News Of Myanmar
13.2K subscribers
22.7K photos
3.23K videos
3 files
6.61K links
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
🇮🇷 - အီရန်နိုင်ငံ၊ အစ်စ်ဖာဟန်မြို့ရှိ အုပ်ချုပ်ရေးမှူးရုံးနှင့် အရပ်ဘက် အခြေခံအဆောက်အအုံများကို ပစ်မှတ်ထား၍ အမေရိကန်-အစ္စရေးတို့က ဗုံးကြဲတိုက်ခိုက်ခဲ့ကြသည်။ ထိုသို့ တိုက်ခိုက်မှုများကြားတွင် အီရန်ပြည်သူများက မကြောက်မရွံ့ အာခံသည့်အနေဖြင့် "အလ္လာဟ် အရှင်မြတ်သည် အကြီးမြတ်ဆုံးဖြစ်တော်မူ၏" (Allahu Akbar) ဟု ကြွေးကြော်ခဲ့ကြသည်။

NOM
Please open Telegram to view this post
VIEW IN TELEGRAM
👍23🕊31
လမင်းကဗျာအား ခေါ်ယူစစ်ဆေးနေ

NOM မတ် ၉၊ ၂၀၂၆

မြိုင်မြို့နယ်၊ ဝယ်တောင်ကျေးရွာ (အကြမ်းဖက် PDF ရွာ) သို့ဇန်နဝါရီလ ၂၈ ရက်နေ့ကသီချင်းသွားရောက်သီဆိုဖျော်ဖြေသော ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊၁၆ ရပ်ကွက်၊ ဦးဖိုးမှန်လမ်းနေ လမင်းကဗျာ (ခေါ်) ဒေါ်လှလှဝင်း (၃၇ နှစ်) အား မတ်လ ၉ ရက်နံနက်၌ လှိုင်မြို့မရဲစခန်းတွင် ပူးပေါင်းအဖွဲ့ဖြင့်စစ်ဆေးနေကြောင်းသတင်းရရှိသည်။

NOM
👍344😡2❤‍🔥1
၂၀၂၆ ခုနှစ်၊ မတ်လ ၉ ရက်နေ့ တွင်းငယ်-တကောင်းဒေသ၊ တကောင်းမြို့နှင့် နှစ်မိုင်အကွာရှိ မကျီးကုန်းရွာ၊ ဆင်ညှပ်ကုန်းရွာများကို PDF အကြမ်းဖက်သမားများ​၏ လက်ဝယ်မှ တပ်မတော်က ပြန်လည်ထိန်းချုပ်။

NOM
👍196🕊2
၂၀၂၆ ခုနှစ်၊ မတ်လ ၉ ရက်နေ့၌ တွင်းငယ်-မိုးမိတ်သွားကားလမ်းပေါ်ရှိ ကျောက်ဖြူကျေးရွာအနီးတွင် ဆက်ကြေးကောက်နေသည့် PDF အကြမ်းဖက်သမားများကို တပ်မတော်စစ်ကြောင်းများက တိုက်ခိုက်ချေမှုန်းခဲ့ရာ အကြမ်းဖက် အလောင်း ၃ လောင်းနှင့် သေနတ် ၁ လက်တို့အား သိမ်းဆည်းရမိခဲ့ပြီး ကျောက်ဖြူကျေးရွာကို သိမ်းပိုက်ခဲ့သည်။

NOM
👍226
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမနှင့် တည်းခိုအိပ်ဆောင်၊ ထမင်းစားဆောင်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား သွားရောက်ကြည့်ရှုခြင်းနှင့် တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေး (၃/၂၀၂၆) တက်ရောက်

မတ်လ ၉၊ ၂၀၂၆

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်၊ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက တိုင်းဒေသကြီး လွှတ်တော်ရုံးသို့ ရောက်ရှိရာ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီး လွှတ်တော်ရုံး အကြီးအမှူးက လွှတ်တော်ကိုယ်စားလှယ်များ ကြိုဆို ပို့ဆောင်ရေး၊ ကြိုတင်စီမံ ဆောင်ရွက်ထားရှိမှု၊ တည်းခို နေရာချထားပေးမည့် အိပ်ဆောင်များ၊ ထမင်းစားဆောင်နှင့် လွှတ်တော်ဝင်းအတွင်း သန့်ရှင်းသပ်ရပ်စွာ ဆောင်ရွက်ထားရှိမှု၊ လွှတ်တော်ကိုယ်စားလှယ်များကို ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများနှင့် လုံခြုံစွာ သွားလာနိုင်ရေး စီမံဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ရုံးလုပ်ငန်း ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် တတိယအကြိမ် တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးများ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် လွှတ်တော် ကော်မတီ (၉) ရပ်မှ တာဝန်ရှိသူများက လွှတ်တော် အစည်းအဝေး ကျင်းပစဉ် ကာလအတွင်း မိမိတို့ တာဝန်ယူ ဆောင်ရွက်သွားမည့် လုပ်ငန်း အခြေအနေများနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွှတ်တော် အစည်းအဝေးခန်းမ၊ လွှတ်တော် ကိုယ်စားလှယ် နားနေခန်း၊ ရုံးခန်းများ၊ အိပ်ဆောင် အဆောက်အအုံများနှင့် ထမင်းစားဆောင်တို့ကို လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ကြိုတင်ရောက်ရှိနေကြသည့် တိုင်းဒေသကြီးအတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။

ထို့အပြင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နေ့လယ်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ အစည်းအဝေး (၃/၂၀၂၆) ကို တက်ရောက်ခဲ့ပါသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ဒေသခရီးသွား လုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနရုံးမှ တိုင်းဒေသကြီး ဦးစီးမှူးက ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များက မိမိတို့ ဌာနများအလိုက် တိုင်းဒေသကြီးအတွင်းရှိ ခရီးသွားဇုန်များတွင် သန့်ရှင်းသပ်ရပ်မှု လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ခရီးသွားများ သွားလာရေး၊ နေထိုင်ရေးနှင့် ဟိုတယ်တည်းခိုရိပ်သာများ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့ကို ဆွေးနွေးတင်ပြခဲ့ကြသည်။

ဟိုတယ်တည်းခိုရိပ်သာ လုပ်ငန်းရှင်များကလည်း မိမိတို့ လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကို အကြံပြု ဆွေးနွေးတင်ပြခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

NOM
👍123
🕌 🇮🇷 - အထွတ်အမြတ်ထားရာ ဂျမ်ကရန် (Jamkaran) ဗလီဝတ်ကျောင်းတော်တွင် အယာတိုလာ ဆယက် မူဂျာတာဘာ ခါမေနီအား ကွမ် (Qom) ပြည်သူများ၏ သမိုင်းဝင် သစ္စာဆိုပွဲ

NOM
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
👍243😱3