News Of Myanmar
13.2K subscribers
22.8K photos
3.23K videos
3 files
6.61K links
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
အီရန်နိုင်ငံဟာ ကူဝိတ်နိုင်ငံမှာရှိတဲ့ အလီ အယ်လ်-ဆာလမ် Ali Al-Salem လေတပ်အခြေစိုက်စခန်းကို အပြင်းထန်ဆုံး တိုက်ခိုက်မှုတွေထဲက တစ်ခုအဖြစ် ပြုလုပ်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ကူဝိတ်စစ်ဘက်ဆိုင်ရာဝန်ထမ်း ၆၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်

NOM
👍33🕊2💔1
ဟိုပင်မြို့တွင် မိသာစုခြောက်ဥဦးအသတ်ခံရ
NOM၊မတ်၆၊/၂၀၂၆
ကချင်ပြည်နယ်၊ ဟိုပင်မြို့၊ မြို့မတောင်ရပ်ကွက်၊ မြသာယာရပ်၊ နယ်မြေ(၅)၊ အမှတ်(၅/၆၄)နေအိမ်တွင်နေထိုင်သည့်မိသားစုဝင် ခြောက်ဦးယမန်နေ့ (မတ်လ ၅ ရက်)
နံနက်ပိုင်းတွင် အသတ်ခံခဲ့ရ ကြောင်းသိရသည်။

ဖြစ်စဉ်မှာနေအိမ်အတွင်းအမျိိုးသားတစ်ဦး ဓားဒဏ်ရာများ ဖြင့်သေဆုံးနေသည်ကိုတွေ့ရှိခဲ့ဖြင့်သက်ဆိုင်ရာမှသွားရောက်စစ်ဆေးခဲ့ရာ နေအိမ် အိမ်ရှေ့ခန်း၌အိမ်ရှင်
ဦးကျော်မြတ်ဦး အား ဓားဒဏ်ရာများ ဖြင့်သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရပြီး နေအိမ် ရှေ့ အိပ်ခန်းအတွင်းတွင် ဒေါ်မီးမီး နှင့် မောင်ဘုန်းခန့်ကျော်တို့နှင့် နေအိမ်နောက်အိပ်ခန်းတွင် ဒေါ် အိဖြူ၊ မယုဝတီကျော် မယွန်းဝတီကျော်တို့ကိုလည်း ဓားဒဏ်များဖြင့်သေဆုံးနေသည်ကို
တွေ့ရှိခဲ့ကြောင်းသိရသည်။

"လင်မယားနှစ်ယောက်ရယ်အသက်မပြည့်သေးတဲ့ကလေးသုံးဦးနဲ့ အိမ်အကူအမျိုးသမီးတစ်ယောက် စုစုပေါင်းခြောက်ဥဦးအသတ်ခံရတာပါ ဘယ်လိုကြောင့်အသတ်ခံရတယ်ဆိုတာတော့စစ်ဆေးနေပါတယ်"ဟုလူမှုကူညီရေးအသင်းတစ်ခုမှသိရသည်။

သေဆုံးသူများကို စစ်ဆေးရန်အတွက် ဟိုပင်မြို့ပင်းဘောတိုက်နယ် ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ကာ သေမှုသေခင်း စစ်ဆေးလျက်ရှိကြောင်းသိရသည်။
😢10👍8😡86
စက်သုံးဆီခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည့်သူ့ပါတီမှအကြံပြု
👍212
This media is not supported in your browser
VIEW IN TELEGRAM
🇺🇸🤡 အိမ်ဖြူတော်ဟာ ရှောင်လွှဲလို့မရနိုင်အောင်ကို ဘာသာရေးဂိုဏ်းတစ်ခုအသွင် ပြောင်းလဲလို့နေပြီ - အမေရိကန်တစ်ဝန်းက စုဝေးရောက်ရှိလာတဲ့ သင်းအုပ်ဆရာတွေဟာ ထရန့်ရဲ့ ရုံးခန်းထဲမှာတင် သူ့အတွက် စုပေါင်းဆုတောင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။

NOM
👍22😨133💔1😡1
"မနေ့ (မတ်လ ၅ ရက်နေ့) က အီရန်ရဲ့ တိုက်ခိုက်မှုကြောင့် ယူအေအီးနိုင်ငံ (UAE)၊ ဖူဂျေရာရေနံစက်မှုဇုန်မှာ မီးလောင်မှုအကြီးအကျယ် ဖြစ်ပွားနေတာကို ဂြိုဟ်တုဓာတ်ပုံတွေကတစ်ဆင့် တွေ့ရှိရပါတယ်။"

NOM
👍25😱92
ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးက အတိုက်အခံ ပါတီ၏ လျှော့ချထားသော ကာကွယ်ရေးဘတ်ဂျက်ကို ငြင်းပယ်

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ဝယ်လင်တန်ကူးသည် သောကြာနေ့တွင် အဓိကအတိုက်အခံပါတီ ဖြစ်သော ကူမင်တမ်ပါတီကအစိုးရတောင်းဆိုသော ပမာဏ၏သုံးပုံတစ်ပုံခန့်ကိုသာ ကာကွယ်ရေးဘတ်ဂျက်အဖြစ် အဆိုပြုခဲ့သည့်အပေါ် နှင့်လက်နက်ဝယ်ရန်နောက်ဆုံးရက်သတ်မှတ်ပေးခြင်းအပေါ်မဖြစ်နိုင်ဟု ပြောကြားလိုက်သည်။

ထိုင်ဝမ်သမ္မတ လိုင်ချင်းတေးသည် ပြီးခဲ့သည့်နှစ်က တရုတ်ကို တန်ပြန်ရန် အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံ ထပ်မံကာကွယ်ရေးအသုံးစရိတ်ကို အဆိုပြုခဲဲ့သည်။

အတိုက်အခံကူမင်တန်ပါတီ၏ တန်ပြန်အဆိုပြုချက်တွင် ကာကွယ်ရေးအသုံးစရိတ်အတွက် အမေရိကန်ဒေါ်လာ ၁၁.၉၆ ဘီလီယံ ကန့်သတ်ချက်နှင့် ၂၀၂၈ ခုနှစ်ကုန်တွင် ပြီးစီးရန် နောက်ဆုံးရက်ကို သတ်မှတ်ခဲ့သည်။

NOM
👍274
အီရန်ဝေဟင်ပိုင်နက်နှင့် ပတ်သက်၍ The War Zone ၏ ဖော်ပြချက်

အမေရိကန်နှင့် အစ္စရေးတို့သည် အီရန်နိုင်ငံအပေါ် လေကြောင်းစိုးမိုးမှုအပြည့်အဝ ရရှိထားပြီဟူသော အများလက်ခံထားသည့် ယုံကြည်ချက်ကို The War Zone မဂ္ဂဇင်းက ငြင်းဆိုလိုက်သည်။

၎င်းတို့၏ သုံးသပ်ချက်အရ အောက်ပါအတိုင်းတွေ့ရှိရသည်-

စိုးမိုးမှု အကန့်အသတ်ရှိခြင်း-

လေကြောင်းစိုးမိုးမှုကို အချို့သော နယ်မြေဒေသများတွင်သာ ရရှိထားခြင်းဖြစ်ပြီး အမေရိကန်နှင့် အစ္စရေးလေတပ်များအနေဖြင့် အီရန်ဝေဟင်၌ စိတ်ကြိုက် လှုပ်ရှားနိုင်စွမ်းမရှိသေးပေ။

တိုက်ခိုက်မှုအဆင့် မြှင့်တင်ခြင်း-

လက်ရှိတွင် ၎င်းတို့သည် ပိုမိုတိကျသော အလတ်စားပစ်ခတ်မှုများပြုလုပ်နိုင်သည့် အဆင့်သို့ တဖြည်းဖြည်း ကူးပြောင်းလာနေသည်။ ယင်းက ပစ်မှတ်ထားတိုက်ခိုက်နိုင်သည့် အရေအတွက်ကို ပိုမိုများပြားစေပြီး မြေအောက်ဘန်ကာများကိုပါ ထိမှန်အောင် တိုက်ခိုက်နိုင်မည် ဖြစ်သည်။

ရင်ဆိုင်ရမည့် ဘေးအန္တရာယ်များ-

အထက်ပါ တိုက်ခိုက်မှုများသည် စိန်ခေါ်မှုအသစ်များနှင့် ဒွန်တွဲနေသည်။ အီရန်၏ ရွေ့လျားလေကြောင်းရန်ကာကွယ်ရေးစနစ်များသည် နေရာမရွေး ပေါ်ထွက်လာနိုင်ပြီး လေယာဉ်မှူးများအနေဖြင့် တုံ့ပြန်ရန် အချိန်အနည်းငယ်သာ ရရှိမည်ဖြစ်သည်။

အန္တရာယ်အရှိဆုံးဇုန်-

အီရန်နိုင်ငံ အနောက်ဘက်ခြမ်းနှင့် နှိုင်းယှဉ်ပါက အရှေ့ဘက်ခြမ်းသည် တိုက်ခိုက်မှုဒဏ် မခံရသေးဘဲ နဂိုအတိုင်း ရှိနေသေးသဖြင့် ထိုဒေသတွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ပါက လေယာဉ်များအတွက် အန္တရာယ် ပိုမိုကြီးမားနိုင်သည်။

NOM
👍355
မိတ္ထီလာမြို့နယ်၊ ကျီးသာအိုင့်ကျေးရွာနေ အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က ဒလန်ဟု စွပ်စွဲသတ်ဖြတ်

NOM မတ်လ ၆၊ ၂၀၂၆

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ကျီးသာအိုင့်ကျေးရွာနေ ဦးအောင်နိုင် (၅၇) နှစ်သည် မတ်လ ၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်၌ ၎င်း၏ နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားရှစ်ဦးခန့်က ဆိုင်ကယ်လေးစီးဖြင့် ရောက်ရှိလာပြီး "သတင်းပေး/ဒလန်" ဟုပြောဆို၍ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ဦးအောင်နိုင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။

NOM
😢9😡7👍4😱21
ညောင်လေးပင်မြို့နယ်တွင် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က ရမ်းသန်းပစ်ခတ်လိုက်သည့် လက်နက်ငယ်ကျည် လာရောက်ထိမှန်မှုကြောင့် နေအိမ်တွင်ရှိနေသည့် အပြစ်မဲ့အရပ်သားပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရ

NOM မတ် ၆၊ ၂၀၂၆

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင် မြို့နယ်၊ ပိန်းဇလုပ်တိုက်နယ်ဆေးရုံသို့ မတ်လ ၅ ရက်နေ့ ည ၆ နာရီခွဲအချိန်၌ ကျည်ထိမှန်ဒဏ်ရာဖြင့် အမျိုးသားနှစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ညောင်လေးပင်မြို့နယ်၊ ရေတွင်းကုန်းကျေးရွာနေ ဦးမျိုးမြင့်ခိုင် (၄၁) နှစ်နှင့် ဦးဇော်လင်းထွန်း (၃၈) နှစ်တို့သည် ၎င်းတို့၏နေအိမ်တွင်ရှိနေစဉ် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ရမ်းသန်းပစ်ခတ်လိုက်သည့် လက်နက်ငယ် ကျည်လာရောက်ထိမှန်ခဲ့မှုကြောင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

NOM
😨10👍4😡41
အီရန်ဗိုလ်ချုပ်ကြီး အစ္စမေးလ် ကာအာနီ (Esmail Qa'ani) နဲ့ ပတ်သက်တဲ့ သတင်းမှား

"ဇီယွန်ဝါဒီအစိုးရ (အစ္စရေး) အတွက် သူလျှိုလုပ်ပေးမှုဖြင့် ဗိုလ်ချုပ်ကြီး အစ္စမေးလ် ကာအာနီ အား ဖမ်းဆီးကွပ်မျက်လိုက်ပြီဟူသော National Emirates ဝဘ်ဆိုက်၏ ဖော်ပြချက်မှာ လုံးဝ (လုံးဝ) မဟုတ်မှန်ကြောင်း အီရန်တာဝန်ရှိများကထုတ်ပြန်ခဲ့သည်။"

NOM
👍353😡1
"ကူဝိတ်နိုင်ငံရှိ အာရစ်ဖ်ဂျန် (Arifjan) အမေရိကန်စစ်အခြေစိုက်စခန်းကို အီရန်၏ တိုက်ခိုက်မှုကြောင့် ဆက်သွယ်ရေး ရေဒါစနစ် ၆ ခုအပြင် အဆောက်အအုံနှင့် ဂိုဒေါင်အချို့ပျက်စီးသွားကြောင်း ပြသနေသည့် ဂြိုဟ်တုဓာတ်ပုံအသစ်များကို အီရန်နိုင်ငံက ထုတ်ပြန်ကြေညာခဲ့သည်။"

NOM
👍33
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံ Mr. Sakeson Sarobol နှင့် အဖွဲ့အားလက်ခံတွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံ Mr. Sakeson Sarobol နှင့် အဖွဲ့အား ၂၀၂၆ ခုနှစ်၊ မတ်လ (၆) ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်နာရီချိန်တွင် ပါတီဌာနချုပ် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံချစ်ကြည်ရေး၊ နှစ်နိုင်ငံပါတီချင်း ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် ဦးအောင်စိုး၊ ဦးမြင့်ကိုကို တို့တက်ရောက်ခဲ့ကြပြီး ထိုင်းနိုင်ငံ သံရုံးယာယီတာဝန်ခံ Mr. Sakeson Sarobol နှင့်အတူ အဖွဲ့ဝင် (၃) ဦး တက်ရောက်ခဲ့သည်။
👍245