News Of Myanmar
13.1K subscribers
23.2K photos
3.26K videos
3 files
6.61K links
Download Telegram
နိုင်ငံတကာစစ်ရေယာဉ်များတွေ့ဆုံပွဲ (IFR-2026) နှင့် နိုင်ငံပေါင်းစုံရေတပ်လေ့ကျင့်ခန်း (MILAN-2026) သို့ တက်ရောက်ခဲ့သော တပ်မတော် (ရေ) မှ စစ်ရေယာဉ် (အောင်ဇေယျ) ပြန်လည်ရောက်ရှိ
👍239❤‍🔥1
နိုင်ငံတကာစစ်ရေယာဉ်များတွေ့ဆုံပွဲ (IFR-2026) နှင့် နိုင်ငံပေါင်းစုံရေတပ်လေ့ကျင့်ခန်း (MILAN-2026) သို့ တက်ရောက်ခဲ့သော တပ်မတော် (ရေ) မှ စစ်ရေယာဉ် (အောင်ဇေယျ) ပြန်လည်ရောက်ရှိ

ဖေဖော်ဝါရီလ ၂၈၊ ၂၀၂၆

အိန္ဒိယနိုင်ငံ၊ Visakhapatnam မြို့၌ ဖေဖော်ဝါရီလ ၁၅ ရက်မှ ၂၅ ရက်အထိ ကျင်းပပြုလုပ်သော နိုင်ငံတကာစစ်ရေယာဉ်များတွေ့ဆုံပွဲ International Fleet Review-2026 (IFR-2026) နှင့် နိုင်ငံပေါင်းစုံရေတပ်လေ့ကျင့်ခန်း (MILAN-2026) များသို့ တက်ရောက်ခဲ့သည့် တပ်မတော် (ရေ) မှ အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် ကျော်စွာထက် ဦးဆောင်သော စစ်ရေယာဉ် (အောင်ဇေယျ) သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ အမှတ် (၄) ရေတပ်ဆိပ်ခံတံတား (သီလဝါ) သို့ ပြန်လည်ရောက်ရှိရာ နယ်မြေခံရေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ် သိန်းထူးနှင့် တပ်မတော် (ရေ) မှ အရာရှိ၊ စစ်သည်၊ မိသားစုများက ကြိုဆိုနှုတ်ဆက်ကြသည်။

နိုင်ငံတကာစစ်ရေယာဉ်များတွေ့ဆုံပွဲ (IFR-2026) နှင့် နိုင်ငံပေါင်းစုံရေတပ်လေ့ကျင့်ခန်း (MILAN-2026) များသို့ တက်ရောက်ရန် စစ်ရေယာဉ် (အောင်ဇေယျ) သည် ဖေဖော်ဝါရီလ ၁၁ ရက်တွင် ရန်ကုန်မြို့မှ စတင်ထွက်ခွာခဲ့ရာ အိန္ဒိယနိုင်ငံ၊ Visakhapatnam မြို့သို့ ဖေဖော်ဝါရီလ ၁၄ ရက်၊ နေ့လယ်ပိုင်းတွင် ရောက်ရှိခဲ့သည်။

နိုင်ငံတကာစစ်ရေယာဉ်များတွေ့ဆုံပွဲ (IFR-2026) အခမ်းအနားသို့ အိန္ဒိယသမ္မတ ဒရူပါဒီမာမူ (Droupadi Murmu) တက်ရောက်ခဲ့ပြီး မြန်မာ့တပ်မတော် (ရေ) မှ အဖွဲ့ခေါင်းဆောင်အဖြစ် စစ်ဦးစီးအရာရှိချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး အေးမင်းထွေး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ပါဝင် တက်ရောက်သည်။ အခမ်းအနားသို့ နိုင်ငံပေါင်း ၇၄ နိုင်ငံမှ အဆင့်မြင့်ရေတပ်အရာရှိကြီးများ၊ နိုင်ငံတကာရေတပ်များ၊ ဒေသတွင်းရေတပ်များနှင့် အိမ်နီးချင်းရေတပ်များမှ စစ်ရေယာဉ်များ စုပေါင်းတက်ရောက်ကြသည်။ အဆိုပါအခမ်းအနားများနှင့် တစ်ဆက်တစ်စပ်တည်းပြုလုပ်သည့် အိန္ဒိယသမုဒ္ဒရာရေတပ်ဆိုင်ရာ စာတမ်းဖတ်ပွဲနှင့် ဂိုအာပင်လယ်ရေကြောင်းဆိုင်ရာသီးသန့်ဆွေးနွေးပွဲများသို့လည်း တပ်မတော် (ရေ) မှ စစ်ဦးစီးအရာရှိချုပ် (ရေ) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ ပါဝင်တက်ရောက်သည်။

ဖရီဂိတ်စစ်ရေယာဉ် (အောင်ဇေယျ) သည် ဖေဖော်ဝါရီလ ၁၈ ရက်တွင် ပြုလုပ်သော နိုင်ငံတကာစစ်ရေယာဉ်များတွေ့ဆုံပွဲ (IFR-2026)တွင် ပါဝင်ဆောင်ရွက်ခြင်း၊ ဖေဖော်ဝါရီလ ၁၉ ရက်မှ ၂၅ ရက်အထိ ကျင်းပပြုလုပ်သော နိုင်ငံပေါင်းစုံရေတပ်လေ့ကျင့်ခန်း (MILAN-2026) ၏ ဖွင့်ပွဲအခမ်း အနားသို့တက်ရောက်ခြင်း၊ ဆိပ်ကမ်းအခြေပြုစဉ် International Maritime Seminar သို့ နိုင်ငံပေါင်း ၇၄ နိုင်ငံနှင့်အတူ တက်ရောက်ခြင်း၊ စစ်ရေယာဉ်များပေါ်သို့ အပြန်အလှန်လေ့လာလည်ပတ်ခြင်း၊ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူများ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခြင်း၊ ရေအောက်နစ်မြုပ်မှုရှာဖွေရေးရေယာဉ်စနစ်သရုပ်ပြမှုအား သွားရောက်လေ့လာခြင်း၊ မြို့တွင်းလေ့လာရေးခရီးသွားရောက်ခြင်း၊ နိုင်ငံတကာတပ်ဖွဲ့ဝင်များနှင့်အတူ စစ်ရေးပြအခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခြင်း၊ အရာရှိငယ်များ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ခြင်း၊ ချစ်ကြည်ရေးအားကစားပြိုင်ပွဲများ၌ ပါဝင်ဆင်နွှဲခြင်း၊ Agra မြို့နှင့် ဗုဒ္ဓဂါယာသို့ သွားရောက်ဖူးမြော်လေ့လာခြင်း၊ ညစာစားပွဲအခမ်းအနားတွင် ရိုးရာယဉ်ကျေးမှုအကပဒေသာများဖြင့် ကပြဖျော်ဖြေရာတွင် ပါဝင်ဆင်နွှဲခြင်းများဆောင်ရွက်ခဲ့ကြပြီး နိုင်ငံတကာစစ်ရေယာဉ်များနှင့်ပူးပေါင်း၍ ပင်လယ်ပြင်လက်တွေ့လေ့ကျင့်ခန်းများတွင် ပါဝင်လေ့ကျင့်ခဲ့ကြသည်။

နိုင်ငံတကာစစ်ရေယာဉ်များတွေ့ဆုံပွဲ (IFR-2026) နှင့် နိုင်ငံပေါင်းစုံရေတပ်လေ့ကျင့်ခန်း (MILAN-2026) သို့တက်ရောက်ခဲ့သည့် စစ်ရေယာဉ် (အောင်ဇေယျ) ၏ ရန်ကုန်-အိန္ဒိယ-ရန်ကုန်ခရီးစဉ်နှင့် ပင်လယ်ပြင်လက်တွေ့လေ့ကျင့်ခန်းများတွင် မောင်းနှင်ခဲ့သည့် စုစုပေါင်းရေမိုင်မှာ ၂၃၇၇.၄ မိုင်ရှိကြောင်း သတင်းရရှိသည်။

NOM
16👍13
This media is not supported in your browser
VIEW IN TELEGRAM
🚀- ဒူဘိုင်းမြို့က ကမ္ဘာ့အမြင့်ဆုံး ဘာ့ဂျ်ခါလီဖာ မိုးမျှော်အဆောက်အအုံကြီးအနီး အီရန်ရှာဟစ်-၁၃၆ အသေခံဒရုန်းကျရောက်ပေါက်ကွဲ

NOM
Please open Telegram to view this post
VIEW IN TELEGRAM
👍29😨91
This media is not supported in your browser
VIEW IN TELEGRAM
🇮🇶 ❤️ - အီရတ်နိုင်ငံကောင်းကင်ယံကို ဖြတ်သန်းပြီး အစ္စရေးနိုင်ငံ (ဇီယွန်ဝါဒီအဖွဲ့အစည်း) သို့ ဦးတည်ပျံသန်းနေတဲ့ အီရန်ဒုံးကျည်တွေကို အီရတ်ပြည်သူတွေက အခုလိုပဲ ဝမ်းမြောက်ဝမ်းသာဆုမွန်တောင်းခဲ့ကြပါတယ် -

"ဘေးကင်းလုံခြုံတဲ့ ခရီးစဉ်ဖြစ်ပါစေ"

NOM
Please open Telegram to view this post
VIEW IN TELEGRAM
👍38🕊65❤‍🔥3
အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည်နယ် (Georgia) ကနေ ရွေးကောက်ခံထားရတဲ့ အောက်လွှတ်တော်အမတ်တစ်ဦးဖြစ်ပြီး သမ္မတထရန့်ရဲ့အမာခံထောက်ခံသူတစ်ဦးလည်းဖြစ်တဲ့ မာဂျိုရီ တေလာ ဂရင်း (Marjorie Taylor Greene) ဟာ အီရန်စစ်ပွဲနဲ့ပတ်သက်ပြီး ခုလိုပြောကြားခဲ့ပါတယ်။

"နိုင်ငံရပ်ခြားစစ်ပွဲတွေ မလုပ်တော့ဘူး။ အစိုးရအပြောင်းအလဲတွေ မလုပ်တော့ဘူး။" လို့ ကျွန်မတို့ ပြောခဲ့ကြတယ်။ မဲဆွယ်စင်မြင့်တိုင်း၊ မိန့်ခွန်းတိုင်းမှာ ဒါကိုပဲ ပြောခဲ့တာပါ။ ထရန့် ရော၊ ဗန့်စ်ရော၊ တစ်ဖွဲ့လုံးက "အမေရိကကို ပထမဦးစားပေးမယ် (America FIRST)" နဲ့ "အမေရိကကို ပြန်လည်ကြီးကျယ်စေရမယ် (MAGA)" ဆိုတဲ့ ကတိတွေနဲ့ မဲဆွယ်ခဲ့ကြတာပါ။

ဒါပေမဲ့ ကျွန်မတို့မျိုးဆက်ဟာ အစိုးရရဲ့ အလွဲသုံးစားလုပ်တာနဲ့ လှည့်ဖြားတာကို တစ်သက်လုံး ခံခဲ့ရပြီး အခုဆိုရင် ကျွန်မတို့ရဲ့ သားသမီးမျိုးဆက်တွေပါ အပစ်ပယ်ခံနေရပါပြီ။ အဓိပ္ပာယ်မရှိတဲ့ နိုင်ငံရပ်ခြားစစ်ပွဲတွေကြောင့် ကျွန်မတို့မျိုးဆက်က အမေရိကန်နိုင်ငံသား ထောင်ပေါင်းများစွာ သေကြေဒဏ်ရာရခဲ့လို့ "တော်ပြီ" လို့ ပြောခဲ့ကြတာပါ။

ဒါပေမဲ့ အခုတော့ အီရန်ပြည်သူတွေကိုသွားပြီး လွတ်မြောက်အောင် လုပ်ပေးနေကြပြန်ပြီ။ အီရန်မှာ လူဦးရေ ၉၃ သန်းရှိတယ်။ သူတို့ဘာသာသူတို့ လွတ်မြောက်အောင် လုပ်ပါစေ။

"အီရန်က နျူကလီးယားလက်နက်ရတော့မယ်" ဆိုတဲ့ စကားကို ကျွန်မတို့ နားပူအောင် ကြားခဲ့ရတာ ဆယ်စုနှစ်နဲ့ချီနေပါပြီ။ ပြီးခဲ့တဲ့ နွေရာသီတုန်းကလည်း ထရန့် က ဗုံးကြဲလိုက်လို့ အကုန်ပျက်သွားပြီလို့ ပြောခဲ့သေးတယ်။

ဒါတွေဟာ အမြဲတမ်း လိမ်ညာမှုတွေဖြစ်ပြီး "အမေရိကကို နောက်ဆုံးထား (America Last)" တဲ့ လုပ်ရပ်တွေပါပဲ။ ဒါပေမဲ့ ဒီတစ်ခါတော့ တကယ်ကို အဆိုးဝါးဆုံး သစ္စာဖောက်ခံရသလို ခံစားရတယ်။ ဘာလို့လဲဆိုတော့ "ငါတို့က တခြားသူတွေနဲ့ မတူဘူး။ စစ်မတိုက်တော့ဘူး။" လို့ ပြောခဲ့တဲ့သူတွေဆီက ဖြစ်နေလို့ပါ။

၂၀၂၄ အောင်ပွဲဟာ အမေရိကန်လူထုကို ပထမဦးစားပေးမယ့် အချိန် လို့ ထင်ခဲ့ကြတာ။ အထက်တန်းလွှာတွေအတွက်မဟုတ်ဘဲ သာမန် အမေရိကန်သားတွေနဲ့ သူတို့ရဲ့ သားသမီးတွေအတွက်လို့ ထင်ခဲ့တာ။ အမေရိကန်တွေ ဒုက္ခရောက် နေတာကို သူတို့ ဂရုမစိုက်ကြဘူး။
ကိုဗစ် (Covid) ကန့်သတ်ချက်တွေကြောင့် အမေရိကန်အသေးစားလုပ်ငန်းရှင် ထောင်ပေါင်းများစွာ ဘဝပျက်ခဲ့ရတယ်။ ဒါဟာ ထရန့် လက်ထက်မှာ စတင်ခဲ့ပြီး ဘိုင်ဒင်နဲ့ ဒီမိုကရက်တွေလက်ထက်မှာ ဆက်ဖြစ်ခဲ့တာပါ။

သူတို့ကြားမှာ ဘာမှမထူးခြားပါဘူး။ ကာကွယ်ဆေးကြောင့် ထိခိုက်မှုတွေ၊ သေဆုံးမှုတွေ၊ ပညာရေးနှောင့်နှေးမှုတွေ၊ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှုတွေ စံချိန်တင်များနေချိန်မှာ ဆေးဝါးကုမ္ပဏီကြီးတွေကတော့ အမြတ်တွေ အဆမတန် ရနေကြတယ်။ MAGA အစိုးရကတော့ ဘာတာဝန်ယူမှုမှမရှိဘဲ စစ်တိုက်ဖို့ပဲ လုပ်နေကြတယ်။ ပြဿနာကို သူတို့ပဲဖန်တီး၊ ဖြေရှင်းနည်းကိုလည်း သူတို့ပဲရောင်းပြီး အမြတ်ထုတ်နေကြတာပေါ့။ ဒါလား MAGA!

အက်ပ်စတိုင်း (Epstein) ဖိုင်တွေကို ချပြဖို့၊ အမျိုးသမီးနဲ့ ကလေးငယ်တွေအတွက် တရားမျှတမှုဖော်ဆောင်ဖို့ ကျွန်မတို့ နှစ်ပေါင်းများစွာ တောင်းဆိုခဲ့တယ်။ ဒါကိုလုပ်ဖို့ ထရန့်ကိုတောင် ပြန်တိုက်ခိုက်ခဲ့ရသေးတယ်။ ဒါပေမဲ့ အခုထိ ဘယ်သူမှ အဖမ်းမခံရသေးဘူး။ တရားမျှတမှုလည်း မရှိသေးဘူး။

အဲဒီအစား အစ္စရေးအတွက် အီရန်နဲ့ စစ်ဖြစ်ပေးပြီး အီရန်မှာ အစိုးရအပြောင်းအလဲလုပ်ဖို့ ကြိုးစားနေကြတယ်။ နိုင်ငံခြားသားတွေအတွက် နောက်ထပ် နိုင်ငံရပ်ခြားစစ်ပွဲတစ်ခုပေါ့။ ဘာအတွက်လဲ? ဒါက ကျွန်မတို့နိုင်ငံရဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုကို လျှော့ချပေးမှာလား? ဆယ်စုနှစ်နဲ့ချီပြီး အဂတိလိုက်စားတဲ့ အစိုးရအသုံးစရိတ်တွေကြောင့် အခုဆို ဒေါ်လာ ၄၀ ထရီလီယံ ကြွေးမြီတွေနဲ့ ကျွန်ဖြစ်နေရပြီ။

အီရန်နဲ့ စစ်ဖြစ်တာက ကုန်ဈေးနှုန်းကို မကျစေသလို လူနေမှုစရိတ်ကိုလည်း သက်သာမလာစေပါဘူး။
အီရန်နဲ့ စစ်ဖြစ်တာက ကျန်းမာရေးစနစ်ကို ပြုပြင်ပေးမှာလား? မလုပ်ပေးနိုင်ပါဘူး။ MAGA အစိုးရနဲ့ ရီပတ်ဘလစ်ကန်တွေက ဒါကို အလေးအနက် မလုပ်ဆောင်ကြဘူး။ အီရန်နဲ့ စစ်ဖြစ်တာက AI ကြောင့် မင်းအလုပ်ပြုတ်မှာကို တားဆီးပေးမှာလား? မတားပေးနိုင်ပါဘူး။ အိမ်ဝယ်နိုင်အောင် ကူညီမှာလား? မကူညီပါဘူး။

ဒါပေမဲ့ ဂါဇာ (Gaza) ကို ပြန်လည်တည်ဆောက်တဲ့အခါ တိုက်ခန်းကောင်းကောင်းတွေကိုတော့ TikTok မှာ မြင်ရပါလိမ့်မယ်။
အမေရိကက မူးယစ်ဆေးပြဿနာနဲ့ စိတ်ကျန်းမာရေးပြဿနာတွေကို ကူညီမှာလား? အမေရိကန် မိသားစုတွေ ရပ်တည်နိုင်အောင် ကူညီမှာလား? လုံးဝ မဟုတ်ပါဘူး။

အီရန်နဲ့ စစ်ဖြစ်ပြီး နာရီပိုင်းအတွင်းမှာပဲ အပြစ်မဲ့ကျောင်းသူလေး ၄၀ ကျော် အစ္စရေးဗုံးကြောင့် သေဆုံးခဲ့ရတယ်။ ဂါဇာမှာလည်း ကလေးထောင်ပေါင်းများစွာ သေခဲ့ရတာကို ဒီ "ငြိမ်းချမ်းရေးလိုလားပါတယ်" ဆိုတဲ့ အစိုးရက ဂရုမစိုက်ခဲ့ဘူး။

သူတို့က အမေရိကရဲ့ ပြဿနာတွေကို မဖြေရှင်းနိုင်သလို ကျွန်မတို့ရဲ့ ကလေးတွေကိုလည်း ဂရုမစိုက်တာ သိသာပါတယ်။ အခုတော့ "ငြိမ်းချမ်းရေး" သမ္မတနဲ့ အစိုးရက အာဏာရပြီး တစ်နှစ်အတွင်းမှာပဲ စစ်တိုက်ရတဲ့ "မြင့်မြတ်တဲ့" အကြောင်းပြချက်တွေကို လူထုကို ရိုက်သွင်းပါတော့မယ်။ ခေါင်းတောင် မူးချင်စရာပဲ၊ ဒါပေမဲ့ ဒါက MAGA တဲ့။"

NOM
👍4214😢3
This media is not supported in your browser
VIEW IN TELEGRAM
🇧🇭 - ဘာရိန်းနိုင်ငံအတွင်းသို့ နောက်ထပ် အီရန်ဒုံးကျည်တစ်စင်း ကျရောက်ပေါက်ကွဲ

NOM
Please open Telegram to view this post
VIEW IN TELEGRAM
👍28🕊6
This media is not supported in your browser
VIEW IN TELEGRAM
🇧🇭 - ဘာရိန်းနိုင်ငံ​၏ မြို့တော် မနားမားရှိ အဆောက်အဦတစ်ခုကို အီရန်အသေခံဒရုန်း တိုက်ရိုက်ထိမှန်ပေါက်ကွဲသည့် ဗီဒီယို။

NOM
Please open Telegram to view this post
VIEW IN TELEGRAM
👍37🕊4
This media is not supported in your browser
VIEW IN TELEGRAM
"အမေရိကန်အဆင့်မြင့် စစ်ဘက်အရာရှိကြီးများတည်းခိုလေ့ရှိတဲ့ ဘာရိန်းနိုင်ငံရှိ ဟိုတယ်တစ်ခုကို အီရန်က အသေခံဒရုန်းဖြင့်တိုက်ခိုက်"

ဘာရိန်းနိုင်ငံ၊ မနားမားမြို့မှာရှိတဲ့ အဆောက်အအုံတစ်ခုကို အီရန်နိုင်ငံထုတ်အသေခံဒရုန်းတစ်စင်းထိမှန်တဲ့ ဗီဒီယိုထွက်ပေါ်လာပါတယ်။

အဆိုပါ အဆောက်အအုံမှာ ဂရန်းအဲဟိုတယ် ဖြစ်ပြီး ၎င်းဟိုတယ်ဟာ အမေရိကန် အဆင့်မြင့်စစ်ဘက်အရာရှိကြီးတွေ မကြာခဏ တည်းခိုလေ့ရှိတဲ့နေရာဖြစ်သလို အမေရိကန်ရေတပ် အမှတ် (၅) စစ်ဌာနချုပ်နဲ့လည်း နီးကပ်စွာ တည်ရှိတာဖြစ် ပါတယ်။

NOM
👍3210🕊4
This media is not supported in your browser
VIEW IN TELEGRAM
🇦🇪 🔥 - အာရပ်စော်ဘွားများပြည်ထောင်စု၊ ဒူဘိုင်းမြို့ရှိ ထရန့်မိသားစုရဲ့ အဓိကစီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေ စုစည်းရာနေရာတစ်ခုဖြစ်တဲ့
ပမ်းဂျူမေရာ ကျွန်းစုရှိ အဆောက်အဦများကို အီရန်က လက်တုံ့ပြန်တိုက်ခိုက်။

NOM
Please open Telegram to view this post
VIEW IN TELEGRAM
👍309😢1🕊1
This media is not supported in your browser
VIEW IN TELEGRAM
ဘာရိန်းနိုင်ငံရှိ အမေရိကန်စစ်စခန်များနှင့် အခြားပစ်မှတ်များကို အီရန်က အသေခံဒရုန်းများ၊ ဒုံးကျည်များဖြင့် ဆက်လက်တိုက်ခိုက်နေ

ဗီဒီယိုတွင် - ကမ္ဘာ့မောက်မာတဲ့ အာဏာရှင်တွေကို ဆန့်ကျင်တဲ့ အီရန်ရဲ့ ခုခံကာကွယ်မှုတွေကို ချီးကျူးတဲ့အနေနဲ့ ဘာရိန်း လူအုပ်ကြီးက "Ya Ali" (ယာအလီ) လို့ ကြွေးကြော်ခဲ့ကြပါတယ်။

NOM
👍399🕊2
This media is not supported in your browser
VIEW IN TELEGRAM
ဘာရိန်းမှာရှိတဲ့ အမေရိကန်စခန်းတွေ အကြိတ်ခံရတိုင်း ဘာရိန်းပြည်သူတွေကတော့ ဝမ်းသာနေကြတယ်

NOM
👍488🕊3
This media is not supported in your browser
VIEW IN TELEGRAM
🇧🇭- ဘာရိန်းအခြေအနေတော်တော်ဆိုး

NOM
Please open Telegram to view this post
VIEW IN TELEGRAM
👍33🕊41
🇰🇼 - ကူဝိတ်နိုင်ငံရှိ လေတပ်စခန်းကို အီရန်က ဒုံးကျည်ဖြင့် တိုက်ခိုက်ထားမှုအခြေအနေ

အီရန်၏ တာဝေးပစ်ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကူဝိတ်နိုင်ငံရှိ အလီအယ်လ်ဆလမ် (Ali Al-Salem) လေတပ်စခန်းအတွင်း အနည်းဆုံး နေရာ (၄) ခုထက်မနည်း ထိမှန်မှုများ ရှိခဲ့ကြောင်း တရုတ်နိုင်ငံက ထုတ်ပြန်လိုက်သည့် ဂြိုဟ်တုဓာတ်ပုံများတွင်တွေ့ရှိရသည်။

NOM
Please open Telegram to view this post
VIEW IN TELEGRAM
👍355😱2
🇮🇷 - အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများအတွင်း အီရန်နိုင်ငံခေါင်းဆောင်ကြီး အယာတိုလာ ခါမေနီ (Ayatollah Khamenei)သမီးဖြစ်သူ၊ သမက်ဖြစ်သူနှင့် မြေးဖြစ်သူတို့ သေဆုံးသွားပြီ ဖြစ်ကြောင်း အီရန်နိုင်ငံပိုင်သတင်းဌာန IRIB က ကြေညာခဲ့သည်။

NOM
Please open Telegram to view this post
VIEW IN TELEGRAM
👍28😢9🕊2😡1
ဘာရိန်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းကို အီရန်က ဖေဖော်ဝါရီလ ၂၈ ရက်နေ့ညကဒုံးကျည်နှင့် ဒရုန်းများဖြင့် ဆက်လက်တိုက်ခိုက်ခဲ့

NOM
👍342🕊2
တစ်ဗိုလ်ကျ တစ်ဗိုလ်တက်

🇮🇷 - အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) တပ်မှူးတစ်ဦး၏ ထုတ်ပြန်ချက်

"ကျွန်ုပ်တို့၏ တပ်မှူးများ လုပ်ကြံသတ်ဖြတ်ခံရခြင်းသည် ယခုတိုက်ပွဲ၏ ရှေ့ဆက်သွားမည့် လမ်းကြောင်းအပေါ် အနည်းငယ်မျှပင် သက်ရောက်မှု မရှိပါ။ ကျွန်ုပ်တို့စနစ်၏ ဖွဲ့စည်းပုံမှာ တပ်မှူးတစ်ဦးဦး ကျဆုံး (သို့မဟုတ်) အာဇာနည်ဖြစ်သွားသည်နှင့် တစ်ပြိုင်နက် အရည်အချင်းရှိသည့် အခြားသူတစ်ဦးကို ချက်ချင်းအစားထိုး ခန့်အပ်နိုင်ရန် ပုံစံထုတ် တည်ဆောက်ထားပြီးသား ဖြစ်ပါသည်။"

NOM
Please open Telegram to view this post
VIEW IN TELEGRAM
👍43🕊32
😢 ငြိမ်းချမ်းစွာအနားယူပါ ခေါင်းဆောင်ကြီး

အီရန်အစ္စလာမ်မစ်တော်လှန်ရေး၏ အမြင့်ဆုံးခေါင်းဆောင်ကြီး အယာတိုလာ ဆယက်ဒ် အလီ ခါမေနီ (Ayatollah Sayyed Ali Khamenei) သည် အာဇာနည်အဖြစ် ကျဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံဌာနက အတည်ပြု ကြေညာလိုက်သည်။

မှတ်ချက် - စစ်ပွဲကရှေ့ဆက်ပိုပြီး ပြင်းထန်လာတော့မယ်လို့မြင်တယ်။

NOM
👍27😱20😢5🕊54🗿1