News Of Myanmar
13.2K subscribers
22.7K photos
3.23K videos
3 files
6.61K links
Download Telegram
ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၆)သို့ တက်ရောက် အမှာစကားပြောကြား

မတ် ၆၊ ၂၀၂၆

NOM
11👍7
အရှေ့အလယ်ပိုင်းဒေသတွင်းဆိုင်ရာ သတင်းထုတ်ပြန်ချက်

NOM
👍207🗿2🕊1
ဆီအခက်အခဲအကြောင်းပြုပြီး မဆီမဆိုင် စျေးမတန်တဆတင် ရောင်းတဲ့ EV ကါးရောင်းသူတွေကိုအရေးယူပေးပါ

NOM

အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့်လောင်စာဆီအခက်အခဲဖြစ်ပေါ်ပြီးတစ်ကမ္ဘာလုံး လောင်စာဆီအခက်အခဲတွေ့ကြုံနေရသည်ကိုနားလည်ပါသည်။ မြန်မာနိုင်ငံတွင်သာမက အချို့နိုင်ငံကြီးများတွင်ပါ ယာဉ်သုံးစွဲမှုများကန့်သတ်ရခြင်း၊လောင်စာဆီရောင်းချမှုကန့်သတ်ရခြင်းများ ပြုလုပ်နေသည်ကိုလည်းသိရှိပါသည်။ သို့သော်မြန်မာနိုင်ငံတွင် EV ကားရောင်းချသူများကကားစျေးကို ညတွင်းချင်းဆွဲတင်သွားသည်ကိုမူ ပြင်းထန်စွာပြစ်တင်ရှုံ့ချပါသည်။

အစိုးရအနေဖြင့် ကမ္ဘာ့အရေးအခင်းကို မျက်ခြေမပြတ်ကြည့်ပြီးလိုအပ်သည့်အစီအမံများလုပ်နေချိန်တွင် ဝိသမလောဘသမား EV ရောင်းသူများက စျေးဆွဲတင်လိုက်ခြင်းဖြင့် အစိုးရ၏ပုံရိပ်ထိခိုက်ရုံသာမက ဆန့်ကျင်ဖက်အဖွဲ့အစည်းများ၏ တိုက်ခိုက်ပြောဆိုမှုများပါကြုံတွေ့လာနိုင်ပါသည်။

နိုင်ငံတော်အစိုးရသည် EV ကားများစီးနင်းရန် ယခုမှမဟုတ်ဘဲ လွန်ခဲ့သည့်နှစ်များကတည်းက EV ကားသွင်းသူများကို အထူးအခွင့်အရေးများပေးပြီးဖြစ်ပါသည်။ သို့သော်လည်း EV ကားသွင်းသူများသည် နိုင်ငံတော်မျက်နှာနှင့်ပြည်သူလူထုမျက်နှာမထောက်ထားဘဲဘယ်သူသေသေငတေမာရင်ပြီးရောလုပ်နေသည်ကို နိုင်ငံတော်မှစားသုံးသူရေးရာဦးစီးဌာနကို တာဝန်ပေးပြီး စံပြဖမ်းဆီးအရေးယူသင့်ပါကြောင်းတင်ပြလိုပါသည်။

ယခုစက်သုံးဆီ တရားမဝင်မှောင်ခိုရောင်းချသူသုံးဦးကို စံပြဖမ်းဆီးပြီး မီဒီယာများမှတဆင့် ပြည်သူသို့အသိပေးသည့်ပုံစံမျိုး EV ကားရောင်းချသူများအနက် မသမာလောဘသမားများကို စံပြဖမ်းဆီးအရေးယူပေးပါရန် ပြည်သူများကိုယ်စားတင်ပြလိုက်ရပါသည်။
👍3315😡4👎1
အီရန်ရဲ့ ဒုံးကျည်များဖြင့် တိုက်ခိုက်မှုများအပြီးမှာ တရုတ်နိုင်ငံက ဂြိုဟ်တုဓာတ်ပုံတွေကို စတင်ထုတ်ပြန်လာပါတယ်။

အထူးသဖြင့် မီဇာဗီးရှင်း MizarVision ကုမ္ပဏီက ယူအေအီးနိုင်ငံရှိ အမေရိကန်ရဲ့ အယ်လ် ဒါဖရာ Al Dhafra လေတပ်စခန်း ထိခိုက်ပျက်စီးသွားတဲ့ ဂြိုဟ်တုပုံရိပ်တွေကို ဖော်ပြခဲ့တာပါ။

အဆိုပါ တိုက်ခိုက်မှုမှာ အီရန်ဘက်က သိသာထင်ရှားတဲ့ ပျက်စီးဆုံးရှုံးမှုတွေဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့တာကို တွေ့ရပါတယ်။

အကယ်၍ တရုတ်ရဲ့ ဂြိုဟ်တုပုံရိပ်တွေသာ မရှိခဲ့ရင် အမေရိကန်ရဲ့ ဆုံးရှုံးမှုတော်တော်များများဟာ ဖုံးကွယ်ခြင်း ခံထားရနိုင်ပေမဲ့ အခုပုံတွေကြောင့် ပျက်စီးမှုတွေကို ချက်ချင်းဆိုသလို ထင်ထင်ရှားရှား မြင်တွေ့နေရပြီ ဖြစ်ပါတယ်။

NOM
👍377
ဂျပန်မီဒီယာများ၏ ဖော်ပြချက်အရ - ဟော်မုဇ် ရေလက်ကြား ကို ဖြတ်သန်းသွားလာမှုများ ရပ်တန့်သွားခြင်းကြောင့် ဂျပန်နိုင်ငံသို့ ဦးတည်လာသော ရေနံစိမ်းစည်ပေါင်း ၁၄ သန်း ခန့်မှာ ပါရှန်ပင်လယ်ကွေ့အတွင်း ပိတ်မိနေသည်။

ယခုအခါ ဂျပန်အစိုးရအနေဖြင့် နိုင်ငံအတွင်း သိုလှောင်ထားသော မဟာဗျူဟာမြောက် ရေနံအရန်အင်အားများကို ထုတ်ယူသုံးစွဲရန် စဉ်းစားနေရုံသာမက ယန်ဘူ နှင့် ဖူဂျေရာ တို့ကဲ့သို့ အခြားသော ဆိပ်ကမ်းများမှတစ်ဆင့် ရေနံတင်ဆောင်နိုင်မည့် နည်းလမ်းသစ်များကိုလည်း ရှာဖွေဖော်ထုတ်လျက်ရှိသည်။

NOM
👍254
အွန်လိုင်းလိမ်လည်မှု (Telecom  Fraud)လုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် တရုတ်နိုင်ငံသား ၂၀ ဦး ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့ပြီး ပြည်ပနိုင်ငံသား ၁၅၄ ဦးအား အပြစ်ပေးအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ

မတ် ၆၊ ၂၀၂၆

NOM
👍213
Media is too big
VIEW IN TELEGRAM
စစ်တွေကို တိုက်နေပါပြီဆိုတဲ့ ဆေးကြောင် AA သူပုန်တွေရေ.. ပုဏ္ဏားကျွန်းတောင် ကျော်လို့ရလားလို့ မေးပေးပါဦး (ပြည်ဖျက်မီဒီညာတွေ အတွက်)။
-
(အားလုံး အစပါ မကျန်)
-
တိုက်ပွဲသတင်းစုံ
👍22😡21
This media is not supported in your browser
VIEW IN TELEGRAM
အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ ၏ ထုတ်ပြန်ချက်အရ အီရန်-အီရတ် နယ်စပ်အနီးရှိ ဆာဒက်ရှ်အချက်ပြလှိုင်းဖြတ်တောက်မှုနှင့် နားထောင်မှုဗဟိုစခန်းကို အသေခံဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါစခန်းသည် အမေရိကန်ထောက်လှမ်းရေး (CIA) ၏ ကျောထောက်နောက်ခံဖြင့် ကာ့ဒ်လူမျိုးခွဲထွက်ရေးသမားများ အခြေစိုက်လှုပ်ရှားနေသည့် နေရာတစ်ခုဖြစ်သည်။

NOM
👍31🕊42
This media is not supported in your browser
VIEW IN TELEGRAM
🚨 Breaking News

ဆော်ဒီအာရေဗျနိုင်ငံရှိ ပရင့်စ် ဆူလ်တန် လေတပ်စခန်းကို အီရန်၏ တာဝေးပစ်ဒုံးကျည်တစ်စင်း တိုက်ရိုက်ထိမှန်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှု မြင်ကွင်းမှာ အလွန်တုန်လှုပ်ဖွယ်ကောင်းလှပြီး မဖြစ်မနေ ကြည့်ရှုသင့်သည့် မှတ်တမ်းတစ်ခု ဖြစ်သည်။

စခန်းအတွင်းဒုံးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အဆိုပါစခန်းတွင် အခြေစိုက်သည့် အမေရိကန်စစ်သားများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းများအရသိရသည်။

NOM
Please open Telegram to view this post
VIEW IN TELEGRAM
👍267🕊2💔1
This media is not supported in your browser
VIEW IN TELEGRAM
အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုအားအစ္စရေးစစ်သားတစ်ဦးကခင်ဗျားစစ်တိုက်တာတော်သင့်ပြီ။ကျနော့်သူငယ်ချင်းတွေလဲအကုန်သေကုန်ပြီဟုသွားပြောသဖြင့်တပ်မှူးဖြစ်သူကအဆိုပါစစ်သားကိုဝန်ကြီးချုပ်အနီးမှမောင်းထုတ်လိုက်ရသည်။
👍38💔41🕊1
ဟော်မုဇ်ရေလက်ကြားကိုအီရန်ကပိတ်လိုက်သဖြင့်အဆိုပါရေလက်ကြားမှပစ္စည်းများသယ်နေသည့်ဒူဘိုင်းတွင်အသီးအနှံနှင့်ဟင်းသီးဟင်းရွက်ဆယ်ရက်စာသာရှိတော့ကြောင်းပစ္စည်းတင်သွင်းသည့်ကုမ္ပဏီကကြေညာထားသည်။
😱19👍103
ယူကရိန်းထောက်လှမ်းရေးဌာန၏ ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးအပါအဝင် ယူကရိန်းနိုင်ငံသား ခုနစ်ဦးကို ငွေကြေးခဝါချမှုဖြင့်ဟန်ဂေရီကဖမ်းဆီးခဲ့သည်။

၎င်းတို့သည် Oschadbank ၏ယာဉ်ဖြင့် ဩစတြီးယားမှ ယူကရိန်းသို့ ဒေါ်လာ ၄၀ သန်း၊ ယူရို ၃၅ သန်းနှင့် ရွှေ ၉ ကီလိုဂရမ်ကို သယ်ယူပို့ဆောင်စဉ် ဖမ်းဆီးခဲ့ ခြင်းဖြစ်သည်။

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနက ချက်ချင်းတုံ့ပြန်ခဲ့ပြီး ဖမ်းဆီးထားသူများကို လွှတ်ပေးရန် ဒေါသတကြီးတောင်းဆိုခဲ့သည်။

ဟန်ဂေရီက ၎င်းသည် ပုံမှန်မှောင်ခိုရောင်းဝယ်မှုနှင့် ငွေကြေးခဝါချမှုကို နှိမ်နင်းရန်ဖြစ်ကြောင်း ရှင်းပြခဲ့သည်။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဌာနမှ အခြားကိစ္စရပ်များအပြင် ရာဇဝတ်မှုကို စုံစမ်းစစ်ဆေးလျက်ရှိသည်။

ဟန်ဂေရီအခွန်ဌာန၏ အဆိုအရ ယခုနှစ်(၂လ)အတွင်း ဒေါ်လာ ၉၀၀ သန်းကျော်၊ ယူရို ၄၂၀ သန်းနှင့် ရွှေတုံး ၁၄၆ ကီလိုဂရမ်ကို ဟန်ဂေရီမှတစ်ဆင့် ယူကရိန်းသို့ သယ်ယူပို့ဆောင်ခဲ့ ကြောင်းပြောသည်။

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနက ယူကရိန်းနိုင်ငံသားများအား "၎င်းတို့၏ဘေးကင်းရေးကို အာမမခံနိုင်ခြင်း" ကြောင့် ဟန်ဂေရီသို့ မသွားရန် အကြံပြုချက်ထုတ်ပြန်ခဲ့သည်။
👍313
ကညနတွင်မှတ်ပုံမတင်သောယာဉ်များနှင့်ပတ်သက်ပြီးကြေညာချက်
10👍10
🇮🇷 ​၏ အရှိန်အဝါ

NOM
Please open Telegram to view this post
VIEW IN TELEGRAM
👍20😢1
🚨 🤍 - အရှေ့အလယ်ပိုင်းဒေသမှ ဒဏ်ရာရလူနာများကို တင်ဆောင်လာသည့် C-17 ဆေးဘက်ဆိုင်ရာ ကယ်ဆယ်ရေးလေယာဉ်တစ်စင်းသည် ယနေ့ညတွင် အမေရိကန်ပြည်ထောင်စု၊ အန်ဒရူးစ်လေတပ်စခန်းသို့ ဆိုက်ရောက်ခဲ့သည်။

၎င်းနောက် ဝေါလ်တာရိဒ် (Walter Reed) ဆေးရုံမှ လူနာတင်ယာဉ် ၃ စီးနှင့် ရဲအဖွဲ့၏ အစောင့်အရှောက်များဖြင့် ဒဏ်ရာရရှိသူများကို ဘီသက်စဒါမြို့ရှိ ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ကြသည်။

ယခုရောက်ရှိလာသူများသည် အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲအတွင်း ဒဏ်ရာရရှိခဲ့ပြီး မိခင်နိုင်ငံသို့ ပြန်လည်ကုသမှုခံယူရန် ပထမဆုံးအကြိမ် ရောက်ရှိလာသည့် အမေရိကန်စစ်သည်များ ဖြစ်နိုင်ဖွယ်ရှိသည်။

NOM
Please open Telegram to view this post
VIEW IN TELEGRAM
👍26🕊32😡1
မဲခေါင်–လန်ချန်း သိပ္ပံနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်မှု ဒုတိယအဆင့် စီမံကိန်းစတင်

မတ် ၆၊ ၂၀၂၆

မဲခေါင် – လန်ချန်း သိပ္ပံနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှု ဒုတိယအဆင့်စီမံကိန်း စတင်ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ Hybrid စနစ်ဖြင့် ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စမာကျားနှင့် သံမှူးကြီး ဒေါက်တာကျန်းကျီဟုန်၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနနှင့် ဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ မဲခေါင်- လန်ချန်းပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းကွပ်ကဲရေးအဖွဲ့ (မြန်မာ) ဒုတိယဥက္ကဋ္ဌနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပြည်တွင်း၊ ပြည်ပ ပညာရှင်များနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

စံပြမော်ဒယ်ဖြစ်လာမည်

ဦးစွာ ဒုတိယဝန်ကြီးက ယခုစီမံကိန်းသည် မဲခေါင်ဒေသတွင်း သိပ္ပံနှင့်နည်းပညာကဏ္ဍ ဖွံ့ဖြိုးမှုအဆင့်အတန်း တစ်ပြေးညီဖြစ်စေရေးအတွက် ပူးပေါင်းဖလှယ်မှုများကို တိုးမြှင့်နိုင်ရန်အတွက် ပထမအဆင့်စီမံကိန်း၏ အောင်မြင်မှု အုတ်မြစ်များအပေါ် အခြေပြုလျက် ဆက်လက်ဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်မည့် ဒုတိယအဆင့်စီမံကိန်းဖြစ်ပါကြောင်း၊ ကမ္ဘာနှင့် ရင်ပေါင်တန်းကာ လူ့စွမ်းအားအရင်းအမြစ်နှင့် နည်းပညာဆန်းသစ်တီထွင်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်းဖွံ့ဖြိုး တိုးတက်မှု တည်တံ့ခိုင်မြဲရေး၊ ကျောင်းသားလူငယ်များ၏ ကမ္ဘာနှင့် ဒေသတွင်းစိန်ခေါ်မှုပြဿနာများအား သိပ္ပံနည်းကျဖြေရှင်းနိုင်ရေးအတွက် စဉ်ဆက်မပြတ် အသုံးပြုနိုင်မည့် အသိပညာဖလှယ်ရေးယန္တရားများ တည်ထောင်ရေးတို့ကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ရာ စီမံကိန်းရလဒ်မှာ ဒေသတွင်း သိပ္ပံနှင့်နည်းပညာတက္ကသိုလ်များအတွက်ပါ အတုယူဖွယ်ရာ စံပြမော်ဒယ် တစ်ခုဖြစ်လာမည်ဟု မျှော်လင့်ပါကြောင်း။

အရေးပါသောခြေလှမ်း

ယခုစီမံကိန်းသည် ယမန်နှစ်က စိန်ရတုပြည့်နှစ် ပြည့်မြောက်ခဲ့ပြီး တရုတ်-မြန်မာသံတမန်ဆက်ဆံရေးနှင့် နှစ်နိုင်ငံအကြား ရှည်ကြာလှသည့် ချစ်ကြည်ရင်းနှီးမှုနှင့် ဆွေမျိုးပေါက်ဖော်ဆက်ဆံ ရေးကို ပိုမိုခိုင်မြဲအားကောင်းစေရန် တစ်တပ်တစ်အား အထောက်အကူပြုနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ယင်းအပြင် ယခုစီမံကိန်းသည် မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ၁၀ နှစ်ပြည့်သည့် ယခုနှစ်မှစ၍ မဲခေါင်ဒေသတွင်း ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုများ အတွက် အေးအတူပူအမျှ မျှဝေသော အနာဂတ်အသိုက်အဝန်းကို အတူတကွ လက်တွဲတည်ဆောက်ကြရင်း ရွှေရောင်ဆယ်စုနှစ်ခရီး၏ အရေးပါသောခြေလှမ်းတစ်ရပ်ဟု ယုံကြည်မိပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စမာကျားက အမှာစကားပြောကြားပြီး မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းကွပ်ကဲရေးအဖွဲ့ (မြန်မာ) မှ ဒုတိယဥက္ကဋ္ဌဖြစ်သူ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ဆွေးနွေးညှိနှိုင်း

မွန်းလွဲပိုင်းဆွေးနွေးပွဲ၌ မန္တလေးနည်းပညာတက္ကသိုလ် ပါမောက္ခချုပ် (တာဝန်ခံ)၊ ကူမင်းသိပ္ပံနှင့် နည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ပါမောက္ခ ကျန်းရယ်ဟွာနှင့် စီမံကိန်းအဖွဲ့ဝင်များက ပထမအဆင့်စီမံကိန်းဆိုင်ရာ ခြုံငုံသုံးသပ်ချက်နှင့် ၂၀၂၇ ခုနှစ်အထိ ဒုတိယအဆင့်ဆိုင်ရာ လုပ်ငန်းအစီအစဉ်တို့ကို Hybrid စနစ်ဖြင့် ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး အပြုသဘောဆောင်သော ဆွေးနွေးမှုရလဒ်များ ရရှိခဲ့ကြကြောင်း သိရသည်။

NOM
👍167