👍31❤4🕊3
အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) က ထုတ်ပြန်သည့် ကြေညာချက်တွင် - ၎င်းတို့သည် နိုင်ငံတော်ခေါင်းဆောင်မှု၏ စွမ်းအားရှိသော လက်ရုံးနှင့် စစ်သည်တော်များ ဖြစ်သည်နှင့်အညီ ပညာရှင်များကောင်စီ (Assembly of Experts) ၏ ဂုဏ်သရေရှိသော ရွေးချယ်တင်မြှောက်မှုကို ထောက်ခံအားပေးကြောင်း ဖော်ပြထားသည်။
ထို့အပြင် အီရန်၏ အဓိပတိခေါင်းဆောင်ကြီး အယာတိုလာ ဆယက်ဒ် မွတ်ဂျ်တာဘာ ခါမေနီ ၏ မြတ်လှစွာသော အမိန့်တော်များကို အကြွင်းမဲ့ နာခံရန်နှင့် ကိုယ်ကျိုးစွန့် အနစ်နာခံရန် အသင့်ရှိကြောင်း၊ အစ္စလာမ်မစ် တော်လှန်ရေး၏ တန်ဖိုးများကို ထိန်းသိမ်းရန်နှင့် တော်လှန်ရေး အာဇာနည် ခေါင်းဆောင်ကြီးများဖြစ်ကြသော အီမာမ် ခိုမိန်းနီ နှင့် အီမာမ် ခါမေနီ တို့၏ အဖိုးမဖြတ်နိုင်သော အမွေအနှစ်များကို ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
NOM
Please open Telegram to view this post
VIEW IN TELEGRAM
👍26❤6🕊2
တနင်္သာရီမြို့၊ ချောင်းကြီးရပ်ကွက် ချောင်းကြီးဘုန်းတော်ကြီးကျောင်းအတွင်း ရေကန်ဖေါင်ဒေးရှင်းတူးရာမှ ရှေးဟောင်းငွေထည်/ ကြေးထည် ဘုရားဆင်းတုတော်များ နှင့် ရှေးဟောင်းတနင်္သာရီခဲဒင်္ဂါးများ တူးဖေါ်တွေ့ရှိ
မတ်လ ၉၊ ၂၀၂၆
၂၀၂၆ ခုနှစ်၊ မတ်လ ၈ ရက်နေ့ နံနက် ၁၁ နာရီအချိန်၌ တနင်္သာရီမြို့၊ ချောင်းကြီးရပ်ကွက် ချောင်းကြီးဘုန်းတော်ကျောင်းတိုက်အတွင်းရှိ ဓမ္မာရုံအနီးတွင် ရေကန်တည်ဆောက်ရန် မြေတူးလုပ်သား ဦးလင်းငယ် (၄၃ နှစ်) သည် ဖောင်ဒေးရှင်းတူးဖေါ်ရာ မြေအောက်အနက် (၃) ပေခန့်တွင် အကျယ် (၁၂) လက်မ ဇောက် (၁၆) လက်မခန့်ရှိ စဥ့်အိုးဖြင့်ထည့်သွင်းထားသည့် အောက်ပါ ရှေးဟောင်းငွေထည် (ငွေထည်အပြားခတ်အတွင်းမြေစာဖြည့်)ထိုင်တော်မူဆင်းတုတော် (၃၅) ဆူ(အနည်းငယ်ပျက်)၊ ရှေးဟောင်းငွေထည် (ငွေထည်အပြားခတ်အတွင်းမြေစာဖြည့်) ထိုင်တော်မူဆင်းတုတော် (၄) ဆူ (ပျက်စီး)၊ ရှေးဟောင်းကြေးထည်ထိုင်တော်မူ (၇) ဆူ(ကောင်း)၊ ရှေးဟောင်းကြေးထည်ထိုင်တော်မူ (၁) ဆူ (ပျက်စီး)၊ ရှေးဟောင်းကြေးထည်ရပ်တော်မူ (၂) ဆူ (ကောင်း)၊ ရှေးဟောင်းကြေးထည်နဂါးရုံဘုရား (၁) ဆူ (ကောင်း)၊ ရှေးဟောင်းသစ်သားပန်းပုထိုင်တော်မူ (၁) ဆူ (ပျက်) စုစုပေါင်းဘုရားဆင်းတုတော် (၅၁) ဆူနှင့် အချင်း ၂.၇၅ လက်မရှိ တနင်္သာရီရှေးဟောင်းခဲဒင်္ဂါး (၇) ပြားတို့အားတူးဖေါ်တွေ့ရှိသဖြင့် ကျောင်းကြီးကျောင်းတိုက် ပဓါနနာယကဆရာတော် ဘဒ္ဒန္တ ပဏ္ဏိစ ၏သြဝါအားခံယူ၍ ကျောင်းတိုက်အတွင်းပူဇော်ထားကြောင်း ၄င်းတူးဖေါ်တွေ့ရှိသည့်နေရာသည် ယခင်က စေတီဟောင်း (ပျက်စီး) မြေနေရာဖြစ်ကြောင်းသိရှိရပါသည်။

👍23❤5
ဗြိတိန်နိုင်ငံ၏ ဓာတ်ငွေ့သယ်ယူပို့ဆောင်ရေး ကွန်ရက်လုပ်ငန်း လုပ်ကိုင်သူ၏ ပြောကြားချက်ကို ကိုးကား၍ Daily Mail သတင်းစာက ဖော်ပြရာတွင်
လက်ရှိ ဗြိတိန်နိုင်ငံ၏ သိုလှောင်ရုံများ၌ ကျန်ရှိသော ဓာတ်ငွေ့ပမာဏသည် နှစ်ရက်စာ သုံးစွဲရန်အတွက်သာ လုံလောက်တော့ကြောင်း သိရသည်။
သတင်းစာ၏ အဆိုအရ ဗြိတိန်၏ ဓာတ်ငွေ့သိုလှောင်ထားနိုင်မှု ပမာဏသည် ၂၀၂၅ ခုနှစ်တွင် ၁၈,၀၀၀ ဂစ်ဂါဝပ်နာရီ (GWh) ရှိခဲ့ရာမှ ၂၀၂၆ ခုနှစ်တွင် ၆,၇၀၀ ဂစ်ဂါဝပ်နာရီ အထိ သိသိသာသာ လျော့ကျသွားခဲ့ကြောင်း ဖော်ပြထားသည်။
ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက သိုလှောင်မှုပမာဏသည် ထက်ဝက်ကျော် (၆၀% ခန့်) လျော့ကျသွားပြီး စွမ်းအင်လုံခြုံရေးအတွက် စိုးရိမ်ရသည့် အခြေအနေဖြစ်ကြောင်း တွေ့ရသည်။
NOM
Please open Telegram to view this post
VIEW IN TELEGRAM
👍27🕊6❤4
NOM
Please open Telegram to view this post
VIEW IN TELEGRAM
👍24❤6😡3🕊1
Forwarded from NOM.World News
လောင်စာဆီစျေးနှုန်းမြင့်တက်ပြီးနောက် ဗီယက်နမ်မှာ ရထားစီးသူ ပိုမိုများပြားလာ
လောင်စာဆီစျေးနှုန်းတွေ မြင့်တက်ခဲ့ပြီးနောက် ဗီယက်နမ်မှာ ရထားစီးနင်းသူတွေ တိုးပွားလာတယ်လို့ Vietnam’s Railway Transport Joint Stock Company က ပြောဆိုခဲ့ပါတယ်။ ရထားစီးခရီးသည်ဟာ ၁၀% ကနေ ၁၅% အထိ တိုးမြင့်လာခဲ့လို့လည်း ဝန်ဆောင်မှုတွေ တည်ငြိမ်မှုရှိဖို့နဲ့ လုံခြုံစိတ်ချရမှုရှိအောင် သေချာပြင်ဆင်ပေးနေတယ်လို့လည်း ဆိုပါတယ်။ ဗီယက်နမ်မှာ ဒီဇယ်ဆီစျေးနှုန်းဟာ တလီတာကို ဒေါင် ၃ သောင်းအထိ မြင့်တက်ခဲ့ကာ ကန်ဒေါ်လာ ၁.၂၁ ရှိပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ အပတ်အတွင်းကထက် ၃၁.၂၆ ရာခိုင်နှုန်း မြင့်တက်ခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။
News Of Myanmar NOM

👍29❤3
မဟာအောင်မြေမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုစစ်ဆေး
မတ် ၉၊ ၂၀၂၆
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချူပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်အဖွဲ့ဝင်များသည် မဟာအောင်မြေမြို့နယ်၌၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများသို့ ယနေ့နံနက်ပိုင်းက လာရောက်ကြည့်ရှုစစ်ဆေးသည်။
တိုင်းဒေသကြီးဝန်ကြီးချူပ်နှင့်အဖွဲ့ဝင်များသည် အမှတ်(၂) အ.ထ.က(ခွဲ)ကျောင်းမှ ကြီးကြပ်ရေးမှူးဒေါ်သက်ရည်ဝင်းနှင့်ဆရာ ဆရာမများအား စာစစ်ဌာနအတွင်ဲး တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် စာဖြေခန်း(၁၂)ခန်းတို့အား လှည့်လည်ကြည့်ရှု၍ လုံခြုံရေးနှင့်စာဖြေကျောင်းသား၊သူများ အဆင်ပြေချောမွေ့စွာဖြေဆိုနိုင်ရေးအတွက် စာဖြေခန်းများအတွင်း အလင်းရောင်ရရှိရေး၊ လေဝင်လေထွက်ကောင်းမွန်စွာရရှိရေး၊ ကျောင်းဝန်းအတွင်း/အပြင် သန့်ရှင်းမှုရှိစေရေးနှင့်လိုအပ်သည်များအား သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန်မှာကြားသည်။
မဟာအောင်မြေမြို့နယ်အနေဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန ၅ ခုဖြင့် ဖြေဆိုသွားမည်ဖြစ်ကြောင်းသိရသည်။

👍17❤5
ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ မြေအသုံးချမှုပြောင်းလဲမှုများ ကြည့်ရှုစစ်ဆေး
မတ် ၈၊ ၂၀၂၆
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ သစ်တောဦးစီးဌာနနှင့် မြေတိုင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင် မြို့နယ်အတွင်းရှိ မြေအသုံးချမှုပြောင်းလဲမှုများကို လေယာဉ်ဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ သစ်တောမြေဖြစ်သော ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောများအတွင်း တရားမဝင် ကျူးကျော်ဝင်ရောက်နေမှုများ၊ မြေလွတ်မြေရိုင်းနှင့် လယ်ယာမြေများအား ခွင့်ပြုချက်မရဘဲ အခြားမြေအသုံးချမှုအဖြစ် ပြောင်းလဲအသုံးချနေမှုများနှင့် အစိုးရစီမံခန့်ခွဲပိုင်ခွင့် ရှိသောမြေများတွင် ခွင့်ပြုချက်မရှိဘဲ မြေအသုံးချနေမှုများကို လေယာဉ်ဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ကွင်းဆင်းစစ်ဆေး
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် ပြင်ဦးလွင်မြို့နယ်အတွင်း သစ်တောဖုံးလွှမ်းမှုတိုးပွားလာစေရေးနှင့် စိမ်းလန်းစိုပြည်စေရေးအတွက် သဘာဝတောများ ထိန်းသိမ်းခြင်း၊ စနစ်တကျစီမံအုပ်ချုပ်ခြင်း၊ ရေဝေရေလဲဒေသ များထိန်းသိမ်းခြင်း၊ သစ်တောစိုက်ခင်းများ တည်ထောင်ခြင်းတို့ကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ တရားမဝင်ကျူးကျော်အခြေချခြင်းများနှင့် တရားမဝင်မြေအသုံးချခြင်းများ မရှိစေရန်၊ မြေအသုံးချနေမှုများ ဥပဒေနှင့်အညီ စနစ်ကျမှန်ကန်စေရန် သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်များစုဖွဲ့ပြီး မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်သည်။
ထို့ပြင် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများ၊ တောမီးနှင့် မီးခိုးမြူငွေ့အန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများကို ထိရောက်စွာ ကြီးကြပ်ဆောင်ရွက်နိုင်ရန်အတွက် လေယာဉ်ဖြင့်လှည့်လည် စစ်ဆေးခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

👍19❤5