News Of Myanmar
13K subscribers
23.3K photos
3.27K videos
3 files
6.61K links
Download Telegram
😠 ⚔️🇻🇪 ထရမ့်နှင့် အိမ်ဖြူတော်သည် ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် မာရီယာ မာချာဒိုအပေါ် ပိုမိုစိတ်ပျက်လာနေ

အိမ်ဖြူတော်အတွင်းရှိ သတင်းရင်းမြစ်များကို ကိုးကား၍ Politico သတင်းဌာနက ဤသို့ဖော်ပြခဲ့သည်။

၎င်းတို့၏ ပြောကြားချက်အရ ဗင်နီဇွဲလားနိုင်ငံတွင် ရွေးကောက်ပွဲများကို တစ်နှစ်အတွင်း ကျင်းပမည်ဟု မာရီယာက ထုတ်ဖော်ပြောဆိုခဲ့ခြင်းအပေါ် အမေရိကန်အရာရှိများက အထူးစိတ်အနှောင့်အယှက် ဖြစ်ခဲ့ကြကြောင်း၊ အမှန်တကယ် ဖြစ်နိုင်ခြေရှိသည့် အချိန်ကာလမှာ (၂၄) လခန့် ဖြစ်ကြောင်းသိရသည်။

"မာရီယာ ကိုရီနာ မာချာဒိုဟာ ထရမ့်အစိုးရအဖွဲ့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို နှောင့်ယှက်ဖို့ ကြိုးစားနေတာပါ... သူဟာ အတ္တကြီးသူတစ်ယောက်ပဲ" ဟု သတင်းရင်းမြစ်တစ်ခုက ဆိုသည်။

"ဒါတွေအားလုံးဟာ 'မာရီယာ ကိုရီနာ မာချာဒို စီမံချက်' မဟုတ်ပါဘူး။ ဒါဟာ 'အမေရိကန် အမျိုးသားလုံခြုံရေး သေချာစေရေး စီမံချက်' သာဖြစ်ပြီး သူမနဲ့ ဘာမှမဆိုင်ပါဘူး။

သူမဟာ ဖျက်လိုဖျက်ဆီးလုပ်တဲ့ အချက်တစ်ချက်ဖြစ်နေပြီး အမေရိကန် အမျိုးသားလုံခြုံရေး ရည်မှန်းချက်တွေကို ဆန့်ကျင်ဘက်ဖြစ် အောင် လုပ်ဆောင်နေတာပါ" ဟု သတင်းရင်းမြစ်တစ်ခုက Politico သို့ ပြောကြားခဲ့သည်။

မာချာဒိုသည် ထရမ့်၏ စစ်မှန်သော ရည်မှန်းချက်များကို အရိပ်မိုးသွားစေရန်နှင့် သူမကိုယ်သူမ "တစ်ခုတည်းသော ကြယ်ပွင့်" ဖြစ်အောင် လုပ်ဆောင်နေမည်ကို အိမ်ဖြူတော်က စိုးရိမ်နေခြင်းဖြစ်သည်။

"သမ္မတကြီး ပြောကြားထားသလိုပဲ၊ ရွေးကောက်ပွဲတွေဟာ သင့်တော်တဲ့အချိန်မှာ ကျင်းပသွားမှာပါ။ ဒါပေမဲ့ ထရမ့်ဦးစားပေးတာက ဗင်နီဇွဲလားနိုင်ငံကို အသက်ပြန် သွင်းဖို့နဲ့ နိုင်ငံကို ပြန်လည်တည် ဆောက်ဖို့ပဲ ဖြစ်ပါတယ်" ဟု အိမ်ဖြူတော် ကိုယ်စားလှယ်တစ်ဦးက Politico သို့ပြောကြားခဲ့သည်။

News Of Myanmar NOM
Please open Telegram to view this post
VIEW IN TELEGRAM
👍202
Forwarded from NOM
လန်ဒန်ကနေ တဲလ်အဗစ်ကို ပျံသန်းလာခဲ့တဲ့ Wizz Air လေယာဉ်ပေါ်မှာ ခရီးသည်တဦးက WiFi နာမည်ကို အကြမ်းဖက်သမားလို့ ပြောင်းလဲခဲ့ပြီး ခရီးသည်တွေဆီ ခြိမ်းခြောက်စာတွေ ပို့ခဲ့တဲ့နောက် အစ္စရေးတိုက်လေယာဉ်တွေဟာ ကြားဖြတ်ဟန့်တားဖို့ အမြန်လုပ်ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။ လေယာဉ်ဟာ လူတန်လေဆိပ်ကနေ ဘင်ဂူရီယန်လေဆိပ်ဆီ ပျံသန်းနေချိန်မှာ ဖြစ်ပွားခဲ့တာပါ။

လေယာဉ်ကို အန္တရာယ်ပြုဖို့ ကြိုးပမ်းမှုနဲ့ပတ်သက်ပြီး စိုးရိမ်စရာတွေ ဖြစ်စေခဲ့တဲ့ ပုံမှန်မဟုတ်တဲ့ မက်ဆေ့ချ်တွေကို ခရီးသည်တိုင်းရရှိခဲ့ပြီး လေယာဉ်အမှုထမ်းတွေက ဘင်ဂူရီယန်လေဆိပ်က ထိန်းချုပ်ခန်းကို အကြောင်းကြားခဲ့ပြီး တိုက်လေယာဉ်တွေ လိုက်ပါဖို့ကို တောင်းဆိုခဲ့ပါတယ်။

အာဏာပိုင်တွေရဲ့ စုံစမ်းမှုမှာ ခရီးသည်တဦးက WiFi နာမည်ကို “အကြမ်းဖက်သမား (terrorist)” လို့ ပြောင်းလိုက်ပြီး အခြားခရီးသည်တွေဆီ ခြိမ်းခြောက်စာပို့ခဲ့တယ်လို့ ယုံကြည်နေကြပါတယ်။ လေယာဉ်ကတော့ ဘေးကင်းကင်းနဲ့ ဆင်းသက်နိုင်ခဲ့ပြီး အကြမ်းဖက်တာမျိုးမဖြစ်ခဲ့ဘူးလို့လည်း သိရပါတယ်။

News Of Myanmar NOM
👍191
Forwarded from NOM
၂၀၂၂ အတွင်းက ကွယ်လွန်ခဲ့တဲ့ ဘုရင်မကြီး အယ်လီဇဘက်ကို အောက်မေ့ဖွယ်အဖြစ် ထုတ်လုပ်ခဲ့တဲ့ ၂ပေါင်ခွဲတန် ဒင်္ဂါးပြားနဲ့ ၂၆ ပဲနိတန် ငွေဒင်္ဂါးပြားတွေပေါ်က ဘုရင်မကြီးရဲ့ ရုပ်ပုံဟာ ကာတွန်းဇာတ်ကောင် Shrek နဲ့ တူနေတယ်လို့ လှောင်ပြောင်ခံနေရပါတယ်။

အယ်လီဇဘက်ဘုရင်မကြီး မွေးဖွားခြင်း နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်အဖြစ်နဲ့ Royal Australian Mint က ထုတ်လုပ်ခဲ့ရာမှာ ဒင်္ဂါးပြားပေါ်မှာ သူမရဲ့ မျက်နှာပုံနဲ့အတူ ကော်ဂီခွေး၊ မြင်းတွေနဲ့ ဝန်းရံခဲ့ပြီး ရှေ့မျက်နှာစာက သူမရဲ့ ရုပ်ပုံလွှာဟာ ဘုရင်မကြီးနဲ့ နည်းနည်းလေတောင် မတူဘူးလို့ ဝေဖန်နေကြပါတယ်။

ကာတွန်းဇာတ်ကောင် Shrek နဲ့ တူတယ်လို့ တချို့က ပြောဆိုခဲ့ပြီး မှတ်ချက်ပေးသူ နောက်တဦးကတော့ “သူမက သွားတိုက်ဖို့ မေ့နေတာလား” လို့ ရေးသားခဲ့ကာ နောက်ထပ်တဦးက “ဘုရင်မကြီးက နံရံကို ဝင်တိုက်မိသွားပုံရတယ်” လို့ ပြောဆိုခဲ့ပါတယ်။

News Of Myanmar NOM
👍13😱31
နတ်တလင်းမြို့နယ်ရှိ PDF ကင်းစခန်းတစ်ခုကို တပ်မေတာ်က ဒရုန်းဖြင့်တိုက်ခိုက်ခဲ့မှုကြောင့် PDF အကြမ်းဖက်သမား ၆ ဦးသေဆုံးခဲ့

NOM ဖေဖော်ဝါရီ ၉၊ ၂၀၂၆

ပဲခူးတိုင်းဒေသကြီး၊ နတ်လင်းမြို့နယ်၊ ငုတ်တိုကျေးရွာ​၏ အပြင်ဘက်ရှိ PDF အကြမ်းဖက်သမားများကင်းစခန်းပြုလုပ်ထားသည့် နေအိမ်တစ်လုံးကို ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက် ၈ နာရီ အချိန်ခန့်၌ တပ်မတော်က ဒရုန်းများဖြင့် Drop Bomb များပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် PDF အကြမ်းဖက်သမားခြောက်ဦးသေဆုံးခဲ့ ကြောင်းသိရသည်။

သေဆုံးသူများမှာ အကြမ်းဖက် PDF သာယာဝတီခရိုင်တပ်ရင်း ၁၊ တပ်ခွဲ ၄ မှ နေကြီး၊ ရှိုင်းလေး၊ မဲလုံး၊ ကြွက်နီ၊ မိုးဆက်၊ နောက်တိုးတို့ဖြစ်ကြောင်းသိရသည်။

News Of Myanmar NOM
👍166
This media is not supported in your browser
VIEW IN TELEGRAM
🇱🇾 🔥 လစ်ဗျားတပ်မတော်၏ ကျည်စစ်အသုံးပြု လေ့ကျင့်မှုတစ်ခုအတွင်း တင့်ကားတစ်စီးအတွင်း၌ တင့်ကားအမြောက်ကျည် မတော်တဆပေါက်ကွဲမှုကြောင့် စစ်သည်တစ်ဦး သေဆုံးပြီး အခြားစစ်သည်တစ်ဦး ဒဏ်ရာရရှိခဲ့သည်။

News Of Myanmar NOM
Please open Telegram to view this post
VIEW IN TELEGRAM
👍7😱5
ပြည်ထောင်စုနေ့အခမ်းအနားကျင်းပစဉ် ယာဉ်လမ်းကြောင်း ပြောင်းလဲသတ်မှတ်

NOM ဖေ‌ဖော်ဝါရီ ၉၊၂၀၂၆

(၇၉) နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင်အစမ်းလေ့ကျင့်ခြင်းနှင့် ၁၂ ရက်နေ့တွင် ပြည်ထောင်စုနေ့သ၀ဏ်လွှာဖတ် ကြားခြင်း အခမ်းအနားကို ပြည်သူ့ရင်ပြင်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ထိုသို့ ကျင်းပပြုလုပ်ရာတွင် အခမ်အနားစတင်ချိန်မှ ပြီးဆုံးသည်အထိ ပြည်လမ်းကို ခေတ္တပိတ် ထားမည်ဖြစ်၍ ပြည်လမ်းအတိုင်း မြောက်မှ ‌တောင်သို့ မောင်းနှင်‌ သောယာဉ်များသည် မြေနီကုန်းတံတားအောက်မီးပွိုင့်တွင် ယာဘက်သို့ချိုး‌ကွေ့၍ အောက်ကြည့်မြင် တိုင်လမ်းသို့လည်း‌ကောင်း၊ ပြည်လမ်းအတိုင်း တောင်မှမြောက် သို့ မောင်းနှင်လာ‌သောယာဉ်များသည် ပြည်ထောင်စုရိပ်သာလမ်းဝဲဘက်သို့ချိုး‌ကွေ့၍ ခရေပင်လမ်း၊ အလုံလမ်းမှ တစ်ဆင့် အောက်ကြည့်မြင်တိုင်လမ်းသို့လည်း‌ကောင်း ဆက်လက်မာင်းနှင်ကြရန် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အသိပေးနှိုးဆော်ထား‌ကြောင်းသိရသည်။

News Of Myanmar NOM
👍8
တရားမဝင်သစ်မျိုးစုံ၊ စက်သုံးဆီများ၊ ရွှေသတ္တုတူးဖော်ရာတွင် အသုံးပြုသည့်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လိုင်စင်မဲ့ယာဉ်များနှင့် လိုင်စင်မဲ့ဆိုင်ကယ်များ သိမ်းဆည်းရမိ
👍143
တရားမဝင်သစ်မျိုးစုံ၊ စက်သုံးဆီများ၊ ရွှေသတ္တုတူးဖော်ရာတွင် အသုံးပြုသည့်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လိုင်စင်မဲ့ယာဉ်များနှင့် လိုင်စင်မဲ့ဆိုင်ကယ်များ သိမ်းဆည်းရမိ

နေပြည်တော် ဖေဖော်ဝါရီ ၈

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၃၁ ရက်နှင့် ဖေဖော်ဝါရီ ၁ ရက်တို့တွင် စစ်ကိုင်းမြို့နယ် ရတနာပုံတံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် လူသုံးကုန်ပစ္စည်း ကိုးမျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၇၅၄၀၀၀)နှင့် လိုင်စင်မဲ့ယာဉ်နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၃၀၀၀၀၀၀) ကို ပို့ကုန် သွင်းကုန်ဥပဒေအရလည်းကောင်း၊ စစ်ကိုင်းမြို့နယ် နန္ဒဝန်ရပ်ကွက်၌ တရားမဝင် စက်သုံးဆီဓာတ်ဆီ ၈၁ ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၁၀၀၀၀)ကို ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေ အရလည်းကောင်း၊ စစ်ကိုင်းမြို့နယ် ရွာတောင်ရပ်ကွက်၌ တရားမဝင်ရွှေသတ္တုတူးဖော်ရာတွင် အသုံးပြုသည့် မုံအိုးလေးလုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၀၀၀၀၀)ကို မြန်မာ့သတ္တုတွင်းဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၄၉၇၆၄၀၀၀)ကို သိမ်းဆည်းအရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၃၁ ရက်တွင် ဖြူးမြို့နယ်နှင့် တောင်ငူမြို့နယ်တို့အတွင်း၌ တရားမဝင်ကျွန်းသစ် ၂ ဒသမ ၉၅၄ တန်၊ အခြား သစ် ၁ ဒသမ ၉၄၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂၃၁၂၄၈)ကို သစ်တော ဥပဒေအရလည်းကောင်း၊ ပြည်မြို့နယ်၊ လက်ပံတန်းမြို့နယ်၊ မင်းလှမြို့နယ်နှင့် ဘုရားကြီးမြို့နယ်တို့အတွင်း၌ လိုင်စင်မဲ့ဆိုင်ကယ်လေးစီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၅၀၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၄၄၈၁၂၄၈ ကို သိမ်းဆည်းအရေးယူ ဆောင်ရွက်လျက်ရှိသည်။

ယင်းအပြင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၁ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ခရီးသည်တစ်ဦး၏ ဝန်စည်အတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း နှစ်မျိုး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၆၅၈၀၀၀ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုတွဲဖွင့်လှစ်ထားရှိသည်။

၂၀၂၆ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နှင့် ဖေဖော်ဝါရီ ၁ ရက်တို့တွင် ဖမ်းဆီး ရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၄ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၈၉၀၃၂၄၈)ကို ဖမ်းဆီးရမိခဲ့သည်။

နေပြည်တော် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၂၆ ရက်တွင် ဒက္ခိဏသီရိမြို့နယ် စီလမ်းဆုံစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

ထို့အတူ ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၁၅ ရက်တွင် ဘားအံမြို့နယ် သံလွင် တံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လျှပ်စစ်ပစ္စည်း တစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၆၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Succeed တစ်စီး၊ Toyota Probox တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀၀၀၀၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၁၃၂၆၀၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များ က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၁ ရက်နှင့် ၂ ရက်တို့တွင် မုံရွာမြို့နယ် နန္ဒဝန်ရပ်ကွက်၌ လိုင်စင်မဲ့ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂၀၀၀၀၀၀)ကိုလည်းကောင်း၊ စစ်ကိုင်းမြို့နယ် ရတနာပုံ တံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း အမျိုး ၄၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၃၄၃၀၀၀)ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၃၄၃၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
👍114
ထို့အပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၁ ရက်နှင့် ၂ ရက်တို့တွင် တောင်ငူ ခရိုင်၊ သာယာဝတီခရိုင်၊ ပြည်ခရိုင်နှင့် ညောင်လေးပင်ခရိုင်တို့အတွင်း၌ လိုင်စင်မဲ့ယာဉ်တစ်စီး၊ လိုင်စင်မဲ့ဆိုင်ကယ် ငါးစီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၅၅၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ သက္ကလမြို့နယ် ဇွဲတွန်စစ်ဆေးရေးဂိတ်၌ ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန် ပစ္စည်းသုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၄၂၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Isuzu Light Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀)ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရ လည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၄၃၁၉၂၀၀၀ ကို သိမ်းဆည်းအရေးယူဆောင်ရွက်လျက်ရှိသည်။

ယင်းအပြင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၁ ရက်တွင် မကွေးမြို့နယ် အတွင်း၌ တရားမဝင်လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် လက်ကိုင်ဖုန်းသုံးလုံး၊ Mytel Wifi စက် တစ်လုံးနှင့် ငွေစက္ကူရောရာ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၂၂၇၀၀)ကို လောင်းကစားဥပဒေအရလည်းကောင်း၊ မင်းဘူးမြို့နယ် ကြီးပင်ကန်(၂)ကျေးရွာရှိ နေအိမ်တစ်လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၄၅ မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၀၇၁၅၀၀)ကို အမျိုးသားဆေးဝါးဥပဒေအရလည်းကောင်း၊ မင်းဘူးမြို့နယ်နှင့် ပခုက္ကူမြို့နယ်တို့အတွင်း၌ လိုင်စင်မဲ့ယာဉ်တစ်စီးနှင့် လိုင်စင်မဲ့ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၃၀၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေ အရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၂၉၄၂၀၀ ကို သိမ်းဆည်းအရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၂ ရက်နှင့် ၃ ရက်တို့တွင်ရေးခရိုင်၊ မော်လမြိုင်ခရိုင်နှင့် သထုံခရိုင်တို့အတွင်း၌ လိုင်စင်မဲ့ယာဉ်နှစ်စီးနှင့် လိုင်စင်မဲ့ဆိုင်ကယ်ငါးစီး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၅၆၀၀၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များ က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၂၉ ရက်တွင် ဖျာပုံမြို့နယ် အမှတ် (၁၂) ရပ်ကွက်၌ လိုင်စင်မဲ့ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၂ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခရီးသည်သုံးဦး၏ ဝန်စည်များအတွင်းမှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းနှစ်မျိုး၊ လျှပ်စစ်ပစ္စည်းသုံးမျိုး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၇၃၃၆၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုတွဲဖွင့်လှစ်ထားရှိသည်။

၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၅ ရက်၊ ၂၆ ရက်၊ ၂၉ ရက်၊ ဖေဖော်ဝါရီ ၁ ရက်၊ ၂ ရက်နှင့် ၃ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၃၁)မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၅၉၈၉၂၀၀)ကို ဖမ်းဆီးရမိခဲ့သည်။ တရားမဝင် တင်သွင်းမှုများကြောင့် သွင်းကုန်အစားအထိုး ပြည်တွင်းကုန်ထုတ် လုပ်မှုလုပ်ငန်းများနှင့် စက်မှုဇုန်များရှိ အသေးစား၊ အလတ်စားလုပ်ငန်းများကို ထိခိုက်နစ်နာမှုများဖြစ်ပေါ်စေပြီး နိုင်ငံ၏စီးပွားရေးဦးတည်ချက်များကိုပါ ထိခိုက်စေနိုင်ပါသည်။ သို့ဖြစ်ပါ၍ ၎င်းတရားမဝင်တင်သွင်းမှု များအား သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှသိရသည်။

News Of Myanmar NOM
👍114
မြန်မာ–ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတားယာဉ်ဖြတ်သန်းခွင့်ကို တန်ချိန်အလိုက် ကောက်ခံမည်
NOM၊ဖေဖော်ဝါရီ၉၊၂၀၂၆
မြန်မာ–ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတား ကို ဖြတ်သန်းမည့် ယာဉ်များကို ဖေ​ဖော်ဝါရီ ၁၂ မှစပြီး တန်ချိန်အလိုက် ကျပ် ၅၀၀ မှကျပ် ၄၀၀၀ အထိ ကောက်ခံမည်ဟု ​ဆောက်လုပ်​ရေးဝန်ကြီးဌာနက အသိပေးထားကြောင်းသိရသည်။

မြန်မာ–ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတား ကို ​ဖေ​ဖော်ဝါရီ ၆ ရက်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး တံံတား​ပေါ်က ​မော်​တော်ယာဥ်​များဖြတ်သန်းခကို ​ဖေ​ဖော်ဝါရီ ၁၁ ရက်အထိ ကင်းလွတ်ခွင့်​ပေးထားကြောင်းသိရသည်။

မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတား၏ တံတားအသုံးပြုခ ကောက်ခံနှုန်း​များမှာ အိမ်စီးကား (၃) တန်အောက် (၅၀၀ ကျပ်)၊ ခရီးသည်တင်ယာဉ် (ငယ်)၆ တန် (၁၀၀၀ ကျပ်) ၊ ၂၁ တန် (၂၀၀၀ ကျပ်) ၊ ကုန်တင်ကား (ငယ်) ၂၁ တန် (၄၀၀၀ ကျပ်) တို့ဖြစ်ကြောင်းသိရသည်။
👍17❤‍🔥21
တရုတ်ကဂြိုဟ်တုဖျက်လက်နက်တီထွင်
NOM


တရုတ်သုတေသီများက ကမ္ဘာ့ပထမဆုံး ပါဝါမြင့် မိုက်ခရိုဝေ့ဖ် (HPM) လက်နက်အတွက် "သေးငယ် သောမောင်းနှင်မှုစနစ်’ကို တီထွင်ခဲ့ကြောင်း ပြောဆိုသည်။ ၎င်းသည် စက္ကန့် ၆၀ အတွင်း စွမ်းအင် ၂၀ ဂစ်ဂါဝပ်အထိ ထုတ်လုပ်နိုင်သော ကိရိယာတစ်ခုဖြစ်သည်။

ဤတိုးတက်မှုသည် အမေရိကန်နည်းပညာကုမ္ပဏီ SpaceX ပိုင်ဆိုင်သော "Starlink" ဂြိုဟ်တုများအပါအဝင် ကမ္ဘာပတ်လမ်းနိမ့်ဂြိုဟ်တုအစုအဝေးကြီးများအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။
👍29
Forwarded from NOM
ထိုင်းနိုင်ငံက စာသင်ကျောင်းတခုမှာ အိမ်စာမလုပ်လာတဲ့ ကျောင်းသားတဦးကို ဆရာမက ထိုင်ထ အခါ ၈၀၀ အထိ လုပ်ခိုင်းကာ အပြစ်ပေးခဲ့ပြီးနောက် အဆိုပါကျောင်းသားကို ဆေးရုံပို့ပေးလိုက်ရတယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ ဒီကိစ္စအတွက် စုံစမ်းစစ်ဆေးမှုတွေကို လုပ်ဆောင်နေချိန်အတွင်း ဆရာမကို တာဝန်ပြန်လည်ခန့်အပ်ခဲ့တယ်လို့လည်း သိရပါတယ်။

News Of Myanmar NOM
👍13😱3
ဖေဖော်ဝါရီလ၉ရက်နိုင်ငံတကာသတင်းတိုများ
NOM
၁။ဗြိတိန်ဝန်ကြီးချုပ်ကီယာစတာမာ၏ဝန်ကြီးချုပ်ရုံးအကြီးအကဲ လည်းဖြစ်ဝန်ကြီးချုပ်၏နောက်ကွယ်မှလက်မည်းကြီးဟု နံမည်ကြီးသည့်မော်ဂင်မက်ဆွီနေးသည်ရာထူးမှနှုတ်ထွက်သွားသည်။(ဓါတ်ပုံ)
၂။သြစတေလျနိုင်ငံဆစ်ဒနီမြို့တွင်အစ္စရေးအပေါ်ကန့်ကွက်ဆန္ဒပြသူများကိုရဲများကထိုးကြိတ်လူစုခွဲလျက်ရှိသည်။(ဗီဒီယို)
၃။ အစိုးရကိုပြင်းထန်စွာဝေဖန်လေ့ရှိသောဟောင်ကောင်မီဒီယာသူဌေးကြီးဂျင်မီလိုင်းကိုအမျိုးသားလုံခြုံရေးဥပဒေဖြင့်ယနေ့ထောင်ဒဏ်နှစ်၂၀ချလိုက်သည်။
၄။လက်ဘနွန်နိုင်ငံတိုင်ယာခရိုင်၊ယွန်နိုအတ်မြို့တွင်ကားတစ်စီးကိုအစ္စရေးလေတပ်ကပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာလက်ဘနွန်စစ်တပ်မှအငြိမ်းစားစစ်သား၊သူ၏သားယွန်နိုအက်မြို့တော်ဝန်နှင့်မြေးဖြစ်သူတို့သေဆုံးသွားသည်။(ဗီဒီယို)
၅။ သြစတေလျဝန်ကြီးချုပ်နှင့်အင်ဒိုနီးရှားသမ္မတသည်ယနေ့ဂျာကာတာမြို့တော်တွင်နှစ်နိုင်ငံကာကွယ်ရေးစာချုပ်လက်မှတ်ရေးထိုးကြသည်။(ဓါတ်ပုံ)
👍194
မုံရွာမြို့နယ်၊ ဘုန်းစိုးရပ်ကွက်နေ သားအဖနှစ်ဦးကို PDF အကြမ်းဖက်ဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင် သွားသည့်အပြင် နေအိမ်မှ ရွှေထည် ပစ္စည်းများနှင့် ငွေကျပ်သိန်း ၆၀ ကိုလည်း လုယက်ယူဆောင်သွား

NOM ဖေဖော်ဝါရီ ၉၊ ၂၀၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ဘုန်းစိုးရပ်ကွက်နေ ဦးစေလှိုင်ဝင်း (၄၂) နှစ်သည် ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက် ၄ နာရီခွဲအချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားလေးဦးက မော်တော်ယာဉ်တစ်စီးဖြင့် ရောက်ရှိ လာပြီး နေအိမ်အတွင်းရှိ ရွှေထည်ပစ္စည်းမျိုးစုံ (အလေးချိန် ၃ ကျပ် ၅ မူး ၂ ရွေးခန့်) နှင့် ငွေကျပ် သိန်း ၆၀ ခန့်တို့အား လုယက်ယူဆောင် ကာ ဦးစေလှိုင်ဝင်းနှင့် ၎င်း၏သမီးဖြစ်သူ မဆန္ဒသခင် (၁၃) နှစ်တို့အား အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။

News Of Myanmar NOM
👍9😡61
မတ္တရာမြို့နယ်၊ မြွေပုန်ကန်ကျေးရွာတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် နေအိမ်သို့ပြန်လာသည့် အပြစ်မဲ့ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရ

NOM ဖေဖော်ဝါရီ ၉၊ ၂၀၂၆

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ပြည်သူ့ဆေးရုံသို့ ဖေဖော်ဝါရီလ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်အချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီးတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မတ္တရာမြို့နယ်၊ မြွေပုန်ကန်ကျေးရွာနေ ဒေါ်လှမြင့်ကြည် (၄၇) နှစ်သည် ဇီးကုန်းကျေးရွာမှ မြွေပုန်ကန်ကျေးရွာသို့ ပြန်လာစဉ် ၎င်း၏နေအိမ်အနီးအရောက် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

News Of Myanmar NOM
👍7😡4
မိုးကုတ်မြို့နယ်၊ အောင်သစ်လွင်ကျေးရွာအတွင်းသို့ PDF အကြမ်းဖက်အဖွဲ့က လက်နက်ကြီး၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူလေးဦးထိခိုက်ဒဏ်ရာရ

NOM ဖေဖော်ဝါရီ ၉၊ ၂၀၂၆

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ အောင်သစ်လွင်ကျေးရွာအတွင်းသို့ ဖေဖော်ဝါရီလ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်အချိန်၌ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီး၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်း လက်နက်ကြီးဗုံးသီး ၅ လုံး၊ ရှော့တိုက်ဒုံးသီး ၂ လုံးကျရောက်ပေါက် ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေသူများဖြစ်သည့် မောင်ဝင်းနိုင်ဦး (၁၉) နှစ်၊ မောင်ချစ်ကို (၁၉) နှစ်၊ မောင်ဇေယျာမြင့်မြတ် (၁၈) နှစ်နှင့် မောင်ကြယ်စင်ကိုကို (၁၄) နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိခဲ့၍ ၎င်းတို့၏နေအိမ်အသီးသီး၌ ဆေးကုသပေးလျက်ရှိကြောင်းသိရသည်။

News Of Myanmar NOM
👍10😡1
လိင်ရာဇဝတ်ကောင် ဂျက်ဖရီ အပ်စတိန်း (Jeffrey Epstein) က အမှုဖွင့်ခံရသည့်နေ့တွင်ပင် သူ၏ကျွန်းသို့ ဆာလ်ဖျူရစ်အက်ဆစ်များ မှာယူခဲ့

၂၀၁၈ ခုနှစ်တွင် FBI မှ ဂျက်ဖရီ အပ်စတိန်းအား ကလေးသူငယ် လိင်ကုန်ကူးမှုဖြင့် စတင်စုံစမ်းစစ် ဆေးပြီး အမှုဖွင့်လိုက်သည့် ထိုနေ့၌ပင် အပ်စတိန်းသည် ၎င်းပိုင် ဆိုင်သော ကိုယ်ပိုင်ကျွန်းသို့ ပို့ဆောင်ရန် ၅၅ ဂါလံဆံ့ ဆာလ်ဖျူရစ်အက်ဆစ် (Sulfuric acid) ပုံး ခြောက်ပုံးကို မှာယူခဲ့သည်။

ဆာလ်ဖျူရစ်အက်ဆစ်ကို စက်မှုလုပ်ငန်းသုံး သန့်ရှင်းရေးလုပ်ငန်းများ၊ ဓာတုဗေဒဆိုင်ရာ လုပ်ငန်းစဉ်များတွင် အသုံးပြုလေ့ရှိသလို သက်သေအထောက်အထားများကို ဖျက်ဆီးရာတွင်လည်း အသုံးပြုကြသည်။

News Of Myanmar NOM
👍17