News Of Myanmar
13.1K subscribers
23.2K photos
3.26K videos
3 files
6.61K links
Download Telegram
စက်သုံးဆီချွေတာရေး စုံရက်နှင့်မရက်အကြောင်းပြု၍ ယာဉ်ထိန်းရဲများ၏ ငွေညှစ်တောင်းယူမှုများ ပိုမိုဆိုးရွားလာနေဟုဆိုကာ မဟုတ်မမှန်သတင်းများ ဝါဒဖြန့်ချိလျက်ရှိ

မတ် ၈၊ ၂၀၂၆

NOM
👍13👎2😡1
ကနီမြို့နယ်၊ နတ်လာပို့ရွာအလှူကိုစစ်တပ်က လက်နက်ကြီးနဲ့ပစ်၊ ဒရုန်းနဲ့ဗုံးကြဲလို့ကျောင်းထိုင် ဆရာတော်၊ မောင်ရှင်လောင်းအပါအဝင် ၇ ဦး သေဆုံးဟု မဟုတ်မမှန် သတင်းများ ရေးသား ဖြန့်ဝေလျက်ရှိ

မတ် ၈၊ ၂၀၂၆

NOM
👍11😡2
💧🚰 အစ္စရေးနှင့် အမေရိကန်တို့ အီရန်ရှိ ရေငန်သန့်စင်စက်ရုံများကို စတင်တိုက်ခိုက်

ပြီးခဲ့တဲ့ညက အစ္စရေးနဲ့ အမေရိကန်တို့ဟာ အီရန်နိုင်ငံရှိ ရေငန်သန့်စင်စက်ရုံ (Desalination plants) တွေကို ပထမဆုံးအကြိမ် စတင်ဖျက်ဆီးခဲ့ကြပါတယ်။

အီရန်ပြည်သူတွေဟာ စစ်ပွဲမတိုင်ခင်ကတည်းက သောက်သုံးရေ ပြတ်လပ်မှုဒဏ်ကို ပြင်းထန်စွာ ခံစားနေကြရတာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ အစ္စရေးဟာ ရေအရင်းအမြစ်တွေကို ပစ်မှတ်ထားတိုက်ခိုက်လာပြီး မနေ့က အီရန်နိုင်ငံ၊ ကက်ရှ်မကျွန်း (Qeshm) ရှိ ရေငန်သန့်စင်စက်ရုံကို တိုက်ခိုက်ခဲ့ပါတယ်။

အီရန်ဘက်ကလည်း လက်တုံ့ပြန်တဲ့အနေနဲ့ ဘာရိန်းနိုင်ငံရှိ ရေငန်သန့်စင်စက်ရုံတစ်ခုကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

ပင်လယ်ကွေ့နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် အီရန်ရဲ့ အခြေအနေက တောင်ပိုင်းဒေသတွေကလွဲလို့ ပိုကောင်းတယ်လို့ ဆိုနိုင်ပါတယ်။

ကာတာ - သောက်သုံးရေ ၁၀၀ % ကို ရေငန်သန့်စင်စနစ်မှရရှိသည်။

ကူဝိတ်နှင့် ဘာရိန်း- ၉၀ % ရရှိသည်။

အိုမန် - ၈၆% ခန့် ရရှိသည်။

ဆော်ဒီအာရေဗျ: ၇၀ % ရရှိသည်။

အီရန် - စုစုပေါင်း သောက်သုံးရေရဲ့ ၃၀ % ခန့်ကိုသာ ရေငန်သန့်စင်စက်ရုံတွေကနေ ထုတ်ယူသုံးစွဲနေတာဖြစ်ပါတယ်။

NOM
👍25😡73😢2🕊2
အစ္စရေးနိုင်ငံ၊ တဲလ်အဗစ်မြို့အား ကလပ်စတာဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် နေရာအများအပြားထိမှန်ပျက်စီးပြီး ဒဏ်ရာရသူများလည်းရှိ

NOM
👍21😱5🕊31
စက်သုံးဆီဖူလုံမှုအတွက် သီလဝါဆိပ်ကမ်းသို့ စက်သုံးဆီသင်္ဘောများ စဉ်ဆက်မပြတ်ရောက်ရှိ

မတ် ၈၊ ၂၀၂၆
 
မြန်မာနိုင်ငံအနေဖြင့် တင်သွင်းထားရှိပြီးသည့် စက်သုံးဆီများကို သုံးစွဲသူလက်ဝယ် အမှန်တကယ်ရောက်ရှိရေး စိစစ်ကြပ်မတ်ဆောင်ရွက်ခြင်း၊ ပြည်တွင်း၌ စိုးရိမ်စိတ်ဖြင့် စက်သုံးဆီများ ဝယ်ယူစုဆောင်းခြင်း မဖြစ်ပေါ်စေရေးနှင့် စက်သုံးဆီခြိုးခြံချွေတာသုံးစွဲနိုင်စေရေးတို့ကို အစီအစဉ် ရေးဆွဲကြပ်မတ် ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ စက်သုံးဆီဖူလုံမှုအတွက် စဉ်ဆက်မပြတ် တင်သွင်းလျက်ရှိရာ ယနေ့တွင် သင်္ဘောတင်သွင်းရောက်ရှိမှု အခြေအနေမှာ သီလဝါဆိပ်ကမ်းတွင် ဆိုက်ကပ်ပြီး သင်္ဘော (၂)စီး၊ လမ်းခရီးတွင် သင်္ဘော (၄)စီး၊ ဆီတင်လျက်ရှိသည့် သင်္ဘော (၃)စီးနှင့် ဆီတင်ရန် စောင့်ဆိုင်းလျက်ရှိသည့် သင်္ဘော (၅)စီး ဖြစ်ကြောင်း သတင်းရရှိသည်။

NOM
👍223
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဌ   တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရေတပ်သင်္ဘောကျင်းဌာနချုပ်၊ တန် ၄၀,၀၀၀ ရေလုံလွန်းကျင်းဖွင့်ပွဲ နှင့်   တပ်မတော်(ရေ)စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

မတ် ၈၊ ၂၀၂၆

NOM
👍243
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရေတပ်သင်္ဘောကျင်းဌာနချုပ်၊ တန် ၄၀,၀၀၀ ရေလုံလွန်းကျင်းဖွင့်ပွဲ နှင့် တပ်မတော်(ရေ)စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

မတ် ၈၊ ၂၀၂၆

NOM
👍203