News Of Myanmar
13.3K subscribers
22.6K photos
3.21K videos
3 files
6.61K links
Download Telegram
🇮🇷🇮🇷 🤍 - အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ၏ ထုတ်ပြန်ချက်

အမေရိကန် ရေနံတင်သင်္ဘောအား တိုက်ခိုက်မှု


အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က အမေရိကန် ရေနံတင်သင်္ဘောတစ်စင်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အတည်ပြုပြောကြားခဲ့သည်။

ပါရှန်ပင်လယ်ကွေ့မြောက်ပိုင်းတွင် အမေရိကန် ရေနံတင်သင်္ဘောတစ်စင်းအား ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ယနေ့နံနက်အစောပိုင်းတွင် IRGC ရေတပ်တိုက်ခိုက်ရေးသမားများ၏ လက်ချက်ဖြင့် ထိုသင်္ဘောမှာ ထိမှန်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် မီးလောင်ကျွမ်းလျက်ရှိသည်။

"ကျွန်ုပ်တို့သည် ယခင်ကတည်းက နိုင်ငံတကာဥပဒေနှင့် လုပ်ထုံးလုပ်နည်းများအရ စစ်မက်ဖြစ်ပွားနေချိန်အတွင်း ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ဖြတ်သန်းသွားလာမှုဆိုင်ရာ စည်းမျဉ်းများကို အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံက ထိန်းချုပ်သွားမည်ဟု ထုတ်ဖော်ပြောကြားခဲ့ပြီးဖြစ်သည်။

လူတိုင်း ဤစည်းကမ်းကို လိုက်နာရမည်ဖြစ်သည်။ အမေရိကန်၊ အစ္စရေး၊ ဥရောပနိုင်ငံများနှင့် ၎င်းတို့ကို ထောက်ခံသူများ၏ စစ်သင်္ဘောများနှင့် ကုန်သွယ်ရေးသင်္ဘောများကို ဖြတ်သန်းခွင့်ပြုမည်မဟုတ်ကြောင်း၊ အကယ်၍ တွေ့ရှိပါကလည်း ဘုရားသခင်၏ အကူအညီဖြင့် မလွဲမသွေ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ ကြိုတင်သတိပေးထားပြီးဖြစ်သည်။"

NOM
Please open Telegram to view this post
VIEW IN TELEGRAM
👍31🕊52
ကနေဒါဝန်ကြီးချုပ် မက်ခ် ကာနေ (Mark Carney) က အီရန်စစ်ပွဲမှာ ကနေဒါတပ်ဖွဲ့တွေ ပါဝင်လာနိုင်ခြေကို "လုံးဝမဖြစ်နိုင်ဘူး" လို့ အပြတ်မငြင်းဆိုတော့ဘဲ လမ်းဖွင့်ထားလိုက်ပါတယ်။

အစောပိုင်းမှာတော့ ဒီစစ်ပွဲအတွက် အမေရိကန်နဲ့ အစ္စရေးတို့ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါသေးတယ်။

အခုတော့ သူ့သဘောထားက ၁၈၀ ဒီဂရီပြောင်းသွားပါပြီ။ သူ့သဘောထားရုတ်ခြည်းပြောင်းလဲပုံက ကမ္ဘာကျော် စကိတ်စီးသမား တိုနီဟော့ခ် ရဲ့ ဝေဟင်ပျံ လှည့်ကွက်တွေထက်တောင် ပိုပြီးမြန်ဆန်လွန်းလှပါတယ်။

ကနေဒါနိုင်ငံ တိုရွန်တိုမြို့က အိမ်ခြံမြေအကျိုးဆောင် အရေအတွက်ဟာ ကနေဒါနိုင်ငံရဲ့ တာဝန်ထမ်းဆောင်နေတဲ့ စစ်သည်အင်အားထက်တောင် ပိုများနေတယ်ဆိုတာရောသင်သိပါသလား?

၂၀၂၆ ခုနှစ် အခြေအနေအရ ကြည့်မယ်ဆိုရင်-

တိုရွန်တိုမြို့ အိမ်ခြံမြေအကျိုးဆောင်များ Toronto Regional Real Estate Board (TRREB) မှာ အဖွဲ့ဝင် ၇၃,၀၀၀ ကျော် ရှိနေပါတယ်။
ကနေဒါရဲ့ ပုံမှန်စစ်သည်အင်အား (Regular Force) ကတော့ ၆၃,၅၀ဝ ဝန်းကျင်ပဲ ရှိပါတယ်။

NOM
👍2111😱6
အစ္စရေးက အီရန်နိုင်ငံ မြို့တော် တီဟီရန် ရှိ ကြက်ကြော်ဆိုင်ကို ဗုံးကြဲ။

NOM
😱13👍92🙏2😡2
တာမွေမီးပွိုင့်တွင် ယာဉ် (၁၀) စီး ကျော် ဆင့်တိုက်မှုဖြစ်ပွားခဲ့

NOM မတ် ၅၊ ၂၀၂၆

ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ တာမွေ မီးပွိုင့်အနီးတွင် ယနေ့ မွန်းလွဲပိုင်းကတာမွေမီးပွိုင့် ရွှေဗဟိုဆေးရုံရှေ့ယာဉ် (၁၃) စီး ကျော်ဆင့်တိုက်သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကြက်ဘဲစျေးဘက်မှ တာမွေအဝိုင်းဘက်သို့ မောင်းနှင်လာသော YBS 144 ယာဉ် ဘရိတ်ပေါက်ကာ ယာဉ် (၁၀) စီး ကျော်ကို ဆင့်တိုက်ခဲ့‌ခြင်းဖြစ်‌ပြီး 144 YBS ယာဉ်မောင်းထွက်ပြေးသွားပြီး ထိခိုက်ဒဏ်ရာရသူမရှိကြောင်းသိရသည်။

NOM
👍9😨61😡1
This media is not supported in your browser
VIEW IN TELEGRAM
🇮🇱= 🐍 အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အီရန်ပြည်သူတွေအပေါ် ထားရှိတဲ့ စံနှစ်မျိုး (Double Standard) သဘောထားနဲ့ ပတ်သက်ပြီး အယ်လ်ဂျာဇီးရား Al Jazeera သတင်းဌာနက ဖော်ပြ

နေတန်ယာဟုက အီရန်ပြည်သူများကို မည်သို့ရှုမြင်သနည်း?

အယ်လ်ဂျာဇီးရား ၏ ဖော်ပြချက် အရ -

နေတန်ယာဟု​၏ အင်္ဂလိပ်ဘာသာဖြင့် ပြောကြားချက် (နိုင်ငံတကာသို့) -

"ကျွန်ုပ်တို့သည် အီရန်ပြည်သူများကို လွတ်မြောက်စေရန် ကြိုးပမ်းနေခြင်းဖြစ်သည်။"

နေတန်ယာဟု​၏ ဟီဘရူးဘာသာဖြင့် ပြောကြားချက် (ပြည်တွင်းသို့) -

"ယနေ့ခေတ် အီရန်လူမျိုးများသည် အာမလက် (Amalekite) လူမျိုးများ ဖြစ်ကြသည်။"

ဘိုင်ဘဲလ်ကျမ်းစာ (Book of Deuteronomy) အခန်းကြီး ၂၅ အရ အစ္စရေးလူမျိုးများသည် အာမလက်လူမျိုးများအားလုံးကို (အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင်) သုတ်သင်ပယ်ရှင်းရမည်ဟု ဖော်ပြထားသည်။

နေတန်ယာဟုက အင်္ဂလိပ်လို ပြောတဲ့အခါမှာတော့ အီရန်အစိုးရရဲ့ ဖိနှိပ်မှုအောက်ကနေ ပြည်သူတွေကို ကယ်တင်ချင်သယောင် ပုံဖော်ထားပေမဲ့

ဟီဘရူးလို ပြောတဲ့အခါမှာတော့ ဘာသာရေးကျမ်းစာလာ ရန်သူတော် "အာမလက်" တွေနဲ့ နှိုင်းယှဉ်ပြီး အမြစ်ပြတ်ချေမှုန်းရမယ့် သဘောပြောထားပါတယ်။

NOM
Please open Telegram to view this post
VIEW IN TELEGRAM
👍26😨64
This media is not supported in your browser
VIEW IN TELEGRAM
အဇာဘိုင်ဂျန်နိုင်ငံ ရှိ နာခီချီဗန် လေဆိပ်ကို တိုက်ခိုက်ရာမှာ အီရန်ထုတ် အာရတ်ရှ် Arash ကာမီကာဇေး (အသေခံ) ဒရုန်း နှစ်စင်းကို အသုံးပြုခဲ့တာဖြစ်ပြီး အဆိုပါ ဒရုန်းတွေဟာ သတ်မှတ်ထားတဲ့ နေရာနှစ်ခုကို တိတိကျကျ ထိမှန်ခဲ့ပါတယ်။

NOM
👍25🕊32
ပါရှန်းပင်လယ်ကွေ့အတွင်းရှိ ဘဟားမားအလံလွှင့်ထားတဲ့ရေနံတင်သင်္ဘောတစ်စင်းကို အီရန်နိုင်ငံထုတ် အဝေးထိန်းစနစ်သုံး အသေခံဒရုန်းလှေတစ်စင်းဖြင့်တိုက်ခိုက်ခဲ့ပါတယ်။

NOM
👍19🕊42
ဆေးရုံဖြေစာစစ်ဌာနများ ဖွင့်လှစ်ဆောင်ရွက်ပေးသွားမည်။

NOM
👍145
🇮🇷🇮🇷 - အီရန်အဆင့်မြင့်ဗိုလ်ချုပ်ကြီး ကီယူးမားစ် ဟေဒရီ က အခုလို ပြောကြားခဲ့ပါတယ် -

"ကျွန်ုပ်တို့ဟာ အရင်တုန်းက ဆဒမ်ဟူစိန်ကို ၈ နှစ်ကြာ တိုက်ခိုက်ခဲ့ရတဲ့ စစ်ပွဲလိုမျိုး ရှည်လျားတဲ့ စစ်ပွဲအတွေ့အကြုံတွေ ရှိခဲ့ဖူးပါတယ်။

ကျွန်ုပ်တို့ရဲ့ ရည်မှန်းချက်ပန်းတိုင်အားလုံး ပြည့်ဝပြီး ရန်သူက သူတို့ရဲ့ လုပ်ရပ်အပေါ် နောင်တရ စိတ်ပျက်အားလျော့သွားတဲ့အထိ ဒီစစ်ပွဲကို ကျွန်ုပ်တို့ လက်လျှော့မှာ မဟုတ်ပါဘူး။"

NOM
Please open Telegram to view this post
VIEW IN TELEGRAM
👍418🕊1
စက်သုံးဆီအရောင်းဆိုင်များ၏ စက်သုံးဆီရောင်းချမှု အခြေအနေများကို စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးလျက်ရှိ

မတ် ၅၊ ၂၀၂၆

စွမ်းအင်ဝန်ကြီးဌာနမှ စက်သုံးဆီဖူလုံမှုရှိစေရေးအစီအမံဖြင့် ဆောင်ရွက်ထားရှိသည့်အတွက် ရက် (၄၀)ခန့်စာ တင်သွင်းသိုလှောင်ထားရှိပြီး စက်သုံးဆီများကို သီလဝါမှ နိုင်ငံတစ်ဝန်းသို့ ဆီတင်ယာဉ်များဖြင့် ဖြည့်တင်းဖြန့်ဖြူးပေးလျက်ရှိရာ ရန်ကုန်မြို့၊ သီလဝါရှိ Terminal များမှ စက်သုံးဆီများကို ပုံမှန်ခွင့်ပြုထုတ်ပေးလျက်ရှိပြီး ရောင်းအားမြင့်တက်သည့် အရောင်း ဆိုင်များကိုလည်း Urgent Po များကိုလည်း ထပ်မံခွင့်ပြုထုတ်ပေးလျက်ရှိပါသဖြင့် စက်သုံးဆီ ပုံမှန်ရောင်းချပေးနိုင်ပါကြောင်း၊ မလိုအပ်ဘဲ ဝယ်ယူခြင်းမပြုရန် မေတ္တာရပ်ခံပါကြောင်း၊ စက်သုံးဆီရောင်းချ ပေးခြင်းမရှိပါက ဖုန်းဖြင့်ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်းနှင့် ရောင်းချမှုမရှိကြောင်း စိစစ်တွေ့ရှိရပါက အရောင်းဆိုင်ကို ပိတ်သိမ်းအရေးယူသွားမည်ဖြစ်ပါကြောင်း တာဝန်ရှိသူများက မိဘပြည်သူများသို့ စက်သုံးဆီအရောင်းဆိုင်များတွင် နှိုးဆော်အသိပေး ဆောင်ရွက်လျက်ရှိသည်။

စွမ်းအင်ဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ နေပြည်တော်ရှိ Real Time စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီ အမှန်တကယ်ရောက်ရှိမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး စက်သုံးဆီထပ်မံ ဖြည့်ဆည်းပေးရန်လိုအပ်သည့် စက်သုံးဆီအရောင်းဆိုင်များကိုလည်း အမြန်ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပြီး သက်ဆိုင်ရာတိုင်း ဒေသကြီး /ပြည်နယ်များရှိ ကြီးကြပ်စစ်ဆေးရေး အရာရှိများကလည်း သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ စက်သုံးဆီ အရောင်းဆိုင်များ အမှန်တကယ်ရောင်းချမှု ရှိ/မရှိ၊ စက်သုံးဆီရောက်ရှိမှု ရှိ/မရှိတို့ကို စက်သုံးဆီ လက်ကျန်များ တိုင်းတာစစ်ဆေးခြင်း၊ Auto Tank Gauge (ATG)များကို စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိကာ စက်သုံးဆီများ အချိန်မီထုတ်ယူ သယ်ဆောင် ရောင်းချနိုင်ရေးနှင့် စက်သုံးဆီပြတ်လပ်မှု မရှိစေရေးအတွက် ကြီးကြပ်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

NOM
👍1310
စက်သုံးဆီအလုံအလောက်ရှိကြောင်းအသိပေးကြေညာချက်

မတ်လ ၅၊ ၂၀၂၆

NOM
👍17🔥3
နိုင်ငံတော်ယာယီသမ္မတထံ ဆော်ဒီအာရေဗျနိုင်ငံ သံအ မတ်ကြီးက သံအမတ်ခန့်အပ်လွှာပေးအပ်
   
မတ်လ ၅၊ ၂၀၂၆

နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေး ချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီး H.E. Mr. Mohammed M Al Howishan မှ ယနေ့ မတ် ၅ ရက်နံနက်ပိုင်းက ၎င်း၏သံအမတ်ခန့် အပ်လွှာကိုပေးအပ်ခဲ့ပါတယ်။

ထို့နောက် နိုင်ငံတော် ယာယီသမ္မတနှင့် ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီးတို့သည် မြန်မာ-ဆော်ဒီအာရေဗျ နှစ်နိုင်ငံကြား ရှည်လျားခိုင်မာသည့် သံတမန်ဆက်ဆံရေးရှိမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများတိုးတက်ခိုင်မာလျက်ရှိမှု၊ နှစ်နိုင်ငံကြား ထိတွေ့ဆက်ဆံမှုများတိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။
👍135