News Of Myanmar
13K subscribers
23.3K photos
3.27K videos
3 files
6.61K links
Download Telegram
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း
ဗထူးတပ်မြို့ရှိ နယ်မြေခံတပ်ရင်း/တပ်ဖွဲ့များ၊ သင်တန်းကျောင်းများအား လိုက်လံကြည့်ရှုစစ်ဆေး

ဖေဖော်ဝါရီ ၂၃၊ ၂၀၂၆

News Of Myanmar NOM
👍155
🇲🇽🔥🏴‍☠️"မက္ကစီကိုနိုင်ငံ၏ အင်အားကြီး မူးယစ်ဂိုဏ်း CJNG တွင် ခေါင်းဆောင်သစ် တက်လာခြင်း"

မျှော်လင့်ထားကြသည့်အတိုင်းပင် အယ်လ်မန်ချို နှင့် သူ၏လက်ရုံး အယ်လ်တူလီ တို့ သေဆုံးသွားပြီးနောက် ဟာလစ္စကို မျိုးဆက်သစ် မူးယစ်ဂိုဏ်း (Jalisco New Generation Cartel) (CJNG) ၏ ခေါင်းဆောင်မှုကဏ္ဍကို အသတ်ခံလိုက်ရသည့် ဂိုဏ်းချုပ်၏ မွေးစားသား ဟွမ် ကားလို့စ် ဂွန်ဇာလက်စ် ဗလန်းစီးယား (ခေါ်) "El 03" က ဆက်ခံလိုက်ပြီဖြစ်သည်။

El 03 သည် အဆိုပါ မူးယစ်ဂိုဏ်းအတွင်း အကြမ်းဖက်နှိမ်နင်းရေးနှင့် တိုက်ခိုက်ရေးကဏ္ဍကို အဓိကတာဝန်ယူထားသူဖြစ်သည်။ ၎င်းသည် ဗလန်းစီးယား မိသားစု၏ ငွေကြေးကွန်ရက်နှင့် သွေးသားတော်စပ်မှုရှိခြင်းကြောင့် ဂိုဏ်းအတွင်းပိုင်း စည်းလုံးညီညွတ်မှုကို ပိုမိုခိုင်မာစေပြီး အာဏာကို အပြည့်အဝချုပ်ကိုင်နိုင်မည့် အလားအလာရှိနေသည်။

၎င်းသည် လွန်ခဲ့သော လအနည်းငယ်ကမှ ထောင်မှလွတ်မြောက်လာသည့် မိခင်ဖြစ်သူ ရိုဆာလင်ဒါ ဂွန်ဇာလက်စ် ဗလန်းစီးယားနှင့်အတူ ဂိုဏ်း၏ အဓိကငွေကြေးခဝါချမှုလုပ်ငန်းစု လော့စ်ကွီနစ်စ် နှင့် ဆက်နွှယ်နေသော ဆွေမျိုးများဖြင့် ပူးတွဲအုပ်ချုပ်သွားမည်ဟု ခန့်မှန်းရသည်။

လက်ရှိတွင် ဝါရှင်တန်အစိုးရက သူ့ကိုဖမ်းဆီးရန် ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၅ သန်း ထုတ်ပြန်ထားသော်လည်း ယခုအခြေအနေများကြောင့် ဆုကြေးငွေမှာ ပိုမိုတိုးမြင့်လာဖွယ်ရှိသည်။

ယခုအခါ ပိုမိုရည်မှန်းချက်ကြီးသည့် မျိုးဆက်သစ်လူငယ်များက CJNG ဂိုဏ်းကို စတင်ဦးဆောင်နေပြီဖြစ်သည်။ El 03 ၏ နောက်ခံအင်အားနှင့် မိသားစုပံ့ပိုးမှုတို့ကြောင့် မက္ကစီကို၏ မူးယစ်ဆေးဝါး ကုန်သွယ်မှုလောကနှင့် အစိုးရတပ်ဖွဲ့များအကြား ထိပ်တိုက်ရင်ဆိုင်မှုများမှာ ယခင်ကထက် ပိုမိုပြင်းထန်လာနိုင်ဖွယ်ရှိနေပါသည်။

NOM
Please open Telegram to view this post
VIEW IN TELEGRAM
👍132😱1
🇺🇸🔥🇮🇷 "အီရန်နှင့် စစ်ဖြစ်ပွားရန် ဗိုလ်ချုပ်ကြီး ဒန်နီရယ်ကိန်းက ကန့်ကွက်နေသည်ဟူသော မီဒီယာများ၏ဖော်ပြချက်မှာ ၁၀၀ ရာခိုင် နှုန်းမှားယွင်းသည် ဟု ဒေါ်နယ်ထရန့်က ၎င်း​၏လူမှုမီဒီယာတွင်ရေးသား"

အီရန်နှင့် စစ်ဖြစ်ပွားရန် ဗိုလ်ချုပ်ကြီး ဒန်နီရယ်ကိန်းက ကန့်ကွက်နေသည်ဟူသော မီဒီယာများ၏ ဖော်ပြချက်မှာ "၁၀၀ ရာခိုင်နှုန်း မှားယွင်းသည်" ဟု ဒေါ်နယ်ထရန့်က လူမှုမီဒီယာတွင် ရေးသားလိုက်ပြီး အမိန့်ပေးလာပါက ကိန်း အနေဖြင့် စစ်ရေးအရ အရေးယူမှုကို ထောက်ခံမည်ဖြစ်သလို အလွယ်တကူ အောင်နိုင်မည်ဟုလည်း ယုံကြည်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

အဆုံးအဖြတ်ကို မိမိတစ်ဦးတည်းကသာ ပြုလုပ်မည်ဖြစ်ပြီး အီရန်နှင့် သဘောတူညီချက်ရယူရန်သာ ပိုမိုနှစ်သက်သော်လည်း အကယ်၍ သဘောတူညီချက် မရရှိပါက အီရန်နိုင်ငံအတွက် "အလွန်ဆိုးရွားသောနေ့" ဖြစ်လာလိမ့်မည်ဟု ထရန့်က သတိပေးခဲ့သည်။

အဆိုပါ ရေးသားချက်မှာ အီရန်ကို တိုက်ခိုက်ခြင်းနှင့် ပတ်သက်၍ ဖြစ်လာနိုင်သည့် ဘေးအန္တရာယ်များကို ကိန်းက ထရန့်နှင့် အဆင့်မြင့်အရာရှိကြီးများအား သီးသန့်သတိပေးခဲ့သည်ဟူသော အမေရိကန်မီဒီယာ အများအပြား၏ ဖော်ပြချက်များအပြီးတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

သတင်းများ၏အဆိုအရ ပူးတွဲစစ်ဦးစီးချုပ်များဥက္ကဋ္ဌဖြစ်သူ ကိန်းက အစ္စရေးနှင့် ယူကရိန်းတို့ကို ထောက်ပံ့မှုများကြောင့် အမေရိကန်၏ လက်နက်ခဲယမ်း အရန်အင်အားများ လျော့နည်းနေကြောင်း၊ အီရန်အား ကြီးမားသော စစ်ဆင်ရေးတစ်ခု ဆင်နွှဲခြင်းမှာ ရှုပ်ထွေးပြီး အမေရိကန်ဘက်မှ ထိခိုက်သေဆုံးမှုများ ရှိလာနိုင်ကြောင်းနှင့် မဟာမိတ်များ၏ အကန့်အသတ်ရှိသော ထောက်ခံမှုက ပိုမိုစိုးရိမ်စရာဖြစ်စေကြောင်း သတိပေးခဲ့သည်ဟု ဆိုသည်။

ကိန်း ၏ ရုံးအဖွဲ့ကမူ ၎င်းသည် ပူးတွဲစစ်ဦးစီးချုပ်များဥက္ကဋ္ဌ တာဝန်အရ သမ္မတအား စစ်ရေးဆိုင်ရာ ရွေးချယ်စရာများနှင့် ဆက်နွှယ်နေသည့် အန္တရာယ်များကို လျှို့ဝှက်စွာ တင်ပြပေးရသူဖြစ်ကြောင်း ပြောကြားခဲ့သည်။

NOM
Please open Telegram to view this post
VIEW IN TELEGRAM
👍152🔥1
🇺🇸🏛အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို သည် အထက်လွှတ်တော်နှင့် အောက်လွှတ်တော် ခေါင်းဆောင်များကို အခြေအနေအရပ်ရပ်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရန်အတွက် မနက်ဖြန် မွန်းလွဲ ၃ နာရီတွင် အိမ်ဖြူတော်၌ အထူးအစည်းအဝေးတစ်ရပ်ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

NOM
Please open Telegram to view this post
VIEW IN TELEGRAM
👍141
ရွှေကုက္ကိုလ်မှ ထွက်ပြေးပြီးထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၂၀ ဦးကို ထိုင်းတာဝန်ရှိသူများက ဖမ်းဆီးထိန်းသိမ်း

ဖေဖော်ဝါရီ ၂၃၊ ၂၀၂၆

ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိရွှေကုက္ကိုလ်မြို့သစ်မှ ထွက်ပြေးလာပြီး ထိုင်းနိုင်သံအတွင်းသို့ ကို တရားမဝင် ဝင်ရောက်လာသည့်
တရုတ်နိုင်ငံသား ၂၀ ဦးကို ဖေဖော်ဝါရီလာ ၂၃ ရက်နေ့ နံနက်အချိန်၌ ထိုင်းတာဝန်ရှိသူများက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

အဆိုပါတရုတ်နိုင်ငံသားများသည် သောင်ရင်းမြစ်ကိုဖြတ်ကူးပြီး ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်အတွင်း ဝင်ရောက်လာစဥ် မဲဆောက်မြို့နယ်၊ မဲပါဒေသ ဘန်ဝမ်ကွေကျေးရွာအနီးတွင် ထိုင်းစစ်တပ်က ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

NOM
👍121
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော် တွေအတွက် တတိယအကြိမ်ရဲ့ ပထမဆုံး ပုံမှန်အစည်းအဝေးတွေကို မတ် ၁၆၊ ၁၈နဲ့ ၂၀ ရက်တွေ ဆိုပြီး ကျင်းပဖို့ ခေါ်ယူလိုက်ပါပြီ။ ဒါက နိုင်ငံတကာကို မြန်မာနိုင်ငံမှာ တပ်မတော်အုပ်ချုပ်ရေးကုန်ပြီလို့ မက်ဆေချ့်ပေးလိုက်တာပါပဲ။
-----
လွှတ်တော်ခေါ်ယူလိုက်တာနဲ့ ပထမဆုံး လုပ်ရတဲ့ အလုပ်က သမ္မတ ရွေးချယ်မှု ဖြစ်လို့ ဒီလွှတ်တော်ခေါ်ယူမှုက အတော်လေးစိတ်ဝင်စားမှု မြင့်တက်နေမှာပါ။ သမ္မတ အပြင် မကြာသေးခင်က ပြဌာန်းလိုက်တဲ့ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီကလည်း စောင့်ကြည့်ချင်စရာဖြစ်ပါတယ်။ နိုင်ငံရေးအပြောင်းအလဲအပြင် တပ်မတော်ထိပ်ပိုင်း ခေါင်းဆောင်တွေလည်း သွေးသစ်လောင်းနိုင်တာဖြစ်လို့ ဒီလွှတ်တော်ခေါ်ယူမှု မတိုင်ခင် မှာတင် ကြီးကြီးမားမား အပြောင်းအလဲတွေ မြင်တွေ့နိုင်ပါသေးတယ်။
------
သမ္မတ ရွေးချယ်မှုကတဆင့် စုဖွဲ့လာမယ့် အခင်းအကျင်းဟာ စုစည်းမှုအားကောင်းတဲ့ အစိုးရတစ်ရပ်အဖြစ် ပုံဖော်လာကြဦးမှာပါ။ ဘယ်လိုပဲ ဝေဖန်၊ ကန့်ကွက်နေကြ ပါစေ။ အာဏာ ထိန်းအစိုးရကနေ “ရွေးကောက်ခံ/အသွင်ကူးပြောင်းရေး အစိုးရ”အဖြစ် ပုံဖော် သွားပါလိမ့်မယ်။ ဒီတော့…အာဆီယံအနေနဲ့လည်း ရွေးကောက်ပွဲအရ ပေါ်ပေါက် လာတဲ့ လွှတ်တော်နဲ့ အစိုးရသစ်ကို လက်တွေ့ကျတဲ့ နိုင်ငံရေးအရ မဖြစ်မနေ ဆက်ဆံဖို့ လိုလာ တော့မှာပါ။ ဒါက အရှိတရားဖြစ်ပါတယ်။
------
တစ်ခုရှိတာက ထုံးစံအတိုင်း နိုင်ငံတကာဖိအားလျော့ကျဖို့ဆိုတဲ့ ကိစ္စတွေ ရှိနေလေတော့ ငြိမ်းချမ်းရေးကိစ္စတွေမှာ လူထု ဆန္ဒနဲ့တော့ သိပ်ထပ်တူကျဖို့ဆိုတာ ခန့်မှန်းရခက်နေဦး မှာပါ။ တစ်ဖက်မှာလည်း လွှတ်တော်ပေါ်ပေါက်လာတဲ့ အခန်းကဏ္ဍအရ NCA အားကောင်းဖို့ လည်း ကြိုးစားကြဦးမှာပါ။ ရေတို/ရေရှည်အရ ရက်(၁၀၀)အတွင်းမှာ အစိုးရသစ်ရဲ့ လုပ်ဆောင်ချက်တွေက လူထုကြိုက်တဲ့ အရာတွေ၊ လူထုမျှော်လင့်ချက် တွေနဲ့ ထပ်တူကျခဲ့ရင်တော့…NUG ရဲ့ အခန်းကဏ္ဍကို မေ့ထားလိုက်လို့ ရနိုင်ပါပြီ။ ကုန်ဈေးနှုန်းတွေ ချပေးနိုင်ရင်၊ လုပ်ခလစာတွေ တိုးမြှင့်ပေးနိုင်ရင်၊ လျှပ်စစ်မှန်ဖို့အတွက် အာမခံချက်ပေးနိုင်ရင်၊ ရင်းနှီးမြှုပ်နှံမှု မူဝါဒတွေ ပြောင်းလိုက်လို့ ကားဈေးနှုန်းတွေ ဆွဲချနိုင်ခဲ့ရင်၊ လူထုအတွက် စီးပွားရေးအခွင့်အလမ်းတွေရှိလာမယ်။ နိုင်ငံရေးအရ တည်ငြိမ်မှုတွေ ရှိလာရင်…ဒေသခံ PDF တွေဆိုတာ…ကိုယ့်လက်နက်ကိုယ်ဖြုတ်သိမ်းပြီး နွေဦးတော်လှန်ရေးကို စွန့်ခွာသွား ဖို့ ရာခိုင်နှုန်းများသွားပါလိမ့်မယ်။
------
ဒါ့အပြင် NUG မပါ၊ ဒေသခံ လက်နက်ကိုင်အဖွဲ့အစည်းတွေကို “နိုင်ငံရေးအရ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ဥပဒေအရ အရေးယူမှု” လုံးဝ မလုပ်ပါဘူး” ဆိုတဲ့ ကမ်းလှမ်းချက် မျိုးနဲ့သာ အစိုးရသစ်က ကမ်းလှမ်းလာခဲ့ရင်… နွေဦးတော်လှန်ရေးအရှိန်က လုံးဝကျဆင်းသွား ပါလိမ့် မယ်။ ဘယ်လိုပဲဖြစ်ဖြစ် EAO ကိုရော၊ ဒေသခံ PDF တွေကို ရော “နိုင်ငံရေးအရ အပေးအယူ လုပ်နိုင်ခွင့်”ဆိုတဲ့ Legitimacy ဆိုတာ အစိုးရသစ်ကသာ စွမ်းနိုင်တဲ့ နိုင်ဖဲ လည်း ဖြစ်ပါတယ်။ ဒီလိုသာဖြစ်လာခဲ့ရင်….ကျော်မိုးထွန်းခိုးသွားတဲ့ ဒေါ်လာ၂.၆ သန်းကိစ္စ၊ မကြည်ပြာရဲ့ ဒေါ်လာ ၈၀၀၀၀၊ ဇောဝေစိုးရဲ့ ဖုန်းအစုတ်၊ အဝတ်မဝယ်နိုင်တဲ့ အခြေအနေ နဲ့ ဗိုလ်နဂါးကို အင်အားသုံးဖြေရှင်းမှုဆိုတဲ့ ကိစ္စတွေကြား တိုင်ပတ်နေတဲ့ NUG ကို နွေဦးရာဇဝတ်ထဲ မှာ ထားခဲ့ရစ်လို့ ရနိုင်လောက်ပါပြီ။

(နရီမိုး)
👍164
🇲🇽🔥🏴‍☠️မက္ကဆီကိုနိုင်ငံရှိ အင်အားကြီးမူးယစ်ဂိုဏ်းနှစ်ခုအနက် တစ်ခုဖြစ်သော ဟာလစ္စကို မျိုးဆက်သစ် မူးယစ်ဂိုဏ်း (CJNG) ခေါင်းဆောင်
အယ်လ်မန်ချို၏ လက်ရုံးဖြစ်သူ "အယ်လ်တူလီ" နှင့် ၎င်း​၏တပည့်အချို့ကို မက္ကဆီကိုလုံခြုံရေးတပ်ဖွဲ့များက အသေပစ်ခတ်ဖမ်းဆီးခဲ့သည့် ဓါတ်ပုံ

NOM
Please open Telegram to view this post
VIEW IN TELEGRAM
👍131
ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ မြန်မာနိုင်ငံဆိုင်ရာ အိုက်စလန်နိုင်ငံ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ် ခန့်အပ်ရန် သဘောတူပြီးဖြစ်သော ဦးကိုကိုလတ်၏ ခန့်အပ်လွှာကိုလက်ခံ၍ အသိအမှတ်ပြုစာချွန်လွှာ ပြန်လည်ပေးအပ်

ဖေဖော်ဝါရီ ၂၃၊ ၂၀၂၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အိုက်စလန်နိုင်ငံ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် အဖြစ်ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော ဦးကိုကိုလတ်၏ ခန့်အပ်လွှာကို ယနေ့နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌လက်ခံ၍ ၎င်းအား အသိအမှတ်ပြုစာချွန်လွှာ ပြန်လည်ပေးအပ်သည်။

NOM
👍12
😂😂😂
👍10
Forwarded from NOM
ပြင်သစ်မှာ အကြမ်းဖက်မှုတွေ မြင့်တက်လာတယ်လို့ ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောဆိုဖို့ ပျက်ကွက်ခဲ့တဲ့ အမေရိကန်သံအမတ် Charles Kushner ကို အစိုးရအဖွဲ့ဆီ ဝင်ခွင့် ပိတ်ပင်သင့်တယ်လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။

ဒေါ်နယ်ထရမ့်ရဲ့ သားမက်ဖြစ်သူ Jared Kushner ရဲ့ ဖခင် Kushner ကို တနင်္လာနေ့ ညနေပိုင်းမှာ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Noel Barrot နဲ့ တွေ့ဆုံဖို့ ဆင့်ခေါ်ခဲ့ပေမယ့် တက်ရောက်ခဲ့ခြင်း မရှိတာလို့ သိရပါတယ်။ အဲဒီအစား သူဟာ သံရုံးက ဒုတိယသံတမန်တဦးကိုသာ စေလွှတ်ခဲ့တယ်လို့ ဆိုပါတယ်။

ပြင်သစ်နိုင်ငံခြားရေး၀န်ကြီးဌာနက ဒီအပေါ်မှာ ဒေါသထွက်ခဲ့ပြီး Kushner ကို အစိုးရအဖွဲ့ဆီ ဝင်ရောက်ခွင့် ပိတ်ပင်သင့်တယ်လို့ ပြောဆိုခဲ့တာပါ။

News Of Myanmar NOM
👍12
ကယားပြည်နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့် Grade-5 နှင့် အခြေခံပညာအလယ်တန်းဆင့် Grade-9 နှစ်ဆုံးစာမေးပွဲ အေးချမ်းစွာဖြေဆို

ဖေဖော်ဝါရီ ၂၃၊ ၂၀၂၆

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်သည် ကယားပြည်နယ် သယံဇာတရေးရာဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကယားပြည်နယ် လွိုင်ကော်မြို့နယ် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့် Grade-5 နှင့် အခြေခံပညာအလယ်တန်းဆင့် Grade-9 နှစ်ဆုံးစာမေးပွဲတွင် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုများကို ကြည့်ရှုအားပေးသည်။

ထိုသို့ ကြည့်ရှုအားပေးစဉ် ဒုတိယဝန်ကြီးက ကြီးကြပ်ရေးမှူး၊ တွဲဖက်ကြီးကြပ်ရေးမှူးနှင့် လက်ထောက်ကြီးကြပ်ရေးမှူး ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကြရန်၊ စာမေးပွဲဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ကြရန်၊ ကျောင်းအတွင်း တည်ဆောက်ဆဲ စာသင်‌ဆောင်၊ ကျောင်းဆောင်များကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရန်နှင့် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ကြရန်တို့ကို မှာကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် အဆိုပါ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး စာဖတ်ဝိုင်းသို့သွားရောက်၍ ကျောင်းသားကျောင်းသူများနှင့် တွေ့ဆုံကာ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆို အောင်မြင်နိုင်ရေး ပြင်းပြသော ဆန္ဒများနှင့်အတူ ဇွဲသတ္တိအပြည့် ဖြင့်အောင်မြင်အောင် ကြိုးစားကြရန် အားပေးစကားပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် လွိုင်ကော်တက္ကသိုလ်ရှိ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခများ၊ ဆရာ ဆရာမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး လွိုင်ကော် တက္ကသိုလ်အဆောက်အအုံများ ပြင်ဆင်‌ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးကာ ပါမောက္ခချုပ်နှင့် ဆရာ ဆရာမများအတွက် ထောက်ပံ့ငွေပေးအပ်သည်။

ဆက်လက်၍ လွိုင်ကော်ပညာရေးဒီဂရီကောလိပ် ကယားသဇင်ခန်းမတွင် ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့်လည်းကောင်း၊ ကယားပြည်နယ် ပညာရေးမှူးရုံး ပညာဗိမာန်ခန်းမတွင် အဆင့်မြင့်ပညာဦးစီးဌာနနှင့် ဆရာ အတတ်ပညာဦးစီးဌာနမှ ဝန်ထမ်းများ၊ ပြည်နယ်ပညာရေးမှူး၊ ခရိုင်နှင့် မြို့နယ်ပညာရေးမှူးများ၊ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ကြီးများ၊ အရာထမ်း အမှုထမ်းများနှင့်လည်းကောင်း ရင်းရင်းနှီးနှီးတွေ့ဆုံ၍ သင်ကြားသင်ယူရေးနှင့် စီမံရေးဆိုင်ရာပညာရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးမှာကြားပြီး တက်ရောက်လာသူများ၏ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဆွေးနွေးဖြေကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

News Of Myanmar NOM
👍81
အလောင်း/လက်နက်များ ရရှိ (ရေး)

ဖေ ၂၃ ရက် မနက်ပိုင်းအချိန်က ရေးမြို့နယ်၊ မော့ကနင်ရွာ၏ အနောက်မြောက်ဘက် မီတာ ၁၇၀၀၀ ခန့်အကွာတွင် နယ်မြေရှင်းလင်းစဉ် အကြမ်းဖက်အဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့။ ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ
(၁) အကြမ်းဖက် ၂ လောင်း
(၂) လက်နက်မျိုးစုံ ၃ လက်
- M(4) သေနတ် ၂ လက်
- ပစ္စတို ၁ လက်
(၃) အကျည်မျိုးစုံ ၄၁ တောင့်
(၄) ကျည်အိမ် ၃ ခု
(၅) ကျည်ကာဦးထုပ် ၂ လုံး
(၆) ကျည်ကာအင်္ကျီ ၂ ထည်

တို့အား သိမ်းပိုက်ရရှိခဲ့သည်။
-
တိုက်ပွဲသတင်းစုံ

NOM
👍11
This media is not supported in your browser
VIEW IN TELEGRAM
ထရန့် အခြေအနေထိုးဆင်းသွားပြီ - အမေရိကန်လူမျိုး ၆၀% က "လုံးဝလက်မခံနိုင်ဘူး" ဟု ဆိုကြသည်။

အသစ်ထွက်ပေါ်လာသည့် လူထုသဘောထားစစ်တမ်းတစ်ခုအရ အမေရိကန်လူမျိုး ၆၀% သည် ထရန့်၏ လုပ်ဆောင်ချက်များအပေါ် မကျေနပ်ကြကြောင်း ပြသနေသည်။
၎င်းမှာ လူထုအနေဖြင့် အမှားအမှန်ကို ကိုယ်တိုင်မြင်တွေ့ကြားသိနေရ၍ ဖြစ်ပုံရသည်။

အခြားသူများကို "အလွန်ဆိုးရွားသောနေ့တစ်နေ့" ဖြစ်စေမည်ဟု ကတိပေးခဲ့သည့် သမ္မတကြီးမှာ ယခုအခါ ပျက်စီးယိုယွင်းနေသော လူထုထောက်ခံမှုနှုန်းထားများနှင့်အတူ ၎င်းကိုယ်တိုင်ပင် ထိုအခြေအနေနှင့် ရင်ဆိုင်နေရပြီဖြစ်သည်။

NOM
👍14
✈️🇺🇸 အလက်စကာပြည်နယ်၊ အန်ကာရေ့ချ်ရှိ အယ်လ်မန်ဒေါ့ဖ် ရစ်ချက်ဆန် (Elmentdorf-Richardson) ပူးတွဲစစ်အခြေစိုက်စခန်းမှ F-22 "Raptor" ဝေဟင်စိုးမိုးရေး တိုက်လေယာဉ် အမြောက်အမြား ပျံတက်သွားခဲ့သည်။

လွန်ခဲ့သည့် ခြောက်နာရီအတွင်း အဆိုပါစခန်းမှ F-22 တိုက်လေယာဉ်များ အစုလိုက်အပြုံလိုက် ဒုတိယအကြိမ်မြောက် ပျံတက်သွားခြင်းလည်း ဖြစ်သည်။

NOM
Please open Telegram to view this post
VIEW IN TELEGRAM
👍10😨21😱1
မြစ်ကြီးနားလေဆိပ် လေယာဥ်ခရီးစဥ်များအမြန်ဆုံးပြန် လည်ပြေးဆွဲနိုင်ရန်ဆောင်ရွက်နေ

NOM ဖေဖော်ဝါရီ ၂၄၊ ၂၀၂၆

အများပြည်သူခရီးသွားလာရေးနှင့်ကုန်စည် စီးဆင်းမှုမြန်ဆန်စေရေးတို့အတွက် မြစ်ကြီးနားလေဆိပ် ပုံမှန်အတိုင်းလေယာဉ်ပျံသန်းပြေးဆွဲနိုင်ရေးအတွက် တာဝန်ရှိသူများက အမြန်ဆောင်ရွက်လျက်ရှိကြောင်း အမျိုးသားကာ ကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ အသိပေးခဲ့ကြောင်းသိရသည်။

News Of Myanmar NOM
👍101