News Of Myanmar
13K subscribers
23.4K photos
3.28K videos
3 files
6.61K links
Download Telegram
ဒီဇင်ဘာလ၃ရက်နိုင်ငံတကာသတင်းတိုများ
NOM
၁။ရုရှားသမ္မတပူတင်နှင့်အမေရိကန်ကိုယ်စားလှယ်ဝစ်ကော့ဗ့်တို့ယူကရိန်းစစ်ရပ်စဲရေးအတွက်ငါးနာရီကြာဆွေးနွေးပွဲပြီးဆုံးသည်။(ဗီဒီယို)
၂။အမေရိကန်စစ်ဝန်ကြီးပိတ်ဟက်ဆက်ဂ်ကစျေးပေါသောရန်သူ့ဒရုန်းများကိုဒေါ်လာ၂သန်းတန်သောအမေရိကန်ဒုံးပျံများကပစ်မချနိုင်ကြောင်းဝန်ခံလိုက်သည်။(ဗီဒီယို)
၃။ဆီးရီးယား၏ဂိုလန်ကုန်းမြကိုအစ္စရေးက၅၈နှစ်ကြာသိမ်းပိုက်ထားခြင်းသည်တရားမဝင်ကြောင်းကုလသမဂ္ဂအထွေထွေညီလာခံကထောက်ခံမဲ၁၂၃မဲကန့်ကွက်မဲ၇မဲပျက်ကွက်မဲ၄၁မဲဖြင့်ကြေညာလိုက်သည်။
၄။သြစတေလျအစိုးရသည်ဒေါ်လာ၁.၂၉ဘီလီယံတန်ဖိုးရှိတိုက်ဂါးရဟတ်ယာဥ်၂၉စီးကိုယူကရိန်းသို့လက်ဆောင်ပေးလိုက်သည်။
၅။အီရန်သည်အဇာဘိုင်ဂျန်နယ်စပ်တွင်ရှန်ဟဲပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံများနှင့်အတူအကြမ်းဖက်နှိမ်နှင်းရေးလေ့ကျင့်ခန်းကို၅ရက်ကြာပြုလုပ်လျက်ရှိသည်။
👍163
Forwarded from MRTV
Media is too big
VIEW IN TELEGRAM
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆၇) သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်း
8👍8
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ ဝက္ကဘူးကျေးရွာနေ အပြစ်မဲ့ပြည်သူတစ်ဦးကို PDF အကြမ်းဖက်သမားခြောက်ဦးက ဓါးများဖြင့် ထိုးခုတ်သတ်ဖြတ်သွား

NOM ဒီဇင်ဘာ ၃၊ ၂၀၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ ဝက္ကဘူးကျေးရွာနေ ဦးမျိုးဟိန်း (၅၂) နှစ်သည် ဒီဇင်ဘာလ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့ အင်အားခြောက်ဦးခန့်က ဆိုင်ကယ်သုံးစီးဖြင့် ရောက်လာပြီး ဓားများဖြင့် ထိုးခုတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။

News Of Myanmar NOM
👍3😡3😢1
ကလောမြို့နယ်တွင် PDF အကြမ်းဖက်သမားသုံးဦးက ရာအိမ်မှူးတစ်ဦးနှင့် အပြစ်မဲ့ပြည်သူတစ်ဦးတို့ကို မေးမြန်းစရာရှိသည်ဟုဆို၍ ငွေကျပ်ကိုးသိန်း၊ လက်ကိုင်ဖုန်းငါးလုံး၊ ဆိုင်ကယ်နှစ်စီးတို့နှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွား

NOM ဒီဇင်ဘာ ၃၊ ၂၀၂၅

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကလောမြို့နယ်၊ ပွေးလှရွှေကုန်းကျေးရွာနေ ရာအိမ်မှူး ဦးညွန့်တင် (၅၄) နှစ်နှင့် ကလောမြို့၊ အမှတ် (၃) ရပ်ကွက်နေ ဦးမျိုးအောင် (၅၀) နှစ်တို့သည် ဒီဇင်ဘာလ ၁ ရက်နေ့ ည ၉ နာရီအချိန်၌ ၎င်းတို့၏နေအိမ် အသီးသီးတွင်ရှိနေစဉ်PDF အကြမ်းဖက်သမားသုံးဦးခန့်ရောက်လာပြီး "စစ်ဆေး မေးမြန်းစရာရှိသည်" ဟုပြောဆို၍ ၎င်းတို့နှစ်ဦးအား ငွေကျပ်ကိုးသိန်း၊ လက်ကိုင်ဖုန်းငါးလုံး၊ ဆိုင်ကယ်နှစ်စီးတို့နှင့်အတူ အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။

News Of Myanmar NOM
👍5😡3
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဘီးလင်း-နတ်ကြီး-ဖာပွန်သွားကားလမ်းပေါ်ရှိ ပျဉ်သာတံတားအား KNLA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့က ထပ်မံမိုင်းထောင်ဖောက်ခွဲဖျက်ဆီး

NOM ဒီဇင်ဘာ ၃၊ ၂၀၂၅

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဘီးလင်း-နတ်ကြီး-ဖာပွန် သွားကားလမ်း၊ မိုင်တိုင်အမှတ် ၁၇ မိုင် ၇ ဖာလုံနှင့် ၁၈ မိုင်အကြား ပျဉ်သာကျေးရွာအနီးရှိ တံတား အမှတ် (၆/၁၈)၊ အလျား ၁၂၀ ပေ၊ အကျယ် ၂၄ ပေ၊ ခံနိုင်ဝန် ၄၅ တန်ခန့်ရှိ သံကူကွန်ကရစ်အမျိုးအစား ဒေသအခေါ် ပျဉ်သာတံတားအား ဒီဇင်ဘာလ ၂ ရက်နေ့ နံနက် ၈ နာရီအချိန်၌ KNLA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့် တံတားထိပ်ပိုင်းတွင် အကျယ် ၅ ပေခန့်ရှိ ကွန်ကရစ်ကြမ်းခင်းနှင့် ကွန်ကရစ်ထိန်းသံတိုင်များပြိုကျပျက်စီးသွားခဲ့သည်။

၂၀၂၄ ခုနှစ်၊ မတ်လ ၆ ရက်နေ့ကလည်း အဆိုပါတံတားအား အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ရာ တံတားအရှည်ပေ ၃၀ ခန့်ပျက်စီးခဲ့ပြီး အများပြည်သူသွားလာရေး အခက်အခဲများဖြစ်ပေါ်ခဲ့၍ ဒေသခံပြည်သူများမှ ဆက်သွယ်သွားလာမှုများ လွယ်ကူစေရေးအတွက် သံကူကွန်ကရစ်ဖြင့် ကိုယ်ထူကိုယ်ထပြန်လည်ပြုပြင်မွမ်းမံထားရှိသည့် တံတားအား ယခုအခါ ထပ်မံ၍ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းဖြစ်ကြောင်းသိရှိရသည်။

News Of Myanmar NOM
😡8👍4
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ တောင်ကြားကျေးရွာနေ ဆယ်အိမ်မှူးတစ်ဦးကို PDF အကြမ်းဖက်သမားများက ဓါးများဖြင့် ထိုးခုတ်သတ်ဖြတ်သွား

NOM ဒီဇင်ဘာ ၃၊ ၂၀၂၅

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ တောင်ကြားကျေးရွာနေ ဆယ်အိမ်မှူး ဦးခင်ဇော်ဌေး (ခ) ဝမ်ချူး (၃၈) နှစ်သည် ဒီဇင်ဘာလ ၂ ရက်နေ့ နံနက် ၁ နာရီခွဲအချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားငါးဦးခန့်ရောက်လာပြီး ၎င်းအားဖမ်းဆီးခေါ်ဆောင်ကာ နေအိမ်၏ အနောက်တောင်ဘက် ၃ ဖာလုံခန့်အကွာ ရွာအဝင်လမ်းမပေါ်အရောက် ဓားများဖြင့် ထိုးခုတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးခင်ဇော်ဌေး (ခ) ဝမ်ချူးတွင် ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။

News Of Myanmar NOM
😢9👍4😡31
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၆၇) သင်တန်းဆင်းစစ်ရေးပြအခမ်းအနားကို တက်ရောက်
ချီးမြှင့်
NOM၊ဒီဇင်ဘာ၃၊၂၀၂၅
ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်တွင် ဒီဇင်ဘာ ၃ ရက် ယနေ့ နံနက်ပိုင်းက စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၆၇) သင်တန်းဆင်းစစ်ရေးပြအခမ်းအနားကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ချီးမြှင့်ခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မှ ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲကိုစစ်ဆေးပြီးနောက် အလံတော်အဖွဲ့၊ ကျောင်းဆင်းတပ်ခွဲနှင့်အရန်တပ်ခွဲများက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား အနှေးလျှောက်၊ အမြန်လျှောက်တို့ဖြင့် ချီတက်အလေးပြုခဲ့ကြ ကြောင်းသိရသည်။
👍106
အကယ်ဒမီရွှေကြိုလျောက်သူများအတွက်လျောက်လွှာတင်ရက်တိုးပေး
👍62
This media is not supported in your browser
VIEW IN TELEGRAM
အမေရိကန်တိုက်လေယာဉ်ပျက်ကျ
NOM
အမေရိကန်လေတပ်၊သန်းဒါးဘော့အလှပြကျွမ်းထိုးလေယာဉ်အုပ်မှF-16 C တိုက်လေယာဉ်တစ်စီးသည်ကယ်လီဖိုးနီးယားပြည်နယ်ထရွန်နာလေဆိပ်အနီးပျက်ကျခံ့သည်။လေယာဉ်မှူးသည်လေထီးဖြင့်ခုန်ထွက်လွတ်မြောက်သွားသည်။
👍16
မဟာအောင်မြေမြို့နယ်ရှိ ပေါက်ကျိုင်းလက်ဖက်ရည်ဆိုင်မီးလောင်မှုဖြစ်ပွားအလုပ် သမားတစ်ဦးဒဏ်ရာပြင်းထန်
NOM၊ဒီဇင်ဘာ၄၊၂၀၂၅
မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ ၅၈လမ်း၊
၁၀၁ လမ်းနှင့် ၄၃ လမ်းကြား ပေါက်ကျိုင်းလက်ဖက်ရည်ဆိုင်ယနေ့နံနက်၇နာရီ၄၁မိနစ်ခန့်က level 1 မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆိုင်အလုပ် သမားတစ်ဦးဒဏ် ရာပြင်းထန်ခဲ့ကြောင်း မန္တ လေးတိုင်းမီးသတ်ဦးစီးမှူးရုံးမှတာ ဝန်ရှိသူတစ်ဦးကပြော သည်။

ဖြစ်စဉ်မှာ ပေါက်ကျိုင်းလက် ဖက်ရည်ဆိုင် စာဖိုးဆောင်အတွင်းရှိဂတ်မီးဖိုး၏ ဂတ်ခေါင်းမှဂတ်စ်များယိုစိမ့်ရာမှမီးဖိုမှတစ်ဆင့်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

"မီးလောင်မှုကများပါတယ်ဆိုင်တစ်ခုလုံးနီပါးကုန်သွားပါတယ်ဘေးကူးစက်မှုမရှိပါဘူးဆိုင်ကအသက်၁၆နှစ်ရှိမောင်အောင်ငြိမ်းချမ်းတစ်ဦးဘဲဒဏ်ရာပြင်းထန်စွာရရှိခဲ့ပါတယ် သေဆုံးတာတွေတော့မရှိပါဘူး"ဟုမန္တလေးတိုင်းမီးသတ်ဦးစီးမှူးရုံမှတာဝန်ရှိသူတစ်ဦးက
ပြောသည်။

မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် level 1 ယာဉ်အုပ်စုထွက်ခွာငြိမ်းသက်ခဲ့ရာနံနက်၈း၀၃နာရီတွင်မီးငြိမ်း  သွားခဲ့ပြီးလက်ရှိဆုံးရှူံးမှုတန်ဖိုးအားစစ်ဆေးပြီးဒဏ်ရာရရှိသူကိုလည်းမန္တလေးပြည်သူဆေရုံ
သို့ပို့ဆောင်ထားကြောင်းသိရသည်။
7👍6😢5
ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအား PDF အကြမ်းဖက်အဖွဲ့က ဒရုန်းဖြင့် Drop Bomb များပစ်ချတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရ

NOM ဒီဇင်ဘာ ၄၊ ၂၀၂၅

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအား ဒီဇင်ဘာလ ၂ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်၌ PDF အကြမ်းဖက်အဖွဲ့ကအများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ Drone ဖြင့် Drop Bomb များပစ်ချတိုက်ခိုက်ခဲ့ရာ အဆိုပါကျေးရွာနေ ဦးဇော်နိုင် (ခ) ဦးမင်းလွင် (၄၁) နှစ်၏ ရာဘာခြံအတွင်းသို့ Drop Bomb ဗုံးသီးနှစ်လုံးနှင့် ကျေးရွာ အလယ်ပိုင်းရှိ တိုက်နယ်ဆေးရုံဝင်းအတွင်းသို့ Drop Bomb ဗုံးသီးတစ်လုံးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် တိုက်နယ်ဆေးရုံဝင်းအတွင်းရှိ RC ၁ ထပ်/သွပ်မိုး ၂ခန်းတွဲ ဆရာဝန်နေအိမ်လိုင်းခန်း၏ အမိုးသွပ် ၂ ချပ်နှင့် မျက်နှာကြက်များပျက်စီးဆုံးရှုံးခဲ့ပြီး ကျေးရွာနေသူများဖြစ်ကြသည့် ဦးဇော်နိုင် (ခ) မင်းလွင်နှင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်ပိုင်သက် (၃၄) နှစ်တို့နှစ်ဦးတွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ကျေးရွာရှိ တိုက်နယ်ဆေးရုံတွင်ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။

News Of Myanmar NOM
😡6👍31
ပုသိမ်မြို့နယ်ပြည်သူ့ပါတီ တိုင်းဒေသကြီးကိုယ်စားလှယ်လောင်း ဦးမြင့်ဌေး ကွယ်လွန်
NOM၊ဒီဇင်ဘာ၄၊၂၀၂၅
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်ပြည်သူ့ပါတီ တိုင်းဒေသကြီးFPTP ကိုယ်စား လှယ်လောင်း ဦးမြင့်ဌေးသည် ယမန်နေ့ဒီဇင်ဘာ၃ရက်နေ့ည၁၀နာရီ၂၀မိနစ်တွင် ၉၆ပါးသောဖြင့်ကွယ်လွန် သွားကြောင်း ပြည်သူ့ပါတီမှအသိပေးထားသည်။

ဦးမြင့်ဌေးသည်ပုသိမ်ထ-၁ ကျောင်း သားဟောင်းတစ်ဦးဖြစ် သည့်အပြင် ပုသိိမ်မြို့ရှိပဒုမ္မာလူမှုဖွံဖြိုးတိုးတက်ရေးအသင်းတွင်ဥက္ကဌဖြစ်ပြီးလက်ရှိတွင်လည်းလာမည့် ၂၀၂၅ရွေးကောက်ပွဲတွင် ပုသိမ်မြို့နယ်ပြည်သူ့ပါတီမှတိုင်းဒေသကြီး FPTP ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်အရွေးခံရန် မဲဆွယ်မှုများလည်းပြုလုပ်နေသူတစ်ဦးဖြစ်ကြောင်းသိရသည်။
👍7😢32
စဉ့်ကိုင်မြို့နယ်တွင်အိမ်စီးကားနှင့် မီးရထားတိုက်မှုကြောင့် လူသုံးဦးသေဆုံး
NOM၊ဒီဇင်ဘာ၄၊၂၀၂၅ မန္တလေးတိုင်းဒေသကြီး ၊ကျောက်ဆည်ခရိုင်၊စဉ့်ကိုင်မြို့နယ်ပတ်တားရွာအနီးတွင် ဒီဇင်ဘာ၃ရက်နံနက်၈နာရီကအိမ်စီးကားနှင့် မီးရထားတိုက်မှုကြောင့် လူသုံးဦးသေဆုံးခဲ့‌ကြောင်းသိရသည်။
ဖြစ်စဉ်မှာအိမ်စီးကားကရထားလမ်း‌ပေါ်အတက်တွင်တိုက်မိကာယာဥ်‌ပေါ်ပါငါးဦးမှာ သုံးဦး သေဆုံးခဲ့၍နှစ်ဦးဒါဏ်ရရှိကာစဥ့်ကိုင်မြို့နယ်ဒေသခံပြည်သူများကကယ်ဆယ်‌ဆောင်ရွက်‌ပေးခဲ့ကြသည်။
သေဆုံးသူများနှင့်ဒါဏ်ရာရရှိသူများကိုစဉ့်ကိုင်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
👍7😢3😱21
ဒီဇင်ဘာလ၄ရက်နိုင်ငံတကာသတင်းတိုများ
NOM
၁။ခန်ယူနစ်မြို့ရှိပါလက်စတိုင်းဒုက္ခသည်များနေထိုင်ရာစစ်ဘေးရှောင်စခန်းကိုအစ္စရေးကလေကြောင်းမှတိုက်ခိုက်သဖြင့်ငါးဦးသေဆုံးပြီးအများအပြားဒဏ်ရာရသည်။(ဗီဒီယို)
၂။အမေရိကန်၏ဖိအားပေးမှုကြောင့်အီရတ်သည်ယီမင်ရှိအန်တာလူယာအဖွဲ့နှင့်လက်ဘနွန်ရှိဟဇ်ဘိုလာတို့ကိုအကြမ်းဖက်အဖြစ်ကြေညာလိုက်သည်။
၃။တရားစွဲဆိုခံထားရသောအမေရိကန်အမျိုးသားလုံခြုံရေးပုဂ္ဂိုလ်ဟောင်းဂျွန်ဘိုလ်တန်ကထရမ့်ှယူကရိန်းငြိမ်းချမ်းရေးအဆိုပြုချက်ကိုရီပတ်ဘလီကန်ပါတီဝင်များကန့်ကွက်ရန်တိုက်တွန်းလိုက်သည်။
၄။အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ်၊ ဘေနာမာရီယားလမ်းတစ်လျှောက် ပြင်းထန်သည့် ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် ပျက်စီးသွားခဲ့သည်။(ဗီဒီယို)
၅။ရုရှားသမ္မတပူတင်သည်အိန္ဒိယသို့တရားဝင်ချစ်ကြည်ရေးခရီးအတွက်ရောက်ရှိလာသည်။
👍171
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် KIA သောင်းကျန်းသူအဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က ခရီးသွားအရပ်သားမော်တော်ယာဉ်တစ်စီးအားတားဆီးကာ မော်တော်ယာဉ်တစ်စီး၊ ငွေနှင့် ရွှေထည်ပစ္စည်းများအပါအဝင် စုစုပေါင်းတန်ဖိုး ငွေကျပ် ၉၁၇ သိန်းခန့်အား အကြမ်းဖက်ခြိမ်းခြောက်၍ လုယက်ယူဆောင်

NOM ဒီဇင်ဘာ ၄၊ ၂၀၂၅

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အရှေ့စုရပ်ကွက်နေ ဒေါ်အေးအေးခိုင် (၅၃) နှစ်သည် မိခင် ဖြစ်သူ ဒေါ်ခင်မြင့် (၇၅) နှစ်၊ ဟိုပင်မြို့၊ မြကျွန်းသာရပ်ကွက်နေ ညီမဝမ်းကွဲဖြစ်သူ ဒေါ်ငြိမ်းငြိမ်းအိ (၃၀) နှစ်တို့နှင့်အတူ ဒီဇင်ဘာလ ၃ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်အခိိန်၌ မြစ်ကြီးနားမြို့သို့ နန်းမား-ဟိုပင်လမ်းအတိုင်း မော်တော်ယာဉ်တစ်စီးဖြင့် မောင်းနှင်ထွက်ခွာလာစဉ် လက်ပံတန်းကျေးရွာအနီးအရောက် KIA သောင်းကျန်းသူအဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ အင်အား သုံးဦးခန့်က မော်တော်ယာဉ်အား တားဆီး ရပ်တန့်ခိုင်းကာ ၎င်းတို့သုံးဦးအား ယာဉ်ပေါ်မှ ဆင်းခိုင်း၍ ယာဉ်ပေါ်ပါလာသည့်ငွေကျပ်သိန်း ၃၀၀ ခန့်၊ ရွှေဆွဲကြိုး ၂ ကုံး၊ ရွှေလက်ကောက် ၁ ကွင်း၊ ရွှေလက်စွပ် ၁ ကွင်း၊ လက်ကိုင်ဖုန်းနှစ်လုံးနှင့် မော်တော်ယာဉ်တစ်စီး၊ စုစုပေါင်းတန်ဖိုး ငွေကျပ် ၉၁၇ သိန်းခန့်အား အကြမ်းဖက်ခြိမ်းခြောက်၍ လုယက်ယူဆောင်သွားခဲ့ကြောင်းသိရသည်။

News Of Myanmar NOM
👍6😡31
မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တင်ပို့သည့် ငရုတ်သီးများတွင် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မှိုအဆိပ်ဓာတ်ကြွင်းများ တွေ့ရှိ
NOM၊ဒီဇင်ဘာ၄၊၂၀၂၅
မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တင်ပို့သည့် ငရုတ်သီးများတွင် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မှိုအဆိပ်ဓာတ်ကြွင်းများ တွေ့ရှိရကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့သည့် ငရုတ်သီး(အခြောက်) နှင့် ငရုတ်သီး (အစို) များတွင် Chlorpyrifos နှင့် Triazophos ပိုးသတ်ဆေး၊ Glyphosate ပေါင်းသတ်ဆေး၊ Aflatoxin မှိုအဆိပ်ဓာတ်ကြွင်းများ တွေ့ရှိရကြောင်း သက်ဆိုင် ရာမှ သိရှိရကြောင်း၊ အဆိုပါဖြစ်စဉ်အား စိစစ်ရာတွင် ငရုတ်သီး(အခြောက်)နှင့် ငရုတ်သီး(အစို) များကို မြဝတီနယ်စပ်ပိုးမွှားထိန်းချုပ်ရေးစခန်းမှ ကုမ္ပဏီ ၁၁ ခုနှင့် မောတောင်နယ်စပ်ပိုးမွှားထိန်းချုပ်ရေးစခန်းမှ ကုမ္ပဏီတစ်ခုတို့က တင်ပို့ခဲ့ခြင်းဖြစ်သည်ကို စိစစ်တွေ့ရှိရသည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်သည်။
ယင်းကြောင့် ထပ်မံပြီး ငရုတ်သီးတင်ပို့မည့် ကုမ္ပဏီများအနေဖြင့် မတင်ပို့မီ ငရုတ်သီးနမူနာများကို စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲ(ရုံးချုပ်) မှ ISO 17025 လက်မှတ်ရရှိသည့် စိုက်ပျိုးရေးထွက်ကုန်များ အရည်အသွေးစစ်ဆေးရေးဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးပြီးမှသာ တင်ပို့ခွင့်ပြုမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
👍63😢2
ရန်ကုန်-မော်လမြိုင်ကားလမ်းတွင်ယာဥ်တိုက်မှုဖြစ်ပွားတစ်ဦး‌ သေဆုံး၊တစ်ဦးဒါဏ်ရာရ
NOM၊ဒီဇင်ဘာ၄၊၂၀၂၅
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ်(၁၅၃/၃)နှင့် (၁၅၃/၄)ကြားတွင်ယနေ့ည‌ နေ၆း၄၅နာရီခန့်ကမော်လမြိုင်မှ ပဲခူးသို့ မောင်းနှင်းလာသည့် MITSUBISHI CANTER (၆)ဘီးယာဉ်သည် လမ်းဘေးတွင်ရပ်ထားသည့် NISSAN DISEL(၁၂)ဘီးယာဉ်အား အရှိန်လွန်ပြီး တိုက်မိမှုဖြစ်ပွားခဲ့ကြောင်းလူမှုကူညီ‌ရေးအသင်းမှသိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် MITSUBISHI CANTER (၆)ဘီးယာဉ်၏ယာဉ်မောင်းအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ (စိုးရိမ်ရ)နှင့် NISSAN DISEL(၁၂)ဘီးယာဉ်၏ ယာဉ်အကူ အမျိုးသားတစ်ဦး သေဆုံးကာ အဖြူရောင်နှလုံးသား လူမှုကူညီရေးအသင်းက သထုံခရိုင်ပြည်သူ့ဆေးရုံးကြီးသို့ ပို့ဆောင်ပေးခဲ့သည်။
👍6😢2
Forwarded from NOM
Donbas ဒေသကနေ ယူကရိန်းတပ်တွေ အပြီးတိုင်ဆုတ်ခွာရမယ်လို့ ပူတင်က သတိပေးလိုက်ပြီး ဒါကို မလိုက်နာဘူးဆိုရင် ရုရှားက အင်အားသုံးပြီး သိမ်းပိုက်မယ်လို့ ပြောဆိုလိုက်ပါတယ်။

ယူကရိန်းအနေနဲ့ ဆုတ်ခွာမလား၊ ရုရှားတိုက်ခိုက်တာကို ရင်ဆိုင်မလား ကြိုက်ရာရွေးဆိုတဲ့ သဘောမျိုးကို ပူတင်က ပြောဆိုခဲ့တာပါ။ ယူကရိန်းဟာ Donbas ဒေသရဲ့ ၁၅% ခန့်ကို ထိန်းချုပ်ထားပြီး ယူကရိန်းသမ္မတ ဇယ်လင်စကီးကတော့ နယ်မြေလွှဲပြောင်းပေးဖို့ကို အရင်ကတည်းက ငြင်းဆိုထားခဲ့ပါတယ်။

NOM
👍171🕊1