News Of Myanmar
13K subscribers
23.4K photos
3.28K videos
3 files
6.61K links
Download Telegram
အွန်လိုင်းလိမ်လည်မှု (Telecom  Fraud)လုပ်ငန်းများအား ဆက်လက် စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး ပြည်ပနိုင်ငံသား ၁၀၄ ဦး ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့

နေပြည်တော်၊ ဒီဇင်ဘာ ၆

နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်း လောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ ကြသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေး ဖော်ထုတ်၍ သက်ဆိုင်ရာ နိုင်ငံများသို့  ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ  ပြည်နှင်လွှဲပြောင်း ပေးအပ်လျက်ရှိသည်။

ထိုသို့ ပြည်နှင်လွှဲပြောင်းပေးလျက်ရှိရာ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက် လာပြီး ကရင်ပြည်နယ် မြဝတီ - ရွှေကုက္ကိုလ်နယ်မြေမှ အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်း လိမ်လည်မှုများ ကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံသား  ၉၉ ဦး၊  အီသီယိုပီးယားနိုင်ငံသား သုံး ဦး နှင့် ပါကစ္စတန်နိုင်ငံသား နှစ် ဦး၊ စုစုပေါင်းပြည်ပနိုင်ငံသား ၁၀၄ ဦးကို ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့သည်။

အဆိုပါ ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်း ပေးနိုင်ရေးအတွက် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များ၏ လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို မြဝတီခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ဒီဇင်ဘာလ ၆ ရက်အထိ မြဝတီမြို့နယ်အတွင်းရှိ KK Park နယ်မြေနှင့် ရွှေကုက္ကိုလ်နယ်မြေတို့သို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၃၀၇၇ ဦး ထိန်းသိမ်းနိုင်ခဲ့ကြောင်းနှင့်ယင်းနိုင်ငံသားအားလုံးကို စစ်ဆေးပြီးစီးခဲ့ပြီး ၎င်းတို့အနက်မှ ၁၁၂၃၉ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ လုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်း ပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁၈၃၈ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။

နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက် နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက် ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခ ရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့်  နိုင်ငံခြားသားများကို သက်ဆိုင်ရာ နိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ထိရောက်စွာညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်းသတင်းရရှိသည်။
👍10
နောင်ချိုမြို့နယ်၊ နောင်လင်ကျေးရွာတွင် TNLA အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲမှုကြောင့် အပြစ်မဲ့ပြည်သူတစ်ဦး မိုင်းစထိမှန်သေဆုံး

NOM ဒီဇင်ဘာ ၆၊ ၂၀၂၅

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ နောင်လင်ကျေးရွာနေ ဦးစိုးတင့် (၅၂) နှစ်သည် ဒီဇင်ဘာလ ၅ ရက်နေ့ ညနေ ၎င်း၏နေအိမ်ခြံဝင်းအနောက်ဘက်ရှိဝက်ခြံတွင် ဝက်စာကျွေးစဉ် ဝက်ခြံအနီးမှ TNLA အကြမ်းဖက်အဖွဲ့ ထောင်ထားသည့်မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ၎င်းတွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာ များရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။

News Of Myanmar NOM
😡6👍4😢41
ရန်ကုန် မန္တလေးလမ်းဟောင်းဘေး သစ်ပင်အား ကားဖြင့်တိုက်နှစ်ဦးသေဆုံး
NOM၊ဒီဇင်ဘာ၇၊၂၀၂၅
နေပြည်တော် ဇေယျာသီရိမြို့နယ် စိုက်ပျိုးရေးကျောင်းပေါက်အနီး ယနေ့ ဒီဇင်ဘာ လ၇ရက်နံနက်ပိုင်းကရန်ကုန် မန္တလေးလမ်းဟောင်းဘေး သစ်ပင်အား ကားဖြင့်တိုက်မိခဲ့ရာနှစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။
ဖြစ်စဥ်နေရာတွင် ကားပေါ်ပါ အမျိုးသား တစ်ဦးနှင့် အမျိုး သမီး တစ်ဦး သေဆုံးခဲ့ရာမိုးစေတနာပရဟိတအသင်း၊ပျဥ်းမနားရုံး နှင့် ကရုဏာရှင် လူမှုကူညီရေးအသင်းတို့က အမှတ် ၂ တပ်မတော်ဆေးကြီး ကုတင် ၁၀၀၀ သို့ ပို့ဆောင်ကူညီပေးခဲ့ ကြောင်းသိရသည်။
👍6😢6
သီရိလင်္ကာရှိ မုန်တိုင်းဒဏ်ခံရသူများအတွက် မြန်မာနိုင်ငံက ကျပ်၁ဘီလီယံ‌ကျော်တန်ဖိုးရှိပစ္စည်းများ ကူညီထောက်ပံ့
NOM၊ဒီဇင်ဘာ၆၊၂၀၂၅
သီရိလင်္ကာနိုင်ငံတွင်နိုဝင် ဘာ၂၈ ရက်က တိုက်ခတ်ခဲ့‌ သောဆိုင်ကလုန်းမုန်တိုင်းဒီဝါကြောင့် ဘေးသင့်ခဲ့ရသူများအတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြင့်မြန်မာအစိုးရနှင့် ပြည်သူ များက ကျပ်၁ ဒသမ ၃ဘီလီယံကျော်တန်ဖိုးရှိ လူသားချင်း စာနာထောက်ထားမှု အကူအညီပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှသိရသည်။
အဆိုပါပေးအပ်လှူဒါန်းသည့်လူသားချင်းစာနာထောက် ထား မှု အကူအညီပစ္စည်းများတွင်ဆေးဝါးနှင့်ဆေးပစ္စည်း၊ တစ်ကိုယ်ရည်သုံးပစ္စည်းများဖြစ်သည့် သွားတိုက်ဆေးဘူး ၅၀၀၀၀၊ သွားတိုက်တံအချောင်း ၅၀၀၀ စုစုပေါင်းတန်ချိန် ၉ဒသမ၂တန်ကို ဒီဇင် ဘာ၆ရက်က တပ်မတော်လေယာဉ်ဖြင့် သွားရောက်ပို့ဆောင် လှူဒါန်းခဲ့သည်။
ထို့ပြင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှအမေရိကန်ဒေါ်လာတစ်သိန်းနှင့်မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ်က ဆန်တန်ချိန်၅၀၀တို့ကိုဆက် လက်ပေးပို့လှူဒါန်းသွားမည်ဖြစ်သည့်အတွက် လှူဒါန်းမှုတန်ဖိုးက စုစုပေါင်း ကျပ်၁‌ဒသမ၃ဘီလီယံကျော်ရှိကြောင်း သိရသည်။
👍147
ဒီဇင်ဘာလ၇ရက်နိုင်ငံတကာသတင်းတိုများ
NOM
၁။အမေရိကန်၏ အသစ်ပြင်ဆင်ထားသော နိုင်ငံခြားရေးဗျူဟာသည် ဥရောပတွင် လှုပ်ခတ်မှုဖြစ်စေခဲ့သည်။ အကြောင်းမှာ တရုတ်နှင့် ရုရှားကို မဟာဗျူဟာမြောက် ပြိုင်ဘက်အဖြစ် မဖော်ပြတော့ဘဲ၊ အပြင်းထန်ဆုံး ဝေဖန်မှုများကို ဥရောပနိုင်ငံများအပေါ် ဦးတည်ထားသော ကြောင့် ဖြစ်သည်။
၂။ရုရှားနိုင်ငံ၊ချေချင်းညာပြည်နယ်၏မြို့တော်ဂလူစနီ ရှိစီးပွားရေးအဆောက်အဦးကိုယူကရိန်းကဒရုန်းဖြင့်တိုက်ခိုက်ပြီးနောက်ရုရှားသည်နှစ်ရက်ဆက်တိုက်ယူကရိန်းမြို့ကြီးများကိုဒုံးပျံများ၊ဒရုန်းများ၊လေယာဥ်များသုံးပြီးလက်တုန့်ပြန်ခဲ့သည်။
၃။ဥရောပနိုင်ငဲခေါင်းဆောင်များသည်၂၀၃၀ခုနှစ်တွင်ရုရှားနှင့်စစ်ဖြစ်ရန်ပြင်ဆင်နေသော်လည်းထိုအထဲတွင်ဟန်ဂေရီပါဝင်မည်မဟုတ်ဟုဟန်ဂေရီဝန်ကြီးချုပ်အော်ဘန်ကပြောသည်။
၄။တနင်္ဂနွေနေ့က အိုကီနာဝါအနီး အပြည်ပြည်ဆိုင်ရာ ပင်လယ်ပြင်ပေါ်၌တွေ့ဆုံမှု နှစ်ကြိမ်အတွင်း တရုတ် လေယာဥ်တင်သင်္ဘောမှ J-15 တိုက်လေယာဉ်များသည် ဂျပန်လေယာဉ်များ၏ ပစ်ခတ်မှုရေဒါ များကိုထိန်းချုပ်သွားခဲ့သည်။(ဓါတ်ပုံ)
၅။ပြင်သစ်နိုင်ငံဂွာဒီလုပ်ရှိခရစ္စမတ်စျေးပွဲတော်ကိုကားတစ်စီးကဝင်တိုက်ခိုက်ရာလူ၁၀ဦးသေပြီး၁၉ဦးဒဏ်ရာရသည်။(ဗီဒီယို)
👍163
ချင်းလူမျိုး ဂျိုရှုရွာဗန်က UFC ဖလိုင်းဝိတ်ချန်ပီယံပြိုင်ပွဲတွင်လက်ရှိလက်ရှိချန်ပီယံပန်တိုဂျာကိုနည်း စနစ်ပိုင်းအရ အနိုင်ယူခဲ့
NOM၊ဒီဇင်ဘာ၇၊၂၀၂၅
အမေရိကန်နိုင်ငံ လာ့စ်ဗီးဂတ်စ်မြို့ ၊ ပါရာဒိုက်စ်ဒေသ T-Mobile Arena တွင် ကျင်းပသည့် UFC 323 ပြိုင်
ပွဲကို ယနေ့ ဒီဇင်ဘာ (၇) ရက်၌ထိုးသက်ခဲ့ရာချင်းလူမျိုးဖိုက်တာ ဂျိုရှုရွာဗန်က လက်ရှိချန်ပီယံပန်တိုဂျာကို နည်းစနစ်ပိုင်းအရအလဲထိုး (TKO)အနိုင်ရရှိခဲ့ပြီး အသက်အငယ်ဆုံး UFC ဖလိုင်းဝိတ်ချန်ပီယံ ဖြစ်လာခဲ့သည်။

ပြိုင်ဘက်ဖြစ်သူ ဖလိုင်းဝိတ်တန်း ချန်ပီယံဟောင်း ပန်တိုဂျာက ပြိုင်ပွဲစစချင်း ဖိအားပေးတိုက်ခိုက်ခဲ့ကာ ပွဲသိမ်းကန်ချက်ဖြစ်နိုင်ချေရှိသည့် အမြင့်ကန်ချက်နဲ့ ဗန်ကို တိုက်ခိုက်ခဲ့သော်လည်း ဗန်၏လျင်မြန်သည့် တုန့်ပြန်ကာကွယ်မှုကြောင့် ကြမ်းပြင်ပေါ် အရှိန်နှင့် ပြုတ်ကျလက်ထိခိုက်သွားခြင်းဖြစ်ကြောင်းသိရသည်။

ဂျော့ရှူဝါဗန်သည် မြန်မာနွယ်ဖွား MMA ဖိုက်တာများထဲတွင် ကချင်တိုင်းရင်းသား အောင်လအန်ဆန်အပြီး၌အ အောင်မြင်ဆုံးဖြစ်ပြီး UFC ၌ ကမ္ဘာ့အဆင့်ချန်ပီယံတစ် ယောက်ဖြစ်လာသည့် ပထမဆုံးသော မြန်မာနွယ်ဖွား တစ်ဦးလည်းဖြစ်သည်။
10👍8
ရန်ကုန် နှင့် မန္တလေးတွင် ငါးရက်အတွင်း မီးလောင်မှု
၇ကြိမ်ဖြစ်
NOM၊ဒီဇင်ဘာ၇၊၂၀၂၅
ရန်ကုန် နှင့် မန္တလေးတိုင်းတို့တွင် ဒီဇင်ဘာ၃ရက်မှ ယနေ့(ဒီဇင်ဘာ၇ရက်)ထိ ငါးရက်အတွင်း မီးလောင်မှု ၇ကြိမ်ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

ထို့ပြင် ရန်ကုန်တိုင်းအတွင်း ၌လည်း (ဒီဇင်ဘာ ၃ ရက်)တွင် ဒဂုံမြို့သစ်(ဆိပ် ကမ်း)မြို့နယ်၊ ၆၁ ရပ်ကွက်၊ မြနန္ဒာလမ်း နှင့်  မှော်ဘီမြို့နယ်၊ ဘွက်ကြီးကျေးရွာအုပ်စု၊ မြို့ရှောင်လမ်းတို့တွင် နေအိမ်မီးလောင်မှုများဖြစ်ပွားခဲ့သလို (ဒီဇင်ဘာ ၅ ရက်)တွင် ဒဂုံမြိုသစ် (ဆိပကမ်း)မြို့နယ်၊ ညောင်ပင်ကျေး ရွာရှိ ဆင်ဖြူတော် ငရုတ် သီးမှုန့်စက်ရုံ၌ မီးလောင်မှုဖြစ်ပွားခဲ့သေးသည်။

မန္တလေးတိုင်းရှိ သာစည်မြို့နယ်၊ ဝက်တိုးကျေးရွာအုပ်စု၊ ရွှေတောင်ကျေးရွာအနီး၊ ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင် ၃၂၂မိုင်အနီးတွင် (ဒီဇင်ဘာ ၃ ရက်)နေ့က ဘရိတ်ရှူးငြှိပြီးအပူလွန်ကဲရာမှ ဆီဘောက်ဆာယာဉ် တစ်စီးမီးလောင်မှုဖြစ်ပွားခဲ့ပြီး (ဒီဇင်ဘာ ၄ ရက်)တွင် မဟာအောင်မြေမြို့နယ်၊ရဲမွန်တောင်ရပ်ကွက် ၅၈လမ်း၊ ၁၀၁ လမ်းနှင့် ၄၃ လမ်းကြားရှိ ပေါက်ကျိုင်းလက်ဖက်ရည်ဆိုင်၌ စားဖိုဆောင်ရှိ 40 kg gas အိုးခေါင်းပွင့်ထွက်ပြီး gas ယိုစိမ့်မှုဖြစ်ပွားရာမှ မီးလောင်မှုဖြစ်ပွားခဲ့သည်။ယင်း ဖြစ်စဉ်အတွင်း အသက် ၁၆ နှစ်အရွယ် အမျိုးသားတစ်ဦးသည်  မီး လောင်ဒဏ်ရာ(စိုးရိမ်ရ) များရရှိခဲ့သည်။

ဆက်လက်ပြီး ယမန်နေ့(ဒီဇင်ဘာ ၆ ရက်)တွင် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်အမှတ်(၁)ရပ်ကွက်၊ ၆၀(A)လမ်း၊ ၁၁၃ x ၁၁၄ လမ်းကြားရှိ သွပ်မိုး၊ထရံကာ၊ပျဉ်ခင်း တစ်ထပ်နေအိမ်၌ ဝါယာကြိုးများ ခွေထားရာမှ အပူလွဲကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့သလို ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ (၄၆ x ၄၇)လမ်းကြား နှင့် (၁၁၁) လမ်းရှိ ဆိုင်ကယ်အပိုပစ္စည်း ဂိုဒေါင်၌လည်း မီးလောင်မှုဖြစ်ပွားခဲ့ ကြောင်းသိရသည်။
👍4😢21
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် PDF အကြမ်းဖက်သမားလေးဦးက မူလတန်းပြဆရာမတစ်ဦးကို အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွား

NOM ဒီဇင်ဘာ ၇၊ ၂၀၂၅

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ အမှတ် (၂) ရပ်ကွက်နေ ကျင်းသာကျေးရွာအခြေခံပညာမူလတန်းကျောင်းမှ မူလတန်းပြဆရာမ ဒေါ်ခိုင်ဇံဝေ (၃၄) နှစ်သည် ဒီဇင်ဘာလ ၆ ရက်နေ့ ညနေ ၄ နာရီ ၁၀ မိနစ်အချိန်၌ အဆိုပါရပ်ကွက်ရှိ "All Right" စားသောက်ဆိုင်တွင် မိတ်ဆွေဖြစ်သူ အမှတ် (၁) ရပ်ကွက်နေ ဦးကိုကိုအောင် (၅၁) နှစ်နှင့်အတူ ရှိနေစဉ် PDF အကြမ်းဖက်သမားလေးဦးခန့်ကမော်တော်ယာဉ်တစ်စီးဖြင့် ရောက်လာပြီး ဒေါ်ခိုင်ဇံဝေအား အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။

News Of Myanmar NOM
😡102
မန္တလေးတိုင်းဒေသကြီး၊ပျော်ဘွယ်မြို့နယ်၊ မြင်းတဲ (တောင်) ကျေးရွာနေ ကျေးရွာခွဲတာဝန်ခံတစ်ဦးကို PDF အကြမ်းဖက်သမားများက ဆိုင်ကယ်နှစ်စီးနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွား

NOM ဒီဇင်ဘာ ၇၊ ၂၀၂၅

မန္တလေးတိုင်းဒေသကြီး၊ပျော်ဘွယ်မြို့နယ်၊ မြင်းတဲ (တောင်) ကျေးရွာနေ ကျေးရွာခွဲတာဝန်ခံဖြစ်သူ ဦးသောင်းရှိန် (၆၄) နှစ်သည် ဒီဇင်ဘာလ ၆ ရက်နေ့ နံနက် ၂ နာရီခွဲအချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားခြောက်ဦးခန့်ရောက်လာပြီး ရွေးကောက်ပွဲနှင့်ပတ်သက်၍ အကြမ်းဖက်ခြိမ်းခြောက်ပြောဆိုကာ နေအိမ်ရှေ့ရှိ ဆိုင်ကယ်နှစ်စီးနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။

News Of Myanmar NOM
😡5
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ကံဆွယ်ကျေးရွာသို့ PDF အကြမ်းဖက်သမား ၃၀ ဦးခန့်ရောက်လာပြီး ၁၀ နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် အပြစ်မဲ့ပြည်သူသုံးဦးအား အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွား

NOM ဒီဇင်ဘာ ၇၊ ၂၀၂၅

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ကံဆွယ်ကျေးရွာသို့ ဒီဇင်ဘာလ ၅ ရက်နေ့ ည ၁၁ နာရီခွဲအချိန်၌ PDF အကြမ်းဖက်သမား ၃၀ ဦးခန့်က ဆိုင်ကယ် ၁၈ စီးခန့်ဖြင့်ရောက်လာပြီး အဆိုပါကျေးရွာနေ ဦးလှအောင်၏ နေအိမ်တွင်ရောက်ရှိနေသည့် စလင်းမြို့နယ်၊ မြေမိကုန်းရပ်ကွက်နေ ၎င်း၏သားဖြစ်သူ ဦးလေးဝင်း (၄၄) နှစ်၊ ချွေးမဖြစ်သူဒေါ်ဌေးဌေးစိန် (၄၆) နှစ်နှင့် မြေးဖြစ်သူ မောင်ရှိန်းထက်ကို (၁၀) နှစ်တို့အား အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။  

News Of Myanmar NOM
👍3😢32
Forwarded from NOM
အိန္ဒိယနိုင်ငံ၊ ဂိုအာက နိုက်ကလပ်တခုမှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဝန်ထမ်းနဲ့ ကမ္ဘာ့လှည့်ခရီးသည် စုစုပေါင်း ၂၅ ဦးအထိ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ ကလပ် မီးဖိုခန်းအတွင်းက ဂက်စ်အိုးပေါက်ကွဲရာကနေ မီးလောင်ခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောဆိုခဲ့ပြီး စနေနေ့ ညပိုင်းက ဖြစ်ပွားခဲ့တာပါ။ သေဆုံးသူဦးရေက တိုးပွားလာခဲ့ရာကနေ ၂၅ ဦးအထိ ဖြစ်လာခဲ့ပြီး ဖြစ်ပွားချိန်မှာ အလုအယက်ထွက်ပြေးခဲ့ရတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောကြားခဲ့ပါတယ်။

NOM
👍5😢41
Forwarded from NOM
အစ္စရေးစစ်သားတဦးဖြစ်တဲ့ Nahra Barzan ဟာ ဂါဇာကနေ ပြန်လာခဲ့ပြီးနောက် ကိုယ့်ကိုယ်ကိုယ်သတ်သေသွားခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

NOM
👍7
Forwarded from NOM
ယူကရိန်းစစ်တပ်ဟာ ပြိုလဲနေပြီး ဒီတနှစ်အတွင်းမှာပဲ စစ်ပြေး ၁၈၀၀၀၀ ကျော်အထိရှိတယ်လို့ နော်ဝေသတင်းထောက် Paul Steigan က ရေးသားခဲ့ပါတယ်။ သေဆုံးနှုန်းကလည်း အရမ်းမြင့်မားတယ်လို့ သူက ထပ်မံရေးသားထားပါတယ်။

NOM
👍91