News Of Myanmar
13K subscribers
23.3K photos
3.27K videos
3 files
6.61K links
Download Telegram
နိုင်ငံတော်ယာယီသမ္မတအားတာဝန်ပြီးဆုံး၍ပြန်လည်ထွက်ခွါမည့်ထိုင်းသံအမတ်ကြီးလာရောက်နှုတ်ဆက်ဂါရဝပြု
👍92
အီရန်ကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရသူ၏ထုတ်ပြန်ချက်

NOM

အီရန်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရသူဗိုလ်မှူးချုပ်ရီဇာတာလာအီက

“အီရန်လက်နက်ကိုင်တပ်ဖွဲ့များသည် အသင့်ရှိနေပြီး အမြင့်ဆုံးတပ်လှန့်ထားကာ ထရမ့်၏ခြိမ်းခြောက်မှုများနှင့် နေတန်ယာဟု၏လှုံ့ဆော်မှုများကို စောင့်ကြည့်နေပါသည်။ အီရန်၏စစ်ရေးစွမ်းရည်နှင့်ကာကွယ်ရေးအင်အားသည် ယခင်ကထက် များစွာပိုမိုအားကောင်းလာပါသည်။”ဟုထုတ်ပြန်လိုက်သည်။

News Of Myanmar NOM
👍9❤‍🔥41
၁၃ကြိမ်မြောက်အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင်မြန်မာကဆုတံဆိပ်၅၉ခုရရှိ
NOM၊ဇန်နဝါရီ၂၇၊၂၀၂၆
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၃)ကြိမ်မြောက်အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၂၆ ရက်နေ့ ဒေသစံတော်ချိန် ညနေ(၆)နာရီတွင် ထိုင်းနိုင်ငံ၊ နာခွန်ရစ်ချာဆီးမား(ခိုရတ်)မြို့ရှိ Majesty the King’s 80th Birthday Anniversary Commemorative Stadium ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုး ဦးဆောင်သည့် မြန်မာမသန်စွမ်းအားကစားအဖွဲ့မှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ၊ နိုင်ငံအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့သည်။
မြန်မာမသန်စွမ်းအားကစားအဖွဲ့သည် အားကစားနည်း(၁၁)နည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်(၂၀)ခု၊ ငွေတံဆိပ်(၁၉)နှင့် ကြေးတံဆိပ်(၂၀) စုစုပေါင်း ဆုတံဆိပ်(၅၉)ခုဖြင့် နိုင်ငံအလိုက် အဆင့်(၆)ရခဲ့ကြောင်းသိရသည်။
9👍5❤‍🔥1
Forwarded from NOM
This media is not supported in your browser
VIEW IN TELEGRAM
အစ္စရေးအမျိုးသမီးတဦးဟာ သတင်းမီဒီယာအများအပြားထက်မှာ သူက အီရန်မှာ ဆန္ဒပြရင်း သေဆုံးသွားတဲ့ အီရန်အမျိုးသမီး Sanaz Javaherian လို့ ဖော်ပြခံနေရတာတွေကို မြင်တွေ့ခဲ့ချိန်မှာ ထိတ်လန့်ခဲ့ရတယ်လို့ ပြောဆိုနေခဲ့တာပါ။ သူမက အသက်ရှင်နေဆဲဖြစ်ပြီး အီရန်လူမျိုးလည်း မဟုတ်ဘူးလို့ သူမက ဗီဒီယိုဖိုင်နဲ့တကွ ပြောဆိုမှုတွေ လုပ်ကာ ရှင်းပြနေရပါတယ်။

NOM
😨8👍62
ဖားကန့်ရဲ့ ရွေးကောက်ပွဲအပြီးမှာ ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော် ပြည်နယ်လွှတ်တော် လွှတ်တော်သုံးရပ်လုံးမှာ ပြည်ခိုင်ဖြိုးကပဲ အနိုင်ရရှိသွားပါတယ်။

ဒီနေရာမှာ ပြောချင်တာက ဖားကန့်မှာကြိုတင်မဲမရှိ တပ်မဲမရှိတဲ့အကြောင်းပါ။ ဖားကန့်မှာ တာဝန်ကျတဲ့တပ်မတော်သားတွေဟာ သူတို့မူရင်းတပ်ရှိရာဒေသမှာသာ မဲပေးရတာမို့ ဖားကန့်မှာကြိုတင်မဲမရှိတာပါ။

ပြီးရင် လွယ်လွယ်နဲ့ရခဲ့ကြတာလည်းမဟုတ်ပါဘူး။ အဓိက အံ့အားသင့်စရာကောင်းတာက PPPပါတီပါ။ မဲတွေသိပ်မကွာပဲ အကြိတ်အနယ်ပြိုင်ခဲ့ကြရပါတယ်။ ပြည်သူ့လွှတ်တော်အနိုင်ရတဲ့ ကိုသက်ပိုင်ထူးနဲ့ PPPအမတ်လောင်းဟာ ၁၆၇၅နဲ့ ၁၃၉၇ အမှတ်နှစ်ရာကျော်သာ ကွာခြားခဲ့တာဖြစ်ပါတယ်။

အခြားပြည်နယ်လွတ်တော်နဲ့အမျိုးသားလွှတ်တော်၂ခုလုံးမှာလည်း မဲကပ်ပြီးနိုင်ခဲ့တာပါ။ ကျန်တဲ့ပါတီတခုဖြစ်တဲ့ရှမ်းနီပါတီကလည်း မဲရုံတိုင်းကနေ မဲရခဲ့တာကိုတွေ့ရပါတယ်။

ဒီတော့ ဒီရွေးကောက်ပွဲဟာ တဖက်သက်ရွေးကောက်ပွဲ ကိုယ့်ဖဲကိုယ်ချိုးတဲ့ရွေးကောက်ပွဲမဟုတ်ဘူးဆိုတာ တွေ့မြင်ရမှာဖြစ်သလို ယှဉ်ပြိုင်တဲ့အမတ်တိုင်း အခွင့်အရေးတန်းတူရကြတယ်ဆိုတာ မြင်တွေ့နိုင်မှာဖြစ်ပါတယ်။

ကျွန်တော်ကတော့ မျှော်လင့်ပါတယ်။ အမတ်တွေဟာဆက်ကြေးကောက်လို့လည်းမရသလို လူဆွဲလို့လည်းမရပါဘူး။ ကျောက်သိမ်းလို့လည်းမရသလို အတင်းအစုယူလို့လည်းမရပါဘူး။ အခုအခြေအနေထက် ပိုဆိုးလာစရာဘာအကြောင်းမှမရှိတာမို့ သူတို့အရည်ချင်းရှိရင်ရှိသလို ပြည်သူက အကျိုးရှိဖို့သာများပါတယ်။

ဒါကြောင့် လက်ရှိအနိုင်ရအမတ်တွေနဲ့အစိုးရသစ်တက်လာတဲ့အခါ ပြည်သူတွေအသံပိုထွက်လာနိုင်ဖို့လိုသလို ပြည်သူကအစိုးရကိုပြန်ထိမ်းကြောင်းနိုင်ကြဖို့လည်း အရေးကြီးပါတယ်။

ဒီတော့ ကိုသက်ပိုင်ထူးနဲ့တကွ အနိုင်ရအမတ်များအားလုံးကို welcome to hpakant ပါ။ ဖားကန့်မြေမှ ကြိုဆိုပါတယ်။

From FB user: Hkun Naung
11👍8
🇲🇲🇹🇭ကယားလက်နက်ကိုင်များ၏ မဲ့စယ် အချုပ်စခန်းမှ ထွက်ပြေးလွတ်မြောက်လာသော တပ်မတော် အရာရှိစစ်သည်များအား မြန်မာနိုင်ငံသို့ ထိုင်းနိုင်ငံမှ ပြန်လည်လွဲပြောင်း

NOM
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
19👍4
Forwarded from NOM
ထရမ့်ဟာ တောင်ကိုရီးယားအပေါ် မော်တော်ကား၊ သစ်၊ ဆေးဝါးနဲ့ အခြားသော အပြန်အလှန် အခွန်အခများ အားလုံးအတွက် ၁၅% ကနေ ၂၅% အထိ စည်းကြပ်ခွန်ကို တိုးမြှင့်ကောက်ခံလိုက်ပြီ ဖြစ်ပါတယ်။

NOM
😱9👍2
၁။ ၁၉၆၀ ခုနှစ်လွန်ကာလတွေမှာ ကမ္ဘာနဲ့ တဝှမ်း အာဏာသိမ်းမှုတွေ ဖြစ်ပွားခဲ့တယ်။ ဒီဖြစ်စဉ်က တောင်ကိုရီးယားမှာလည်း ဖြစ်ခဲ့တယ်။ ၁၉၆၁ ခုနှစ်မှာ ပတ်ချုံဟီးက အာဏာသိမ်းပြီး သမ္မတ ဖြစ်လာခဲ့တယ်။ ၁၉၇၂ ခုနှစ်မှာ ဖွဲ့စည်းပုံကို ပြင်ဆင်ပြီး အကန့်အသတ်မရှိ အာဏာထိန်းချုပ်ခဲ့တယ်။ သူဟာ တောင်ကိုရီးယားရဲ့ ၅ ကြိမ်ဆက် အုပ်ချုပ်သူ ဖြစ်ခဲ့ပြီး ၁၉၇၉ ခုနှစ်အထိ သက်တမ်းရှည် ခဲ့တယ်။

၂။ ၁၉၇၉ ခုနှစ်မှာတော့သူ့ကို ဗဟို ထောက်လှမ်းရေး ညွှန်ကြားရေးမှူးကနေ အနီးကပ်လုပ်ကြံသတ်ဖြတ်ခဲ့တယ်။ အကြောင်းအရာတွေ အများကြီး ရှိနိုင်ခဲ့ပေမယ့် တဖက်မှာ အမေရိကန်ရဲ့ စနက်အရ သက်တမ်းရှည်စနစ်တစ်ခုကို အပြောင်းအလဲလိုချက်မှုအတွက် လုပ်ကြံခြင်းနဲ့ပဲ အဆုံးသတ်ခဲ့ကြတယ်လို့ ယူဆသူတွေလည်း ရှိတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဖြစ်ရပ်မှန် ဇာတ်ကားတွေလည်း ရိုက်ကူးခဲ့ကြတယ်။

၃။ သမ္မတ လုပ်ကြံခံရပြီးမှာ သမ္မတ ချွဲဟာဂရု တက်လာခဲ့ပေမယ့် ၁၉၈၀ မှာ ဒီမိုကရေစီ ဆန္ဒပြပွဲနဲ့ တိုးပြီး တစ်နှစ်ပဲ ခံခဲ့တယ်။

၄။ ၁၉၇၉ ဒီဇင်ဘာ ၁၂ ရက်မှာ ဒုတိယအကြိမ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီး သမ္မတ ချန်ဒူးဝမ် တက်လာခဲ့တယ်။ မြန်မာနိုင်ငံကို အာဇာနည်နေ့ အခမ်းအနားလာရောက်စဉ် ဗုံးခွဲခံရသူလည်း ဖြစ်တယ်။ သူလည်း ၁၉၈၇ လောက်မှာ ကျောင်းသားအရေးအခင်းနဲ့ကြုံတယ်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲဖို့ ကြိုးစားခဲ့တယ်။ ၁၉၈၈ မှာ သမ္မတ အဖြစ်နဲ့ ရွေးကောက်ခံရပေမယ့် အဲဒီနှစ်မှာပဲ ရာထူးကနေ နုတ်ထွက်သွားခဲ့တယ်။

၅။ သမ္မတ ချန်ဒူးဝမ်နောက်မှာ သမ္မတ နိုဒဲအု တက်လာခဲ့တယ်။ သူကလည်း တောင်ကိုရီးယားနိုင်ငံရဲ့ ဒုတိယအကြိမ် အာဏာသိမ်းမှုမှာ သမ္မတ ချန်ဒူးဝမ်နဲ့အတူ ပါဝင်ခဲ့သူ တစ်ဦး ဖြစ်တယ်။ ၁၉၉၃ မှာတော့ ဒီမိုကရေစီကျ ရွေးကောက်ပွဲ စတင် ပြောင်းလဲ နိုင်ခဲ့တယ်။

၆။ အပေါ်က အကြောင်းအရာတွေကို သိပြီးသူတွေ အများစု ဖြစ်ပါလိမ့်မယ်။ အဓိက ပြောချင်တာက ၁၉၆၀ ဝန်းကျင် အာဏာသိမ်းဖြစ်စဉ်တွေဟာ စနစ်ပြိုင်ဆိုင်မှုတွေ ရှိခဲ့လို့ အမေရိကန်ကိုယ်၌ကကိုယ် အားပေးထောက်ခံခဲ့တာတွေလည်း ရှိခဲ့ဖူးတယ်။ အထူးသဖြင့် ကွန်မြူနစ်စနစ်ကို ထိန်းချုပ်နိုင်ဖို့ ဆိုတဲ့ ယူဆချက်အတွက်ပေါ့လေ။ ခက်တာက အဲ့ဒီခေတ်ကာလမှာ တာဝန်ယူခဲ့သူတွေက သက်တမ်းအားဖြင့် ကြာမြင့်ကုန်တာက အဓိက အားနည်းချက်တွေ ဖြစ်ခဲ့ရတယ်လို့ ယူဆရမလားပါပဲ။ ဆိုတော့ ...တောင်ကိုရီးယားမှာ သမ္မတလုပ်ကြံခံရတယ်၊ အာဏာသိမ်းဖြစ်စဉ် ပေါ်ပေါက်တယ် ဆိုတာ ဒီလို အကြောင်းတရားတွေ ရှိခဲ့တယ်ပေါ့လေ။

၇။ ခုခေတ်မှာလည်း ကမ္ဘာ့နိုင်ငံရေးဖြစ်စဉ် တွေက ကိုယ်ကျိုးစီးပွားကို အခြေခံပြီး ပြောင်းလဲနေတယ်။ အမေရိကန်ဟာ ဗင်နီဇွဲလားကို ရေနံအတွက် ဝင်တိုက်ပြီး သမ္မတကို ဖမ်းသွားတယ်။ သမ္မတက အရှင်လတ်လတ်တရားရှင်ဆိုင်နေတုန်း ဒုသမ္မတက ကျမ်းကျိမ်ပြီး အမေရိကန်ရဲ့ ရေနံ ကုမ္ပဏီတွေအတွက် ဥပဒေတွေ ပြဌာန်းဖို့ လုပ်နေခဲ့ပြီ။ ဆိုတော့...နိုင်ငံတစ်နိုင်ငံရဲ့ သမ္မတကို ဖမ်းဆီးဖို့ အမေရိကန်အတွက် လွယ်လွန်းနေတာလား၊ အတွင်းစည်းကပဲ ဖောက်ဖျက်သလား ဆိုတာ ချင့်ချိန်တွေးတောဖို့ မကောင်းဘူးလားပေါ့။

၈။ အီရန်ဟာ အရှေ့အလယ်ပိုင်း ဒေသမှာ ရုရှားအတွက် ပြောပြော၊ တရုတ်အတွက် ဆိုဆို၊ အမေရိကန်အတွက်ပဲ ညွှန်းညွှန်း မဟာမိတ်ဖြစ်တဲ့ အစိုးရ၊ ရုပ်သေးရုပ်ဖြစ်တဲ့ အစိုးရကို နိုင်ငံ၃ ခု အနေနဲ့ လိုချင်ကြမှာပါပဲ။ ဒီကြားထဲ အီရန်ကို တိုက်ဖို့ စစ်ပြင်နေချိန်ရောက်မှ တရုတ်မှာ သမ္မတရှီရဲ့ အယုံကြည်ရဆုံး ပုဂ္ဂိုလ်ကို ထိန်းသိမ်းလိုက်တဲ့ကိစ္စက တကယ့်ပြဿနာပဲ မဟုတ်လား။ ယူကရိန်းအရေးမှာ စစ်ပမ်းနေတဲ့ ရုရှားဟာ အာဆက်အစိုးရကိစ္စမှာရော၊ ဗင်နီဇွဲလား ကိစ္စမှာရော ဘာတုန့်ပြန်မှုမှတောင်မရှိခဲ့ဘူး။ အကျိုးစီးပွားအရ အရေးမပါတာလည်း ဖြစ်ကောင်း ဖြစ်မှာပေါ့။ ထိုင်ဝမ်သိမ်းဖို့ စစ်ပြင်နေပါတယ် ဆိုတဲ့ တရုတ်ဟာ သမ္မတရှီကို နေရာချိန်းဖို့ ကြိုးစားချက်သာ တကယ်ရှိခဲ့ရင် အမေရိကန်ရဲ့ Cell ဟာ သိပ်ကြောက်စရာ ကောင်းမနေဘူးလား။

၉။ တကယ်တော့ ငြိမ်းချမ်းရေးဂရုဖွဲ့စည်း တည်ထောင်ဖို့ ကြိုးပမ်းနေတဲ့ ထရမ့်ကလည်း နောက်တဆက်အတွက် မသေချာပြန်ဘူး။ ခုတောင် နေတိုးနဲ့ ကွဲ၊ ကနေဒါနဲ့ ကွဲ။ သူတည်ထောင်မယ်ဆိုတဲ့ ငြိမ်းချမ်းရေးအသင်းကို ပါမယ်လို့ ဆန္ဒပြုထားကြသူတွေကလည်း အကျိုးစီးပွားဆိုတဲ့ မျှော်လင့်ချက် အရပဲ။

၁၀။ ခြုံကြည့်လိုက်ရင်တော့ လက်ရှိဖြစ်နေတဲ့ တရုတ်အရေးဟာ အာဏာသက်တမ်းကြာမြှင့်‌နေတဲ့ သမ္မတ ရှီအတွက် အနီးကပ် အန္တရာယ် အချက်ပေး ခေါင်းလောင်းသံပါပဲ။ အနာဂတ်မှာ သဘောထားခြင်း မစေ့စပ်နိုင်ရင် ပိုဆိုးမယ့် အနေအထားလို့ ယူဆချင်စရာ။ အတွင်းစည်း လုံအောင်ရော ဘယ်လောက်အထိ ကာနိုင်မလဲ။ အီရန်အရေးမှာ တရုတ်မပါနိုင်အောင် အမေရိကန်ကသာ လုပ်ထားတာဆိုရင် တော့ အဆိုးဆုံးပဲ။ ဖြစ်စဉ် ဖြစ်ရပ်တိုင်းဟာ ဆင်ခြင် သုံးသပ်ဖို့ အကောင်းဆုံး သင်ခန်းစာတွေပဲလို့သာ ပြောချင်မိတာပါ။


(နရီမိုး)
👍173
အကြမ်းဖက်မှုကို မလိုလားသည့် ပြည်သူများ​၏ သတင်းပေးမှုကြောင့် တပ်မတော်​၏ တိုက်ခိုက်ခြင်းခံလိုက်ရသည့် USBA အကြမ်းဖက်အဖွဲ့

NOM ဇန်နဝါရီလ ၂၇၊ ၂၀၂၆

မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ စစ္စနို့ကျေးရွာတွင် ဇန်နဝါရီလ ၂၆ ရက်နေ့၌ အဆိုပါကျေးရွာနေပြည်သူများကို USBA အမည်ရှိအကြမ်းဖက်အဖွဲ့က စည်းရုံးရေးလုပ်ဆောင်နေကြောင်း အကြမ်းဖက်မှုကိုမလိုလားသည့် ပြည်သူများ​၏ သတင်းပေးချက်အရ လုံခြုံရေးပူးပေါင်းတပ်ဖွဲ့များက အကြမ်းဖက်သမားများရှိရာသို့ ချီတက်တိုက်ခိုက်ရှင်းလင်းခဲ့ရာ အကြမ်းဖက်သမားများ ဆုတ်ခွာထွက်ပြေးသွားကြောင်းသိရသည်။

News Of Myanmar NOM
👍10
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပခွက်ဆိပ်ရွာအနီးရှိ AA အကြမ်းဖက်အဖွဲ့​၏ဆက်သွယ်ရေးစခန်းတစ်ခုကို ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၁ နာရီအချိန်ခန့်၌ တပ်မတော်က ဗုံးကြဲရှင်းလင်းခဲ့ကြောင်းသိရသည်။

NOM
👍11
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဂုဏ်သိက္ခာနှင့် တရားမျှတသော အမှန်တရားအတွက် နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့၊ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ သွားရောက်ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့၏ လျှောက်လဲချေပချက်အား ထောက်ခံပွဲနှင့် ဂမ်ဘီယာနိုင်ငံ၏ မဟုတ်မမှန်စွပ်စွဲချက်များကို ကန့်ကွက်ရှုတ်ချမည့် အမျိုးသားရေးဆန္ဒထုတ်ဖော်ပွဲ

NOM ဇန်နဝါရီ ၂၇၊ ၂၀၂၆
👍166