News Of Myanmar
13.2K subscribers
22.8K photos
3.23K videos
3 files
6.61K links
Download Telegram
ယနေ့ အစ္စရေးနိုင်ငံ တဲလ်အဗီးဗ်မြို့အား တိုက်ခိုက်မှုများတွင် အီရန်ဟာ ခိုရမ်ရှာ (Khorramshahr) ကလပ်စတာ ဒုံးကျည်များ (Cluster Missile) ကို အသုံးပြုခဲ့သည်။

NOM
👍253🕊3
This media is not supported in your browser
VIEW IN TELEGRAM
ကူဝိတ်နိုင်ငံရှိ အမေရိကန်လေတပ်တပ်ဖွဲ့များအခြေစိုက်ရာ အရေးပါသည့်စခန်းတစ်ခုဖြစ်သော အလီအယ်လ်ဆလမ် (Ali Al Salem) လေတပ်စခန်းရှိ လေယာဉ်များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထွက်ပေါ်လာသည့် ဗီဒီယိုမှတ်တမ်းများတွင် ပေါက်ကွဲမှုများဖြစ်ပွားပြီး မီးဟုန်းဟုန်းတောက်ကာ လောင်ကျွမ်းနေသည်ကို တွေ့ရသည်။

NOM
👍214🕊4
📡 ရေဒါစနစ်များ ပျက်စီးလာမှုကြောင့် ဒုံးကျည်သတိပေးချိန် တိုတောင်းလာ

ဇီယွန်ဝါဒီ (အစ္စရေး) သတင်းထောက်တစ်ဦး၏ ပြောကြားချက်အရ 👇

👉သတိပေးချိန် လျော့ကျလာခြင်း - ယခင်က ဒုံးကျည်သတိပေးချက်များကို ၅ မိနစ်မှ ၁၅ မိနစ်အထိ ကြိုတင်ရရှိခဲ့သော်လည်း ယခုအခါ ၁ မိနစ်မှ ၂ မိနစ်ခန့်သာ ကြိုတင်သတိပေးနိုင်တော့သည့် အခြေအနေသို့ ကျဆင်းသွားသည်။

👉အကြောင်းရင်း - ဒေသတွင်းရှိ အစ္စရေးနှင့် အမေရိကန်တို့၏ ကာကွယ်ရေးရေဒါစနစ်များမှာ တဖြည်းဖြည်းချင်း ဖျက်ဆီးခံနေရခြင်းကြောင့် ဖြစ်သည်။

NOM
Please open Telegram to view this post
VIEW IN TELEGRAM
👍30🕊52🔥1
This media is not supported in your browser
VIEW IN TELEGRAM
ဘာရိန်းရှိ အမေရိကန်ရေတပ်အရာရှိများ တည်းခိုရာဟိုတယ်ကို ဒရုန်းဖြင့် တိုက်ခိုက်

ဘာရိန်းနိုင်ငံရှိ အမေရိကန်ရေတပ်အရာရှိများ တည်းခိုနေထိုင်ရာ ဟိုတယ်တစ်ခုကို ဒရုန်းဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။

အမေရိကန် အမှတ် (၅) ရေတပ်​မှ အရာရှိများ တည်းခိုရာ ဂျူဖဲယား (Juffair) အရပ်ရှိ ဟိုတယ်တစ်ခုကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း ဖြစ်သည်။

အမှတ် (၅) ရေတပ်သည် ပါရှန်ပင်လယ်ကွေ့၊ ပင်လယ်နီနှင့် အာရေဗျပင်လယ်ပြင်တို့ကို တာဝန်ယူရသည့် အမေရိကန်၏ အလွန်အရေးပါသော ရေတပ်ဖြစ်ပြီး ဌာနချုပ်မှာ ဘာရိန်းနိုင်ငံတွင် တည်ရှိသည်။

Juffair (ဂျူဖဲယား) သည် ဘာရိန်းနိုင်ငံ၊ မနားမားမြို့ (Manama) ရှိ နာမည်ကြီး ရပ်ကွက်တစ်ခုဖြစ်ပြီး အမေရိကန် ရေတပ်စခန်းနှင့် နီးကပ်သည့်အတွက် နိုင်ငံခြားသားများနှင့် စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်များ အခြေစိုက်ရာ နေရာဖြစ်သည်။

NOM
👍25🕊31
အီရန်နိုင်ငံတွင်း လက်ရှိအခြေအနေအပေါ် CNN သတင်းထောက်၏ တင်ပြချက်

CNN သတင်းထောက်တစ်ဦးသည် အီရန်နိုင်ငံသို့ သွားရောက်ခဲ့ပြီး လက်ရှိအခြေအနေနှင့် ပတ်သက်၍ အောက်ပါအတိုင်း ပြောကြားခဲ့သည်။

ဗုံးကြဲတိုက်ခိုက်ခံထားရသည့် နေရာတစ်ခုကို တွေ့ရှိခဲ့ပြီး သွားရာလမ်းတစ်လျှောက်တွင် စစ်ဆေးရေးဂိတ် (Checkpoints) များရှိနေသည်ကို တွေ့ရသည်။

သို့သော်လည်း ဆိုင်များအားလုံး ပုံမှန်အတိုင်း ဖွင့်လှစ်ထားပြီး စက်သုံးဆီဆိုင်များတွင်လည်း လူတိုးကြိတ်နေခြင်း မရှိသည်ကို တွေ့ရသည်။

သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ကဲ့သို့သော လတ်ဆတ်သည့် စားသောက်ကုန်များကို အလွယ်တကူ ဝယ်ယူရရှိနိုင်သည့်အပြင် ကော်ဖီဆိုင်များပင် ဖွင့်လှစ်ထားသည်။

အီရန်ပြည်သူများသည် ထိတ်လန့်တုန်လှုပ်ခြင်းမရှိဘဲ အလွန်ပင် တည်ငြိမ်အေးဆေးစွာ ရှိနေကြသည်။

NOM
👍357❤‍🔥5🔥1🕊1
This media is not supported in your browser
VIEW IN TELEGRAM
လက်ဘနွန်တောင်ပိုင်း
ရှီယာ (Shia) မူဆလင်အများစုနေထိုင်တဲ့ဒေသက ဖခင်ဖြစ်သူတစ်ဦးရဲ့ ရင်နင့်ဖွယ်စကားတွေကို အောက်ပါအတိုင်း ဘာသာပြန်ပေးထားပါတယ်။

"ကျွန်တော့်သား အန်နစ် (Anis) တစ်ယောက် မနေ့ကတည်းက မြေပုံအောက်မှာ ပိတ်မိနေတာပါ။ မနေ့ ညနေ ၅ နာရီခွဲလောက်ကတည်းက အခုထိပဲ... ယုံနိုင်စရာတောင် မရှိဘူးဗျာ၊ အစိုးရက မြေတူးစက်တစ်စီးတောင် လွှတ်မပေးဘူး။

ဒါမှမဟုတ် ကျွန်တော်တို့က (တောင်ပိုင်းသားတွေ) ဖြစ်နေလို့ လျစ်လျူရှုထားတာလား။ တောင်ပိုင်းကဆိုရင် ဘယ်သူကမှ ဂရုမစိုက်တော့ဘူးလား။ တကယ်ကို စိတ်မကောင်းစရာပါပဲ။ ကျွန်တော့်သားတစ်ယောက်တည်းမှ မဟုတ်တာ ကျွန်တော်တို့လို လူတွေ အများကြီး မတရားသဖြင့် အသက်ဆုံးရှုံးနေရတယ်။

အစိုးရကလည်း ကျွန်တော်တို့ဘက်က ဘယ်တော့မှ ရပ်တည်မပေးဘူး။ ကျွန်တော်တို့လည်း လက်ဘနွန်နိုင်ငံသားတွေပါပဲ။ ကျွန်တော်တို့မှာလည်း လက်ဘနွန်မှတ်ပုံတင်ရှိတာပဲ။ သူက အဆောက်အအုံပေါ်ကို ၅ မိနစ်လောက်ပဲ တက်သွားတာ၊ အစာစားဖို့ (Iftar) ပြန်ဆင်းလာတော့မယ့်အချိန်မှာ အစ္စရေးလေယာဉ်တွေက ဗုံးကြဲလိုက်တာ။ ဘာမှလည်း မရှိပါဘူး။ ကျွန်တော်တို့မှာ ဘာမှဖုံးကွယ်ထားတာ မရှိပါဘူး။

ဘုရားသခင်ပဲ ကောင်းချီးပေးပါတော့... ကျွန်တော် ဘာပြောနိုင်ဦးမှာလဲ။ အခုတော့ 'လက်ဘနွန်အတွက်' လို့တောင် မပြောချင်တော့ဘူး 'တောင်ပိုင်းသားတွေအတွက်' လို့ပဲ ပြောချင်တော့တယ်။ ဘာလို့လဲဆိုတော့ သူတို့က ကျွန်တော်တို့ကို လက်ဘနွန်နိုင်ငံသားလို့တောင် မသတ်မှတ်ကြတော့လို့ပဲ။"

အစ္စရေးနဲ့ဖြစ်ပွားနေတဲ့ ဒီတိုက်ပွဲမှာ လက်ဘနွန်အစိုးရဟာ 'ရှီယာ' (Shia) မူဆလင်တွေကို အထီးကျန်စွာ ပစ်ထားခဲ့တော့မယ်ဆိုတာ အခုတော့ထင်ရှားသွားပါပြီ။

NOM
👍25😢83
အမြန်လမ်းတွင်ဘုရားဖူးယာဥ်နှင့်ဆိုင်ကယ်တိုက်မိဆိုင်ကယ်‌ ပေါ်ပါသုံးဦး လုံးသေဆုံး
NOM၊မတ်၆၊၂၀၂၆
နေပြည်တော် -ရန်ကုန်အမြန်လမ်း မိုင်တိုင်အမှတ် (၇၅/၃-၇၅/၄) ကြားတွင်ဘုရားဖူးကားနှင့်ဆိုင်ကယ်တိုက်မိပြီး ဆိုင်ကယ်‌စီးလာသူသုံးဦးနေရာမှာ ပင်သေဆုံးခဲ့‌ကြောင်းအမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့မှ သိရသည် ။
ဖြစ်စဉ်မှာမတ်လ၅ရက် ညနေပိုင်းက နေပြည်တော်- ရန်ကုန်အမြန်လမ်းအပြန် လမ်းအတိုင်းမောင်းနှင်လာသည့်လင်းထက်ကြယ် Higer အမျိုးအစား ဘုရားဖူးယာဉ်သည် အမြန်လမ်းမကြီးပေါ် မောင်းနှင်နေစဉ် ဆိုင်ကယ်သည်လမ်းအနောက်ဘက်မှ အရှေ့ဘက်သို့ရုတ်တရက် ဖြတ်ကူးစဉ်တိုက်မိခဲ့ရာဆိုင်ကယ်‌ ပေါ်ပါသူသုံးဦးစလုံးနေရာမှာပင်သေဆုံးခဲ့‌ခြင်းဖြစ်သည်။
😢11👍8
Forwarded from NOM.World News
အီရန်က ကျန်းမာရေး ဌာန ၁၃ ခုအထိဟာ တိုက်ခိုက်မှုခံခဲ့ရတယ်လို့ WHO က အတည်ပြုပြောကြားလိုက်ပါတယ်။ ဒါဟာ အစ္စရေးနဲ့ အမေရိကန်တို့က ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ နေရာတွေကိုပါ ပစ်မှတ်ထားတိုက်ခိုက်နေတယ်ဆိုတဲ့ သဘောလည်းဖြစ်ပါတယ်။

News Of Myanmar NOM
😢16👍13😡51
ဗန်းမော်ဒေသတွင် တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းရေး ဆက်လက်လုပ်ဆောင်လျက်ရှိပြီး ယမန်နေ့ မတ်လ ၅ ရက်နေ့ က KIA အကြမ်းဖက်အလောင်း ၂ လောင်း ရရှိပြန်။

NOM
👍22😢1
This media is not supported in your browser
VIEW IN TELEGRAM
ရန်သူအားလှည့်စားသည့်အနေဖြင့် မြေပြင်ပေါ်တွင် 3D ရုပ်ကြွရေးဆွဲထားသည့် လေယာဉ်အတုပုံများကို လေယာဉ်အစစ်များထင်မှတ်၍ အမေရိကန်နှင့် အစ္စရေးက လေကြောင်းမှ တိုက်ခိုက်မှုများဆက်လက်ပြုလုပ်နေ

NOM
👍32😱7🗿21
အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို သည် မတ်လအဆုံးပိုင်းတွင် ဂျပန်သို့ သွားရောက်ရန် စီစဉ်နေ
NOM
ဂျပန်ဝန်ကြီးချုပ် ဆန်နေတာကာအီချီ သည် အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တို နှင့် တိုကျိုမြို့တွင် မတ်လအဆုံးပိုင်း၌ ထိပ်သီးအစည်းအဝေး ပြုလုပ်နိုင်ရန် စီစဉ်နေသည်။
တရုတ်နိုင်ငံသည် အာဆီယံ အပေါ် သက်ရောက်မှုကို ပိုမိုတိုးချဲ့ရန် ကြိုးပမ်းနေချိန်တွင်၊ ဂျပန်သည် လွတ်လပ်သော အင်ဒို-ပစိဖိတ် ဒေသကို အားပေးထောက်ခံရာတွင် အင်ဒိုနီးရှားနှင့် အတူတကွ ရပ်တည်နေကြောင်း ထပ်မံအတည်ပြုလိုနေသည်။
အင်ဒိုနီးရှားသည် အရေးကြီးသော ရေကြောင်းသယ်ယူပို့ဆောင်ရေး လမ်းကြောင်းများ၏ မဟာဗျူဟာအရေးပါသည့် နေရာတွင် တည်ရှိနေသည်။
ထို့အပြင် အင်ဒိုနီးရှားသည် ဂျပန်၏ Official Security Assistance (OSA) အစီအစဉ်မှ အကျိုးခံစားရသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး၊ အဆိုပါအစီအစဉ်အောက်တွင် ဂျပန်က မိတ်ဖက်နိုင်ငံများကို ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးလျက်ရှိသည်။
👍211
This media is not supported in your browser
VIEW IN TELEGRAM
အီရန်နိုင်ငံဟာ ကူဝိတ်နိုင်ငံမှာရှိတဲ့ အလီ အယ်လ်-ဆာလမ် Ali Al-Salem လေတပ်အခြေစိုက်စခန်းကို အပြင်းထန်ဆုံး တိုက်ခိုက်မှုတွေထဲက တစ်ခုအဖြစ် ပြုလုပ်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ကူဝိတ်စစ်ဘက်ဆိုင်ရာဝန်ထမ်း ၆၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်

NOM
👍33🕊2💔1
ဟိုပင်မြို့တွင် မိသာစုခြောက်ဥဦးအသတ်ခံရ
NOM၊မတ်၆၊/၂၀၂၆
ကချင်ပြည်နယ်၊ ဟိုပင်မြို့၊ မြို့မတောင်ရပ်ကွက်၊ မြသာယာရပ်၊ နယ်မြေ(၅)၊ အမှတ်(၅/၆၄)နေအိမ်တွင်နေထိုင်သည့်မိသားစုဝင် ခြောက်ဦးယမန်နေ့ (မတ်လ ၅ ရက်)
နံနက်ပိုင်းတွင် အသတ်ခံခဲ့ရ ကြောင်းသိရသည်။

ဖြစ်စဉ်မှာနေအိမ်အတွင်းအမျိိုးသားတစ်ဦး ဓားဒဏ်ရာများ ဖြင့်သေဆုံးနေသည်ကိုတွေ့ရှိခဲ့ဖြင့်သက်ဆိုင်ရာမှသွားရောက်စစ်ဆေးခဲ့ရာ နေအိမ် အိမ်ရှေ့ခန်း၌အိမ်ရှင်
ဦးကျော်မြတ်ဦး အား ဓားဒဏ်ရာများ ဖြင့်သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရပြီး နေအိမ် ရှေ့ အိပ်ခန်းအတွင်းတွင် ဒေါ်မီးမီး နှင့် မောင်ဘုန်းခန့်ကျော်တို့နှင့် နေအိမ်နောက်အိပ်ခန်းတွင် ဒေါ် အိဖြူ၊ မယုဝတီကျော် မယွန်းဝတီကျော်တို့ကိုလည်း ဓားဒဏ်များဖြင့်သေဆုံးနေသည်ကို
တွေ့ရှိခဲ့ကြောင်းသိရသည်။

"လင်မယားနှစ်ယောက်ရယ်အသက်မပြည့်သေးတဲ့ကလေးသုံးဦးနဲ့ အိမ်အကူအမျိုးသမီးတစ်ယောက် စုစုပေါင်းခြောက်ဥဦးအသတ်ခံရတာပါ ဘယ်လိုကြောင့်အသတ်ခံရတယ်ဆိုတာတော့စစ်ဆေးနေပါတယ်"ဟုလူမှုကူညီရေးအသင်းတစ်ခုမှသိရသည်။

သေဆုံးသူများကို စစ်ဆေးရန်အတွက် ဟိုပင်မြို့ပင်းဘောတိုက်နယ် ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ကာ သေမှုသေခင်း စစ်ဆေးလျက်ရှိကြောင်းသိရသည်။
😢10👍8😡86
စက်သုံးဆီခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည့်သူ့ပါတီမှအကြံပြု
👍212
This media is not supported in your browser
VIEW IN TELEGRAM
🇺🇸🤡 အိမ်ဖြူတော်ဟာ ရှောင်လွှဲလို့မရနိုင်အောင်ကို ဘာသာရေးဂိုဏ်းတစ်ခုအသွင် ပြောင်းလဲလို့နေပြီ - အမေရိကန်တစ်ဝန်းက စုဝေးရောက်ရှိလာတဲ့ သင်းအုပ်ဆရာတွေဟာ ထရန့်ရဲ့ ရုံးခန်းထဲမှာတင် သူ့အတွက် စုပေါင်းဆုတောင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။

NOM
👍22😨133💔1😡1
"မနေ့ (မတ်လ ၅ ရက်နေ့) က အီရန်ရဲ့ တိုက်ခိုက်မှုကြောင့် ယူအေအီးနိုင်ငံ (UAE)၊ ဖူဂျေရာရေနံစက်မှုဇုန်မှာ မီးလောင်မှုအကြီးအကျယ် ဖြစ်ပွားနေတာကို ဂြိုဟ်တုဓာတ်ပုံတွေကတစ်ဆင့် တွေ့ရှိရပါတယ်။"

NOM
👍25😱92