News Of Myanmar
13K subscribers
23.4K photos
3.28K videos
3 files
6.61K links
Download Telegram
🏆ပဒါန်းဒေသ၊ ဂုတ်ကြီးရွာအနီးရှိ AA သူပုန်စခန်းများအား ချေမှုန်းမှုမှတ်တမ်း🏆

ပဒါန်းဒေသ၊ နတ်ရေကန်တောင်စခန်း၏ အရှေ့မြောက်ဘက် မီတာ ၇၀၀၀ ခန့်မှာရှိသည့် ဂုတ်ကြီးရွာအနီးရှိ AA သူပုန် စခန်းများအား ဒီဇင်ဘာ ၁၇ ရက်နေ့ ညနေပိုင်းတွင် အောင်မြင်စွာ အပြီးသတ် သိမ်းပိုက်ထိန်းချုပ် နိုင်ခဲ့သည်။
-
ရန်သူအခိုင်အမာ ခံစစ်ဆင်ထားတဲ့ ဂုတ်ကြီးရွာ တာဝါတိုင်စခန်း၊ ရဲစခန်း၊ ဘုရားကုန်း၊ စာသင်ကျောင်းနှင့် ရွာအတွင်းအား စစ်ကြောင်းများဖြင့် ဒီ ၁၅ ရက်နေ့မှစ၍ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။ အကြမ်းဖက် AA သူပုန်ဘက်ကလည်း စိတ်ကြွဆေးစားပြီး အပြင်းအထန် ခုခံလျက်ရှိ၍ တစ်ဆင့်ချင်း ခြေကုတ်ရယူပြီး ချဉ်းကပ် ပိတ်ဆို့ထားခဲ့သည်။
-
စိတ်ကြွဆေးရှိန် ကျဆင်းလာချိန် ရန်သူမှာ ပြင်းပြင်းထန်ထန် ခုခံနိုင်ခြင်းမရှိတော့ဘဲ ဖရိုဖရဲဖြစ်နေချိန်တွင် စစ်ကြောင်းများက မိမိရည်မှန်းချက်နေရာများအား ရဲဝံ့စွန့်စားစွာ ကျားတက်ထိုးပြီး တိုက်ခိုက်ခဲ့ရာ ဂုတ်ကြီးရဲစခန်းနှင့် စာသင်ကျောင်းအား ဒီ ၁၇ ရက် ညနေ ၄ နာရီခွဲခန့်တွင်လည်းကောင်း၊ တာတိုင်စခန်းအား ဒီ ၁၇ ရက် ညနေ ၅ နာရီခန့်တွင်လည်းကောင်း၊ ဘုရားကုန်းအား ဒီ ၁၇ ရက် ညနေ ၅ နာရီ ၁၀ မိနစ်ခန့်တွင်လည်းကောင်း ၃ ရက်(နီးပါး) တိုင်တိုင် ဆေးရှိန်နဲ့တောင့်ခံနေသည့် ရန်သူ့စခန်းကုန်းများအား အောင်မြင်စွာသိမ်းပိုက်ရရှိခဲ့ပြီး ရွာအား အလုံးစုံထိန်းချုပ်နိုင်ခဲ့သည်။
-
တိုက်ပွဲတွင် မိမိစစ်သည် ၁ ဦး အသက်ပေးလှူခဲ့ရပြီး စစ်သည် ၃ ဦး ဒဏ်ရာရရှိခဲ့ကာ ရန်သူ့ထံမှ အလောင်း ၇ လောင်း၊ လက်နက်မျိုးစုံ ၇ လက် (RPG အပါ)၊ ကျည်မျိုးစုံ ၅၀၀ ခန့်၊ ကျည်အိမ် ၁၀ ခု၊ လက်ပစ်ဗုံး ၁၀ လုံး၊ ဗုံးသီး ၅ လုံး၊ ပစ်ကျင်း/ဘန်ကာ အမြောက်အမြား သိမ်းပိုက်ရရှိခဲ့ပါသည်။
-
ရန်သူသည် မြန်မာ့တပ်မတော်သားများ၊ ပြည်သူ့စစ်ထမ်းများ၏ ရဲစွမ်းသတ္တိများကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ပြီး တုန်လှုပ်ခြောက်ခြားကာ ဆုတ်ခွာထွက်ပြေးသွားခဲ့ရသည်။
-
ထိုတိုက်ပွဲမှ သူရဘွဲ့၊ သူရဲကောင်းမှတ်တမ်းဝင်လက်မှတ်များ၊ စစ်မြေပြင်အဆင့်တိုးများ၊ ချီးကျူးဂုဏ်ပြုလက်မှတ်များအား မကြာမီ ထိုက်ထိုက်တန်တန် ချီးမြှင့်သွားရန်ရှိသည်ဟု သိရပါကြောင်း ဂုဏ်ယူစွာဖြင့် ဖော်ပြလိုက်ပါသည်။
-
Congratulations ပါ မြန်မာ့တပ်မတော်သားများ

-
တိုက်ပွဲသတင်းစုံ
15👍10
ဒီဇင်ဘာလ၁၉ရက်နိုင်ငံတကာသတင်းတိုများ
NOM
၁။ဂရိ၊ပိုလန်နှင့်ပြင်သစ်တွင်လယ်သမားများသည်တောင်အမေရိကနှင့်ယူကရိန်းမှစျေးပေါသောအစားအသောက်များတင်သွင်းမှုကိုဆန္ဒပြနေကြသည်။(ဓာတ်ပုံ)
၂။ချက်ပြည်ထဲရေးဝန်ကြီးသစ်သည်၂၀၂၂ခုနှစ်မှစ၍ချက်ပြည်ထဲရေးဝန်ကြီးရုံးတွင်လွှင့်ထူထားသောယူကရိန်းအလံကိုဖယ်ရှားလိုက်သည်။
၃။ယူကရိန်းကါကွယ်ရေးဝန်ကြီးကဥရောပနိုင်ငံ၁၆နိုင်ငံသည်ရုရှားနှင့်ဖြစ်နေသောစစ်ပွဲတွင်ယူကရိန်းကိုထောက်ပံ့ပေးနေကြောင်းပြောသည်။
၄။ထိုင်ဝမ်မြေအောက်ဘူတာရုံတွင်ဓာတ်ဆီဗုံးနှင့်မီးခိုးဗုံးခွဲတိုက်ခိုက်မှုကြောင့်၉ဦးဒဏ်ရားသည်။
၅။ဘင်္ဂလားဒေ့ရှ်ဆန္ဒပြပွဲ၏ ခေါင်းဆောင်တစ်ဦးကိုသေနတ်သမားများကလုပ်ကြံသဖြင့်စင်ကါပူသို့ပို့ဆောင်ဆေးကုသစဉ်သေဆုံးသွားသည့်အတွက်ယနေ့ဘင်္ဂလားဒေ့ရှ်တွင်လူသိန်းချီဆန္ဒပြသည်။
👍161
Forwarded from MWD News
Media is too big
VIEW IN TELEGRAM
KK Park နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံ ၄၈၂ လုံး စနစ်တကျ ဖြိုချဖျက်ဆီးပြီးဖြစ်၊ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် ပစ္စည်းများအား မီးရှို့ဖျက်ဆီးသည်။ နေပြည်တော်၊ ဒီဇင်ဘာလ ၁၉ ရက်
👍122
ဟာသသရုပ်ဆောင် ညောင်ညောင်၏ စျာပနအားအနု ပ ညာရှင်များလိုက်လံပို့ဆောင်
NOM၊ဒီဇင်ဘာ၁၉၊၂၀၂၅
ဟာသသရုပ်ဆောင် ညောင်ညောင် (ခ) ဦးညီညီလှိုင်၏ စျာပန အခမ်းအနားအား ယနေ့ ဒီဇင်ဘာ ၁၉ ရက်မွန်းတည့် ၁ နာရီတွင်  ရန်ကုန်မြို့၊မြောက်ဥက္ကလာပမြို့နယ်ရှိ ရေဝေးသုဿန်၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

စျာပနအခမ်းအနားသို့ရုပ်ရှင် သရုပ်ဆောင်များ၊ ပာာသသရုပ်ဆောင်များနှင့်ရုပ်ရှင်အသိုင်ဝိုင်းမှသူများလိုက်လံပို့ဆောင်ခဲ့ကြောင်းသိရသည်။

သရုပ်ဆောင် ညောင်ညောင်သည် (ဒီဇင်ဘာ ၁၇ ရက်) ည ၇နာရီခန့်တွင် ရန်ကုန်မြို့၊‌မြောက်ဥက္ကလာပမြို့နယ်ရှိ OSC  ဆေးရုံတွင် အသည်းရောဂါကြောင့်ဆေးကုသမှုခံယူနေစဉ် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။
😢6👍41
တပ်မတော်စစ်ကြောင်းများက PDF အမည်ခံပူးပေါင်းအကြမ်းဖက်သောင်းကျန်းသူများ ခေတ္တစိုးမိုးထားသည့် စဉ့်ကူးမြို့နှင့် လက်ပန်လှကျေးရွာ ဒေသတို့အား ပြန်လည်သိမ်းပိုက်ထိန်းချုပ်ရရှိ
နေပြည်တော်၊ ၂၀၂၅ ဒီဇင်ဘာ ၁၉
👍145