ပုဂ္ဂလိကရုပ်ရှင်ရုံငယ်များ(Private Cinema) ဖွင့်လှစ်ပြသနေမှုနှင့်ပတ်သက်၍ အသိပေးကြေညာချက်
ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေးဗဟိုကော်မတီအနေဖြင့် အချို့သော စီးပွားရေးလုပ်ငန်းရှင်များသည် ပရိုဂျက်တာ/ TV အသုံးပြုပုဂ္ဂလိကရုပ်ရှင်ရုံငယ်များကို ဟိုတယ်/ တည်းခိုခန်းများကဲ့သို့ အခန်းကန့်ပြီး ဖွင့်လှစ်လာကြ၍ မလိုလားအပ်သော လူမှုရေးရှုပ်ထွေးမှုများဖြစ်ပေါ်လာနိုင်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ပြသခွင့်လိုင်စင်များ ထုတ်ပေးမှုများရှိပါက ချက်ချင်းရုပ်သိမ်းသွားရန်နှင့် တရားမဝင်ပြသနေမှုများအား ရုပ်မြင်သံကြား နှင့်ဗီဒီယိုဥပဒေအရ အရေးယူဆောင်ရွက်သွားရန် တိုင်းဒေသကြီး / ပြည်နယ် ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေးကော်မတီများသို့ အကြောင်းကြားထားရှိပါသည်။
သို့ရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်ရှိ RIO Private Cinema၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှိ The Vibe Mini Cinema အပါအဝင် အချို့သော Private Cinema များသည် ဆင်ဆာမဲ့ရုပ်ရှင်ဇာတ်ကားများကို အသုံးပြု၍ မလျော်ကန်စွာ တရားမဝင်ဆက်လက်ဖွင့်လှစ်လျက်ရှိကြောင်း စိစစ်တွေ့ရှိရပါသည်။
သို့ပါ၍ လုပ်ငန်းလိုင်စင်မရှိဘဲ ရုပ်ရှင်ရုံဖွင့်လှစ်ပြသခြင်း၊ ဆင်ဆာမဲ့ဇာတ်ကားများပြသခြင်းများ ဆက်လက်ပြုလုပ်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေး ဗဟိုကော်မတီ
News Of Myanmar NOM

👍12❤1
ဤသဘောတူညီချက်သည် ဆော်ဒီ ၏ နျူကလီးယားကဏ္ဍ တိုးချဲ့မှုတွင် အမေရိကန်ကုမ္ပဏီများကို အဓိကနေရာမှ ပါဝင်ခွင့်ရရှိစေမည် ဖြစ်ပြီး ဆော်ဒီ၏ နျူကလီးယားလုပ်ငန်းစဉ်များအပေါ် ဝါရှင်တန်အား သိသာထင်ရှားသော သြဇာလွှမ်းမိုးမှု ရရှိစေမည်ဖြစ်သည်။
News Of Myanmar NOM
Please open Telegram to view this post
VIEW IN TELEGRAM
👍12😱3
နိုင်ငံခြားသတင်းဌာနများ၏ အမျိုးမျိုးသော ခန့်မှန်းချက်များနှင့် အမေရိကန်အရာရှိများ၏ ထုတ်ပြန်ချက်များ ထွက်ပေါ်လာပြီးနောက်၊ ရုရှားနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး ဗီနေးကူးမားက ရုရှားစွမ်းအင်အရင်းအမြစ်များအပေါ် နယူးဒေလီ၏ နောက်ဆုံးဆုံးဖြတ်ချက်ကို ရုရှားမီဒီယာတစ်ခုနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
၎င်း၏ပြောကြားချက်အရ ဝါရှင်တန်(အမေရိကန်) ၏ ဖိအားများရှိနေသော်လည်း အိန္ဒိယနိုင်ငံအနေဖြင့် ရုရှားထံမှ ရေနံကို ဆက်လက်ဝယ်ယူသွားမည်ဖြစ်ကြောင်းသိရသည်။
News Of Myanmar NOM
Please open Telegram to view this post
VIEW IN TELEGRAM
👍16
မြဝတီမြို့တွင် ငွေကျပ် ၉,၂၈၉.၇ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
ဖေဖော်ဝါရီ ၂၀၊ ၂၀၂၆
ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ၀၇၀၀ အချိန် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ပြည်သာယာ(၄)လမ်းနေ အောင်လွင်(ခ)မောင်ထင်း ငှားရမ်းနေထိုင်သည့် နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ မရီရွှင်ကြည်း၊ ရဲဝင်းနိုင်(ခ)ရန်ကျုံးခံ၊ လောက်ချိန် နှင့် အားစော တို့အားတွေ့ရှိပြီး နေအိမ်အတွင်းမှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် ကက်တမင်း အလေးချိန် ၁၂.၁၅ ကီလို(ဒေသကာလတန်ဖိုးငွေကျပ် ၄၂၅၂.၅ သိန်း)၊ အက်တက်စီဆေးပြား ၂,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၁,၀၀၀)၊ Happy Water အလေးချိန် ၄၇၅ ဂရမ်(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၃၈၀)၊ အရောင်မှုန့် အလေးချိန် ၃ ကီလို(ဒေသကာလတန်ဖိုးငွေကျပ် ၁.၅ သိန်း)၊ ကက်တမင်းအရည် ၁.၁၉ လီတာ(ဒေသကာလတန်ဖိုးငွေကျပ် ၂၃.၈ သိန်း)၊ ဘိန်းစာရွက်ပြုတ်ရည် ၆ လီတာ(ဒေသကာလတန်ဖိုးငွေကျပ် ၁.၂ သိန်း)၊ Ethy Alchol ၇ လီတာ(ဒေသကာလတန်ဖိုးငွေကျပ် ၇၀,၀၀၀)နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၈၇,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၁,၇၄၀)တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ဆက်လက်၍ ၀၈၃၀ အချိန် အောင်နိုင်(ခ)အားကျီ၊ မင်းသက်နိုင်(ခ)အားချိန်၊ အောင်ကျော်နိုင်(ခ) ယောင်ချုံယု၊ အောင်မင်းသူ(ခ)ကျူးယုံအန်း နှင့် နေမင်းထွေး(ခ)အားကျယ် တို့ငှားရမ်းနေထိုင်သည့် အဆိုပါရပ်ကွက်ရှိ နေအိမ်အတွင်းမှ ဘိန်းဆီခဲ အလေးချိန် ၅.၈ ကီလို(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၅၈၀)၊ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water အလေးချိန် ၅၀၀ ဂရမ်(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၄၀၀)၊ အိုက်စ်(မက်သ်အဖက်တမင်း) အလေးချိန် ၂၀၀ ဂရမ်(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၆၀)၊ အက်တက်စီဆေးပြား ၅၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၂၅၀)၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၀,၀၀၀ ပြား(ဒေသ ကာလတန်ဖိုးငွေကျပ်သိန်း ၆၀၀)၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် အောင်လွင်(ခ)မောင်ထင်း(၂၅)နှစ်၊ မရီရွှင်ကြည်း(၂၀)နှစ်၊ ရဲဝင်းနိုင်(ခ)ရန်ကျုံးခံ(၂၀)နှစ်၊ လောက်ချိန်(၃၉)နှစ်၊ အားစော(၃၃)နှစ်၊ အောင်နိုင်(ခ)အားကျီ(၂၆)နှစ်၊ မင်းသက်နိုင်(ခ)အားချိန်(၂၄)နှစ်၊ အောင်ကျော်နိုင်(ခ) ယောင်ချုံယု(၃၃)နှစ်၊ အောင်မင်းသူ(ခ)ကျူးယုံအန်း(၂၄)နှစ်နှင့် နေမင်းထွေး(ခ)အားကျယ်(၂၆)နှစ်တို့အား မြဝတီမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ ဖော်ပြအပ်ပါသည်။

👍14
အီရန်နိုင်ငံအတွက် သူလျှိုလုပ်ပေးခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် ဆီလီကွန်ဗယ်လီ (Silicon Valley) ရှိ Google အင်ဂျင်နီယာ သုံးဦးကို ဖမ်းဆီးလိုက်ကြောင်း FBI က ကြေညာခဲ့သည်။
News Of Myanmar NOM
Please open Telegram to view this post
VIEW IN TELEGRAM
👍15😱3❤2
အာဖဂန်နစ္စတန်နိုင်ငံတွင် ခင်ပွန်းဖြစ်သူများအနေဖြင့် ဇနီးသည်ကို ပြင်းထန်သော ဒဏ်ရာရရှိမှုမရှိစေဘဲ ရိုက်နှက်ခွင့် ပေးထားသည့် အိမ်တွင်းအကြမ်းဖက်မှုဆိုင်ရာ ဥပဒေတစ်ရပ်ကို အတည်ပြုလိုက်သည်။
အကယ်၍ ဒဏ်ရာပြင်းထန်ပါက ခင်ပွန်းဖြစ်သူမှာ ထောင်ဒဏ် ၁၅ ရက်အထိ ကျခံရမည်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် အမျိုးသမီးများအနေဖြင့် ၎င်းတို့၏ မိဘများထံတွင် သွားရောက်ခိုလှုံခြင်းကို ပိတ်ပင်လိုက်သည်။ ခင်ပွန်းဖြစ်သူ၏ ခွင့်ပြုချက်မရှိဘဲ ဖခင်ဖြစ်သူထံ သွားရောက်ပါက ထောင်ဒဏ် ၃ လ အထိ ချမှတ်ခံရနိုင်ပါသည်။
News Of Myanmar NOM
Please open Telegram to view this post
VIEW IN TELEGRAM
😨9😱7👍5😡3
လူမျိုးရေး သိပ်ကျဉ်းမြောင်းတဲ့ ဒေသမှာ ချင်းအမျိုသားနေ့ ကျင်းပတော့ အခမ်းအနားစင်မြင့်အထက်မှာ ရခိုင်တံဆိပ်ကြီးနဲ့။
လက်နက်တွေ AAဆီက အထောက်အပံ့ရထားတယ်၊ လူတစ်စုကောင်းစားရေးပဲကြည့်တော့ AA ပထွေးတော်ရတာ အပြစ်တစ်ခုလို့တောင် ထင်ကြမယ် မထင်ဘူး။ နာဂဟာ နာဂလူမျိုးပိုင်တယ်။ ပအို့ဝ်ဟာ ပအို့ဝ်ဒေသ ကောင်းကျိုးပဲ ကြည့်ရမယ်ဆိုတဲ့ သူတွေနဲ့ ယှဉ်ရင်တော့ ဆီနဲ့ရေပဲ။
စစ်ကိုင်းတိုင်းဟာ သာသနာတော်အတွက် တန်ဖိုးကြီးတဲ့ ရှင်ရဟန်းတွေ ထွက်တယ် ဆိုပေမယ့် ရွှေဘိုသွားခရိုင်ချင်းဆက်လမ်းပေါ်မှာ အသက် ၁၈ တောင် မပြည့်တတ်သေးတဲ့ ကလေးတွေက သေနတ်တကားကား နဲ့ အခွန်ဆက်ကြေး တက်တောင်းနေတာကြတော့ ဘာပြောကြမလဲပေါ့။ လက်ရှိ အညာမှာ စစ်ဖြစ်ကြတယ်၊ လက်နက်ကိုင်ကြတယ် ဆိုတဲ့နေရာမှာ အယူဝါဒကြောင့်လား၊ စနစ်ကြောင့်လား၊ ဘယ်လို အိုင်ဒီယိုလော်ဂျစ်ကို အခြေခံထားကြတာလဲဆိုတာ မေးစမ်းကြည့်ကြပါ့လား။
ခုလည်း ချင်းအမျိုးသားနေ့ကို မြို့ကြီး ပေါ်မှာ ထိုက်ထိုက်တန်တန် ခမ်းခမ်းနားနားကျင်းပနေပုံ၊ ပညာတတ်တဲ့ လူ့ ယဉ်ကျေးတွေ ပေါင်းစပ်ပါဝင်ပုံက အားကျစရာပါ။
လူမျိုးစု တစ်စုက ပညာတတ်လေ....၊ လူမျိုးရေးစိတ် အမြင်ကျယ်လေ၊ စကားပြောရ၊ ဆွေးနွေးရတာ အတော်လေးတာသွား လေလေပါပဲ။
(နရီမိုး)

👍14❤5
ကန်ကြီးထောင့်မြို့နယ်ရွာသစ်ကုန်းကျေးရွာမီးလောင်မှုဖြစ်ပွား
NOM ဖေဖော်ဝါရီ ၂၀၊ ၂၀၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ အပင်နှစ်ဆယ်ကျေးရွာအုပ်စု ရွာသစ်ကုန်းကျေးရွာတွင် ယနေ့ (ဖေဖော်ဝါရီ ၂၀ ရက်) နံနက် ၃ နာရီခွဲက မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူနေအိမ်များပျက် စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။
"မီးလောင်မှုအကြောင်းရင်းကို လက်ရှိမီးသတ်ကတော့စုံစမ်းစစ် ဆေးနေပါတယ်။ အတိကျတော့မသိသေးပါဘူး။ မီးလောင်မှုကြောင့် နေအိမ် (၃) လုံးပျက်စီးဆုံးရှုံးခဲ့ပါတယ်။ လူသေဆုံးတာတွေဒဏ်ရာရတာတွေတော့မရှိပါဘူး" ဟု ဒေသခံလူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။
မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရ ရာပုသိမ်ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်၊ ကန်ကြီးထောင့်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်၊ မီးသတ်ရေသယ်ယာဉ် များနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီ ၂၀ အချိန်တွင်မီးငြိမ်းသွားကြောင်းသိရသည်။

👍7😢3❤1
ဖေဖော်ဝါရီလ၂၀ရက်နိုင်ငံတကာသတင်းတိုများ
NOM
၁။အီရန်လေတပ်မှညဖက်ပျံသန်းလေ့ကျင့်မှုပြုလုပ်စဥ်လေယာဥ်ပျက်ကျပြီးလေယာဥ်မှူးတစ်ဦးသေဆုံးသည်။(ဓါတ်ပုံ)
၂။အီရန်-အမေရိကန်စစ်ပွဲနီးလာချိန်တွင်ဘူလ်ဂေးရီးယားနိုင်ငံဆိုဖီယာအပြည်ပြည်ဆိုင်ရာလေဆိပ်၌အမေရိကန်၏ကောင်းကင်ဆီဖြည့်လေယာဥ်၆စီးရောက်ရှိလာသည်။(ဓါတ်ပုံ)
၃။တိုက်ပွဲများဖြစ်ပွားနေသောနိုင်ငံမြောက်ပိုင်းတီဂရေးဒေသသို့အီသီယိုးပီးယားစစ်တပ်သည်အတွဲလိုက်ပစ်ဒုံးကျည်များ၊အမြောက်များ၊သံချပ်ကာလူတင်ယာဥ်များပို့ဆောင်နေသည်။(ဗီဒီယို)
၄။ခရီးသည်၂၇၁ဦးနှင့်ရေယာဥ်အမှုထမ်း၃၈၈ဦးလိုက်ပါလာသောဇိမ်ခံသင်္ဘောသည်စင်ကာပူသို့ခုတ်မောင်းလာစဥ်ပင်လယ်ပြင်၌သင်္ဘော၏ကိုးထပ်၌မီးလောင်ရာသင်္ဘောအမှုထမ်းတစ်ဦးသေဆုံးသည်။
၅။မြောက်ကိုးရီးယားအာဏာရအလုပ်သမားပါတီ၏၉ကြိမ်မြောက်ညီလာခံကိုယနေ့စတင်ကျင်းပရာမြောက်ကိုးရီးယားခေါင်းဆောင်ကင်ဂျုံအမ်တက်ရောက်မိန့်ခွန်းပြောသည်။(ဓါတ်ပုံ)

👍16❤3
ဟားခါးမြို့နယ်၊ ကျင်ခွာကျေးရွာအတွင်းသို့ CDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီးများကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဘိုးအိုတစ်ဦးအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရ
NOM ဖေဖော်ဝါရီ ၂၀၊ ၂၀၂၆
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်ရှိ ဟားခါးပြည်သူ့ဆေးရုံကြီးသို့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက် ၈ နာရီအချိန်၌ ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသားနှစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အားစိစစ်ခဲ့ရာ နံနက် ၁ နာရီခွဲအချိန်၌ ဟားခါးမြို့နယ်၊ ကျင်ခွာကျေးရွာနေ ဦးထက်တလွဲ (၈၇) နှစ်နှင့် ဦးကျအိုလွဲ (၄၆) နှစ်တို့သည် ၎င်းတို့၏နေအိမ်အသီးသီးတွင်ရှိနေစဉ် နေအိမ်များအနီးသို့ CDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီးများကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

👍9😢3
အွန်လိုင်းလိမ်လည်မှု (Telecom Fraud)လုပ်ငန်းများအား ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး အိန္ဒိယနိုင်ငံသားတစ်ဦး ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ပြည်နှင်နိုင်ရေးစစ်ဆေးနိုင်ခဲ့
ဖေဖော်ဝါရီ ၂၀၊ ၂၀၂၆
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်း လောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ ကြသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေးဖော်ထုတ်၍ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်း ပေးအပ်လျက်ရှိသည်။
ထိုသို့ ပြည်နှင်လွှဲပြောင်းပေးလျက်ရှိရာ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်ရှိ ဆိုဒ်အတွင်းသို့ တရားမဝင် လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်နေခဲ့သည့် အိန္ဒိယနိုင်ငံသားတစ်ဦး ထပ်မံ ဖော်ထုတ်ထိန်းသိမ်း နိုင်ခဲ့ပြီး ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့သည်။
အဆိုပါ အိန္ဒိယနိုင်ငံသားကို သက်ဆိုင်ရာနိုင်ငံသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေးနိုင် ရေးအတွက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များ၏ လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်နေမှုတို့ကို မြဝတီခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းနိုင်နှင့်တာဝန်ရှိသူများက လိုက်လံ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်အထိ မြဝတီမြို့နယ် အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၄၂၀၆ဦး ထိန်းသိမ်းနိုင်ခဲ့ ကြောင်းနှင့် ယင်းနိုင်ငံသားအားလုံးကိုစစ်ဆေးပြီးစီးခဲ့ပြီး ၎င်းတို့အနက်မှ ၁၃၁၁၇ ဦးကို ထိုင်းနိုင်ငံမှ တစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင် လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁၀၈၉ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်း ပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။
နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခ ရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာ နိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ထိရောက်စွာညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်းသတင်းရရှိသည်။

👍10❤1
20-2-2026
BNRA အဖွဲ့ဝင် ၅ ဦး သေနတ် ၅ လက်နှင့်အတူ တပ်မတော်ထံ ထပ်မံအလင်းဝင်ရောက်။
-
နောက်ထပ်အလင်းဝင်မယ့်ညီငယ်များလည်း ကြိုဆိုလျက်ပါ။
တိုက်ပွဲသတင်းစုံ

👍23❤2❤🔥1