News Of Myanmar
13K subscribers
23.3K photos
3.27K videos
3 files
6.61K links
Download Telegram
မြစ်ကြီးနားလေဆိပ် လေယာဥ်ခရီးစဥ်များအမြန်ဆုံးပြန် လည်ပြေးဆွဲနိုင်ရန်ဆောင်ရွက်နေ

NOM ဖေဖော်ဝါရီ ၂၄၊ ၂၀၂၆

အများပြည်သူခရီးသွားလာရေးနှင့်ကုန်စည် စီးဆင်းမှုမြန်ဆန်စေရေးတို့အတွက် မြစ်ကြီးနားလေဆိပ် ပုံမှန်အတိုင်းလေယာဉ်ပျံသန်းပြေးဆွဲနိုင်ရေးအတွက် တာဝန်ရှိသူများက အမြန်ဆောင်ရွက်လျက်ရှိကြောင်း အမျိုးသားကာ ကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ အသိပေးခဲ့ကြောင်းသိရသည်။

News Of Myanmar NOM
👍101
This media is not supported in your browser
VIEW IN TELEGRAM
🇺🇸🍕အမေရိကန် စစ်ဝန်ကြီး ပိထ် ဟက်ဂ်ဆက်သ် က ပန်တဂွန် စစ်ဌာနချုပ်ရဲ့ ပီဇာအော်ဒါတွေကို စောင့်ကြည့်ပြီး စစ်ရေးလှုပ်ရှားမှုတွေကို ခန့်မှန်းနေတဲ့ X (ယခင် တွစ်တာ) ဆိုရှယ်မီဒီယာအကောင့်နဲ့ ပတ်သက်လို့ အခုလိုပြောကြားခဲ့ပါတယ်။ 👇

"အဲဒီအကောင့်အကြောင်း ကျွန်တော် သိပါတယ်။ ကျွန်တော်ကတော့ ထမင်းစားဆောင်သွားဖို့ထက် လူတိုင်းကို မျက်စိလည်သွားအောင် ကျပန်းညတွေမှာ ပီဇာတွေအများကြီး အော်ဒါမှာဖို့ စဉ်းစားထားတယ်။ တစ်ခါတလေ သောကြာနေ့ညမျိုးမှာ ဒိုမီနို (Domino) ပီဇာအော်ဒါတွေ အများကြီးတွေ့ရင် ဒါဟာ စောင့်ကြည့်စနစ်တစ်ခုလုံးကို ကမောက်ကမဖြစ်အောင် ကျွန်တော်ကိုယ်တိုင် အက်ပလီကေးရှင်း (App) ထဲကနေ မှာနေတာလည်း ဖြစ်နိုင်ပါတယ်"

🔎🍕ဘာကြောင့် လူတွေက ပန်တဂွန်ရဲ့ ပီဇာအော်ဒါတွေကို စောင့်ကြည့်ကြတာလဲ??

ဒါကို "The Pizza Meter" (ပီဇာတိုင်းတာချက်) လို့ ခေါ်ပါတယ်။ ဒါဟာ သိပ္ပံနည်းကျ အချက်အလက်ထက် လက်တွေ့ကျတဲ့ အခြေအနေတွေအပေါ် အခြေခံပြီး ခန့်မှန်းကြတာ ဖြစ်ပါတယ်။

ပုံမှန်အားဖြင့် အစိုးရရုံးတွေဟာ ညနေပိုင်းမှာ ပိတ်လေ့ရှိပါတယ်။ ဒါပေမဲ့ ကြီးမားတဲ့ စစ်ရေးလှုပ်ရှားမှု ဒါမှမဟုတ် နိုင်ငံတကာ အကျပ်အတည်းတစ်ခုခု (ဥပမာ- စစ်ပွဲစတော့မယ့် အခြေအနေ) ဖြစ်လာရင် အရာရှိကြီးတွေနဲ့ ဝန်ထမ်းတွေဟာ ညဘက်အထိ ရုံးမှာ အလုပ်လုပ်ကြရပါတယ်။

အဲဒီလို အလုပ်များနေတဲ့အချိန်မှာ အပြင်ထွက်စားဖို့ အချိန်မရှိသလို၊ ရုံးတွင်းကန်တင်းတွေကလည်း ပိတ်နေတတ်တဲ့အတွက် အလွယ်တကူ မှာစားလို့ရတဲ့ "ပီဇာ" ကို အများအပြားမှာယူကြပါတယ်။

ပန်တဂွန်စစ်ဌာနချုပ်လို နေရာမျိုးကို ပီဇာအော်ဒါတွေ ပုံမှန်ထက် ထူးထူးခြားခြား ပိုရောက်နေပြီဆိုရင် -

"တစ်ခုခုတော့ ထူးခြားနေပြီ၊ အရေးကြီးတဲ့ စစ်ဆင်ရေးတစ်ခုခုအတွက် ပြင်ဆင်နေပြီ" လို့ သတင်းထောက်တွေနဲ့ စောင့်ကြည့်လေ့လာသူတွေက တွက်ဆကြတာ ဖြစ်ပါတယ်။

ဒါဟာ ထောက်လှမ်းရေးလောကမှာ OSINT (Open Source Intelligence) လို့ခေါ်တဲ့ လူတိုင်းမြင်နိုင်တဲ့ အချက်အလက်တွေကနေတစ်ဆင့် လျှို့ဝှက်ချက်တွေကို ဖော်ထုတ်တဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။

NOM
Please open Telegram to view this post
VIEW IN TELEGRAM
👍151
(၃၁) ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ အကြိုအလုပ်ရုံဆွေးနွေးပွဲ (Pre-Conference Workshop) ကျင်းပ

ဖေဖော်ဝါရီ ၂၄၊ ၂၀၂၆

(၃၁) ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာဆေးပညာနှီးနှောဖလှယ်ပွဲ အကြိုအလုပ်ရုံဆွေးနွေးပွဲ (Pre-Conference Workshop) အဖြစ်  (၁၀) ကြိမ်မြောက်၊ သက်မဲ့ခန္ဓာအသုံးပြုခွဲစိတ် လေ့ကျင့်ရေးအလုပ်ရုံဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ တပ်မတော်ဆေးတက္ကသိုလ်၊ သက်မဲ့ခန္ဓာအသုံးပြုခွဲစိတ်လေ့ကျင့်ရေးဌာနတွင်ကျင်းပပြုလုပ်ခဲ့သည်။

NOM
👍8
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ဇင်ယော်ရေယာဉ်များ အကြီးစားပြင်ဆင်ပြီးစီးမှု လှည့်လည်ကြည့်ရှုစစ်ဆေး

ဖေဖော်ဝါရီ ၂၃၊ ၂၀၂၆

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် Yangon Innovation Centre (YIC) ရှေ့ရှိ ကျန်းမာရေးဆိပ်ခံတံတား၌ ဆိုက်ကပ်ထားသော ရေကြောင်းဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ ဆောင်ရွက်သည့် ဌာနပိုင်ဇင်ယော်ရေယာဉ်များကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် အကြီးစားပြင်ဆင်ပြီးဖြစ်သည့် ဇင်ယော်ရေယာဉ် (၁)၊ (၂)၊ (၃) စသည့် ရေယာဉ်သုံးစင်းပေါ်သို့ တက်ရောက်ကာ ရေယာဉ်တစ်စင်းချင်းအလိုက် ဝန်ထမ်းများ တာဝန်ထမ်းဆောင်မှု၊ ရေယာဉ်စက်ခန်းနှင့် တက်မခန်းများအခြေအနေ၊ ရေယာဉ်လူဝင်မှုစစ်ဆေးရေးတာဝန် ထမ်းဆောင်မည့် ကုန်းပတ်များနှင့် ဝန်ထမ်းများအနေဖြင့် ရေယာဉ်ပေါ်တွင် လိုက်ပါစီးနင်းဆောင်ရွက်နိုင်ရေးအတွက် စီစဉ်ထားရှိမှု၊ မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်တားဆီးနိုင်ရေး စိစစ်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးအား လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့် ရေဆိပ်တာဝန်ခံအရာရှိက ဇင်ယော်ရေယာဉ်များ အကြီးစားပြင်ဆင်ဆောင်ရွက်ခဲ့မှု၊ လက်ရှိ ရေဆိပ်လူဝင်မှုစစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဇင်ယော်ရေယာဉ်များရှေ့ရှိ ဆိပ်ခံတံတား၌ ရေယာဉ်ဝန်ထမ်းများနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စစ်ဆေးဆောင်ရွက်သည့် ဝန်ထမ်းများအားတွေ့ဆုံ၍ ယခု အခါ ဇင်ယော်ရေယာဉ်သုံးစင်းကို အကြီးစားပြင်ဆင်ဆောင်ရွက်ပြီးဖြစ်သည့်အတွက် ရေကြောင်းဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများကို ပိုမိုထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင်လည်း ဆက်စပ်ဌာနများနှင့်ပေါင်းစပ်ကာ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အဓိကထားဆောင်ရွက်ကြရန်လိုကြောင်း၊ ဇင်ယော်ရေယာဉ်များဖြင့် တာဝန်ထမ်းဆောင်ကြသည့် ဝန်ထမ်းများအနေဖြင့် ရေကြောင်းဆိုင်ရာနှင့် သင်္ဘောသားဆိုင်ရာ ပညာရပ်များလေ့လာဆည်းပူးကာ လုပ်ငန်းများ ကျွမ်းကျင်မှုရှိစေရေး အမြဲမပြတ် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ အကြီးစားပြင်ဆင်ပြီးဖြစ်သည့် ဇင်ယော်ရေယာဉ်များ အမြဲကြံ့ခိုင်ကောင်းမွန်မှုရှိစေရေး၊ မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုမရှိစေရေး၊ ဝန်ထမ်းများနှင့် ရေယာဉ်များလုံခြုံမှုရှိစေရေး၊ အုပ်ချုပ်မှုလျော့နည်းဖြစ်စဉ် မဖြစ်ပွားစေရေးတို့အတွက် တာဝန်ရှိသူအဆင့်ဆင့်က အမြဲကြပ်မတ် စစ်ဆေးဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံတကာမှ ဆိုက်ကပ်လာသည့် ပင်လယ်ကူးသင်္ဘောများအတွက် ရေကြောင်းဆိုင်ရာ လူဝင်မှုစစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီစစ်ဆေး၍ ယဉ်ကျေးပျူငှာစွာ ဝန်ဆောင်မှုပေးကြရန်လိုကြောင်း ရှင်းလင်းမှာကြားပြီး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

News Of Myanmar NOM
👍102😨1
ဒလတံတား ပေါ်တွင် YBS ကားပေါ်က ကလေးငယ် ပြုတ်ကျသေဆုံး

NOM ဖေဖော်ဝါရီ ၂၄၊၂၀၂၆

မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတား တိုးဂိတ်အနီးတွင် ဖေဖော်ဝါရီ ၂၃ ရက်နေ့ ညနေ ၄နာရီခွဲခန့်က YBS ယာဉ်ပေါ်မှ အသက် (၅) နှစ်အရွယ် ကလေးတစ်ဦးပြုတ်ကျပြီး သေဆုံးသွား ကြောင်း လူမှုကူညီရေးအသင်းတစ်
ခုမှသိရသည်။

ဖြစ်စဥ်မှာ ဒလမြို့နယ်မှ ရန်ကုန်မြို့တွင်းသို့ အဒေါ် ဖြစ်သူ နှင့်အတူ မုန့်ဝယ်ပြီးအပြန် YBS ကားစီးလာရာ ဒလတိုးဂိတ်အရောက် Slow down အဖြတ်တွင် ကားခုန်ပြီး YBS ကြမ်းခင်းပေါက်နေသော နေရာမှ ကလေးမှာ ပြုတ်ကျ၍ နောက်ဘီးဖြစ် ကျိတ်မိရာ နေရာတွင် ပွဲချင်းပြီး ဦးခေါင်းခွံကွဲဒဏ်ရာ ဖြင့် သေဆုံးသွားကြောင်းသိရသည်။

"အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီးယာဉ် မောင်းကိုတော့ မော်တော်ယာဉ်ဥပဒေအတိုင်းအရေးယူမှာပေါ့။ ပြီးတော့ ကျွန်တော်တို့ YBPC ကုမ္မဏီပါ။ အာမခံကိစ္စတွေ ကျန်တဲ့ လျော်ကြေးပေးတဲ့ကိစ္စတွေစီစဉ်နေပါတယ်။ ကလေးမိဘတွေဆီ ကုမ္ပဏီကလည်း လိုက်ပါဆောင်ရွက်ပေးနေပါတယ်"ဟု ဦးလျန်ကျင့်မန်ကပြောသည်။

အဆိုပါသေဆုံးသူကလေးငယ်၏ ရုပ်အလောင်းအား ဒလ ပြည်သူ့ဆေးရုံမှစစ်ချက်ယူ၍ ကြီးလေးကြီးအသင်းမှ သုသာန်သို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

News Of Myanmar NOM
👍5😢51
Forwarded from NOM.World News
This media is not supported in your browser
VIEW IN TELEGRAM
"အိန္ဒိယနိုင်ငံ၊ ဂျာခန်ပြည်နယ်တွင် လူနာတင်လေယာဉ်တစ်စီး ပျက်ကျမှုကြောင့် လူ ၇ ဦး သေဆုံး"

အိန္ဒိယနိုင်ငံ၊ ဂျာခန်ပြည်နယ်တွင် လူနာတင်လေယာဉ်တစ်စီး ပျက်ကျမှုကြောင့် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

လေယာဉ်အမှုထမ်း ၂ ဦး၊ လူနာတစ်ဦးနှင့် လူနာ၏ဆွေမျိုးများ အပါအဝင် အဆိုပါ Beechcraft C90 လေယာဉ်ပေါ်ပါရှိသူ ၇ ဦးစလုံးသည် လေယာဉ်ပျံတက်ပြီး မကြာမီအချိန်အတွင်း ရေဒါအဆက်အသွယ်ပြတ်တောက်ကာ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

NOM
😢8😨31
ခင်ပွန်း ၃ ယောက်တောင်လား?
👍6😱2
ကျိုက်ထိုမြို့တွင် ရာဘာမှိုင်းခံရုံ မီးလောင်မှုဖြစ်ပွား

NOM ဖေဖော်ဝါရီ ၂၄၊ ၂၀၂၆

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ သစ်ဆိပ်ပင်ကျေးရွာရှိ ရာဘာမှိုင်းခံရုံ တွင်ယနေ့ (ဖေဖော်ဝါရီ ၂၄ ရက်) နံနက် ၁၁ နာရီ ၃၅ မိနစ်အချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

ကျိုက်ထိုမြို့၊ သစ်ဆိပ်ပင်ကျေးရွာရှိ ရာဘာမှိုင်းခံရုံ မီးလောင်မှု အကြောင်းရင်း မသိရသေးသော်လည်း လက်ရှိမီးထိန်းနိုင်ပြီး အပြီးသတ်မီးငြှိမ်းသတ်မှုမှာမွန်းလွဲ ၂ နာရီထိ ဆက်လက်ငြှိမ်းသတ်နေကြောင်းသိရသည်။

"မီးလောင်မှုဖြစ်စဉ်တော့ မစစ်ဆေးရသေးပါဘူး။ အပြီးသတ်မီးငြိမ်းရေးကို ဆောင်ရွက်ပါတယ်။ လူထိခိုက်မှု၊ သေဆုံးမှုတော့မရှိပါဘူး"ဟု ကျိုက်ထိုမြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် ကျိုက်ထိုမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်၊ ရေသယ်ယာဉ်၊ ကျိုက္ကသာနယ်မြေ မီးသတ်စခန်းမှ ရေသယ်ယာဉ်၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းတို့ဖြင့် ထွက်ခွာ ငြှိမ်းသတ်ခဲ့ရပြီး မွန်းလွဲ ၁ နာရီ ၈ မိနစ်အချိန်တွင်မီးထိန်းနိုင်ခဲ့ကြောင်းသိရသည်။

News Of Myanmar NOM
👍6😢3
မင်္ဂလာဒုံခရိုင်ရဲစခန်းမှ ထွက်လာသည့်ရဲကား စခန်းအဝမှာတင် မိုင်းခွဲတိုက်ခိုက်ခံရဟု မဟုတ်မမှန် သတင်းများ ရေးသားဖြန့်ဝေလျက်ရှိ

ဖေဖော်ဝါရီ ၂၄၊ ၂၀၂၆

NOM
👍81😱1
လန်ဒန်နှင့် ပဲရစ်တို့က ကိယက်ဗ် (ယူကရိန်း) ထံ နျူကလီးယားဗုံး လက်နက်တပ်ဆင်ပေးရန် ပြင်ဆင် နေကြောင်း ရုရှားနိုင်ငံခြားထောက်လှမ်းရေးအဖွဲ့ (SVR) က ဆိုသည်။

ရည်ရွယ်ချက်မှာ ယူကရိန်းအနေဖြင့် နျူကလီးယားလက်နက် သို့မဟုတ် "ညစ်ပတ်သောဗုံး" (Dirty Bomb) ကို ပိုင်ဆိုင်စေခြင်းဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် သာသာယာယာရှိစေရန်နှင့် အသာစီးရရန်အတွက် အသုံးချရန်ဖြစ်သည်။

၎င်းတို့သည် ယူကရိန်း၏ ကိုယ်ပိုင်တီထွင်ဖန်တီးမှုဖြစ်ကြောင်း ပုံပေါ်စေရန်အတွက် လိုအပ်သော အစိတ်အပိုင်းများနှင့် နည်းပညာများကို လွှဲပြောင်းပေးရန် စီစဉ်နေကြခြင်းဖြစ်သည်။

Dirty Bomb (ညစ်ပတ်သောဗုံး) ဆိုတာ ဘာလဲ?

Dirty Bomb ဆိုတာဟာ သာမန်ယမ်းပေါက်ကွဲစေတတ်တဲ့ပစ္စည်း (ဥပမာ- ဒိုင်းနမိုက်) နဲ့ ရေဒီယိုသတ္တိကြွပစ္စည်းတွေကို ရောနှောထားတဲ့ လက်နက်ဖြစ်ပါတယ်။

ဗုံးထဲမှာရှိတဲ့ သာမန်ယမ်းတွေ ပေါက်ကွဲတဲ့အခါ ၎င်းနဲ့အတူပါတဲ့ ရေဒီယိုသတ္တိကြွ အမှုန်အမွှားတွေဟာ လေထဲကို ပျံ့နှံ့သွားပါတယ်။

၎င်းဟာ နျူကလီးယားဗုံးလိုမျိုး မြို့တစ်မြို့လုံးကို ပြာကျသွားစေမယ့် အပူရှိန်နဲ့ ပေါက်ကွဲအား ပြင်းထန်မှုမျိုး မရှိပါဘူး။

ဒါပေမဲ့ ပေါက်ကွဲမှုဖြစ်တဲ့ ဧရိယာတစ်ဝိုက်မှာရှိတဲ့ လူတွေ၊ အဆောက်အအုံတွေနဲ့ ပတ်ဝန်းကျင်ကို ရေဒီယိုသတ္တိကြွ အဆိပ်သင့်စေတာ ဖြစ်ပါတယ်။

NOM
😱11👍3
Forwarded from NOM.World News
🇨🇳🔥🇯🇵 "ဂျပန်နှင့် တင်းမာမှုများ ပိုမိုဆိုးရွားလာခြင်းကြောင့် တရုတ် က ကုန်သွယ်ရေးကန့်သတ်ချက် များတိုးမြှင့်"

ဂျပန်သို့ တရုတ်ခရီးသွားဝင်ရောက်မှု သိသိသာသာ လျော့ကျသွားစေခဲ့သည့် လပေါင်းများစွာကြာ နှစ်နိုင်ငံအငြင်းပွားမှုကို ပိုမို အရှိန်မြှင့်သည့်အနေဖြင့် တရုတ်နိုင်ငံက ဂျပန်ကုမ္ပဏီ ၄၀ အပေါ် ပို့ကုန်ကန့်သတ်ချက်များကို အမျိုးသားလုံခြုံရေး အကြောင်းပြချက်ဖြင့် အင်္ဂါနေ့ (ဖေဖော်ဝါရီ ၂၄) တွင် ထုတ်ပြန်လိုက်သည်။

အာရှ၏ အကြီးဆုံး စီးပွားရေးနိုင်ငံနှစ်ခုကြားအငြင်းပွားမှုမှာ ထိုင်ဝမ်အပေါ် မည်သည့်တိုက်ခိုက်မှုမျိုးကိုမဆို ဂျပန်က စစ်ရေးအရ ကြားဝင်ဆောင်ရွက်နိုင်သည်ဟု ဝန်ကြီးချုပ် စာနာအေးတာကာအီချီ က နိုဝင်ဘာလတွင် ပြောကြားခဲ့သည့် မှတ်ချက်ကြောင့် စတင်ခဲ့ခြင်းဖြစ်သည်။

အင်္ဂါနေ့တွင် ကြေညာခဲ့သည့် အစီအမံများ၌ အရပ်ဘက်နှင့် စစ်ဘက် နှစ်မျိုးလုံးတွင် အသုံးပြုနိုင်သည့် "dual-use" (နှစ်မျိုးသုံး) ပစ္စည်းများကို ဂျပန်အဖွဲ့အစည်း ၂၀ ထံ တင်ပို့မှုအပေါ် ကန့်သတ်လိုက်ခြင်း ဖြစ်သည်။ ယင်းတို့တွင် Mitsubishi Heavy Industries ၏ လက်အောက်ခံကုမ္ပဏီ ၅ ခုနှင့် ဂျပန်အာကာသအေဂျင်စီတို့ ပါဝင်သည်။

ထို့အပြင် တရုတ်စီးပွားရေးဝန်ကြီးဌာနသည် မော်တော်ကားထုတ်လုပ်ရေးလုပ်ငန်း Subaru အပါအဝင် အခြားသော ဂျပန်အဖွဲ့အစည်း ၂၀ ကို "စောင့်ကြည့်စာရင်း" ထဲသို့ ထည့်သွင်းလိုက်ပြီး စစ်ရေးအတွက် အသုံးပြုနိုင်သည့် ပို့ကုန်ပစ္စည်းများကို ပိုမိုတင်းကျပ်စွာ စစ်ဆေးသွားမည်ဟု ဆိုသည်။

"အထက်ပါ အစီအမံများသည် ဂျပန်၏ ပြန်လည်စစ်အင်အားချဲ့ထွင်မှု နှင့် နျူကလီးယား ရည်မှန်းချက် များကို ဟန့်တားရန် ရည်ရွယ်ခြင်းဖြစ်ပြီး လုံးဝတရားဝင်ကာ ကျိုးကြောင်းဆီလျော်ပြီး ဥပဒေနှင့်ညီညွတ်ပါသည်" ဟု စီးပွားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ၎င်းကပင် "ရိုးသားပြီး ဥပဒေလိုက်နာသော ဂျပန်အဖွဲ့အစည်းများအနေဖြင့် စိုးရိမ်စရာမရှိပါ" ဟု ဖြည့်စွက်ပြောကြားထားသည်။

ဂျပန်ကုန်သွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးကမူ ၎င်းတို့အနေဖြင့် ကန့်သတ်ချက်အသစ်များ၏ သက်ရောက်မှုကို ခွဲခြမ်းစိတ်ဖြာပြီးနောက် "သင့်လျော်သော အစီအမံများကို ဆောင်ရွက်သွားမည်" ဟု AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံက ကန့်ကွက်လွှာ တင်သွင်းထားကြောင်း Mainichi Shimbun သတင်းစာတွင် ဖော်ပြထားသည်။

ထိုင်ဝမ်နှင့်ပတ်သက်၍ တာကာအီချီ၏ မှတ်ချက်များသည် ပေကျင်းအစိုးရကို အကြီးအကျယ် ဒေါသထွက်စေခဲ့သည်။ အထင်ရှားဆုံး အကျိုးဆက်အနေဖြင့် တရုတ်နိုင်ငံက ၎င်း၏ နိုင်ငံသားများအား ဂျပန်သို့ မသွားရောက်ရန် သတိပေးပြီးနောက် ဇန်နဝါရီလတွင် ဂျပန်သို့ တရုတ်ခရီးသွား ဝင်ရောက်မှု ၆၁ ရာခိုင်နှုန်းအထိ ထိုးဆင်းသွားခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလတွင် အိုကီနာဝါအနီး နိုင်ငံတကာရေပိုင်နက်အတွင်း တရုတ်နိုင်ငံ၏ Liaoning လေယာဉ်တင်သင်္ဘောမှ J-15 ဂျက်လေယာဉ်များသည် ဂျပန်လေယာဉ်များကို ရေဒါဖြင့် နှစ်ကြိမ်တိုင်တိုင် ပစ်မှတ်ချိန်ရွယ် (Lock-on) ခဲ့ကြောင်း ဂျပန်ဘက်က ဆိုသည်။

တရုတ်နိုင်ငံသည် ဂျပန်ပင်လယ်စာ တင်သွင်းမှုများကိုလည်း ရပ်ဆိုင်းထားသည်ဟု သတင်းများ ထွက်ပေါ်နေသည်။ ဂျပန်နိုင်ငံရှိ နောက်ဆုံးကျန်ရှိနေသော ပန်ဒါနှစ်ကောင်ကိုလည်း ပြီးခဲ့သည့်လက တရုတ်နိုင်ငံသို့ ပြန်လည်ပေးပို့ခဲ့ရသည်။

လွန်ခဲ့သည့်လကလည်း တရုတ်နိုင်ငံသည် စစ်ဘက်တွင် အသုံးပြုနိုင်ခြေရှိသော ပစ္စည်းများအတွက် ဂျပန်သို့ ပို့ကုန်ထိန်းချုပ်မှုများကို တင်းကျပ်မည်ဟု ကြေညာခဲ့သည်။ ယင်းက တရုတ်၏ "dual-use" စာရင်းဝင် အရေးကြီး မြေရှားသတ္တု (rare-earth minerals) များ ထောက်ပံ့မှုကို ပေကျင်းက ဖြတ်တောက်နိုင်သည်ဟူသော စိုးရိမ်မှုများကို မြင့်တက်စေခဲ့သည်။

"ရှယ်ယာဈေးကွက်များ ထိုးကျခြင်း"

ယခုနောက်ဆုံး ထုတ်ပြန်ချက်သည် သင်္ဘောကျင်းနှင့် လေကြောင်းအာကာသလုပ်ငန်းများ အပါအဝင် ဂျပန်စက်မှုလုပ်ငန်းကြီး အများအပြားကို ပစ်မှတ်ထားခြင်းဖြစ်သည်။

တိုကျိုစတော့ဈေးကွက်တွင် Kawasaki Heavy Industries ၏ ရှယ်ယာဈေး ၅ ရာခိုင်နှုန်းနီးပါး ကျဆင်းသွားပြီး Mitsubishi Heavy Industries က ၄ ရာခိုင်နှုန်းခန့်နှင့် IHI ကုမ္ပဏီမှာမူ ၇ ရာခိုင်နှုန်းနီးပါးအထိ ထိုးကျသွားခဲ့သည်။

စာရင်းတွင် ပါဝင်သော ကုမ္ပဏီအများစုမှာ ဂျပန်စစ်တပ်အတွက် သင်္ဘောများ၊ တိုက်လေယာဉ်များနှင့် ဒုံးကျည်များ အပါအဝင် စစ်လက်နက်ပစ္စည်းများကို ထုတ်လုပ်နေသည့် ကာကွယ်ရေးလုပ်ငန်းများ ဖြစ်ကြသည်။

ဂျပန်နိုင်ငံသည် ၎င်း၏ တင်းကျပ်သော ငြိမ်းချမ်းရေးဝါဒီ ရပ်တည်ချက်ကို စွန့်လွှတ်ကာ "တန်ပြန်တိုက်ခိုက်နိုင်စွမ်း" ရရှိရန်နှင့် သေစေနိုင်သော ကာကွယ်ရေးပစ္စည်းများ တင်ပို့မှုဆိုင်ရာ စည်းမျဉ်းများကို လျှော့ချရန် ကြိုးပမ်းနေသည်။

တာကာအီချီ အစိုးရသည် ၎င်း၏ စစ်ဘက်ဆိုင်ရာ စွမ်းဆောင်ရည် များကို မြှင့်တင်ရန်အတွက် လာမည့် ဘဏ္ဍာနှစ်အတွက် ယန်း ၉ ထရီလီယံ (အမေရိကန်ဒေါ်လာ ၅၈ ဘီလီယံ) တန်ဖိုးရှိ စံချိန်တင် ကာကွယ်ရေး အသုံးစရိတ်ကို ဒီဇင်ဘာလတွင် အတည်ပြုခဲ့သည်။
Please open Telegram to view this post
VIEW IN TELEGRAM
👍131
Forwarded from NOM.World News
တရုတ်နိုင်ငံသည် အရှေ့တရုတ်ပင်လယ်နှင့် တောင်တရုတ်ပင်လယ်တို့တွင် လက်ရှိအခြေအနေ ကို "အင်အားသုံး၍ သို့မဟုတ် အကျပ်ကိုင်၍" ပြောင်းလဲရန် ကြိုးပမ်းမှုများကို အရှိန်မြှင့်နေကြောင်း တာကာအီချီက သောကြာနေ့တွင် လွှတ်တော်သို့ ပြောကြားခဲ့သည်။

"ဒုတိယကမ္ဘာစစ်ပြီးနောက် အပြင်းထန်ဆုံးနဲ့ အရှုပ်ထွေးဆုံး လုံခြုံရေးပတ်ဝန်းကျင်ကို ကျမတို့ ရင်ဆိုင် နေရတာကြောင့် ကျမတို့ နိုင်ငံသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ ငြိမ်းချမ်းတဲ့ လူမှုဘဝကို ကာကွယ်ဖို့ ကာကွယ်ရေးစွမ်းရည် မြှင့်တင်ဖို့ဟာ မရှိမဖြစ် လိုအပ်ပါတယ်" ဟု တာကာအီချီက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

တရုတ်နှင့် ဆက်ဆံနေရသည့် ဂျပန်ကုမ္ပဏီများသည် ခွင့်ပြုချက်ရယူရာတွင် ကြန့်ကြာမှုများဖြင့် ရင်ဆိုင် နေရပြီဖြစ်ကြောင်း Nagoya University of Foreign Studies မှ ဂျပန်-တရုတ် ဆက်ဆံရေး ဂုဏ်ထူးဆောင် ပါမောက္ခ နိုရီယုကီ ကာဝါမူရာက ပြောသည်။
"ဒီနေ့ ကြေညာချက်ကြောင့် လုပ်ငန်းစဉ်တွေက ဒီထက်ပိုပြီး တင်းကျပ်လာလိမ့်မယ်လို့ ကျနော်တို့ ခန့်မှန်းနိုင်ပါတယ်။ ဒါဟာ သက်ဆိုင်ရာ ကုမ္ပဏီတွေအတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်လာလိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်" ဟု ကာဝါမူရာက AFP သို့ ပြောကြားခဲ့သည်။

NOM
👍15
"ပဉ္စမအကြိမ်မြောက် အာဆီယံသန့်ရှင်းသော ခရီးသွားမြို့တော်ဆုအဖြစ် ကရင်ပြည်နယ်က ဘားအံမြို့ရရှိ"

ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့တွင် ကျင်းပခဲ့သည့် အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့သည် ၂၀၂၆ ခုနှစ်အတွက် ပဉ္စမအကြိမ်မြောက် အာဆီယံသန့်ရှင်းသောခရီးသွားမြို့တော်ဆု (5th ASEAN Clean Tourist Award) ဆုကိုရရှိခဲ့ပြီး အဆိုပါဆုကို ဖေဖော်ဝါရီ ၂၃ ရက်နေ့က ပြည်နယ်အစိုးရထံ ပေးအပ်ခဲ့သည်။

NOM
👍132😢1
ဖေဖော်ဝါရီ ၂၄၊ ၂၀၂၆

ဖလမ်းချင်းပဒပ်ကင်
၁ လောင်း၊ မိုင်းများနှင့် စစ်အသုံးအဆောင်များ သိမ်းဆည်းရမိ။

မှိုင်းဝေ

NOM
👍131
Forwarded from NOM.World News
This media is not supported in your browser
VIEW IN TELEGRAM
🇯🇵 ဂျပန်နိုင်ငံသား ခရီးသွားအဖွဲ့တစ်ဖွဲ့ဟာ အစ္စရေးနိုင်ငံသားတွေနဲ့ တစ်သားတည်းရှိကြောင်း ပြသတဲ့ ဝတ်စုံတွေကို ဆင်တူဝတ်ဆင်ပြီး "အစ္စရေးလူမျိုးများ ထာဝရရှင်သန်ပါစေ" (Am Yisrael Chai) ဆိုတဲ့ သီချင်းကို သီဆိုကာ အစ္စရေးက သိမ်းပိုက်ထားတဲ့ နယ်မြေအတွင်းသို့ ရောက်ရှိလာခဲ့ကြပါတယ်။ သူတို့ဟာ အစ္စရေးနိုင်ငံကို ထောက်ခံအားပေးခြင်းဟာ ဘာသာရေးဆိုင်ရာ တာဝန်တစ်ရပ်ဖြစ်တယ်လို့ ယုံကြည်ကြတဲ့ ဂျပန်ခရစ်ယာန် "မာကူယာ" ဂိုဏ်းအဖွဲ့ဝင်များဖြစ်ကြတယ်လို့ သိရပါတယ်။

NOM
Please open Telegram to view this post
VIEW IN TELEGRAM
👍125
"ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်း၊ ယိုးငူကျေးရွာရှိ AA အကြမ်းဖက်သမားများကို တပ်မတော်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်"

ဖေဖော်ဝါရီ ၂၄၊ ၂၀၂၆

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်း၊ ယိုးငူကျေးရွာရှိ AA အကြမ်းဖက်သမားများကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နေ့လည် ၂ နာရီကျော်အချိန်၌ တပ်မတော်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် AA အကြမ်းဖက်သမားများသေဆုံး၊ ဒဏ်ရာရမှုများရှိခဲ့ကြောင်းသိရသည်။

NOM
👍112