News Of Myanmar
13.2K subscribers
22.8K photos
3.23K videos
3 files
6.61K links
Download Telegram
လယ်ဝေးမြို့နယ်၌ AHA Center မှတစ်ဆင့် ဆောက်လုပ်လှူဒါန်းထားသော အသင့်တပ်ဆင်ကျေးလက်ကျန်းမာရေးဆေးခန်းအဆောက်အအုံနှင့် စာသင်ဆောင် ဆောက်လုပ်

မတ် ၅၊ ၂၀၂၆

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် လယ်ဝေးမြို့နယ် အောင်မြင်ကုန်းကျေးရွာရှိ ငလျင်ဘေးဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ထိုင်းနိုင်ငံက AHA Center မှတစ်ဆင့် ဆောက်လုပ်လှူဒါန်းထားသော အောင်မြင်ကုန်းကျေးရွာ အသင့်တပ်ဆင် ကျေးလက်ကျန်းမာရေးဆေးခန်း အဆောက်အအုံဆောက်လုပ်ပြီးစီးမှုအခြေအနေကို ကွင်းဆင်းကြည့်ရှုသည်။

အဆိုပါအသင့်တပ်ဆင် ကျေးလက်ကျန်းမာရေး ဆေးခန်းအဆောက်အအုံသည် အလျားပေ ၆၀၊ အနံပေ ၃၀ အကျယ်အဝန်းရှိ တစ်ထပ်အဆောက်အအုံ ဖြစ်ပြီး တည်ဆောက်တပ်ဆင်ရန် ၁၀ ရက်ခန့်သာ ကြာမြင့်ကြောင်းနှင့် ငလျင်အန္တရာယ်ကြုံတွေ့ရပါက အဆောက်အအုံကြောင့် နေထိုင်အသုံးပြုသူများအပေါ် ထိခိုက်နိုင်မှုနည်းပါးစေနိုင်ကြောင်း သိရသည်။

ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက ဒေသနေ ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ထိရောက်သော အထောက်အပံ့ဖြစ်စေရန် သက်ဆိုင်သည့် ဝန်ကြီးဌာနအဖွဲ့အစည်းများ ညှိနှိုင်း၍ ထိုင်းနိုင်ငံ အကူအညီအထောက်အပံ့ကို လိုအပ်သည့် နေရာများတွင် အသုံးပြုနိုင်ရေးစီစဉ်ဆောင်ရွက်မှုအခြေအနေကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် လယ်ဝေးမြို့အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတွင် ထိုင်းနိုင်ငံ၏ အကူအညီအထောက်အပံ့ ဖြင့် ဆောက်လုပ်ထားသော အလျားပေ ၆၀၊ အနံပေ ၃၀ အကျယ်အဝန်းရှိ အသင့်တပ်ဆင်စာသင်ကျောင်းဆောင်ကိုကြည့်ရှုပြီး ဆရာ ဆရာမများ၊ တာဝန်ရှိသူများအား မန္တလေးငလျင်ကြီးကြောင့် များပြားလှစွာသော အခြေခံအဆောက်အအုံများ ပျက်စီးထိခိုက်ခဲ့ရာ ပညာသင်ကြားရေးဆိုင်ရာ ကျောင်းဆောင်များ လည်းပါဝင်ခဲ့သဖြင့် အာဆီယံဒေသတွင်းနိုင်ငံများနှင့် မိတ်ဆွေနိုင်ငံများမှ ဆက်သွယ်လှူဒါန်းမှုများရှိ သကဲ့သို့ AHA Center မှတစ်ဆင့် လှူဒါန်းမှုများ လည်းရှိခဲ့ကြောင်း။

မှာကြား

ယခုဆောက်လုပ်ထားသော စာသင်ကျောင်း ဆောင်အပါအဝင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တို့တွင် အသင့်တပ်ဆင်စာသင်ဆောင် ခုနစ်ဆောင်၊ အသင့်တပ်ဆင်ကျေးလက်ကျန်းမာရေး ဆေးပေးခန်း ၁၀ ခန်း စုစုပေါင်း အဆောက်အအုံ ၁၇ဆောင်ကို ထိုင်းနိုင်ငံက ဆောက်လုပ်လှူဒါန်း ခဲ့ခြင်းဖြစ်ကြောင်း၊ ငလျင်ဘေးသင့်ပြည်သူများ၊ ကျောင်းသား ကျောင်းသူများအတွက် ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာသင်ကြားမှုတို့တွင် များစွာအထောက်အကူဖြစ်သည့်အတွက် လှူဒါန်းအဆောက်အအုံများကို အကျိုးရှိစွာအသုံးပြုရန်နှင့် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန် မှာကြားခဲ့ကြောင်းသိရသည်။

NOM
👍118💔1
📈 🛢အမေရိကန်-အီရန် စစ်ပွဲကြောင့် ဓာတ်ဆီဈေးနှုန်းများ အဆမတန်မြင့်တက်လာမှုအပေါ် အိမ်ဖြူတော် စိုးရိမ်ထိတ်လန့်နေ

အရှေ့အလယ်ပိုင်းဒေသတွင် စစ်မီးများ ပြန့်နှံ့လာသည်နှင့်အမျှ "စွမ်းအင်ဈေးနှုန်းများ (အထူးသဖြင့် ဓာတ်ဆီဈေးနှုန်း) ကို လျှော့ချနိုင်မည့် မည်သည့်နည်းလမ်းကိုမဆို အိမ်ဖြူတော်က အပူတပြင်း ရှာဖွေနေသည်" ဟု ပိုလစ်တီကို (Politico) သတင်းဌာနက ဖော်ပြခဲ့သည်။

ထရေဒင်း အီကောနောမစ် (Trading Economics) ၏ အဆိုအရ ရေနံတင်သင်္ဘောများနှင့် ရေနံချက်စက်ရုံများ တိုက်ခိုက်ခံရမှုကြောင့် ရေနံစိမ်းဈေးနှုန်းမှာ တစ်စည်လျှင် ၈၄ ဒေါ်လာ အထိ ထိုးတက်သွားခဲ့သည်။

အိမ်ဖြူတော်၏ အရာရှိချုပ် ဆူဇီ ဝိုင်းလ်စ် (Susie Wiles) က အကြံပေးပုဂ္ဂိုလ်များအား ယခုအခြေအနေကို ကုစားနိုင်မည့် မည်သည့်အကြံဉာဏ်မျိုးမဆို တင်ပြရန် ပြောကြားထားသလို၊ စွမ်းအင်ဝန်ကြီး ခရစ်စ် ရိုက်တ် (Chris Wright) နှင့် ပြည်ထဲရေးဝန်ကြီး ဒေါ့ဂ် ဘာဂမ် (Doug Burgum) တို့မှာလည်း "သတင်းကောင်း တစ်စုံတစ်ရာ ထွက်ပေါ်လာစေရန်" အပြင်းအထန် ဖိအားပေးခြင်း (အော်ဟစ်ခိုင်းစေခြင်း) ခံနေရသည်ဟု ဆိုသည်။

NOM
Please open Telegram to view this post
VIEW IN TELEGRAM
👍276😱2
"ခြွင်းချက်မရှိ လက်နက်ချတာကလွဲလို့ အီရန်နဲ့ ဘာသဘောတူညီချက်မှ ရှိလာမှာမဟုတ်ဘူး!" — ထရန့်

NOM
👍16😨64😱4😡3
အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်                                    အမျိုးသားစီမံကိန်းကော်မရှင် (၁/၂၀၂၆) အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

မတ် ၆၊ ၂၀၂၆

NOM
👍182
News Of Myanmar
အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်                                    အမျိုးသားစီမံကိန်းကော်မရှင် (၁/၂၀၂၆) အစည်းအဝေးသို့…
အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်                                        အမျိုးသားစီမံကိန်းကော်မရှင် (၁/၂၀၂၆) အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

မတ် ၆၊ ၂၀၂၆

NOM
👍175
"အီရတ်နိုင်ငံ၊ အာဘေးလ် (Erbil) မြို့ရှိ အမေရိကန်ထောက်လှမ်းရေးအေဂျင်စီ စီအိုင်အေ CIA ကျောထောက်နောက်ခံပြု ကာ့ဒ်လူမျိုးခွဲထွက်ရေးလက်နက်ကိုင် စခန်းများကို အီရန်က ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သည်။ ပစ်မှတ်များကို တိုက်ရိုက်ထိမှန်ခဲ့ကြောင်း သိရသည်။"

NOM
👍25🕊4