News Of Myanmar
13.1K subscribers
23.2K photos
3.26K videos
3 files
6.61K links
Download Telegram
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ "Sberbank" ၏ အိန္ဒိယဘဏ်ခွဲမှ ဒုတိယမန်နေဂျင်းဒါရိုက်တာ မစ္စတာ အန်ဒရီအာနီစီမော့စ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲအား လက်ခံတွေ့ဆုံ

မတ် ၃၊ ၂၀၂၆

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ “Sberbank” ၏ အိန္ဒိယဘဏ်ခွဲမှ ဒုတိယမန်နေဂျင်းဒါရိုက်တာ မစ္စတာ အန်ဒရီအာနီစီမော့စ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့တွင် ရုံးအမှတ် (၁) နေပြည်တော်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့်ရင်းနှီး မြှုပ်နှံမှုများအတွက် ငွေပေးချေမှုလွယ်ကူချောမွေ့စေရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား ငွေကြေးလွှဲပြောင်းမှုနည်းလမ်းများနှင့် ငွေကြေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

NOM
👍153
🗳 အီရန်အပေါ် သမ္မတ ထရမ့်၏ စစ်ရေးဆိုင်ရာလုပ်ဆောင်ချက်များကို ကန့်သတ်ရန် ဒီမိုကရက်တစ်ပါတီက တင်သွင်းထားသည့် "စစ်ပွဲဆိုင်ရာ လုပ်ပိုင်ခွင့် ဆုံးဖြတ်ချက်" (War Powers Resolution) ကို အထက်လွှတ်တော်တွင် ယနေ့ မဲခွဲဆုံးဖြတ်မည်ဖြစ်သည်။

သို့သော်လည်း ရီပတ်ဘလစ်ကန်ပါတီဘက်က ယင်းကို ပယ်ချလိမ့်မည်ဟု မျှော်လင့်ရသည်။

NOM
Please open Telegram to view this post
VIEW IN TELEGRAM
👍223
ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြိုနယ် ကညင်သုံးဆင့်ကျေးရွာ ကုန်ထုတ်လမ်းသစ် အပိုင်း (၁) ဖွင့်ပွဲကျင်းပ

မတ် ၃၊ ၂၀၂၆

(၆၄) နှစ်မြောက် တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ် ကညင်သုံးဆင့်ကျေးရွာ ကုန်ထုတ်လမ်းသစ် အပိုင်း (၁) ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါလမ်းသစ်၌ ကျင်းပရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုး၊ တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ဌာနဆိုင်ရာများနှင့် ကျေးရွာသူ ကျေးရွာသားများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က ကုန်ထုတ်လမ်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကုန်ထုတ်လမ်းသစ်ကို ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါကုန်ထုတ်လမ်းသစ်ဖောက်လုပ်ပေးခြင်းဖြင့် ကျေးရွာရှိ အိမ်ခြေ ၃၅၈ အိမ်၊ လူဦးရေ ၁၅၀၈ ဦးနှင့် စိုက်ပျိုးမြေ ၂၅၂ ဧကကို အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း သိရသည်။

NOM
👍9
ရှမ်းပြည်နယ်အတွင်း စက်သုံးဆီများ ပြတ်လပ်မှုမရှိစေရေး တာဝန်ရှိသူများက စနစ်တကျ စီစဉ်ဆောင်ရွက်ပေးလျက်ရှိ

မတ် ၄၊ ၂၀၂၆

ရှမ်းပြည်နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီပြတ်လပ်နိုင်သည့်ကောလဟာလများကြောင့် တောင်ကြီး၊ ရွှေညောင်၊ ကလော၊ အောင်ပန်းစသည့် မြို့များ၌ ရှိသည့် စက်သုံးဆီများအား အလုအယက်ဝယ်ယူခဲ့ကြသည့်ဖြစ်စဉ်များနှင့်စပ်လျဉ်းပြီး ရှမ်းပြည်နယ်ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ပြည်နယ်ညွှန်ကြားရေးမှူး ဦးမင်းမင်းထံမှ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီပြတ်လပ်မှုမရှိစေရေး စနစ်တကျ စီစဉ် ဆောင်ရွက်ထားလျက်ရှိကြောင်း သိရှိရသည်။

ရှမ်းပြည်နယ် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ပြည်နယ်ညွှန်ကြားရေးမှူး ဦးမင်းမင်းက စက်သုံးဆီအရောင်းဆိုင်များအတွက် အပတ်စဉ် PO တွေ ပုံမှန်ရရှိနေပြီး ၊ မတ်လ(၃)ရက်နေ့တွင် ဆီသယ်ဘောက်ဆာယာဉ် ၁၄ စီးအထိ ရောက်ရှိပြီး ကလော၊ အောင်ပန်း၊ တောင်ကြီးမြို့များတွင် ဆီချလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ လတ်တလော အရှေ့အလယ်ပိုင်းဒေသက ဖြစ်စဉ်များကြောင့်လည်းကောင်း၊ မီဒီယာအချို့ရဲ့ ကောလဟာလ သတင်း ဖော်ပြမှုတွေအရ လည်းကောင်း စက်သုံးဆီ ပြတ်လပ်မှာကို စိတ်ပူပြီး၊ ဝယ်ယူသိုလှောင်ကြသည့်အတွက် အချို့ဆိုင်များတွင် စက်သုံးဆီပြတ်မသွားရအောင် ထိန်း၍ ရောင်းပေးနေခဲ့ရပါ‌ကြောင်း၊ ပုံမှန်ရောင်းနေကျထက် ‌‌ရောင်းအား နှစ်ဆကျော် သုံးဆလောက် တိုးရောင်းရသည့် အတွက် စက်သုံးဆီဆိုင်အချို့ ဆီပြတ်မလိုဖြစ်၍ မတ်လ (၃) ရက်နေ့ ညနေပိုင်းတွင် သီလဝါမှ ဆီကားများ ရောက်ရှိလာသည့်အတွက် တောင်ကြီး၊ ကလော၊ အောင်ပန်း၊ ဟဲဟိုး၊ ရွှေညောင်၊ ပင်းတယမြို့များ၌ ဆီပြတ်တောက် မသွားနိုင်ပါကြောင်း၊ လိုအပ်ပါက ပုံမှန် Normal Po အပြင်၊ Urgent Po တွေပါပေးပြီး ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း၊ မိဘပြည်သူများ စိုးရိမ်ရန်မလိုအပ်ကြောင်း၊ နွေရာသီအချိန်ရောက်ရှိပြီဖြစ်၍ မီးဘေးအန္တရာယ် စိုးရိမ်ရသည့်အတွက် စက်သုံးဆီများကို မလိုလားအပ်ဘဲ အိမ်များတွင် မသိုလှောင်ထားကြရန် လိုအပ်ကြောင်း သိရှိရသည်။

NOM
👍212
This media is not supported in your browser
VIEW IN TELEGRAM
ဘာရိန်းနိုင်ငံရှိ အမေရိကန်စစ်အခြေစိုက်စခန်းအတွင်း အီရန်နိုင်ငံထုတ် ရှာဟစ်-၁၃၆ အသေခံဒရုန်းတစ်စင်း အောင်မြင်စွာ ထိမှန်ပေါက်ကွဲမှုဖြစ်ပွား

NOM
👍276🕊3😨2🔥1
This media is not supported in your browser
VIEW IN TELEGRAM
🫡 🇮🇷 ပြည်သူများကို ဘေးလွှတ်ရာသို့ရွှေ့ပေးနိုင်မှသာ သူလည်းဘေးလွှတ်ရာသို့ရွှေ့မည်ဟု အီရန်ခေါင်းဆောင်ကြီးခါမေနီ က ပြောကြားခဲ့

ဗီဒီယိုဖိုင်ထဲက အီရန်ဘာသာရေးခေါင်းဆောင်တစ်ဦးရဲ့ခေါင်းဆောင်ကြီး ခါမေနီနဲ့ပတ်သက်ပြီးခုလိုပြောကြားခဲ့ပါတယ်-

"တကယ်တော့ အယာတိုလာ ခါမေနီဟာ သူ့ရဲ့ရုံးခန်းမှာ နေ့စဉ်ရှိနေခဲ့တာပါ။ လုံခြုံရေးအဖွဲ့က သူ့ကို လက်ရှိရုံးခန်းကနေ တခြားမြို့တစ်မြို့ကို ပြောင်းရွှေ့ဖို့ အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမဲ့ သူက ငြင်းဆိုခဲ့ပါတယ်။

သူက "အကယ်၍ သင်တို့အနေနဲ့ အီရန်ပြည်သူ သန်း ၉၀ လုံးကို တခြားမြို့တွေဆီ ပြောင်းရွှေ့ပေးနိုင်မယ်ဆိုမှ ကျွန်ုပ်လည်း ပြောင်းရွှေ့ပါ့မယ်" လို့ ပြောခဲ့ပါတယ်။ ဒါဟာ လက်တွေ့မှာ မဖြစ်နိုင်ဘူးဆိုတာ ထင်ရှားပါတယ်။

နောက်ပြီး သူ့အတွက် ဘေးကင်းလုံခြုံတဲ့ မြေအောက်ခန်းတစ်ခု ဆောက်ပေးမယ်လို့ ကမ်းလှမ်းတဲ့အခါမှာလည်း "အကယ်၍ အီရန်ပြည်သူ သန်း ၉၀ လုံးအတွက် မြေအောက်ခန်းတွေ ဆောက်ပေးနိုင်မယ်ဆိုရင် ကျွန်ုပ်လည်း ပြည်သူတွေပြီးမှ အဲဒီမှာ နေပါ့မယ်" လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဒါကြောင့် သူဟာ သူ့ရဲ့ရုံးခန်းနဲ့ နေအိမ်မှာပဲ ဆက်လက်ရှိနေခဲ့တာပါ။ အဲဒီနောက် မနက်ပိုင်းမှာတော့ ဇီယွန်ဝါဒီအစိုးရ (အစ္စရေး) နဲ့ အမေရိကန်တို့ရဲ့ လေယာဉ်တွေက သူ့ရဲ့ရုံးခန်းကို တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် သူနဲ့အတူ ဇနီးဖြစ်သူ၊ ချွေးမဖြစ်သူနဲ့ တူတော်မောင်အချို့ သေဆုံးသွားခဲ့ရပါတယ်"

NOM
Please open Telegram to view this post
VIEW IN TELEGRAM
👍26😢175🔥1💔1
တပ်မတော်အရာရှိကြီးများအပြောင်းအလဲစတင်

NOM မတ် ၄၊ ၂၀၂၆

တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ကြည်း) အဖြစ်ခန့်အပ်လိုက်ပြီးတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးကျော်ကိုထိုက်အား စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ်အဖြစ် ပြောင်းလဲခန့်အပ်လိုက်သည်။

NOM
👍3012
တပ်မတော်အရာရှိကြီးများအပြောင်းအလဲ

NOM မတ် ၄၊ ၂၀၂၆

စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးကိုအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ်လည်းကောင်း၊အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးကို ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ်လည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးကိိုတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်အဖြစ်လည်းကောင်း ပြောင်းလဲခန့်အပ်လိုက်ကြောင်းသိရသည်။

NOM
18👍17
ပါကစ္စတန်-အာဖဂန်စစ်ပွဲလည်းအရှိန်ကောင်းနေ

ခြောက်ရက်အတွင်း ဝင်ရောက်လာသည့် ပါကစ္စတန်နှင့် အာဖဂန်တာလီဘန်တို့၏ စစ်ပွဲသည်နယ်စပ်တစ်လျှောက် တိုက်ပွဲများပြင်းထန်နေသလို ပါကစ္စတန်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့်အာဖဂန် ၄၅ ဦးသေဆုံးပြီးဖြစ်သည်။

NOM
👍25😨5🕊3
တပ်မတော်အရာရှိကြီးများအပြောင်းအလဲ (၃)

NOM မတ် ၄၊ ၂၀၂၆

တပ်မ (၅၅) တပ်မမှူးအားစစ်တက္ကသိုလ်ကျောင်းအုပ်ကြီးအဖြစ်လည်းကောင်း၊ အ နောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးကို အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ်လည်းကောင်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးကိို တြိဂံတိုင်းဒေသစစ်ဌာနချုပ်တိုင်းမှူးအဖြစ်လည်းကောင်း၊ တြိဂံတိုင်းစစ်ဌာနချုပ်တိုင်းမှူးကို အထူးစစ်ဆင်ရေးအဖွဲ့မှူးအဖြစ်လည်းကောင်း ပြောင်းလဲခန့်အပ်လိုက်ကြောင်းသိရသည်။

NOM
18👍14😡1
ထရမ့်အနေဖြင့် အီရန်နှင့် စစ်ဖြစ်ရခြင်း၏ အကြောင်းပြချက်ကို ခိုင်လုံအောင် ရှင်းပြရန် အချိန်အကန့်အသတ်ဖြစ်နေပြီဟုဆို

ပေါ်လီတီကို မဂ္ဂဇင်း၏ ဖော်ပြချက်အရ ထရမ့်အနေဖြင့် အီရန်နှင့် စစ်ဖြစ်ရခြင်း၏ အကြောင်းပြချက်ကို ခိုင်လုံအောင် ရှင်းပြရန် အချိန်အကန့်အသတ်ဖြစ်နေပြီဟု ဆိုသည်။

ဂလိုဘယ်လစ် (Globalists) များ နှင့် အမေရိကန် ဒီမိုကရက်တစ်ပါတီတို့သည် ယခုအခြေအနေကို များစွာ ဝမ်းမြောက်နေကြသည်။

အဘယ်ကြောင့်ဆိုသော် ထရမ့်သည် ၎င်းတို့အတွက် အဖိုးတန်သော အခွင့်အရေးတစ်ရပ်ကို လက်ဆောင်အဖြစ် ပေးလိုက်သကဲ့သို့ ဖြစ်နေသောကြောင့်ပင်။

အီရန်နှင့် ဖြစ်ပွားနေသော ယခုပဋိပက္ခသည် ရီပတ်ဘလီကန်ပါတီအတွက် ၂၀၂၆ ခုနှစ် နှင့် ၂၀၂၈ ခုနှစ် ရွေးကောက်ပွဲများတွင် အရေးနိမ့်သွားစေနိုင်သည့် အကြောင်းရင်း ဖြစ်လာနိုင်သည်။

ထို့ကြောင့် ထရမ့်နှင့် သူ၏ နောက်လိုက်များသည် ၎င်းတို့၏ မူလစီမံကိန်းများ ကျရှုံးသွားသည်ကို ဝန်မခံလိုကြဘဲ အခြေအနေကို ပိုမိုစွန့်စားရသည့် လုပ်ရပ်များဖြင့် တုံ့ပြန်လာနိုင်သည်။

၎င်းတို့သည် မိမိတို့ရည်မှန်းချက် အထမြောက်ရန်အတွက် မည်သည့်နည်းလမ်းကိုမဆို အသုံးပြုလာနိုင်ဖွယ်ရှိသည်။

တစ်ဖက်တွင်လည်း အီရန်သည် အစ္စရေးနိုင်ငံအတွင်းသို့ ဒုံးကျည်များဖြင့် ထပ်မံပစ်ခတ် တိုက်ခိုက်ခဲ့သည်။ ထို့အပြင် "ဟစ်ဇ်ဘိုလာ" အဖွဲ့သည်လည်း ဟိုင်ဖာ မြို့ကို ပစ်ခတ်ပြီးနောက် ယခုအခါ အစ္စရေးမြောက်ပိုင်းနှင့် ဂိုလန်ကုန်းမြင့် ဒေသများကိုပါ ဆက်လက်တိုက်ခိုက်လျက်ရှိသည်။

NOM
👍304🕊3
ဟော်မုဇ် ရေလက်ကြားကို စစ်မက်ဇုန်အဖြစ် အီရန်က သတ်မှတ်လိုက်ကြောင်း သတိပေးချက်ကို လျစ်လျူရှုခဲ့သည့် ရေနံတင်သင်္ဘော (၁၀) စီးထက်မနည်း တိုက်ခိုက်ခံခဲ့ရကြောင်း အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ၏ ရေတပ်အရာရှိကြီးတစ်ဦးကို ကိုးကား၍ မီဟာ သတင်းဌာနက ဖော်ပြခဲ့သည်။

NOM
👍345😢5
🚨Breaking

အီရန်နိုင်ငံ၊ မြို့တော်တီဟီရန်​၏ မြောက်ပိုင်းတွင် အမေရိကန်တိုက်လေယာဉ်တစ်စီးကို အီရန်လေကြောင်းရန်ကာကွယ်ရေးစနစ်ကပစ်ချခဲ့ကြောင်း အစ္စရေး ယက်ဒီယော့တ် အာဟရိုနော့တ် သတင်းဌာနက သတင်းဖော်ပြခဲ့သည်။

NOM
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
👍246🕊5
Media is too big
VIEW IN TELEGRAM
စက်သုံးဆီနှင့်ပတ်သက်၍ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း ၏ ပြည်သူသို့အသိပေးပြောကြားချက်

မတ် ၄၊ ၂၀၂၆

NOM
👍232
အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံ၊ ခုဇက်စတန်ပြည်နယ်အတွင်း အစ္စရေး၏ ဟာရွန် (Heron) အမျိုးအစား ဒရုန်းယာဉ်တစ်စင်း ပစ်ချခံရမှု။

NOM
👍32🕊21
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ကြမည့် နိုင်ငံ့သားကောင်းများ၏ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၀) သင်တန်းဆင်းပွဲများ ကျင်းပပြုလုပ်
👍118