News Of Myanmar
13K subscribers
23.3K photos
3.27K videos
3 files
6.61K links
Download Telegram
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် တောင်ငူမြို့နယ်အတွင်း ပြည်ပပို့ကုန်တန်ဖိုးမြင့် ပေါ်ဆန်းမွှေး စပါးမျိုးများ တိုးချဲ့စိုက်ပျိုးနိုင်ရေး ကွင်းဆင်းကြည့်ရှု

ဖေဖော်ဝါရီ ၄၊ ၂၀၂၆

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီလ ၃ ရက်နေ့၊ နံနက်ပိုင်းက တောင်ငူမြို့နယ်အတွင်း ပြည်ပပို့ကုန် တန်ဖိုးမြင့်ပေါ်ဆန်းစပါးမျိုးများ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုဖြည့်ဆည်းပေးခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြို့နယ်၊ ထန်းတောကျေးရွာအုပ်စု၌ တစ်ကွင်းတစ်ဆက်တည်း ပြည်ပပို့ကုန် တန်ဖိုးမြင့်ပေါ် ဆန်းမွှေးစပါးများ သတ်မှတ်ဧကအတိုင်း ပြည့်မီစွာစိုက်ပျိုးရေး ကြိုတင်ပျိုးထောင်ထားရှိမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီးနောက် တောင်ငူ မြို့ရှောင် ရထားလမ်းဖောက်လုပ်နေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ရာ စီမံကိန်းရှင်းလင်းဆောင်၌ မြန်မာ့မီးရထားအင်ဂျင်နီယာဌာန တာဝန်ရှိသူတစ်ဦးက အကြိုအင်ဂျင်နီယာလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊ တာဘောင်မြေကြီးလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဘဏ္ဍာရေးနှစ်အလိုက် ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် ကေတုမတီမြို့ဟောင်း၊ ရှေ့ဟောင်းကျုံး မြောက်ဘက်ခြမ်း အရှည် ၁၄၃၀ပေ၊ အနံ ၁၀ ပေ ဆလံလျှောနံရံ လိပ်သဲကျောက်စီခြင်းလုပ်ငန်းခွင့် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်များအားလုံး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကေတုမတီမြို့ဟောင်း မြောက်ဘက်မြို့ရိုး တူးဖော်ထားရှိမှု၊ နွံကျုံးနှင့် မြို့ရိုးအကြား မြက်စိုက်ပျိုးနိုင်ရေးနှင့် မော်ကွန်းတံခါး၌ ရှေးဟောင်းမူလလက်ရာအတိုင်း ကျုံးကူးတံတား တည်ဆောက်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ရှေးဟောင်းသမိုင်းဆိုင်ရာ အထောက်အထားများ ပြန်လည်ဖော်ထုတ်ရာတွင် လုပ်ငန်းစဉ်အဆင့်ဆင့်တိုင်း စနစ်တကျဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ရှေးဟောင်းဘုတ်တလုပ်ရေကန်နှင့် ဆက်စပ် အဆောက်အဦးများတူးဖော်နေမှု၊ ကေတုမတီမြို့ဟောင်း နန်းတော်ရာနေရာအား GPR စက်ဖြင့် သုတေသနပြုတူးဖော်ထိန်းသိမ်းထားရှိမှုနှင့် ကေတုမတီရှေးဟောင်းကျုံးအနောက်တောင်ဘက် သစ်ရင်းတံခါးပေါက်အနီး၌ မြို့ရိုးတူးဖော်နေမှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ရှေးဟောင်းဧရိယာ နယ်နိမိတ်အတွင်း ကျုးကျော်မှုမရှိစေရေးနှင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ရေရှည်တည်တံ့ခိုင်မြဲစေရေး ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တောင်ငူမြို့နယ်၊ ကျွန်းကုန်းကျေးရွာရှိ ဦးရဲဝင်း၏ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် Solar စနစ်ဖြင့် မြေပဲဆီစက် လည်ပတ်ထုတ်လုပ်နေမှု၊ ဆီစက်မှ ထွက်ရှိလာသည့် ပဲဖက်များအား ဒေသထွက်ကုန်ကြမ်းပစ္စည်းများဖြင့်ရောစပ်၍ တိရိစ္ဆာန်အစာ ထုတ်လုပ် နေမှုတို့အား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားလာစေရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် တောင်ငူမြို့၊ ထီးနီကုန်းပန်းခြံတည်ဆောက် နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မြေယာရှုခင်းလှပသေသပ်အောင် ဆောင်ရွက်ရန်၊ လျှောက်လမ်းများ လမ်းချော်မှုမရှိစေရေး၊ မြက်ခင်းပြင်များ ညီညာစိမ်းစိုလှပစေရေးနှင့် ပန်းခြံအတွင်းပန်းရောင်စုံဖူးပွင့်ဝေဆာစေရေး စဉ်ဆက်မပြတ် ထိန်းသိမ်းဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

News Of Myanmar NOM
👍64
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် တိုက်မိုင်းတစ်လုံးပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရ

ဖေဖော်ဝါရီ ၄၊ ၂၀၂၆

News Of Myanmar NOM
👍5😢5🔥1
ရန်ကုန် -မန္တလေးအမြန်လမ်းတွင် မြစန္ဒာ ခရီးသည်တင်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား
NOM၊ဖေဖော်ဝါရီ၄၊၂၀၂၆
ရန်ကုန် -မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင် အမှတ်(၂၆၀/၃)တွင်ယနေ့ဖေဖော်ဝါရီ၄ရက်နံနက်၅နာရီ၂၈မိနစ်ခန့်ကမြစန္ဒာ ခရီးသည်တင်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွါးကြောင်းမီးသတ်တပ်ဖွဲ့မှသတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ရန်ကုန်မှတောင်ကြီးဘက်သို့ထွက်ခွားလာသောမြစန္ဒာ ခရီးသည်တင်ယာဉ်သည် မန္တလေးတိုင်း ပျော်ဘွယ်မြို့နယ်၊ ပေပင်လေးကျေးရွာအနီးရှိမိုင်တိုင်အမှတ်(၂၆၀/၃) အရောက်တွင် ကားနောက်အင်ဂျင်ခန်း အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

'ကားပေါ်မှာခရီးသည်ကတော့နှစ်ဦးဘဲပါ ပါတယ်ကုန်တွေကတော့အများကြီးပါ ပါတယ် ကားအင်ဂျင်နောက်ခန်းကမီးလောင်တာပါ ကားရှေ့ဘက်ကို တော့ကူးစက်မှုတော့မရှိပါဘူး မီးလောင်မှုကြောင့် လူဒဏ်ရာရနဲ့ သေဆုံးမှုတော့မရှိပါဘူး"ဟု ပေပင်လေးအမြန်မီးသတ်စခန်းမှ
တာဝန်ရှိသူတစ်ဦးကပြောသည်။

မီးလောင်မှုဖြစ်ပွါးကြောင်းသတင်းရရှိသဖြင့် ပေပင်လေးအမြန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်၊ မီးသတ်ရေသယ်ယာဉ်၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက်၅နာရီ ၄၃ မိနစ်တွင် မီးငြိမ်းသွား ကြောင်းသိရသည်။
👍10
ကမ္ဘောဇသာဒီနန်းတော်ဝင်းအတွင်း ဆောက်လုပ်ဆဲ အုတ်ရိုးပြိုကျ အလုပ်သမားလေးဦးဒဏ်ရာရ

NOM ဖေဖော်ဝါရီ ၄၊ ၂၀၂၆

ပဲခူးတိုင်း၊ ပဲခူးမြို့၊ နန်းတော်ရာရပ် ကွက်အတွင်းရှိ ကမ္ဘောဇသာဒီနန်းတော်ဝင်းထဲတွင် ဖေဖော်ဝါရီ ၂ ရက်ညနေ ၃ နာရီခွဲခန့်က ဆောက် လုပ်ဆဲ အုတ်ရိုးပြိုကျခဲ့ရာအလုပ် သမားလေးဦဒဏ်ရာရရှိခဲ့ကြောင်း ပဲခူးမြို့နယ်မီးသတ်မှတာဝန်ရှိသူတစ်ဦးကပြောသည်။

ဖြစ်စဥ်မှာ ကမ္ဘောဇသာဒီနန်းတော်ဝင်းထဲတွင် ဆောက်လုပ်ဆဲအုတ်ရိုးကို ဘက်ဟိုကားဖြင့် ဘေးမှမြေကြီးများကို တွန်းပြီးပြန်ဖို့ရာတွင် ပြိုကျခဲ့ရာ တစ်ဖက်တွင်ပန်းရံအချောကိုင်နေသည့် အလုပ်သမားလေးဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

"အုတ်ရိုးကို အချောကိုင်နေတဲ့ အလုပ်သမားလေးဦးဘဲဒဏ်ရာရတာပါ။ သေဆုံးတယ်ဆိုတာမရှိပါဘူး။ ဒဏ်ရာကလည်းကြီးကြီးမားမားရတာလည်းမရှိပါဘူး။"ဟု ပဲခူးမြို့နယ်မီးသတ်မှ တာဝန်ရှိသူတစ် ဦးကပြောသည်။

အဆိုပါ အုတ်ရိုးပြိုကျမှု ဖြစ်စဥ်ကိုပဲခူးမြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအဖွဲ့များဖြင့် ကူညီကယ်ဆယ်ရေးပြုလုပ်ခဲ့ပြီး ဒဏ်ရာရရှိသူများကို ပဲခူးဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။

News Of Myanmar NOM
👍111
Feb-4

▪️မုံရွာမှာ ပြည်သူကိုပြန်ပေးဆွဲတဲ့ အကြမ်းဖက် PDF အဖွဲ့ကိုတပ်မတော်က အသေပစ်ခတ်ဖမ်းဆီး


ဖေ ၃ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ သာစည်မီးပွိုင့်အနီး ပြည်သူကိုပြန်ပေးဆွဲဖို့လာတဲ့ အကြမ်းဖက် PDF ၂ ကောင်ရောက်နေကြောင်း ပြည်သူများက သတင်းပေးသည့်အတွက် လုံခြုံရေးအဖွဲ့များက ပိတ်ဆို့ဖမ်းဆီးရာ အကြမ်းဖက် PDF များက လက်နက်ငယ်များနှင့် စတင်ပစ်ခတ်သည့်အတွက် လုံခြုံရေးအဖွဲ့များက ပြန်လည်ပစ်ခတ်ဖမ်းဆီးခဲ့ရာ PDF တစ်ဦး အသေဖမ်းဆီးရမိပြီး လက်နက်ပါသည့် PDF တစ်ဦး ထွက်ပြေးလွတ်မြောက်သွားကြောင်းသိရ…
-
ပြည်သူတွေကတော့ အကြမ်းဖက်ပဒပ်တွေကို လက်မခံကြတော့ဘူး…အကုန်သတင်းပေးနေကြပြီ..

တိုက်ပွဲသတင်းစုံ

NOM
11👍10🔥2
🇮🇷⚠️အီရန်လက်နက်ကိုင်တပ်ဖွဲ့များ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အဗ္ဗဒူရာဟင်း မူဆာဗီ (Abdolrahim Mousavi) သည် အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ၏ မြေအောက်ဒုံးပျံအခြေစိုက်စခန်းတစ်ခုသို့ ယနေ့အစောပိုင်းတွင် သွားရောက်စစ်ဆေးခဲ့သည်။

ယခုအခါတွင် ထိပ်ဖူးအပြင်းစားတပ်ဆင်ထားသည့် တာဝေးပစ် ခိုရန်ရှာ - ၄ ('Khorramshahr-4') ဒုံးကျည်များအား မြေအောက်အခြေစိုက်စခန်းတစ်ခုအတွင်း ပထမဆုံးအကြိမ်အဖြစ် မြင်တွေ့ရခြင်းဖြစ် သည်။

ခိုရန်ရှာ - ၄ ဒုံးကျည်ဆိုင်ရာ အချက်အလက်များ

၁။ အခြေခံအချက်အလက်များနှင့် အမျိုးအစား

ခိုရန်ရှာ - ၄ သည် အီရန်နိုင်ငံထုတ် စတုတ္ထမြောက် မျိုးဆက်သစ် တာဝေးပစ် ပဲ့ထိန်းဒုံးကျည်ဖြစ်ပြီး ၎င်းကို "Kheibar" ဟုလည်း အမည်ပေးထားသည်။

ဤဒုံးကျည်သည် အရည်သုံးလောင်စာ (Liquid Propellant) စနစ်ကို အခြေခံထားသော်လည်း အဆင့်မြင့် နည်းပညာများဖြင့် အဆင့်မြှင့်တင်ထားသော အမျိုးအစား ဖြစ်သည်။

၂။ ပစ်ခတ်နိုင်သည့် စွမ်းဆောင်ရည်

ပစ်ခတ်နိုင်သည့် အကွာအဝေး: အမြင့်ဆုံး ကီလိုမီတာ ၂,၀၀၀ (၁,၂၄၂ မိုင်) အထိ တိကျစွာ ပစ်ခတ်နိုင်သည်။

ထိပ်ဖူးသယ်ဆောင်နိုင်မှု: အလေးချိန် ၁,၅၀၀ ကီလိုဂရမ် (၁.၅ တန်) ရှိသော ပေါက်ကွဲအားပြင်း ထိပ်ဖူးကို သယ်ဆောင်နိုင်သည်။ ၎င်းသည် အီရန်နိုင်ငံရှိ ဒုံးကျည်များအနက် ထိပ်ဖူးအလေးချိန် အများဆုံး သယ်ဆောင်နိုင်သော ဒုံးကျည်အမျိုးအစားများတွင် ပါဝင်သည်။

အရှိန်နှုန်း: လေထုပြင်ပတွင် အသံထက် ၁၆ ဆ (Mach 16) နှင့် လေထုအတွင်းသို့ ပြန်လည်ဝင်ရောက်ချိန်တွင် အသံထက် ၈ ဆ (Mach 8) အထိ အရှိန်မြှင့်တင်နိုင် သည်။

၃။ ထူးခြားသော နည်းပညာရပ် များ

လောင်စာသိုလှောင်မှုစနစ်: ဤဒုံးကျည်၏ ထူးခြားချက်မှာ လောင်စာများကို ဒုံးကျည်အတွင်း ထည့်သွင်းလျက်ပင် နှစ်ပေါင်းများစွာ ကြာရှည်စွာ သိုလှောင်ထားနိုင်ခြင်းဖြစ်သည်။

ထိုနည်းပညာကြောင့် ပစ်ခတ်ရန် ပြင်ဆင်ချိန်ကို ၁၂ မိနစ်ဝန်းကျင် အထိ လျှော့ချနိုင်သဖြင့် စစ်မြေပြင် တွင် အလျင်အမြန် တုံ့ပြန်နိုင်စွမ်း ရှိသည်။

လမ်းညွှန်စနစ်နှင့် တိကျမှု: ဒုံးကျည်၏ အလယ်ပိုင်းပျံသန်းမှု (Mid-course phase)တွင် လမ်းကြောင်း ပြုပြင်နိုင်သည့် စနစ်များ ပါဝင် သောကြောင့် ရည်မှန်းချက် ပစ်မှတ် ကို ပိုမိုတိကျစွာ ထိမှန်နိုင်သည်။

ဒုံးကျည်ကာကွယ်ရေးစနစ်များကို ကျော်ဖြတ်ခြင်း: အရှိန်အလွန်မြင့် မားခြင်းနှင့် လေထုအတွင်း ပြန်လည်ဝင်ရောက်လာသည့် အဆင့်တွင် လမ်းကြောင်း ပြောင်းလဲနိုင်စွမ်း ရှိခြင်းတို့ကြောင့် ရန်သူ၏ ဒုံးကျည် ကာစနစ် (Anti-ballistic missile systems) များအနေဖြင့် ကြားဖြတ် ဟန့်တားရန် ခက်ခဲစေသည်။

၄။ မဟာဗျူဟာမြောက် အရေးပါမှု

ခိုရန်ရှာ - ၄ သည် မြေအောက်စခန်းများမှ ပစ်ခတ်နိုင်ရန် ပိုမိုကျစ်လျစ်သော ဒီဇိုင်းဖြင့် တည်ဆောက်ထားသည်။ မြေအောက်စခန်းများတွင် သိုလှောင်ထားရှိခြင်းဖြင့် ရန်သူ၏ ကြိုတင်တိုက်ခိုက်မှုများမှ ကာကွယ်နိုင်သည့်အပြင် အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ အချက်အခြာကျသော ပစ်မှတ်များကို ခြိမ်းခြောက်နိုင်သည့် လက်နက်တစ်ခုအဖြစ် ရှုမြင်ကြသည်။

News Of Myanmar NOM
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
👍174
အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ (အေးသာယာ) အား (တတိယ) အကြိမ်လွှဲပြောင်းပေးအပ်ပွဲကျင်းပ

ဖေဖော်ဝါရီလ ၄၊ ၂၀၂၆

News Of Myanmar NOM
👍105❤‍🔥1
Forwarded from NOM
ဘရာဇီးနိုင်ငံ၊ ပီအောအီပြည်နယ်၊ တီရီစီနာမြို့— ဇန်နဝါရီလ ၂၇ ရက်

အသက် ၃၁ နှစ်အရွယ် ကာယဗလမောင် ရာနီရီ လိုပက်စ် ဖီးလ်ညို (Ranieri Lopes Filho) သည် အားကစားရုံတစ်ခုတွင် အလေးချိန် ၄၀၀ ကီလိုဂရမ် (၈၈၁.၈၄၉ ပေါင်) ရှိသော Leg-press လေ့ကျင့်ခန်းကို အားစမ်း၍ တွန်းတင်ရန် ကြိုးပမ်းစဉ် သူ၏ ပေါင်ရှေ့ကြွက်သား အရွတ် (Quadriceps Tendon) ပြတ်တောက်သွားခဲ့သဖြင့် ဆေးရုံသို့ အမြန်ဆုံးပို့ဆောင်ခဲ့ရပြီး ပြင်းထန်သော ထိုဒဏ်ရာအတွက် ခွဲစိတ်ကုသမှု ခံယူခဲ့ရသည်။

News Of Myanmar NOM
👍11😱3
နိုင်ငံသားအားလုံး တိုင်းချစ်ပြည်ချစ်စိတ်ရှိရန်လိုအပ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောကြား

နိုင်ငံ့အရေးနှင့်ပတ်သက်၍ မိမိတိုနိုင်ငံ၏ ဖြတ်သန်းခဲ့သည့်သမိုင်းကြောင်းအရ နိုင်ငံသားအားလုံး တိုင်းချစ်ပြည်ချစ်စိတ်ရှိရန်လိုအပ်ကြောင်း၊ မိမိတိုနိုင်ငံ၏ သမိုင်းကြောင်းအရ နိုင်ငံသူနိုင်ငံသားများအနေဖြင့် လူပုဂ္ဂိုလ်စွဲရှိကြသည်ကိုလည်းတွေ့ရကြောင်း၊ လူပုဂ္ဂိုလ်ကိုအစွဲပြု၍ တိုင်းချစ်ပြည်ချစ်စိတ်ရှိခြင်းထက် နိုင်ငံအပေါ်အစွဲပြု၍ နိုင်ငံသားတိုင်း မှန်မှန်ကန်ကန်ဖြင့် တိုင်းချစ်ပြည်ချစ်စိတ်များရှိရန်လိုကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင် က ဖေဖော်ဝါရီလ ၃ ရက်တွင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား Video Conferencing ဖြင့် အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

News Of Myanmar NOM
9👍8
ပြည်သူဆန္ဒကို လေးစားလိုက်နာဆောင်ရွက်ရန် ဗိုလ်ချုပ်မှူးကြီး ပြောကြား

နိုင်ငံတော်အစိုးရအနေနဲ့ ပြည်သူတွေရဲ့ဆန္ဒကို လေးစားရမှာဖြစ်ပြီး ပြည်သူတွေရဲ့ လိုလားချက်တွေအတိုင်း မှန်မှန်ကန်ကန်နဲ့ ဆောင်ရွက်သွားဖို့ လိုတယ်လို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
ဖေဖော်ဝါရီ ၃ ရက်က နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်က နည်းပြအရာရှိကြီးတွေနဲ့ သင်တန်းသား အရာရှိကြီး တွေကို Video Conferencing နဲ့ အမှာစကား ပြောကြားရာမှာ အခုလို ထည့်သွင်း ပြောကြားခဲ့တာပါ။
ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်က စတင်ပြီး အပိုင်း ၃ ပိုင်းခွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျင်းပ တဲ့ မြို့နယ်တွေ အားလုံးမှာ ရာနှုန်းပြည့် ကျင်းပနိုင်ခဲ့တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
ဒါ့အပြင် ပါတီစုံ ဒီမိုကရေစီနိုင်ငံတစ်ခုအနေနဲ့ တပ်မတော်အနေနဲ့လည်း ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ခိုင်ခိုင် မာမာ လျှောက်လှမ်းနိုင်ရေး ဆောင်ရွက်ခြင်းပင် ဖြစ်တယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးသူ ၁၃ ဒသမ ၁၄ သန်း ရှိပြီး ရာခိုင်နှုန်းအနေနဲ့ ၅၄ ရာခိုင်နှုန်းကျော် ရှိခဲ့ကာ ပြည်သူ တွေအနေနဲ့ ရွေးကောက်ပွဲ ကျင်းပချိန်မှာ စိတ်ပါဝင်စားစွာ ဆောင်ရွက်ခဲ့ကြတာကို ကြည့်မယ်ဆိုရင် ပြည်သူတွေ အနေနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းလိုတာနဲ့ နိုင်ငံတော်အစိုးရရဲ့ လုပ်ဆောင်ချက်အပေါ် ယုံကြည်မှု ရှိတာတွေကို တွေ့ရတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။
တွေ့ဆုံပွဲကိုတော့ ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင် အဖွဲဝင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနဲ့ အဆင့်မြင့် တပ်မတော်အရာရှိကြီးတွေ တက်ရောက်ကြပြီး ကော်မရှင်အဖွဲဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ပြည်ထောင်စုဝန်ကြီးတွေနဲ့ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ကြသည်။

News Of Myanmar NOM
👍128