News Of Myanmar
13.2K subscribers
22.7K photos
3.23K videos
3 files
6.61K links
Download Telegram
၂၀၂၆ ခုနှစ်၊ မတ်လ ၉ ရက်နေ့၌ တွင်းငယ်-မိုးမိတ်သွားကားလမ်းပေါ်ရှိ ကျောက်ဖြူကျေးရွာအနီးတွင် ဆက်ကြေးကောက်နေသည့် PDF အကြမ်းဖက်သမားများကို တပ်မတော်စစ်ကြောင်းများက တိုက်ခိုက်ချေမှုန်းခဲ့ရာ အကြမ်းဖက် အလောင်း ၃ လောင်းနှင့် သေနတ် ၁ လက်တို့အား သိမ်းဆည်းရမိခဲ့ပြီး ကျောက်ဖြူကျေးရွာကို သိမ်းပိုက်ခဲ့သည်။

NOM
👍226
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမနှင့် တည်းခိုအိပ်ဆောင်၊ ထမင်းစားဆောင်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား သွားရောက်ကြည့်ရှုခြင်းနှင့် တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေး (၃/၂၀၂၆) တက်ရောက်

မတ်လ ၉၊ ၂၀၂၆

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်၊ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက တိုင်းဒေသကြီး လွှတ်တော်ရုံးသို့ ရောက်ရှိရာ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီး လွှတ်တော်ရုံး အကြီးအမှူးက လွှတ်တော်ကိုယ်စားလှယ်များ ကြိုဆို ပို့ဆောင်ရေး၊ ကြိုတင်စီမံ ဆောင်ရွက်ထားရှိမှု၊ တည်းခို နေရာချထားပေးမည့် အိပ်ဆောင်များ၊ ထမင်းစားဆောင်နှင့် လွှတ်တော်ဝင်းအတွင်း သန့်ရှင်းသပ်ရပ်စွာ ဆောင်ရွက်ထားရှိမှု၊ လွှတ်တော်ကိုယ်စားလှယ်များကို ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများနှင့် လုံခြုံစွာ သွားလာနိုင်ရေး စီမံဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ရုံးလုပ်ငန်း ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် တတိယအကြိမ် တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးများ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် လွှတ်တော် ကော်မတီ (၉) ရပ်မှ တာဝန်ရှိသူများက လွှတ်တော် အစည်းအဝေး ကျင်းပစဉ် ကာလအတွင်း မိမိတို့ တာဝန်ယူ ဆောင်ရွက်သွားမည့် လုပ်ငန်း အခြေအနေများနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွှတ်တော် အစည်းအဝေးခန်းမ၊ လွှတ်တော် ကိုယ်စားလှယ် နားနေခန်း၊ ရုံးခန်းများ၊ အိပ်ဆောင် အဆောက်အအုံများနှင့် ထမင်းစားဆောင်တို့ကို လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ကြိုတင်ရောက်ရှိနေကြသည့် တိုင်းဒေသကြီးအတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။

ထို့အပြင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နေ့လယ်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ အစည်းအဝေး (၃/၂၀၂၆) ကို တက်ရောက်ခဲ့ပါသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ဒေသခရီးသွား လုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနရုံးမှ တိုင်းဒေသကြီး ဦးစီးမှူးက ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များက မိမိတို့ ဌာနများအလိုက် တိုင်းဒေသကြီးအတွင်းရှိ ခရီးသွားဇုန်များတွင် သန့်ရှင်းသပ်ရပ်မှု လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ခရီးသွားများ သွားလာရေး၊ နေထိုင်ရေးနှင့် ဟိုတယ်တည်းခိုရိပ်သာများ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့ကို ဆွေးနွေးတင်ပြခဲ့ကြသည်။

ဟိုတယ်တည်းခိုရိပ်သာ လုပ်ငန်းရှင်များကလည်း မိမိတို့ လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကို အကြံပြု ဆွေးနွေးတင်ပြခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

NOM
👍123
🕌 🇮🇷 - အထွတ်အမြတ်ထားရာ ဂျမ်ကရန် (Jamkaran) ဗလီဝတ်ကျောင်းတော်တွင် အယာတိုလာ ဆယက် မူဂျာတာဘာ ခါမေနီအား ကွမ် (Qom) ပြည်သူများ၏ သမိုင်းဝင် သစ္စာဆိုပွဲ

NOM
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
👍243😱3
အမေရိကန်နှင့် အစ္စရေးတို့၏ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေသော်လည်း အီရန်မြို့ကြီးများတွင် ပြည်သူများသည် အဓိပတိခေါင်းဆောင်သစ် အယာတိုလာ မူဂျာတာဘာ ခါမေနီ (Ayatollah Mojtaba Khamenei) အား သစ္စာခံရန် လမ်းမပေါ်သို့ အလုံးအရင်းနှင့် ထွက်လာကြသည်။

NOM
👍287😱4
ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်ခဲ့သည့် ဆင်သေရေလှောင်တမံ အခိုင်အမာ ပြုပြင်နေမှုအား ကြည့်ရှုစစ်ဆေး

မတ်လ ၉၊ ၂၀၂၆

မန္တလေးငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ခဲ့တဲ့ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ မဲဇလီစင်ကျေးရွာအနီးရှိ ဆင်သေရေလှောင်တမံ အခိုင်အမာ ပြုပြင်နေမှု ကို အခုလ ၇ ရက်နေ့က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်ဟာ တာဝန်ရှိသူများနဲ့အတူ ကြည့်ရှုစစ်ဆေးပါတယ်။

ပထမဦးစွာ တာဝန်ရှိသူများက ဆင်သေရေလှောင်တမံ ပြုပြင်ခြင်းလုပ်ငန်းမှာ ပြန်လည်ပြုပြင်မယ့် ဒီဇိုင်းပုံစံများ၊ လအလိုက်ဆောင်ရွက်ရန် လျာထားမှု၊ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်တာများ ဆွေးနွေးမှာကြားပြီး လုပ်ငန်းခွင်အတွင်း ဆောင်ရွက်လျက်ရှိတဲ့ တမံ Rock Toe ရေစစ်ကျောက်ရိုးစီခြင်း၊ မြေစေးဖို့ခြင်း၊ တမံနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပါတယ်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးဟာ တပ်ကုန်းမြို့နယ်၊ သရက်ကုန်းကျေးရွာအနီးမှာ အသစ်တည်ဆောက်မယ့် ဆင်သေရေလွှဲဆည် နေရာကို ရောက်ရှိစဉ် ရေလွှဲဆည်အသစ် တည်ဆောက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်နေမှုများ၊ ရေလွှဲဆည်ဝင်ရိုး Alignment ရွေးချယ်ထားရှိမှု၊ သတ်မှတ်ဒီဇိုင်းပုံစံအရ မြေပြင်အနေအထားနဲ့ ကိုက်ညီမှု ရှိမရှိ အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာ လိုအပ်တာများ ဆွေးနွေးမှာကြားပါတယ်။

အဲဒီနောက် ဆင်သေဆည်ရေသောက်စနစ် လက်ဝဲလက်တံတို မြောင်းဖျားပိုင်းအထိ နွေစပါးနဲ့ နွေအခြားသီးနှံ စိုက်ပျိုးရေပေးဝေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနဲ့ တွေ့ဆုံကာ စိုက်ပျိုးရေ လေလွင့်ဆုံးရှုံးမှု မရှိစေရေးနဲ့ စနစ်တကျ အကျိုးရှိစွာ သုံးစွဲကြရန် ဆွေးနွေးမှာကြားပါတယ်။

အဲဒီကမှတစ်ဆင့် ဒုတိယဝန်ကြီးဟာ ရေဆင်းဆည် ရေသောက်စနစ် ဧရိယာအတွင်း လက်ယာလက်တံနှင့် မြောင်းမကြီးမှ စိုက်ပျိုးရေပေးဝေနေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနဲ့ တွေ့ဆုံကာ လိုအပ်တာများကို ဆွေးနွေးမှာကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။

NOM
👍13
This media is not supported in your browser
VIEW IN TELEGRAM
ပါကစ္စတန်နယ်ခြားစောင့်စခန်းများကိုအာဖဂန်နစ္စတန်တာလီဘန်တို့ကပြင်သစ်ထုတ်တင့်ကါးဖျက်ပဲ့ထိန်းဒုံးများဖြင့်ပစ်ခတ်တိုက်ခိုက်လျက်ရှိသည်။
👍23🕊2
🚨 - အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ရဲ့ ထုတ်ပြန်ချက်

"မိမိတို့နိုင်ငံအတွင်းရှိ အစ္စရေးနှင့် အမေရိကန် သံအမတ်များကို နှင်ထုတ်သည့် မည်သည့် အာရပ် သို့မဟုတ် ဥရောပနိုင်ငံမဆို ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို အပြည့်အဝ အခွင့်အာဏာဖြင့် လွတ်လပ်စွာ ဖြတ်သန်းခွင့် ရရှိမည်ဖြစ်သည်။"

NOM
Please open Telegram to view this post
VIEW IN TELEGRAM
👍358🕊2😡1
🇸🇾 🚨 🇮🇷 "အီရန်ရှိ ကာ့ဒ်လူမျိုးတွေအနေနဲ့ အမေရိကန်နဲ့ မဟာမိတ်မဖွဲ့မိဖို့ မျှော်လင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမေရိကန်ဟာ သူတို့ကို နောက်ဆုံးမှာ ပစ်ပယ်သွားမှာဖြစ်လို့ပါလို့ ဆီးရီးယားရှိ ကာ့ဒ်လူမျိုးတွေက ၎င်းတို့ရဲ့အတွေ့အကြုံအရ အီရန်ကာ့ဒ်လူမျိုးတွေကို သတိပေးလိုက်ပါတယ်။"

မှတ်ချက်-
အမေရိကန်ဟာ အကျိုးစီးပွားမရှိတော့ရင် သို့မဟုတ် အခြေအနေတစ်ခုရောက်ရင် မဟာမိတ်တွေကို လက်လွှတ်စပစ်ခဲ့တတ်တဲ့ ရာဇဝင်ရှိတယ်လို့ ဆိုလိုတာဖြစ်ပါတယ်။

NOM
Please open Telegram to view this post
VIEW IN TELEGRAM
👍316