News Of Myanmar
13K subscribers
23.5K photos
3.29K videos
3 files
6.61K links
Download Telegram
Forwarded from NOM
This media is not supported in your browser
VIEW IN TELEGRAM
ရုရှားဒရုန်းရန်ကြောင့် ယူကရိန်းမြို့တွေမှာ ဒရုန်းတွေ ကာကွယ်နိုင်ဖို့အတွက် ပိုက်ကွန်တွေ ထားရှိပြီး ပြင်ဆင်ထားတာဖြစ်ပါတယ်။

NOM
👍133
ဆေးဝါးဈေးများစျေးကွက်လွှမ်းမိုးထားခြင်းနှင့်သိုလှောင်
ထိန်းသိမ်းကာ ဈေးကွက်ကိုမကစားကြရန်စီးပွားရေးနှင့်
ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ပြော
NOM၊နိုဝင်ဘာ၂၅၊၂၀၂၅
ဆေးဝါးဈေးများစျေးကွက်လွှမ်းမိုးထားသည့်အခြေအနေကို အသာစီးရယူပြီး ဆေးပစ္စည်းများ သိုလှောင်ထိန်းသိမ်းကာ ဈေးကွက်ကိုမကစားကြရန်နှင့်စျေးနှုန်းထိန်းချုပ်ခြင်းများ
မပြုလုပ်ကြရန်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေက ယမန်နေ့နိုဝင် ဘာ၂၄ရက်မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည့်မြန်မာနိုင်ငံဆေးဝါးနှင့် ဆေးအထောက် အကူပြုပစ္စည်းများ တင်သွင်းမှုမှသည် ထုတ်လုပ်မှုဆီသို့ ညှိနှိုင်းအစည်းအဝေးပွဲတွင်ပြောကြားခဲ့သည်။

အစည်းအဝေးတွင် ပြည် ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအတွင်း ဆေးဝါးကုမ္ပဏီ ၇၉၆ ခု၊ ဆေးပစ္စည်း ကုမ္ပဏီ ၆၄၆ ခုရှိပြီး ကုမ္ပဏီများ၏လျှောက် ထားပစ္စည်းများကို ဆေးရုံများနှင့် ဈေးကွက်လိုအပ်ချက်အပေါ်မူတည်၍ ဦးစားပေးအနေဖြင့် ခွင့်ပြုပေးနေသော်လည်း ဈေးကွက်အတွင်း၌ ဆေးဝါးဈေးနှုန်းများ ကျဆင်းလာခြင်းမရှိသည့်အပြင် ဆေးပစ္စည်းလိုအပ်ချက်များကိုလည်း ကြားသိနေရကြောင်း၊ ပုံမှန်လိုင်စင်ခွင့်ပြုပေးနေသည့်တိုင် ကုမ္ပဏီအချို့၏ သွင်းကုန်ပစ္စည်းကိုထိန်းပြီး စျေးနှုန်းကစားလိုမှု၊ ရောက်ရှိပစ္စည်းကို ဈေးကွက်အတွင်းထိန်းကျောင်းဖြန့်ဖြူးမှုတို့ကြောင့် ခွင့်ပြုသည့်ဆေးဝါးများ ဈေးကွက်အတွင်းသို့ ဝင်ရောက်လာမှု လျော့နည်းရခြင်းဖြစ်သည်ကို တွေ့ရှိရကြောင်းပြောကြားခဲ့သည်။

သို့ရာတွင် စျေးကွက်လွှမ်းမိုးထားသည့်အခြေအနေကိုအ သာစီးရယူပြီး ဆေးပစ္စည်းများ သိုလှောင်ထိန်းသိမ်းကာဈေး ကွက် ကိုမကစားကြရန်၊ စျေးနှုန်းထိန်းချုပ်ခြင်းမပြုလုပ်ကြရန်၊ အခြားပြိုင်ဘက် ကုမ္ပဏီများအား လုပ်ကိုင်နိုင်စွမ်းမရှိအောင်မပြုလုပ်ကြရန်၊ ဆေးပစ္စည်းရောင်းချခြင်းသည် ပရဟိတဆန်သောစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သောကြောင့် ကုမ္ပဏီတစ်ခုနှင့်တစ်ခုထိန်းဘကျောင်းပြီး ပြည်သူ့လူမှုဘဝတိုးတက်စေရေးကို မေတ္တာထားကာ ကုမ္ပဏီအ ချင်းချင်းပူး ပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ ပြည်တွင်းဆေးဝါးစက်ရုံများအနေဖြင့်ပြည်တွင်း၌ ဆေးအမျိုးအစားယခုထက်ပိုမို၍ စုံလင်ပြီးထုတ်လုပ်နိုင်မည်ဆိုပါက နိုင်ငံတော်အတွက်နိုင်ငံ ခြားငွေအသုံးပြုမှုလျော့ ကျသွားမည်ဖြစ်သကဲ့သို့အ လုပ်အကိုင်အခွင့်အလမ်းများ လည်း ပိုမိုလာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
👍172😨1
နိုဝင်ဘာလ၂၅ရက်နိုင်ငံတကာသတင်းတိုများ
NOM
၁။ရီပတ်ဘလီကန်ပါတီမှလွှတ်တော်အမတ်ဒွန်ဘေကွန်က သမ္မတထရမ့်၏ယူကရိန်းငြိမ်းချမ်းရေးအဆိုပြုချက်အပေါ် ဒေါသထွက်ပြီးလွှတ်တော်အမတ်အဖြစ်မှနှုတ်ထွက်မည်ဟုကြေညာသည်။(ဓါတ်ပုံ)
၂။ရုရှားကယနေ့နံနက်အစောပိုင်းတွင်ကင်ဇေဒုံးပျံများဖြင့်ကိယက်ဗ်မြို့​တော်ရှိရေအားလျပ်စစ်စက်ရုံကိုလုံးဝပျက်ဆီးအောင်တိုက်ခိုက်လိုက်သည်။
၃။အမေရိကန်အစိုးရသည်မြန်မာနိုင်ငံတွင်ရွေးကောက်ပွဲကျင်းပတော့မည်ဖြစ်ပြီးနိုင်ငံအခြေအနေတည်ငြိမ်တိုးတက်လာသဖြင့် မြန်မာနိုင်ငံသားများကိုယာယီခိုလှုံခွင့်ပေးထားခြင်းအားရပ်စဲမည်ဟုကြေညာသည်။
၄။စင်ကာပူသည်အီသီယိုးပီးယားနိုင်ငံတွင်သံရုံးဖွင့်လှစ်မည်ဟုကြေညာသည်။
၅။ ဘန်ကောက်မြို့အပြင်ဖက်ဝါရက်ပရန်ခွန်တန်ဘုန်းကြီး ကျောင်း ရှိမီးသဂြိုဟ်စက်တွင်အသက်ကြီးကွယ်လွန်သူအမျိုးသမီးကြီးသည်မီးသဂြိုဟ်ကာနီးတွင်လက်များလှုပ် ပြီးသတိပြန်ရလာသဖြင့်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ကဆေးရုံသို့ပို့ပေးလိုက်ရသည်။
👍16❤‍🔥1
ရှုပ်ထွေးနေသည့် မင်းလက်ပံ

ဖဒိုကွယ်ထူးဝင်း ကိုယ်တိုင်လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆိုခဲ့တဲ့ ကျားဖြန့်လုပ်ငန်းကို ဖုံးကွယ်ချင်တဲ့အတွက် KNU/ KNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ကလည်း နိုဝင်ဘာ ၂၄ ရက်နေ့က “ကျားဖြန့်ကို KNU လက်မခံ” ဆိုပြီး မြဝတီမြို့နယ်၊ မင်းလက်ပံ လောင်းကစားရုံကို ဝင်ရောက်တိုက်ခိုက်လို့ DKBA နဲ့ KNU/KNLA/PDF အဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဖက်သေဆုံးမှုရှိကာ တရားမဝင်နိုင်ငံခြားသားတွေကို ဖမ်းဆီးထားခဲ့တယ်။
-
နိုဝင်ဘာ ၂၅ ရက် မနက် ၆ နာရီမှာတော့ မင်းလက်ပံအွန်လိုင်းလောင်းကစားရုံမှာ KNLA/PDF တွေရဲ့ ဖမ်းဆီးခြင်း ခံထားရတဲ့ တရားမဝင်နိုင်ငံခြားသားတွေက “သူတို့ကို ထွက်ခွာခွင့်ပြုဖို့၊ ပိတ်လှောင်မထားဖို့” ပြောဆိုရာက အချေအတင် စကားများပြီး ဆူပူခဲ့ရာ KNLA/PDF အကြမ်းဖက်သမားများက သေနတ်များဖြင့် ပစ်ခတ်လို့ နိုင်ငံခြားသားအချို့ ထိခိုက်သေဆုံးပြီး အချို့ဒဏ်ရာရရှိကာ ယိုးဒယားနိုင်ငံဘက်ကိုလည်း ကျည်ဆန်ကျခဲ့တယ်လို့ သိရှိရတယ်။
-
လက်ရှိအချိန်မှာ တပ်မတော်စစ်ကြောင်းများက တရားမဝင်နိုင်ငံခြားသားများကို ကယ်ထုတ်ရန် ဝင်ရောက်လျက်ရှိပြီး KNU နဲ့ DKBA အဖွဲ့တို့လည်း ပစ်ခတ်မှုတွေ ဖြစ်နေပါတယ်။ အခြေအနေကတော့ အားလုံးရှုပ်ထွေးလျက်ရှိပါတယ်။
-
ဒီဖြစ်စဉ်ကတော့ ကျားဖြန့်လုပ်ငန်းမှာ KNU ရဲ့ ပါဝင်ပတ်သက်နေမှုကို ဖုံးကွယ်ချင်တဲ့အတွက် DKBA အဖွဲ့ကို ထိုးချအပြစ်ဖို့ဖို့ ကြိုးစားရာကနေ ပစ်ခတ်မှုတွေဖြစ်ပြီး ၂ ဖက်အဖွဲ့ဝင်တွေသေဆုံးခဲ့ရသလို KNU က အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ပီပီ ဖမ်းဆီးခံရသူတွေကို အတင်းအဓမ္မဖမ်းဆီးပိတ်လှောင် ထားလျက်ရှိပါတယ်။
-
တပ်မတော်ကတော့ တရားမဝင်နိုင်ငံခြားသားတွေကို ကယ်ထုတ်ဖို့ ကြိုးစားနေပါတယ်။
-
တိုက်ပွဲသတင်းစုံ
👍245😡2
စွမ်ူအင်ဒုတိယဝန်ကြီးကိုတာဝန်မှရပ်စဲလိုက်သည်။
👍8
စက်သုံးဆီတင်သွင်းနေသည့်ကုမ္ပဏီများကိုစစ်ဆေးနေ
NOM၊နိုဝင်ဘာ၂၅၊၂၀၂၅
စက်သုံးဆီပြည်ပမှတင်သွင်းနေသည့်ကုမ္ပဏီ၄၀ကိုသက်ဆိုင်ရာမှစစ်ဆေးလျက်ရှိပြီးအလွဲသုံးစားမှုကြောင့်နိုင်ငံတော်မှနစ်နာဆုံးရှုံးငွေကျပ်ဘီလီယံ၅၀၀ကျော်ကိုပြန်သွင်းရန်ညွှန်ကြားထားကြောင်းသိရသည်။ထိုငွေမှာဆယ်လစာသာရှိသေးပြီးတပ်မတော်မှနိုင်ငံတော်အာဏာထိန်းချိန်မှစတင်တွက်ချက်ပါကယခုထက်အဆများစွာပိုလာနိုင်ကြောင်းဆီလုပ်ငန်းရှင်များကပြောနေကြသည်။စွမ်းအင်ဒုတိယဝန်ကြီးနှင့်ညွှန်ကြားရေးမှူးချုပ်ကိုလည်းသက်ဆိုင်ရာကစစ်ဆေးနေပြီးယနေ့တွင်ဒုတိယဝန်ကြီးကိုတာဝန်မှရပ်စဲသည့်အမိန့်ထွက်လာကြောင်းသိရသည်။
👍316
ကညနမှထုတ်ပေးသည့်ယာဥ်နံပါတ်ပြားမတပ်သူများကိုအရေးယူမည်
👍183
This media is not supported in your browser
VIEW IN TELEGRAM
ဗင်နီဇွဲလားလေတပ်စစ်ရေးလေ့ကျင့်
NOM
အမေရိကန်ကဝင်ရောက်ကျူးကျော်မည့်အခြေအနေရှိနေသောဗင်နီဇွဲလားသည်ယနေ့F-16တိုက်လေယာဥ်များSU-30လေယာဥ်များဖြင့်လေတပ်စစ်ရေးလေ့ကျင့်ခဲ့သည်။
👍251
ဂျပန်တွင်ငလျင်လှုတ်
NOM
ဂျပန်နိုင်ငံကျူရှူးကျွန်းတွင်ပြင်းအား၅.၅မဂ္ဂနီကျုရှိငလျင်လှုတ်သည်။
👍12
This media is not supported in your browser
VIEW IN TELEGRAM
ဥရောပသမဂ္ဂကအမေရိကန်ကိုဒူးထောက်
NOM
ဗြိတိန်ဝန်ကြီးချုပ် စတာမာက “ဥရောပသည် ၎င်း၏ကိုယ်ပိုင်ယူကရိန်း ငြိမ်းချမ်းရေးအစီအစဉ်ကို ရေးဆွဲမည့်အစား အမေရိကန်သမ္မတထရမ့်၏ လက်ရှိငြိမ်းချမ်းရေးအစီအစဉ်နှင့် ပူးပေါင်းဆောင်ရွက်ရန် ဆုံးဖြတ်လိုက်ပြီ” ဟု ဗြိတိန်အောက် လွှတ်တော်တွင်ယနေ့ပြောကြားလိုက်သည်။ ယခင်ကဥရောပသမဂ္ဂသည်အမေရိကန်၏ငြိမ်းချမ်းရေးအဆိုပြုချက်ကိုကန့်ကွက်ပြီးဥရောပသမဂ္ဂအနေဖြင့်သီးခြားငြိမ်းချမ်းရေးအဆိုပြုချက်ရေးမည်ဟုလေကြီးလေကျယ်ပြောခဲ့သည်။
ဥရောပသမဂ္ဂ၏ ယခင်ကအဆိုပြုချက်တွင် ရုရှားကပယ်ချခဲ့သည့် စည်းမျဉ်းများ ပါဝင်ခဲ့သည်။ ရုရှားသမ္မတပူတင်က အမေရိကန်၏အစီ အစဉ်သည် “နောက်ဆုံးငြိမ်းချမ်းရေးအတွက် အခြေခံအဖြစ် အသုံးပြုနိုင်သည်” ဟု မှတ်ချက်ပြုခဲ့သည်။
👍211
ဇလင်စကီးနှင့်ထရမ့်တွေ့မည်
NOM
ယူကရိန်းသမ္မတ ဇလင်စကီးသည် ရုရှားနှင့် သဘောတူညီချက်ရရန် အဆင်သင့်ရှိကြောင်း ကြေညာရန် ကျေးဇူးတော်ပွဲနေ့ (နိုဝင်ဘာ ၂၇) တွင် ထရမ့်နှင့် တွေ့မည်ဟု Axios သတင်းက ယူကရိန်းသမ္မတရုံး အကြီးအကဲယာမက်ကို ကိုးကားဖော်ပြသည်။
ဤသတင်းသည် ဒေါ်နယ်ထရမ့်က ကျေးဇူးတော်ပွဲနေ့ (နိုဝင်ဘာ ၂၇) ကို ယူကရိန်းအနေဖြင့် ၎င်း၏ငြိမ်းချမ်းရေးအစီအစဉ်ကို တုံ့ပြန်ရန် နောက်ဆုံးရက်အဖြစ် သတ်မှတ်ကြေညာခဲ့သည့် အချိန်တွင် ထွက်ပေါ်လာသည်။
👍192
ဘရာဇီးသမ္မတဟောင်းဂျိုင်ယာဘိုဆွန်နာရိုကိုလက်ရှိအစိုးရကထောင်ဒဏ်၂၇နှစ်ချလိုက်သည်။
👍7😱51
Forwarded from NOM
Grand Canyon နဲ့ Yosemite အမျိုးသားဥယျာဉ်တွေဆီ သွားရောက်လည်ပတ်မယ့် နိုင်ငံခြားသားခရီးသွားတွေဟာ အပိုကြေးပေးဆောင်ရမယ်လို့ ထရမ့်အစိုးရအဖွဲ့က မနေ့က ပြောဆိုလိုက်ပါတယ်။

လူကြိုက်များတဲ့ နေရာ ၁၁ ခုကို ဝင်ရောက်ကြည့်ရှုမယ့် ခရီးသွားတွေဟာ လက်ရှိပေးဆောင်နေရတဲ့ အခကြေးငွေအပြင် နောက်ထပ် ဒေါ်လာ ၁၀၀ ပေးဆောင်ရမယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောဆိုခဲ့ပါတယ်။

လာမယ့်နှစ်ကစပြီး ခရီးသွားတွေဟာ ဥယျာဉ်တွေဆီ ဝင်ခွင့်အဖြစ် ဒေါ်လာ ၂၅၀ ထက် ပိုပြီးပေးဆောင်ရမှာဖြစ်ကာ ကန်နိုင်ငံသားတွေနဲ့ အမြဲတမ်းနေထိုင်သူတွေကတော့ ဒေါ်လာ ၈၀ သာ ပေးဆောင်ရမှာပါ။ ဒီလိုလုပ်ဆောင်တာဟာ ကန်မိသားစုတွေကို ဦးစားပေးဖို့ဖြစ်ပြီး နိုင်ငံသားတွေကို သက်သာစေဖို့လည်းဖြစ်တယ်လို့ ဆိုပါတယ်။

NOM
👍12😨2
Forwarded from NOM
ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက ရောမမြို့က ပန်းခြံတခုနားမှာ ရွှေ့ပြောင်းနေထိုင်သူ အမျိုးသား ၃ဦးက စုံတွဲတတွဲရဲ့ ကားကို ဖျက်ဆီးပြီး အမျိုးသမီးကို မုဒိမ်းကျင့်ကာ အမျိုးသားဖြစ်သူကို အတင်းအကျပ်ကြည့်ရှုစေခဲ့တဲ့ အမှုဖြစ်ပွားခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ် အမျိုးသားကို ကားထဲကနေ ဆွဲထုတ်ခဲ့ပြီး သူနဲ့စေ့စပ်ထားတဲ့ ၁၈ နှစ်အရွယ် မိန်းကလေးကို မလှမ်းမကမ်းနေရာဆီ ခေါ်ဆောင်သွားခဲ့ကာ လိင်ပိုင်းဆိုင်ရာ ကျင့်ကြံခဲ့တာပါ။ အမျိုးသားဖြစ်သူကိုလည်း အော်ဟစ်အကူအညီတောင်းဆိုပါက သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တာကြောင့် ဒီအတိုင်းကြည့်နေခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီနောက်မှာ အဆိုပါစုံတွဲက ရဲစခန်းသွားကာ တိုင်ကြားခဲ့ပြီး ရွှေ့ပြောင်းနေထိုင်သူ မော်ရိုကိုအမျိုးသား ၃ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ နောက်ထပ်ပါဝင်သူတွေရှိနိုင်သေးတယ်လို့ ရဲတပ်ဖွဲ့က ယူဆထားပြီး ဆက်လက်စုံစမ်းနေတယ်လို့လည်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ အီတလီမှာ ရွှေ့ပြောင်းနေထိုင်သူတွေက ဒီလိုမျိုး လုပ်ရပ်တွေ မကြာခဏလုပ်ဆောင်နေပြီး တလကို အနည်းဆုံး တကြိမ်နှုန်းဖြစ်ပွားနေတယ်လို့လည်း သိရပါတယ်။

NOM
😱11👍63
အားကောင်းသောမုန်တိုင်းငယ်ကြောင့် လေကြောင်းနှင့် ရေယာဥ်များသတိပြုကြရန် မိုးဇလသတိပေး
NOM၊နိုဝင်ဘာ၂၆၊၂၀၂၅
မြန်မာနိုင်ငံ၊ ကော့သောင်းမြို့၏ တောင်-အနောက် တောင်ဘက် ရေမိုင် (၃၀၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကိုဗဟိုပြုနေသော အားကောင်းသောမုန်တိုင်းငယ်ကြောင့် လေကြောင်းနှင့် ရေယာဥ်များသတိပြုသွားလာကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့နိုဝင်ဘာ ၂၆ ရက်နံနက်၇ နာရီထုတ်ပြန်ချက်အရ သိရသည်။

မလက္ကာရေလက်ကြားအနီးတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်
(Depression)သည် အနောက် ဘက်သို့ရွေ့လျားခဲ့ပြီး ပိုမိုအားကောင်းလာကာအား ကောင်းသောမုန်တိုင်းငယ်(Deep Depression) အဖြစ်သို့ ရောက်ရှိနေကြောင်းအဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ ကော့သောင်းမြို့၏ တောင်- အနောက်တောင်ဘက် ရေမိုင် ၃၀၀ မိုင်ခန့်၊ မလေးရှားနိုင်ငံ၊ ပီနန်မြို့၏အနောက်- အနောက် တောင်ဘက် ရေမိုင် ၁၃၅ မိုင်ခန့်၊ အင်ဒိုနီးရှားနိုင်ငံ၊ ကူတာမတ်ကွာမြို့၏ အရှေ့ဘက် ရေမိုင် ၆၀ မိုင်ခန့်နှင့် အိန္ဒိယနိုင်ငံ၊ ကားနီကိုးဘားမြို့၏ အရှေတောင်ဘက် ရေမိုင် ၄၀၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေ ကြောင်းထုတ်ပြန်ထားသည်။

အဆိုပါမုန်တိုင်းငယ်သည်ကော့သောင့်မြို့၏ ပင်လယ်ပြင်ကို
ဗဟိုပြု နေသော်လည်း မြန်မာ နိုင်ငံဘက်သို့ဦးတည်ရွှေ့လျားလာနိုင်ခြင်းမရှိ၍ အဝါရောင်အဆင့်သတ်မှတ်ထားပြီးယင်းအရှိန်ကြောင့် မြန်မာ့ပင်လယ်ပြင်မုတ္တမကွေ့၊ မွန်၊တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်ဟု ထုတ်ပြန်ထားသည်။

ထို့ကြောင့် ပြည်တွင်းလေ ကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုကြရန် မိုးဇလကအသိပေးထားကြောင်းသိရသည်။
👍162