလို တမြို့ထဲမှာကိုနှစ်ဖွဲ့ကွဲပြီးပြန်ချနေတဲ့မြို့တွေလည်းအများကြီး။ ကြားက နာဂကလည်းဒါကိုလက်မခံသလို ချင်းထဲမှာတောင်AAကိုလက်ခံတဲ့ချင်းနဲ့လက်မခံတဲ့ချင်း အမျိုးကွဲအများကြီးရှိနေပါသေးတယ်။ ဒီတော့ မြန်မာပြည် အနောက်ဘက်အခြမ်းတခုလုံးရဲ့ခွဲထွက်ရေးဟာ မဖြစ်နိုင်ဘူးဆိုတာ တွေ့မြင်ရပါလိမ့်မယ်။
ပြီးရင်နယ်မြေရထားတဲ့ TNLAနဲ့MNDAAပြသနာလို နယ်မြေခွဲဝေမှုပြသနာတွေနဲ့အတူ စိတ်ဝမ်းကွဲကြအုံးမှာပါ။ ချင်းမှာလည်း အချင်းချင်းပြန်တိုက်နေကြရသလို ကရင်မှာလည်း KNLA KTLA BGF KNA ကရင်အဖွဲ့ခြင်းပြန်တိုက်နေကြရတယ်။ စစ်ကိုင်းမှာလည်း NUGနဲ့SRAပြသနာတွေရှိလာတယ်။
ဒီအချိန်မှာ အံ့ဩစရာကောင်းတာတခုက နီပေါသိုက်ရဲ့အစည်းပြေချိန်မှာ တပ်မတော်ဘက်က အင်အားစုစည်းနိုင်ခြင်းက တကျော့ပြန်အားကောင်းလာတာပါ။ တပ်မတော်ရဲ့တိုက်ရိုက်ကွတ်ကဲမှုအောက်မရှိပေမယ့် တပ်မတော်နဲ့လက်တွဲနေတဲ့တိုင်းရင်းသားအဖွဲ့တွေအားကောင်းလာခြင်းပါ။ ပအို့အဖွဲ့PNO ရှမ်းနီအဖွဲ့ SNAတို့လို အင်အားထောင်ချီတဲ့အဖွဲ့တွေဟာ တပ်မတော်နဲ့တွဲဘက်ညီညီလှုပ်ရှားလာနိုင်ခြင်းက ဒီအခင်းအကျင်းကြီးရဲ့အဖြေကိုကြီးစွာပြောင်းလဲနိုင်စွမ်းရှိလာပါတယ်။ ဒီအပြင် လူမျိုးစုကိုယ်စားပြု ဒေသကိုယ်စားပြု ပြည်သူ့စစ်အဖွဲ့များဟာလည်း အားကောင်းလာကြပါတယ်။ တဖက်ကပြိုကွဲချိန်မှာ တဖက်မှာ ပိုမိုစုစည်းလာကြခြင်းပါ။
ပြီးရင်တပ်မတော်ဟာ သူရဲ့ကွတ်ကဲမှုအောက်မှာမရှိတဲ့အပြင် သူနဲ့ဆက်ဆံရေးအစဉ်မပြေဘူးဆိုရင်တောင် သူ့ကိုမထိရင် ရန်သူလို့မသတ်မှတ်တာကို RCSS UWSA NDAAတို့ကိုကြည့်ရင်တွေ့မြင်ရပါလိမ့်တယ်။ ဒီတော့ဒီအဖွဲ့တွေ ဘယ်သူနဲ့ရပ်တည်မှာလဲ။ ကိုယ်နဲ့မတူရန်သူလုပ်နေတဲ့ကောင်တွေဘက်ရပ်မှာလား။ မတူရင်တောင်အစဉ်ပြေအောင်နေတဲ့သူဘက်ရပ်မှာလား မေးခွန်းထုတ်စရာလိုမယ်မထင်ပါဘူး။
ဒီတော့ လက်ရှိမြန်မာ့လက်နက်ကိုင်ပဋိပက္ခအခင်းအကျင်းမှာ ဘယ်သူနိုင်မလဲဆိုတဲ့အဖြေက တွက်ဆလို့လွယ်ကူတဲ့အပိုင်းရောက်လို့လာပါပြီ။ မကြာခင် အရပ်သားအစိုးရတက်မယ်။ တပ်မတော်ကလည်း စစ်တိုက်တဲ့အလုပ်ကို အာရုံစိုက်လုပ်နိုင်တော့မယ်။ ဒီပွဲဘယ်သူနိုင်မလဲဆိုတဲ့အဖြေက ပိုမိုကျစ်လစ်လာတဲ့အဖွဲ့အစည်းကြီးကနိုင်အုံးမှာပဲဖြစ်ပြီး တစဆီကွဲပြားသွားတဲ့အဖွဲ့တွေက သရေယူရင်ယူ မယူရင်ရှုံးကြရအုံးမှာပါပဲ။
ရေးသူ - Hkun Naung

👍22❤8
Forwarded from U Khin Yi
Media is too big
VIEW IN TELEGRAM
တတိယအကြိမ်လွှတ်တော်တွေမှာ ပိုမိုခိုင်မာပြည်မြန်မာကိုတည်ဆောက်ဖို့နဲ့ ပြည်သူ့ Mandate ကိုအကောင်အထည်ဖော်ဖို့ ကျွန်တော်တို့ပါတီကကိုယ်စားလှယ်တွေအားလုံးအဆင်သင့်ဖြစ်နေပါပြီ။
#UKhinYi #USDP #StrongerMyanmar #Myanmar #fyp

👍16❤7